Channel Myanmar

Valerie Berry

The Royal Hotel (2023)
The Royal Hotel (2023)  IMDb 6.2 ရရှိထားတဲ့ thriller & drama အမျိုးအစားဖြစ်ပြီး 2023 RTVE-Otra Mirada Award အပါအဝင်ဆုနှစ်ခုရရှိထားပြီး နောက်ထပ်ဆုနှစ်ခုအတွက်ပါဇကာတင်ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။သရဲထက်ကြောက်ဖို့ကောင်းတဲ့လူတွေရဲ့အကြောင်းကိုရိုက်ပြထားတာကြောင့် ထိတ်လန့်စရာကောင်းပြီး တစ်မူထူးခြားတဲ့ရသမျိုးကိုခံစားရမှာပါဇာတ်လမ်းအကျဉ်း..... လိဗ်နဲ့ဟန်နာတို့သူငယ်ချင်းနှစ်ယောက်ဟာ စွန့်စွန့်စားစားခရီးသွားရတာကိုကြိုက်ကြပြီး ကြုံရာမှာပျော်တတ်တဲ့သူလေးတွေပါ တစ်နေ့တော့ သူတို့အပန်းလည်းဖြေရင်း ငွေပိုလေးဘာလေးရဖို့အတွက် ဩစတေးလျကအရက်ဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ခဲ့ကြပါတော့တယ် အလုပ်စတဲ့ပထမနေ့ကတည်းက လူတွေကထင်တာထက်ပိုရိုင်းစိုင်းပြီး ထူးဆန်းနေကြတာကြောင့်သဘောမကျပေမဲ့ ငွေရဖို့အတွက် သည်းခံပြီးဆက်လုပ်ပေးကြရပါတော့တယ်။တဖြည်းဖြည်း လူတွေရဲ့ထူးဆန်းတဲ့အကျင့်စရိုက်တွေကိုသိလာရတဲ့အခါမှာတော့ အဲဒီနေရာကြီးတစ်ခုလုံးကကြောက်ဖို့ကောင်းလာပြီး လိဗ်နဲ့ဟန်နာတို့ ထူးဆန်းတဲ့နယ်မြေမှာ ဘယ်လိုရှင်သန်ကြမလဲ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှုရမှာပါ....... File size…(4K ) /(1 GB)/(572 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Royal Hotel (2023)

The Matrix Reloaded (2003) 7.2
The Matrix Reloaded (2003) Matrix သမိုင်းအကျဉ်း၂၁ ရာစု အလယ်ပိုင်းလောက်မှာ လူသားတွေဟာ စိက်အသိဉာဏ် AI ကို တီထွင်ခဲ့ပါတယ်။ လူသားတွေကိုယ်စား အလုပ်တွေအကုန်ခိုင်းလို့ရတဲ့ စက်တွေပေါ်လာပြီး လူတွေအကုန် အလုပ်လုပ်စရာမလိုဘဲ နှပ်နေလို့ရလာတာပေါ့။ ဒါပေမဲ့ အသိဉာဏ်ရှိလာတဲ့ စက်တွေကလည်း လူတွေဟာ သူတို့ကို ခိုင်းစရာ ပစ္စည်းသက်သက်လိုပဲ သဘောထားတာကို မကျေနပ်နိုင်ပဲ ဆန္ဒပြတာမျိုးတွေ ဖြစ်လာပါတယ်။ အကြီးဆုံးပြဿနာကို အစပြုစေခဲ့တာကတော့ B1-66ER ဆိုတဲ့ အိမ်အကူစက်ရုပ်ဟာ သူ့ကိုဖျက်ဆီးပြီးအသစ်အစားထိုးတော့မယ့် အိမ်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အမှုပါပဲ။ ဒီအမှုကို တရားရုံးမှာ B1-66ER က မိမိကိုယ်ကိုယ်ခုခံကာကွယ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ သူမသေချင်ပါဘူးတဲ့။ လူသားရှေ့နေကလည်း ကူညီခဲ့ပေမဲ့ အမှုရှုံးခဲ့ပြီး စက်ရုပ်ဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ စက်ရုပ်အခွင့်အရေးအတွက် စက်ရုပ်တွေရော စာနာတတ်တဲ့လူသားတွေရောက တစ်နိုင်ငဲံလုံးမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့လူတွေရော စက်ရုပ်တွေရောကို လူသားအဓိကဝါဒီတွေက ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့အပြင် စက်ရုပ်တော်လှန်ရေးကြီး ဖြစ်လာမှာကို စိုးရိမ်တဲ့ ကုလ ...
movie

The Matrix Reloaded (2003)

2003
4K HEVC