Channel Myanmar

Vanesha Prescilla

Virgo and the Sparklings (2023) 5.8
Virgo and the Sparklings (2023) Virgo and The Sparkling (2023a)ရီအာနီ ဆိုတဲ့ ကျောင်းသူလေးတစ်ယောက်က မွေးရာပါ မီးစွမ်းအားနဲ့မွေးဖွားလာသူတစ်ယောက်ပါ သူကစိတ်လှုပ်ရှားလာတဲ့အခါ မီးပွားတွေ ထွက်လာတတ်ပြီး မီးတောက်တွေကိုပါ ဖြစ်လာစေတတ်လို့ သူ့မိဘတွေက သူ့သမီးရဲ့သရုပ်မှန်ကို မပေါ်စေဖို့ ကျောင်းခဏခဏပြောင်းပေးကြရပါတယ်သူမက တီးဝိုင်းတစ်ခုထောင်ပြီး အဆိုတော်ဖြစ်ချင်နေတဲ့ ဝါသနာအိုးလေးတစ်ယောက်လည်းဖြစ်တဲ့အပြင် သူမဟာ သံစဉ်တွေရဲ့အ‌ရောင်တွေကိုလည်း ခွဲခြားမြင်နိုင်ပါတယ် တစ်နေ့မှာတော့ လူငယ်တွေကိုပဲ ကူးစက်တတ်တဲ့ရောဂါပိုးတစ်ခုဟာ အွန်လိုင်းပေါ်က ဗွီဒီယိုတွေကနေတစ်ဆင့်ပျံ့နှံ့လာပါတော့တယ် ဗွီဒီယိုကိုကြည့်မိတဲ့လူငယ်တွေက ညို့ယူခံလိုက်ရပြီး သူတို့ရဲ့မိဘတွေကို စတင်တိုက်ခိုက်ကြပါတော့တယ် ဒီအခါမှာ ရီအာနီက သူ့မီး‌တောက်တွေက ညို့ယူခံရတဲ့သူတွေကိုသတိဝင်စေမှန်းသိပြီးတဲ့နောက် သူနဲ့သူ့သူငယ်ချင်းတွေက သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း လူတွေကို ဘယ်လိုအကူအညီပေးကြမလဲဆိုတာကြည့်လိုက်ကြရ‌အောင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Acion, Adventure, Comedy File size… 2.1GB | 841MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator .....Thae Thae Encoder ..... Aaron
movie

Virgo and the Sparklings (2023)

2023
Dilan 1991 (2019) 6.5
Dilan 1991 (2019) Dilan 1991(2019)IMDb~ 6.5/10အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါDilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ်အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်)ဒါကတော့ Dilan 1990 (2018) ပါ https://channelmyanmar.org/dilan-1990-2018/ဒါကတော့ Milae (2020) ပါ https://channelmyanmar.org/milea-2020/Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့....အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ...
movie

Dilan 1991 (2019)

2019
Milea (2020) 6.2
Milea (2020) ဆိုင်ကယ်ဂိုဏ်းအဖွဲ့ထဲမှာပျော်နေပြီး အချိန်ဖြုန်းတတ်တဲ့ ဒီလန်တစ်ယောက် ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန် (ခေါ်) လီယာ ကိုချစ်မိသွားလို့ ပုံစံမျိုးစုံနဲ့ ကောင်မလေးစိတ်ဝင်စားအောင်လုပ်ရင်း နောက်ဆုံးတော့ချစ် သူတွေဖြစ်သွားကြပါတယ် ထစ်ခနဲနေရန်ပွဲတွေနဲ့စီနေတတ်တဲ့ ဆိုင်ကယ်အဖွဲ့ကို လီယာဟာ တကယ်သဘောမကျပါပေမယ့် ချစ်စရာကောင်းတဲ့ စကားလုံးလေးတွေနဲ့ နွေးထွေးတဲ့ဒီလန်ကိုတော့ တကယ်မြတ်နိုးခဲ့ပါတယ် လီယာက ဒီလန့်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သတ်စေချင်လို့ သတိပေးတဲ့အနေနဲ့ လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်လိုက်ရာက အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်ဘွဲ့ရတဲ့အထိခွဲခွာလိုက်ရပြီး မထင်မှတ်ဘဲတစ်နေ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့……. ဒီဇာတ်ကားလေးကို ရှေ့မှာ Dilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီး မတူညီတဲ့ ဇာတ်လမ်းအပိုင်းအစလေးတွေ ထွက်ရှိပြီး ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Indo အချစ်ဇာတ်ကားလေးပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့် ကောင်းမွန်တဲ့အမှတ်တရတွေကို သိမ်းဆည်းပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေရတဲ့ဖီလင်ကို သိတဲ့လူတိုင်း၊ အထက်တန်းကျောင်းတုန်းက မေ့မရနိုင်တဲ့ အမှတ်တရတွေရှိတဲ့လူတိုင်း ကြိုက်နှစ်သက်မယ့် ဇာတ်ကားမျိုးလေးဖြစ်ကြောင်းအာမခံပါတယ်… File Size - 1.4 GB / 422.7MB Quality - web-dl 1080p Subtitle -  burmese (hardsub) Translator - Htoo Htoo Ka Joe Encoder - Thit San Khant      
movie

