Channel Myanmar

Valerie Boyle

Picture Perfect Romance (2022) 6.6
Picture Perfect Romance (2022) Picture Perfect Romance (2022)~ IMDb rating - 6.6/10 ~အခုတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် လူငယ် Fancy အချစ်ဇာတ်လမ်းလေးပါ။ Main Lead နေရာမှာ​တော့ Titans စီးရီးထဲမှာ Phil ဇာတ်ကောင်နေရာကနေပါဝင်ခဲ့တဲ့ Jon McLaren နဲ့ Celeste Desjardins တို့ကပါဝင်ထားပါတယ်။ဇိုအီဆိုတဲ့ကောင်မလေးက အချစ်ဦးနဲ့လမ်းခွဲပြီး အချိန်အကြာကြီး Single ဖြစ်နေတဲ့သူပေါ့။ မင်္ဂလာပွဲမတိုင်ခင်တစ်ပတ်အလိုမှာ ရည်းစားဟောင်းရဲ့ Ghost လုပ်သွားတာကိုခံခဲ့ရပြီးနောက်ပိုင်း ဇိုအီလည်း Trauma ရသွားပြီး သူအရမ်းချစ်တဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့အလုပ်ကိုစွန့်လွှတ်ခဲ့တယ်။ ဒီလိုနဲ့တနေ့မှာ အပန်း​ဖြေစခန်းပိုင်ရှင် အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ Photographer လုပ်ပေးဖို့ဖြစ်လာတယ်။ အပန်းဖြေစခန်းကိုရောက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ရည်းစားဟောင်းနဲ့ပြန်တွေ့လိုက်ရတယ်။ ခပ်အေးအေးနေချင်တဲ့ဇိုအီတစ်ယောက် ရည်းစားဟောင်းရဲ့ လက်ရှိရည်းစားစပ်ဆလူးစိန်ကြောင့်လည်း အာရုံနောက်ရပြန်တယ်။ ဒီအခြေအနေကနေ ဇိုအီကိုကယ်တင်ပေးမယ့်သူကတော့ ဒေါက်တာကလာ့ခ်ဆိုတဲ့လူငယ်ဆရာဝန်လေးပေါ့...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Picture Perfect Romance (2022)

2022
The Pacifier (2005) 5.6
The Pacifier (2005) The Pacifier (2005)ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက "ချိုလိမ်" ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ ...
movie

The Pacifier (2005)

2005