Channel Myanmar

Tracy Fisher

The Pregnancy Promise (2023) 5.5
The Pregnancy Promise (2023) The Pregnancy Promise (2023) ======================စကိုင်းရဲ့မိဘတွေက ချုပ်ချယ်လွန်းတဲ့မိဘတွေပါ။ အထက်တန်း ကျောင်းသူအရွယ်ပဲရှိသေးတဲ့စကိုင်းကို ပါတီမသွားရဘူး၊ ရည်းစား မထားရဘူး၊ မိတ်ကပ်မလိမ်းရဘူး၊ ငါတို့ဝယ်ပေးတဲ့အဝတ်အစား တွေပဲဝတ်ဆိုတဲ့ မိဘတွေပေါ့။ စကိုင်းကလည်း တက္ကသိုလ်တက် ရင်တောင် သူသင်ချင်တဲ့ပန်းချီမသင်ဘဲ မိဘတွေစိတ်ကြိုက် ဗိသု ကာတက်ဖို့အထိ နာခံတဲ့ သမီးလိမ္မာလေး။ ဒီသမီးလိမ္မာလေးကို သူ့bffဖြစ်တဲ့ လူစီက အားမရပါဘူး။ဒါကြောင့် အထက်တန်းမပြီးခင် အထက်တန်းကျောင်းသူဘဝကို အကောင်းဆုံးနေမယ်ဆိုပြီး စကိုင်းကိုပါတီတစ်ခါခိုးခေါ်သွားလိုက် တာ စကိုင်းက ရည်းစားရသွားပါတယ်။ ဘဲရသွားတဲ့စကိုင်းက ဘဲ နဲ့ပဲအချိန်ကုန်ပြီး လူစီ့ကိုပလစ်ပါတော့တယ်။ တစ်ယောက်တည်း ဖြစ်သွားတဲ့ လူစီက စကိုင်းမရှိတော့ စကိုင်းရဲ့အစ်ကိုနဲ့ အနေနီးပြီး တွဲဖြစ်သွားပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ စကိုင်းရော လူစီရော ပြိုင်တူကိုယ်ဝန်ရလာကြ ပါတယ်။ မိဘတွေကတော့ သူငယ်ချင်းနှစ်ယောက်က ကိုယ်ဝန် ပြိုင်တူရအောင် တမင်လုပ်တာလားလို့ မယုံသင်္ကာဖြစ်ကြတာ ပေါ့။ စကိုင်းတို့ကိစ္စကြောင့် စိတ်ရှုပ်နေကြချိန်မှာပဲ စကိုင်းရဲ့မိဘ တွေက ခြိမ်းခြောက်စာတွေပို့ခံရ စီးပွားပျက်လုနီးပါး နှောင့်ယှက် ခံရနဲ့ အခက်အခဲမျိုးစုံတွေ့ပါတော့တယ်။ ဒါတွေရဲ့ နောက်ကွယ်က တရားခံကဘယ်သူလဲ ဘာလို့စကိုင်းတို့မိသားစုကို ပစ်မှတ်ထား နေရတာလဲ သူငယ်ချင်းနှစ်ယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုဖြစ် သွားမလဲဆိုတာ ကြည့်ရှုရမဲ့ Thriller ကားလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ...
movie

The Pregnancy Promise (2023)