Milea (2020)

2020
#FriendButMarried (2018) 7.3
#FriendButMarried (2018) Friend But Married ဆိုတဲ့ကားလေးက သူ့နာမည်လေးအတိုင်းပါပဲ သူငယ်ချင်းတော့သူငယ်ချင်း ဒါပေမယ့် လက်ထပ်မိသွားတယ်ပေါ့ သူ့နာမည်မှာတင် အဓိပ္ပါယ်ကပါနေပြီးသားပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ဒစ်တိုဆိုတဲ့ကောင်လေးဟာ ကလေးဘဝတည်းက တီဗီကမိသားစု ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင်လေး အာယုကိုချစ်ကြိုက်မိပါတယ် အာယု ကသူ့စိတ်ကူးထဲကနတ်သမီးလေးပေါ့ အာယုကိုအပြင်မှာလဲတွေ့ရလိမ့်မယ်သူမထင်ခဲ့ပါဘူး ဖြစ်ချင်တော့ ကံကောင်းတဲ့တစ်ရက်မှာ အာယုဟာ သူတက်တဲ့ကျောင်းကိုမှဆိုက်ဆိုက်မြိုက်မြိုက်လာတက်ပါတော့တယ် ဖြစ်ချင်တော့ အတန်းထဲမှာခုံလွတ်နေတာလဲ ဒစ်တို့ဘေးမှာပဲရှိတော့ သူ့ဘေးမှာဝင်ထိုင်ဖို့ခွင့်တောင်းတယ် ဒီလိုနဲ့ အရမ်းချစ်တဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ် ဒီကားမှာထူးခြားချက်က အခြား Friendship ကားတွေလို အချိန်အကြာကြီးသူငယ်ချင်းဖြစ်လာပီးမှအရောင်ပြောင်းသွားကြတာမဟုတ်ပဲ ဒစ်တို့ဖက်ကအစောကြီး ကတည်းကအာယုကိုကြိတ်crush နေတာပါ ဒီလို့နဲ့ BFF ကြီးအဖြစ် ၁၃နှစ်တောင် Friendzone ထဲအထည့်ခံရတဲ့ ဒစ်တို သူဘယ်လိုရုန်းထွက်သွားလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ IMDb မှာလဲ rating မဆိုးဘူး cast တွေကလဲအကုန်ချောချောလှလှလေး နောက်ပြီးအိုဗာမတင်းတဲ့ romantic moment လေးတွေပါလို့ ကြည့်ရတာတစ်မျိုးအရသာရှိပါတယ် အင်ဒို ကားတွေလဲမခေတော့ပါဘူး နောက်ပြီး Crazy Little Thing Called Love ထဲကလိုမင်းသားနဲ့မင်းသမီး ညားသွားကြတာနဲ့တင် အဆုံးမသတ်ပဲ သူ့ရဲ့ sequel Friend But Married 2 ဆိုပြီး 2020 မှာထပ်ထွက်ထားလို့ တစ်ဆက်တည်း သူတို့နှစ်ယောက်ရဲ့နောက်ပိုင်းဇာတ်လမ်းတွေကိုပါကြည့်ရဦးမှာပါ    File Size -  1.1 gb Quality - web-dl ...
movie

#FriendButMarried (2018)

2018