Channel Myanmar

Toru Nomaguchi

A Bride for Rip Van Winkle (2016) 7.2
A Bride for Rip Van Winkle (2016) CM ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ လက်တွေ့ဘဝကိုအသားပေးရိုက်ကူးထားတဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ A bride for Rip Van Winkle လို့ခေါပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာနာမီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ဘဝအကြောင်းကို လက်တွေ့နဲ့ထင်ဟပ်အောင်ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့ နာနာမီဆိုတဲ့ကောင်မလေးက စားဝတ်နေရေးအတွက်အချိန်ပိုင်းဆရာမအဖြစ် လုပ်ကိုင်နေသူ တစ်ဦးပါ။သူဟာ အွန်လိုင်းဒိတ်တင်း app ကနေ ကောင်လေးတစ်ယောက်နဲ့ စတွေ့ခဲ့တယ်။နှစ်ယောက်အတူ ချိန်းတွေ့ဖြစ်ကြပြီးအဆင့်တွေတက်သွားရင်းနဲ့ နောက်ဆုံးမှာ နှစ်ဦးဟာမင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နာနာမီဟာ အွန်လိုင်းကတွေ့တဲ့သူနဲ့ အိမ်ထောင်တစ်ခုကိုထူထောင်ရတာ မယုံကြည်နိုင်စရာလို့ ထင်ပေမဲ့လက်တွေ့မှာ သူဟာ ဒီအိမ်ထောင်ကို တန်ဖိုးထားသူပါ။အိမ်ထောင်မှုနိုင်ဖို့အတွက် နာနာမီဟာ ဆရာမအလုပ်ကနေတောင်ထွက်ခဲ့ပြီးတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဖြစ်သူကတစ်ပတ်ကို နှစ်ရက်လောက် အပြင်မှာထမင်းထွက်စားတာမျိုးရှိလာသလို အိမ်ထဲမှာလည်းမိန်းကလေးနားဆွဲတစ်ဖက်ကိုပါ တွေ့ခဲ့တယ်။ ဒါကို သိခဲ့တဲ့ နာနာမီဟာ သူ့ယောက်ျားအကြောင်းကိုစုံစမ်းဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ နာနာမီ မထင်မှတ်ထားတဲ့အပြောင်းအလဲတွေ ရောက်လာမှာ ...
movie

A Bride for Rip Van Winkle (2016)

Haw (2022) 6.2
Haw (2022) Haw (2022) (အညွှန်း)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ “A Dog’s Purpose” တို့ “Hachi: A Dog's Tale” တို့လို ဝုတို့ရဲ့စွန့်စားခန်းတွေ ဝုနဲ့ဝုမိဘတွေကြားက သံယောဇဉ်ဖွဲ့ဇာတ်လမ်းမျိုးတွေကို အကြိုက်တွေ့သူတို့အတွက် ဂျပန်ဇာတ်လမ်းလေး “Haw” ဖြစ်ပါတယ်။ဘယ်နေရာမှာမဆို ရှက်ကိုးရှက်ကန်းနဲ့တွန့်ဆုတ်နေတတ်တဲ့ကောင်လေးတစ်ယောက် နဲ့ မဟောင်နိုင်တဲ့ခွေးလေး “ဟောင်းဝ်” တို့ရဲ့ချစ်စဖွယ်ဇာတ်လမ်းလေးပေါ့။ ဇာတ်လမ်းအစမှာတည်းက တာမီအိုက ကိုယ်နဲ့လက်ထပ်ဖို့ မင်္ဂလာခန်းမမှာတောင် ငှါးထားပြီးတဲ့အခြေအနေမှာပဲ ရည်းစားကနောက်တစ်ယောက်နောက်ပါသွားလို့ စော်ပစ်ကောင်လေးဖြစ်ပြီး ကြေကွဲလူငယ်ဖြစ်နေရှာတာပါ။ ဒီလိုနဲ့ တာမီအို့ရဲ့အသည်းကွဲနေ့ရက်တွေဆီ ဖွေးဖွေးဖြူနေတဲ့အမွှေးတွေနဲ့ စွန့်ပစ်ခံခွေးလေး “ဟောင်းဝ်” ရောက်လာခဲ့တယ်။ “ဟောင်းဝ်” ဆိုပြီးနာမည်တွင်သွားတာကတော့ အရင်သခင်က အသံကြိုးတွေကိုဖြတ်ထားခဲ့တာမို့ ဟောင်တဲ့အခါ ပုံမှန်ခွေးတွေလို “ဝုတ်, ဝေါင်း” လို့အသံမထွက်နိုင်ဘဲ “ဟောင်းဝ်” လို့ပဲအသံထွက်တာမို့ပါ။ ဒီလိုနဲ့ အတိတ်ဆိုးကိုယ်စီနဲ့တစ်ယောက်နဲ့တစ်ကောင် အချင်းချင်းအမှီသဟဲပြုနေကြရင်း တစ်နေ့မှာ တာမီအိုတစ်ယောက် ဟောင်းဝ်ကိုပျောက်သွားခဲ့တယ်။ရောက်ရာအရပ်မှာ လူတိုင်းဆီကို ပျော်ရွှင်မှုတွေယူဆောင်ပေးတဲ့ ခွေးလေး “ဟောင်းဝ်” တစ်ကောင် သခင်နဲ့ဝေးကွာနေတုန်း ဘယ်လိုစွန့်စားခန်းတွေဖွင့်ရဦးမလဲ .. တာမီအို့ဆီပြန်ရောက်လာဦးမလားဆိုတာကို ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