2023
The Road to Galena (2022) 5.6
The Road to Galena (2022) The Road to Galena(2022)ဝါရှင်တန် အထက်တန်းလွှာမှာ ဝင်ဆံ့တဲ့သူတစ်ယောက် ဖြစ်တဲ့ ကိုးလ်ဘဲရပ်တ်ဟာ အလားအလာရှိပြီး အောင်မြင်တဲ့ရှေ့နေတစ်ယောက် ဖြစ်ပြီး လှပပြီးထက်မြက်တဲ့ ဇနီးသည်၊ ကားအလန်းစား အိမ်အမိုက်စားနဲ့ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူပါဒါပေမဲ့ ဒီလို ပြီးပြည့်စုံတဲ့ ဘဝဟာ ကိုးလ် အမှန်တကယ် လိုလားတောင့်တခဲ့တဲ့ ဘဝ ဟုတ်ပါရဲ့လားတစ်ချိန်က ကိုးလ်ရဲ့ အိပ်မက်က ငယ်ချစ်ဦးနဲ့ အတူ ဂယ်လီနာက မြေမှာ အောင်မြင်တဲ့ စိုက်ပျိုးရေးသမားတစ်ယောက် ဖြစ်လာဖို့ပါဒါပေမဲ့လည်း ဖြစ်ချင်တာတွေထက် မဖြစ်ချင်တာတွေပဲ ပိုဖြစ်လေ့ရှိတဲ့ လောကသဘာဝအတိုင်း စိုက်ပျိုးရေးသမား ဖြစ်ချင်တဲ့ ကိုးလ်ဟာ ရှေ့နေတစ်ယောက်ဖြစ်လာပြီး ငယ်ချစ်ဦးနဲ့ လွဲခဲ့ရပါတယ်ဇနီးချောနဲ့ တိုက်နဲ့ ကားနဲ့ အထက်တန်းကျကျ နေနိုင်နေပြီဖြစ်တဲ့ ကိုးလ်ရဲ့ ဘဝထဲကို ဖုန်းတစ်ကောလ် ဝင်လာပြီးတဲ့နောက် ကိုးလ်ရဲ့ ငယ်ဘဝ အိပ်မက်တွေ ပြန်လည် လှုပ်ရှား အသက်ဝင်လာပါတော့တယ်အဲဲဒီနောက်မှာတော့ အောင်မြင်တဲ့ဘဝကိုပဲ ဆက်ပြီး လျှောက်လှမ်းမလား ငယ်ဘဝ အိပ်မက်ကို အကောင်အထည်ဖော်မလား ကိုးလ် ဘာကို ရွေးချယ်မလဲကိုးလ်နဲ့အတူ သူ့ရဲ့တစ်ချိန်က ငယ်ချစ်ဦးနဲ့ ငယ်ဘဝအိပ်မက်တွေကို ...
movie

The Road to Galena (2022)

2022
One for the Road (2021) 7.4
One for the Road (2021) One For The Road (2022)" ငါ့ဘ၀မှာ မိန်းကလေးဘယ်နှယောက်ကို ငါထပ်ချစ်မိဦးမလဲ မသိဘူး။ ငါ့ဘ၀ရဲ့နောက်ဆုံး စက္ကန့်မရောက်ခင်အထိ ငါ့အချစ်ဆုံးမိန်းကလေးက ဘယ်သူလဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့။ဒီလိုနဲ့ အချစ်တွေကို ငါအရက်နာမည် ပေးပစ်မိတယ်။ပန်းနီရောင်ကောင်မလေးရဲ့ဆံစတွေလို အနီရောင်ကော့တေးထဲ ငါ့သက္ကရာဇ်တွေ ၅ ၄ ၃ ၂ ၁။ သက္ကရာဇ်တွေဟာ အသေပါ လို့ ဘယ်သူညာလဲ။ဒုတိယမိန်းကလေးရဲ့ မျက်ရည်အဖြူတွေလို ကော့တေးဟာ အမှားတွေရဲ့အရသာပေါ့။မြူတွေပဲ။ ငါဖြတ်သန်းသွားတုန်းက မမြင်ခဲ့မိဘူး။ ခုနေခပ်လှမ်းလှမ်းကျမှ ငါ့အမှားမြူထုကြီး အုံ့လို့ဆိုင်းလို့ ထီးတည်း။ မိုးရွာပြီးတဲ့နောက် တတိယကော့တေး။အချစ်ဦးကော့တေးဟာ မထွက်ခွာခင် နောက်ဆုံးတစ်ခွက် (One For The Road)လို ခရီးတွေအဝေးကြီးရောက်ပြီးလည်း တသသကျန်ခဲ့တဲ့အရာပေါ့။"လောကဓံဦးတုန်းက အလွန်အကျူးသောက်ခဲ့တဲ့ အရက်တစ်ခွက် အခုကျတော့မှ စံပယ်ရွက်ပေါ်မှာ မူးလဲ အသည်းကွဲတယ်ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်"ငါတို့အတူတည်ဆောက်ဖူးကြတဲ့ စိတ္တဇအဆောက်အဦးလေးရဲ့ပညတ်က "One For The Road"။ မင်းတိုက်ခဲ့တဲ့ နောက်ဆုံးကော့တေးတစ်ခွက်က " One ...
movie

One for the Road (2021)

2021