Channel Myanmar

Troy Brown

Green Zone (2010) 6.8
Green Zone (2010)  ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အ​မေရိကန်ကြား စစ်​ရေးတင်းမာမှု​တွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်း​မီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာ​ဖွေ​ထောက်လှမ်း​ရေးအဖွဲ့​​ခေါင်း​ဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်း​ကြောင့် ရှာ​ဖွေမှု​တွေ​နေရာအနှံ့လုပ်​​နေခဲ့တာပါ။ဒါ​ပေမဲ့ သတင်း​ရတဲ့​နေရာ​တွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မ​တွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာ​နေရတဲ့​နောက် ​ထောက်လှမ်း​ရေးကရ​တဲ့ သတင်းက တစ်ခုခုလွဲ​နေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်း​ရင်းမြစ်အ​ကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက​ ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့​နောက်ဆက်တွဲကိစ္စ​တွေကိုပါ ​ဖြေရှင်းဖို့အ​ရေးကြုံလာပါ​တော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်​နေမလဲ။ ဘယ်​လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်​နေမလဲ။ မတည်ငြိမ်မှု​တွေဖြစ်​နေတဲ့ အီရတ်​မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်​ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။  File size…2.31GB / 968MB Quality…Blu-Ray  1080p 5.1CH  / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Green Zone (2010)

Little Nicky (2000) 5.3
Little Nicky (2000) Little Nicky (2000) ===============ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ် စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့ စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်း ပြည့်တဲ့နေ့ကို ရောက်လာပါတယ်။နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်း မျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ် သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါ တော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေ မနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါ တော့တယ်။အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာ ကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန် ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီး သေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ် တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ် နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော် ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ...
movie

Little Nicky (2000)

2000
2Fast 2 Furious (2003)Fast and Furious 2 5.9
2Fast 2 Furious (2003)Fast and Furious 2   F1 ကပြဿနာမျိုးစုံပြီးတဲ့နေက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီးအရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ်...အမှုငယ်ပေါင်းများစွာနဲ့ပေါ့...ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီးသတင်းအရမ်းထွက်နေတယ်...သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်းငွေဖြူအချီကြီးလုပ်ဖို့စီစဉ်နေတယ်လို့သတင်းရနေတယ်..ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့အသုံးချပါတော့တယ်.... File Size :(2.05GB), (0.99 GB)Quality : Blu-Ray1080P5.1CH 720pRunning Time : 1hr 46minFormat : Mp4Genre :Action, Crime, ThrillerSubtitle : Myanmar Subtitle (Hard Sub)Source : 1080p BluRay x264-SPARKSTranslated by Thura Zarni AungEncoded by Thanhtike Zaw
movie

2Fast 2 Furious (2003)Fast and Furious 2

2003