Channel Myanmar

Tordy Clark

History of Evil (2024)
History of Evil (2024) History of Evil (2024)Thriller နဲ့ Supernatural ကို ပေါင်းစပ်ထားတဲ့ ကားတစ်ကားပါ။ အချိန်ကာလအားဖြင့် 2045 ခုနှစ်မှာ ဖြစ်ပျက်ခဲ့သလိုမျိုး ဇာတ်အိမ်တည်ထားတာပါ။ဘာသာရေးသမား အာဏာရှင်အစိုးရက ဘာသာမဲ့ အယုံအကြည်မရှိသူတွေ တစ်နည်းအားဖြင့် မြောက်အမေရိက ဖက်ဒရယ်အဖွဲ့ကို နှိမ်နင်းနေတဲ့အချိန်ပါ။ နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ အဓိကရုဏ်းတွေ ဖြစ်နေပြီး ကွပ်မျက်တာပါ လုပ်နေတဲ့ကာလဖြစ်ပါတယ်။ ရွန်ရဲ့ဇနီးဖြစ်သူ Activist အလဂရာကလည်း ဖက်ဒရယ်ဘက်ကနေ စာအုပ်ရေးမိလို့ အစိုးရက နိုင်ငံရေးအကျဉ်းထောင်မှာ အကျဉ်းချထားပါတယ်။ သူတို့မှာ ဒါရီရာလို့ခေါ်တဲ့ ၆နှစ်အရွယ်သမီးလေးလည်း ရှိပါတယ်။အလဂရာက Resistance လို့ခေါ်တဲ့ သူတို့ဘက်က တော်လှန်ရေးသမားတွေ အကူအညီနဲ့ ထောင်ကနေ ထွက်ပြေးလာပြီး ရွန်တို့သားအဖနဲ့အတူ ထွက်ပြေးဖို့ကြိုးပမ်းပါတယ်။ လမ်းတစ်ဝက်မှာ လူသူမနီးတဲ့တောထဲက အိမ်ကြီးတစ်အိမ်ထဲ ခိုနားမိရာကနေ ဇာတ်လမ်းက Supernatural ဘက် ကူးပြောင်းသွားတာလို့ ဆိုရပါမယ်။လူမရှိတဲ့အိမ်ကြီးမှာ တစ်ချိန်က ဘယ်လိုလူတွေနေခဲ့တာလဲ... သူတို့ရဲ့ ...
movie

History of Evil (2024)

2024
Bad Candy (2020) 4.8
Bad Candy (2020) Bad Candy (2020) ==============တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.68 GB) / (652 MB) / ...
movie

Bad Candy (2020)

2020
Glorious (2022) 6.3
Glorious (2022) Glorious (2022)(1080p ရပါပြီ)၁ နာရီ ၁၈ မိနစ်သာရှိပေမယ့် မိုက်တယ်ဆိုရမယ့် thriller ဇာတ်ကားဖြစ်ပါတယ်။ မဲပြာပုဆိုးဖြစ်နေတဲ့ ဇာတ်လမ်းကျောရိုးမဟုတ်သလို ဇိမ်ရှိရှိ Horror, Thriller အရသာခံပြီး ကြည့်ရှုလို့ရမဲ့ ဇာတ်ကားမျိုးပါ။ဇာတ်လမ်းအညွှန် အနေနဲ့ကတော့ ... အသည်းကွဲပြီး ကားတစ်စီးနဲ့ ခြေဦးတည့်ရာ ထွက်လာတဲ့ ဝက်စ်တစ်ယောက် လမ်းခရီးမှာ တစ်ထောက်နားတဲ့ နားနေစခန်းတစ်ခုကို ရောက်လာခဲ့ပါတယ်။အသည်းကွဲမှတော့ ကုစားစရာ အရက်ကလွဲပြီး ဘာရှိမလဲနော်။ ဒီလိုနဲ့ မူးရူးကွဲပြဲပြီး အရက်နာကျနေတဲ့ ဝက်စ်ဟာ အများသုံးအိမ်သာထဲမှာ ဝင်အန်ပါတော့တယ်။ အန်ရင်းနဲ့ အိမ်သာဘေးခန်းက တစ်ယောက်က စကားစမြည် စပြောလာပါတယ်။ ဝက်စ်လည်း ဒီလူ စကားများလှချည်လားလို့ တွေးပြီး တစ်ခွန်းစ နှစ်ခွန်းစ ပြန်ပြောရင်းနဲ့ ပဲ အဆိုပါလူက သူဟာ လူမဟုတ်ကြောင်း ပြောလာပြီး ဝက်စ်ထွက်လို့မရအောင် တံခါးကို ပိတ်ချလိုက်တဲ့အခါမှာတော့ …ဝက်စ်တစ်ယောက် ဘာတွေဆက်ကြုံရမလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါနော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Glorious (2022)

2022
Anything’s Possible (2022)
Anything’s Possible (2022)       Amazon prime ရဲ့ ဒီဘက်ခေတ်လူငယ် Gen Z တွေရဲ့ ဘ၀ကိုအကောင်းဆုံး ပုံဖော်ထားပြီး လိင်ကွဲပြားမှု နဲ့ ခံယူချက်တွေကြားက အချစ်ရေး လူမှုရေးတွေကို မီးမောင်းထိုးပြထားတဲ့ကားပါ။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ... ကယ်ဆာဆိုတဲ့ Transgender ကောင်မလေးဟာ အထက်တန်းကို ဖြတ်ကျော်ရင်း သူ့ဘ၀ရဲ့ နောက်တစ်ဆင့် ကောလိပ်တက်ရမယ့် လမ်းကြောင်းမှာ တွေ့ခဲ့တဲ့ ချစ်သူ၊ ခင်သူ တိုက်ခိုက်သူတွေဆီကနေ Trans တစ်ယောက်အနေနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာပါပဲ။ဒါကို လူတစ်ယောက်ရဲ့ Spiritual Animal တွေနဲ့ ဉပမာပေးတင်စားထားပြီး ပေါ့ပေါ့ပါးပါးနဲ့ အတွေးမြင်သစ်တွေရစေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naingက ရေးသားထားပါတယ်) File size…(1.92GB)/(917MB)/(461MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Thiha Yan ...
movie

Anything’s Possible (2022)

Jerry And Marge Go Large (2022) 6.9
Jerry And Marge Go Large (2022) Jerry And Marge Go Large (2022) ~ IMDb - 6.9/10, Rotten Tomatoes - 62% ~အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ...
movie

Jerry And Marge Go Large (2022)

2022