Channel Myanmar

Trevor Hayes

Penthouse North (2013) 5.5
Penthouse North (2013)  ဆာရာလို့ခေါ်တဲ့ မျက်မမြင်ကောင်မလေးဟာ သူ့ရဲ့ချစ်သူရွိုင်ရန်နဲ့အတူ ပန့်ဟောက်စ်မှာ ပျော်ရွှင်စွာနေထိုင်နေပါတယ်။ဆာရာဟာ မျက်စိမမြင်ရပေမဲ့ ကိုယ်ထူကိုယ်ထလုပ်တတ်ပြီးသူ့ကို မျက်မမြင်တစ်ယောက်မလို့ ကူညီပေးတာမျိုးကိုလည်းမကြိုက်တတ်ပါဘူး။ဒီလိုနဲ့ နှစ်သစ်ကူးနေ့ရောက်တဲ့အချိန်မှာတော့ ညဘက်မှာသောက်ဖို့အတွက် ရှန်ပိန်ကို ကိုယ်တိုင်တစ်ယောက်တည်းထွက်ဝယ်ရင်းအိမ်ကိုပြန်ရောက်တဲ့အချိန်မှ သူ့ရဲ့ချစ်သူဟာ အသတ်ခံထားရကြောင်းကိုသိရှိပြီး ထွက်ပြေးဖို့လုပ်ပေမဲ့ သူ့ချစ်သူကို သတ်လိုက်တဲ့သူနဲ့သူ့ရဲ့အဖော် ဟော်လန်ဒါဆိုတဲ့လူဟာ ဆာရာ့ကို နှိပ်စက်ပြီးတော့ချစ်သူဖြစ်သူဖွက်ထားတဲ့ပစ္စည်းတွေအကြောင်းမေးရင်းနဲ့သူ့ချစ်သူရဲ့ အတိတ်က လုပ်ခဲ့တဲ့အကြောင်းတွေကို သိလာရင်း ......သူ့ချစ်သူက ဘယ်လိုလူမျိုးလဲ .......လူကိုသတ်ပြီးတော့ ရှာရလောက်တဲ့အထိရှာနေရတဲ့ ပစ္စည်းတွေကဘယ်လောက်တောင် တန်ဖိုးကြီးနေလဲ .....သူတို့ရှာနေတဲ့ ပစ္စည်းတွေကို ရှာတွေ့သွားမှာလား ......ဆာရာကရော အနှိပ်စက်ခံရာကနေ လွတ်မြောက်လာပါ့မလား .....ဆိုတာတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရမဲ့ Drama Thriller ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.18GB / 558MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Penthouse North (2013)

I’m Not There (2007) 6.8
I’m Not There (2007)   တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie

I’m Not There (2007)