Haw (2022)

2022
Even if This Love Disappears from the World Tonight(2022) 7.2
Even if This Love Disappears from the World Tonight(2022) Even if This Love Disappears from the World Tonight(2022)******************************************************** ဒီရုပ်ရှင်လေးဟာ 2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Tomorrow I Will Date With Yesterday’s Youရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးတည်းကပဲရိုက်ကူးထားပြီး ကြည်ကြည်နူးနူး ဆွေးဆွေးမြေ့မြေ့ ခံစားရမယ့်ခံစားချက်vibeလေးကလည်းအတူတူပါပဲ။ ဇာတ်လမ်းအကြောင်းအရာကတော့ Toruဟာသူငယ်ချင်းဖြစ်သူအနိုင်ကျင့်ခံရတာကနေကယ်တင်ဖို့ဆိုပြီး Hinoဆိုတဲ့အတန်းဖော်ကောင်မလေးဆီ ချစ်ကြိုက်ကြောင်းဟန်ဆောင်ဝန်ခံခဲ့ရပါတယ်။ Hinoကလည်း Toruကိုရည်းစားအဖြစ်လက်ခံခဲ့ပေမယ့်စည်းကမ်းချက်လေးသုံးချက်ကိုတော့ လိုက်နာခိုင်းပါသတဲ့။ ၃ချက်ထဲက တစ်ချက်ကတော့ တကယ်ချစ်သွားလို့မရဘူး ဆိုတာပါပဲ။ နောက်ပြီး Hinoဆိုတဲ့အမျိုးသမီးလေးဟာ ကားမတော်တဆမှုတစ်ခုကြောင့်မှတ်ဉာဏ်အသစ်တွေမမှတ်နိုင်ဘဲ အိပ်ပျော်သွားတာနဲ့ ဒီနေ့အတွက်မှတ်ဉာဏ်တွေပျောက်သွားရသူပါ။အဲ့ဒီနောက်မှာတော့...................File Size :(1.4GB) and (549MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…02:01:00 Genre :Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Even if This Love Disappears from the World Tonight(2022)

Poupelle of Chimney Town (2021) 6.4
Poupelle of Chimney Town (2021) Poupelle of Chimney Town (2020) ========================= IMDb Rating - 6.4/10Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။အဲ့မြို့ကလူတွေက‌တော့ "ဟာ ဒီကောင် င‌ပေါကြီး" ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ "Poupelle ...
movie

Poupelle of Chimney Town (2021)

2021
Kiseki: Sobito of That Day (2017) 6.4
Kiseki: Sobito of That Day (2017) Kiseki: Sobito of That Day (2017)အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green ...
movie

Kiseki: Sobito of That Day (2017)

