Channel Myanmar

Valerie Cutko

The Phantom of the Opera (2004) 7.5
The Phantom of the Opera (2004) The Phantom of the Opera (2004)********************************တစ်ခေတ်တစ်ခါက Masterpiece ဖြစ်ခဲ့တဲ့ Old but gold Musical film တစ်ခုနဲ မိတ်ဆက်ပေးချင်ပါတယ်။Musical film ဆိုတဲ့အတိုင်း သီချင်းတွေအများကြီးနဲ့မို့Musical ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားပါ။ ပေါ်ပြူလိုင်ရာဆိုတဲ့နာမည်ကြီးပြဇာတ်ရုံကြီးတစ်ခု..မကြာခဏလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေဖြစ်လေ့ရှိပြီး ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ရှိတယ်လို့ လူအများစုယုံကြည်ကြပါတယ်။တစ်နေ့မှာတော့ ယင်းသံအမြင့်ဆုံးအဆိုရှင်ဖြစ်တဲ့ ကာလော့တာက စိတ်အလိုမကျမှုကြောင့် ချက်ချင်းထွက်သွားတဲ့အတွက်ညဘက်ပွဲလည်းရှိတာကြောင့် ခရစ္စတင်းဒါယဲရ်ဆိုတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အစားထိုးခိုင်းလိုက်ရပါတော့တယ်။အကအဖွဲ့ထဲကမိန်းကလေးဖြစ်ပေမယ့် ကာလော့တာထက်တောင်ကောင်းကောင်းဆိုနိုင်တာကြောင့်အကုန်အံ့အားသင့်သွားရပါတယ်။ဒါဟာလည်း သူ့ကိုသင်ကြားပေးနေတဲ့သူဟာ  ပြဇာတ်ရုံကြီးရဲ့ဝိဉာဉ်ဖြစ်နေလို့ပါပဲ.. ဒါပေမဲ့ ခရစ္စတင်းကတော့ အဲဒီသူ့ဆရာကို အသံပဲကြားဖူးပြီး တစ်ခါမှမမြင်ဖူးပါဘူး..အသံပဲကြားရုံနဲ့တင် လေးစားချစ်ခင်ပြီး သူ့တေးသွားတမန်တော်လို့မှတ်ယူထားခဲ့ပါတယ်။တစ်နေ့တော့ ခရစ္စတင်းရဲ့ငယ်ချစ်ဦးဖြစ်သူ ရာအိုးလ်ဟာလည်း ပြဇာတ်ရုံကြီးထဲရောက်ရှိလာတဲ့အခါ..ခရစ္စတင်းတစ်ယောက် ငယ်ငယ်ထဲကချစ်မြတ်နိုးရသူ၊ ငယ်ချစ်ဦးဖြစ်တဲ့ရာအိုးလ်ကိုရွေးချယ်မလား။သူ့ကိုသီချင်းဆိုနိုင်အောင်သင်ပေးတဲ့ အမြဲလေးစားခဲ့ရတဲ့ဆရာဖြစ်တဲ့ ပြဇာတ်ရုံကြီးကဝိဉာဉ်ကိုပဲရွေးချယ်သွားမလား... File Size :(2.55GB)&(1.13 GB) Quality : Blu-Ray 1080P,720p,480p Format :mp4 Duration : 02:23:00 Genre : Romance , Drama , Musical Subtitle ...
movie

The Phantom of the Opera (2004)

2004
Les Misérables (2012) 7.6
Les Misérables (2012) Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie

Les Misérables (2012)

2012