Blood Quantum (2019) 5.6
Blood Quantum (2019) Rotten Tomatoes 90% ရရှိထားတဲ့ ဒီရှပ်ရှင်ဟာဇွန်ဘီအပေါ်ကလေ့ပ်စ်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။အမေရိကားမှာရှိတဲ့ လူနီရိုင်းအပိုင်ဒေသကဖုတ်ကောင်တွေနဲ့ကမ္ဘာပျက်တဲ့အကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာထူးဆန်းစွာနဲ့ပဲလူနီရိုင်း(နေးတစ်အမေရိကန်)တွေဟာ ဇွန်ဘီပိုးကို Immune ဖြစ်နေကြပါတယ်။လူဖြူတွေကသာအကိုက်ခံရရင် ပိုးကူးစပ်ပြီး ဇွန်ဘီတွေအဖြစ်ပြောင်းလဲကြပါတယ်။ဇွန်ဘီရုပ်ရှင်တွေထဲမှာ လူနီရိုင်းဇွန်ဘီကားဆိုတော့ကြည့်ရတာ ထူးထူးခြားခြားလေးဖြစ်နေပါတယ်။လူမှုရေးအရှုပ်ထွေးတွေနဲ့ သေရေးရှင်ရေးကိစ္စတွေဖြစ်နေတာတောင် လူတွေရဲ့အတ္တ၊ မာန၊ဒေါသတွေဟာ ခဝါချနိုင်ဖို့မလွယ်တဲ့အကြောင်းရှင်သန်ဖို့အတွက်ဆိုဘာမဆိုလုပ်မဲ့ သူတွေအကြောင်းစတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းက ကျီးနီ(Red Crow)ကိုယ်ပိုင်ဒေသမှာငါးအသေတစ်ကောင်အသက်ပြန်ရှင်လာတာ၊ခွေးအသေအသက်ပြန်ရှင်လာတာကနေ စပါတယ်။နောက်ပိုင်း လူတွေပါ ပိုးကူးစပ်ပြီးဇယားတွေကပ်ကုန်ကြပါတော့တယ်။ရဲမှူး ထရေဗာတစ်ယောက်ပြဿနာတွေကိုဦးဆောင်ဖြေရှင်းဖို့ဖြစ်လာပြီးခံတပ်တွေ စခန်းတွေဆောက်ကာ အစုဖွဲ့နှင့်ရှင်သန်နေရာမှအပြင်ဘက်မှာ ပိုးထိထားတဲ့ လူဖြူဒုက္ခသည်တွေကိုစခန်းသို့ချွေးမဖြစ်သူ လူဖြူမချာလီခေါ်ဆောင်လာရာမှာဒုက္ခလှလှတွေ့ကြပါတော့တယ်။ဘယ်လိုရှေ့ဆက်ပြီး သတ်ဖြတ်ရှင်သန်ကြမလဲ၊ဘယ်သူတွေက ဘယ်လိုထဖောက်ကြမလဲဆိုတာဇာတ်လမ်းအဆုံးထိကြည့်ရှုခံစားကြည့်ရမှဖြစ်ပါတယ်။ File size…  1.46 GB /  709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Action , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Paing
movie

Blood Quantum (2019)

2019
Awake 2021 5
Awake 2021 နက်ဖလစ်ရဲ့ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားထွက်လာပါပြီ။ ဒါကလည်း ကမ္ဘာပျက်တဲ့ကားပါပဲ။ ဒီတစ်ခါ အရင်နဲ့မတူအောင်ပျက်ရမှာပေါ့။ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် တစ်ကမ္ဘာလုံးက လျှပ်စစ်တွေအကုန် ပြတ်တောက်သွွားပြီး လူတွေအကုန်လုံး အိပ်နိုင်စွမ်းကို ဆုံးရှုံးသွားပါတယ်။ မေ့ဆေးပေးတောင် အိပ်လို့မရတော့ပါဘူး။ သေတာနဲ့နိုးနေတာ နှစ်မျိုးပဲ ကျန်ပတော့တယ်။ လူတွေဟာ မအိပ်ဘဲနေနိုင်တဲ့ ရက်အကန့်အသတ်ရှိပါတယ်။ ရက်ကြာလာတာနဲ့အမျှ တွေးခေါ်နိုင်စွမ်းတွေ ပျောက်လာတယ်၊ ထင်ယောင်ထင်မှားတွေ မြင်လာတယ် ၊ ချိနဲ့လာတယ် စသည်ဖြင့်ပေါ့။ ဒီတော့ ရက်ပိုင်းအတွင်းမှာ မလွှဲမရှောင်သာ ကမ္ဘာပျက်ပါတော့မယ်။ အဲဒီအချိန်မှာပဲ အိပ်လို့ရနေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့သွားကြတဲ့အခါ သူ့ကိုစမ်းသပ်ပြီး အချိန်မီ ကုထုံးကိုရှာဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် ကလေးမလေးရဲ့အမေကလည်း သူ့ကလေးကို ကာကွယ်ဖို့အတွက် အစွမ်းကုန်ကြိုးစားလာတဲ့အခါ... File size…(1.7 GB) and (1 GB) Quality….web 1080p and 720p Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson  
movie

Awake 2021