2017
Your Eyes Tell (2020) 7.1
Your Eyes Tell (2020) Your Eyes Tell (2020)မိုးအေးနေတဲ့ဒီလိုအချိန်တွေမှာ ကြည့်လို့ကောင်းမဲ့ Melo Drama ဇာတ်ကားတစ်ခုပါ။ Ryusei Yokohama နဲ့ Yuriko Yoshitakaတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီး Kpop group ဖြစ်တဲ့ BTS အဖွဲ့ရဲ့ "Your Eyes Tell" သီချင်းကို Theme Song အဖြစ်အသုံးပြုထားပါတယ်။အန်တိုနီယို ရေးက လက်ဝှေ့သမားဖြစ်ခဲ့ဖူးပေမဲ့ အတိတ်ကလုပ်ရပ်အမှားကြောင့် အတိတ်ကိုပြန်မပြောချင်တဲ့အထိ သူ့ကိုယ်သူ စိတ်နာနေတဲ့သူပါ။ "အကရီ"ကတော့ သူ့မိဘတွေနဲ့ခရီးသွားရင်း ကားမတော်တဆဖြစ်ပြီး အမြင်အာရုံဆုံးရှုံးခဲ့ရသူပါ။ထောင်ကထွက်လာပြီးတဲ့နောက် ရေးက လက်ဝှေ့ဆရာတွေဆီပြန်မသွားဘဲ ဇာတ်မြှုပ်ရင်း ကားပါကင်စောင့်တဲ့အလုပ်ကိုဝင်လုပ်ပါတယ်။အကရီက ရေးကို ကားပါကင်စောင့်တဲ့ဦးလေးလို့အထင်မှားပြီး ရေးနဲ့စကားပြောမိရာကနေ သူတို့နှစ်ဦးစပြီးဆုံကြပါတယ်။ဘဝကိုအရှုံးပေးထားတဲ့ ရေး က အမြင်ဆုံးရှုံးထားပေမဲ့ ဘဝမှာ ပျော်ပျော်နေနိုင်အောင်ကြိုးစားနေတဲ့ အကရီကိုကြည့်ပြီး ပြောင်းလဲလာပါတယ်။တစ်ဖက်မှာလည်း သူ့ရဲ့အတိတ်ဟောင်းတွေနဲ့အတူ အကရီရဲ့မျက်စိကွယ်ရတဲ့အကြောင်းအရင်းက ဆက်စပ်နေတဲ့အခါ...ရေးနဲ့အကရီတို့နှစ်ယောက် ဘာတွေဆက်ပြီးကြုံတွေ့ကြရမလဲ...ဒဏ်ရာတွေကို ဘယ်လိုကုစားဖေးမပေးကြမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်ပြီးကြည့်ရှုပေးပါဦး။( အညွှန်းရေးသားထားသူကတော့ Ingyin San ...
movie

Your Eyes Tell (2020)

Kids on the Slope (2018) 7.8
Kids on the Slope (2018) " Kids on the slope" ဇာတ်ကားလေးကတော့ romantic ဇာတ်ကားတွေကိုရိုက်ကူးရာမှာနာမည်ကြီးတဲ့ဒါရိုက်တာ takahiro miki ရိုက်ကူးတဲ့ drama ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့နိရှီမိဆိုတဲ့ အထက်တန်းကျောင်းသားကောင်လေးဟာ သူ့ရဲ့မိသားစုအခြေအနေကြောင့် နယ်မြို့လေးကကျောင်းလေးတစ်ခုကိုပြောင်းတက်ခဲ့ရတယ်။အဲ့ဒီကျောင်းလေးမှာ ကာဝါဘူချီဆိုတဲ့ လူမိုက်ကောင်လေးရယ်ရစ်စုဆိုတဲ့ မိန်းမချောလေးရယ်နဲ့သိကျွမ်းခဲ့ကြတယ်။သူတို့တွေအားလုံးရဲ့တူညီတဲ့အချက်ကတော့jazz ဂီတပေါ်မှာရူးသွပ်ကြတာပါပဲ။အဲ့လိုနဲ့အချိန်တွေကြာလာတဲ့အခါ နိရှီမိ ကာဝဘူချီနဲ့ ရစ်စုကြားထဲမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်လာခဲ့ကြတယ်။သူတို့ကြားထဲမှာရှိတဲ့သူငယ်ချင်းသံယောဇဉ်တွေ ၁၅၀၀ချစ်ခြင်းမေတ္တာတွေ ဂီတအပေါ်မှာ ရူးသွပ်ကြပုံ အစရှိတဲ့ abstract elements တွေအပေါ်မှာ မှီတည်ပြီး ဇာတ်အိမ်ဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ နိရှီမိနဲ့ ကာဝါဘူချီနေရာမှာသရုပ်ဆောင်ထားတဲ့ဇာတ်ဆောင်မင်းသားတွေဟာ ဇာတ်ကားမှာ အံဝင်ခွင်ကျဖြစ်အောင် ဒရမ်တီးတာနဲ့ ပီယာနိုတီးတာကို လပေါင်းများစွာသင်ယူခဲ့ရပါတယ်။့ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေရဲ့ ရူပါတစ်ပေါက်နဲ့တင်ကြည့်ရတာတန်စေမဲံ့ဇာတ်ကားတစ်ကားပါ။asia ကားတစ်ကားဖြစ်ပေမဲ့ IMDB rating 7.4တောင် ရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ drama ဇာတ်ကားကောင်းလေးတွေကိုနှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  ကိုမျိုးခန့် ပါ) File Size : (900 MB) ...
movie

Kids on the Slope (2018)

2018
Shin Godzilla 6.8

Shin Godzilla

2016