Channel Myanmar

Toru Emori

Paprika (2006) 7.7
Paprika (2006) Tomatometer- 84% Imdb - 7.7 ကျွန်တော်တို့ရဲ့အနက်ရှိုင်းဆုံးလျှိုဝှက်ချက်တွေဖြစ်တဲ့အိပ်မက်ထဲကို တစ်ယောက်ယောက်ကလာခိုးကြည့်လို့ရခဲ့မယ်ဆိုရင်ဘာတွေဖြစ်နိုင်မယ်ထင်ပါသလဲ အဲ့မေးခွန်းကိုဒီကားကအကုန်ဖြေထားပေးပါတယ် ဒီကားကိုရိုက်ကူးတဲ့ဒါရိုက်တာကPerfect Blueနဲ့Tokyo Godfathersတို့ရဲ့ဒါရိုက်တာပဲဖြစ်ပါတယ် သူရဲ့ကားအများစုဟာpsychological thrillerပိုင်းသွားတာမို့လို့ကာတွန်းကားဆိုပြီးအထင်တော့မသေးလိုက်ပါနဲ့ ဇာတ်လမ်းအကျဉ်းကတော့ ရောက်ရှိလာတော့မယ့် အနာဂတ်မှာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနည်းပညာလို့ပြောလို့ရတဲ့ လူသားအားလုံးရဲ့အိပ်မက်တွေကို ချိတ်ဆက်ပေးနိုင်မယ့် စိတ်ရောဂါကုသမှု စက်ပစ္စည်းတစ်ခုကို သုသေသနပညာရှင်တွေတီထွင်နိုင်ခဲ့ပါတယ် ဒါပေမယ့် ဒီပစ္စည်းဟာ တစ်နေ့မှာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားတဲ့အချိန်မှာတော့ သုသေသနပညာရှင်တစ်ဖွဲ့လုံး ဒီပစ္စည်းကို ဘယ်လိုပြန်ရှာကြမလဲ ဘယ်သူကခိုးသွားတာလဲ အဲ့ပစ္စည်းနဲ့မဟုတ်တာတွေဘယ်လိုလုပ်မလဲ ပါပရီကာ ဆိုတဲ့ ဆံပင်နီနီ သွက်သွက်လက်လက်နဲ့ လူတွေကိုကူညီပေးနေတဲ့ကောင်မလေးကကောဘယ်သူလဲဘယ်ကလဲ... စတဲ့ လက်တွေ့နဲ့ အိပ်မက်ကြား ရုန်းကန်ကြရတဲ့ပုံကို သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုမြင်ကွင်းတွေနဲ့ ခံစားရမယ့် Rating ကောင်းကောင်း ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် ဘာသာပြန်ပေးတာတော့Zin Thantဖြစ်ပြီးကျွန်တော်sithuကencodeပေးထားပါတယ်
movie

Paprika (2006)

2006
Tokyo Godfathers(2003) 7.9
Tokyo Godfathers(2003) Tokyo Godfathers(2003) IMDb....7.9,,,,,Rotten ...90 "Tokyo Godfathers" ဆိုတဲ့ animation ကား​လေးကို​တော့ စာ​ရေးဆရာ Peter B. Kyne ရဲ့ ပထမဆုံးလက်​ရာဖြစ်​တဲ့ " three godfathers" ဆိုတဲ့ဝတ္ထု အ​ပေါ်အ​ခြေခံပြီး ဒါရိုက်​တာ Satoshi Kon က ရိုက်​ကူး​ရေးဆွဲထားတာပဲဖြစ်​ပါတယ်​။ ဒီဇာတ်​ကား​လေးက​တော့ မူရင်းဝတ္ထုနာမည်​ဖြစ်​တဲ့ " Three Godfathers" ဆိုတဲ့အတိုင်းပဲ တိုကျိုမြို့​ပေါ်က အိမ်​ယာမဲ့လူသား၃ဦးရဲ့ ဘယ်​က​ရောက်​လာမှန်းမသိရတဲ့ လူမမယ်​က​လေးတစ်​ဦးအ​ပေါ်မှာထားရှိတဲ့ ​မေတ္တာအတိမ်​အနက်​ကို ​ဖော်​ပြထားတဲ့ကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​။ ဇာတ်​လမ်းအညွှန်း -ချမ်း​အေးလှတဲ့ ခရစ်​စမတ်​ည​လေးတစ်​ညမှာ တိုကျိုမြို့​ပေါ်က အရက်​သမားတစ်​​ယောက်​ ၊ ဟိုမိုတစ်​​ယောက်​ နဲ့ ဆယ်​​ကျော်​သက်​အရွယ်​အိမ်​​ပြေးမ​လေးတစ်​​ယောက်တို့က စွန့်​ပစ်​ခံထားရတဲ့ က​လေးတစ်​​ယောက်​ကို​တွေ့ရှိရာက က​လေးရဲ့မိဘ​တွေဆီကို ပြန်​ပို့​ပေးဖို့ ကြိုးစားခဲ့ပုံနဲ့ စတင်​ခဲ့ပါတယ်​။ ဒီလိုနဲ့ သွေးမ​တော်​သားမစပ်​လူမမယ်​အရွယ်​က​လေးတစ်​ဦးအတွက်​ တိုကျိုမြို့​ပေါ်က ​အေးခဲလွန်းလှတဲ့ လမ်းမ​တွေထက်​မှာ မိဘရှာပုံ​တော်​ဖွင့်​​နေရတဲ့ အိမ်​ရာမဲ့လူသား၃ဦးရဲ့ ရုန်းကန်​လှုပ်​ရှား​နေမှုများကို ကြည့်​ရှုခံစားရမှာပဲဖြစ်​ပါတယ်​။ လူတိုင်းမှာကိုယ်​စီကိုယ်​ငှ ဝမ်းနည်းရတဲ့အတိတ်​မျိုး​တွေ ရှိ​နေ​ကြောင်း၊ မိဘနှင့်​သားသမီးတို့ကြားရှိ ချစ်​ခြင်း​မေတ္တာနှင့်​ ခွင့်​လွှတ်​နားလည်​မှုများအ​ကြောင်း အပါအဝင်​ လူတိုင်းအတွက်​ မိသားစုဘဝဆိုတာအ​ရေးကြီး​ကြောင်းကို ရိုက်​ကူးပုံ​ဖော်​​ပေးထားတာပဲ ဖြစ်​ပါတယ်​။ က​လေး​လေးကို​ရော ...
movie

Tokyo Godfathers(2003)

2003