Channel Myanmar
Verdi Solaiman
Sweet Dreams (2023) 6.5
Sweet Dreams (2023)  " Sweet Dreams " ဆိုတဲ့ဇာတ်လမ်းလေးကတော့ ဒတ်ခ်ျ ဆွီဒင်ဇာတ်လမ်းလေးဖြစ်ပြီး 20 ရာစုအစောပိုင်းကဒတ်ခ်ကိုလိုနီခေတ်ကိုဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ဒတ်ခ်ျလူမျိုးပြောင်းလုပ်ငန်းရှင်ကြီးမတော်တဆသေဆုံးသွားပြီး သူပိုင်တဲ့စက်ရုံ အိမ် နဲ့စိုက်ပျိုးမြေတွေကိုတရားဝင်တစ်ဦးတည်းသောသားကိုမပေးဘဲ သူ့အိမ်ကအင်ဒိုနီးရှားလူမျိုးအစေခံနဲ့ရထားတဲ့ 10 နှစ်အရွယ်တရားမဝင်သားဆီကိုလွဲပေးဖို့သေတမ်းစာချန်ထားခဲ့ရာကနေ ပြဿနာတွေစတက်ပါတော့တယ်။သားအရင်းဖြစ်သူက ဒီဥရောပမှာပိုင်ဆိုင်သမျှအကုန်ရောင်းပြီးနယ်မြေမငြိမ်းချမ်းတဲ့ဥရောပအစား ကိုယ်ဝန်အရင့်မာရှိနေတဲ့ဇနီးနဲ့အတူ ငြိမ်းချမ်းတဲ့ဆွဇ်ဇလန်ကိုပြောင်းချင်ပေမယ့် အမွေတွေဟာသူ့အတွက်မဟုတ်ဘဲ တရားမဝင်သားဆီရောက်သွားတာမလို့ ဒေါသူပုန်ထပါတော့တယ်။မုဆိုးမအမေဖြစ်သူကျပြန်တော့လဲ ဥရောပမှာပဲခေါင်းချချင်သူပါ ဒီပြဿနာတွေကိုဘယ်လိုရှင်းကြမလဲဆိုတာကို ဇာတ်လမ်းလေးမှာကြည့်ရှုလိုက်ပါဦးနော် File size…(1.5 GB)/(1.1 GB) Quality….Blu-ray 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie
Sweet Dreams (2023)
3: Alif Lam Mim (2015) 7.1
3: Alif Lam Mim (2015) 3.Alif Lam Min [2015]IMDB (7.1/10)အင်ဒိုနီးရှားဟာ ဘာသာရေးဂိုဏ်းဂဏ ကွဲပြားမှုတွေကြောင့် အကြမ်းဖက်မှုတွေ ပဋိပက္ခတွေနဲ့ အပြင်းအထန်ရင်ဆိုင်ရပြီး နောက်မှာ လူထုဟာ တော်လှန်ရေးတစ်ရပ် ကျင်းပကာ ဘာသာရေးကို အဓိကထောက်တိုင်အဖြစ်ကနေ ဖယ်ရှားပစ်လိုက်ကြပါတယ်... ဒီလို ဖယ်ရှားလိုက်တဲ့အခါ ကျန်ရှိတဲ့ ယုံကြည်ကိုးကွယ်သူတွေကိုလည်း အစိုးရက နှိမ်နှင်းဖို့ ကြိုးစားပါတော့တယ်... ဘာသာရေးနဲ့ သက်ဆိုင်သူတွေကို ရာဇဝတ်မှုမျိုးစုံတပ်ပြီး ရှင်းလင်းလာပါတယ်... ဒီလိုအရှုပ်အထွေးကြီးထဲမှာ တိုင်းပြည်အတွက် နိုင်ငံအတွက် ဘာမဆိုလုပ်ပေးမယ့် ရဲတပ်ဖွဲ့ဝင် အာလစ်ဖ်က အသုံးချခံ ဖြစ်လာပါတော့တယ်... ဒီလိုနဲ့ တစ်ရက် သူ့ရည်းစားဟောင်း လာရာစ်နဲ့ ပြန်ဆုံပြီး မရှေးမနှောင်းမှာပဲ လာရာစ် အလုပ်လုပ်ကိုင်ရာ ကန်ဒီကဖေးမှာ ဗုံးပေါက်ကွဲပါတော့တယ်... အာလစ်ဖ်ကိုယ်တိုင်လည်း ရှိနေခဲ့တာမို့ ဒီဗုံးကွဲမှုရဲ့ လက်သည်တရားခံဟာ အစ္စလာမ်ကျောင်းသားလေးတွေကြောင့်လို့ အာလစ်ဖ် ထင်မှတ်သွားပါတယ်.... တကယ်တော့ အဖြစ်မှန်ဟာ ထင်သလောက် ရိုးစင်းမနေဘဲ ရှုပ်ထွေးပွေလီမှုတွေ အများကြီး ရှိလို့နေပါတယ်... ဒီလိုအဖြစ်ကြီးကို အာလစ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie
3: Alif Lam Mim (2015)
2015
27 Steps of May (2019) 7.9
27 Steps of May (2019) 27 Steps of May (2019)ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ ...
movie
27 Steps of May (2019)
2019
The Forbidden Door (2009) 6.6
The Forbidden Door (2009)  IMDB - 6.6ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာnomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလိုကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေကnegative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက်ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ်ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်းလာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့်လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက်နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းရှိတယ်။သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီကရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်းမြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်....   File size…2.35GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 55m Genre ….. Horror , Mystery , ...
movie
The Forbidden Door (2009)
Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie
Buya Hamka Vol. 1 (2023)
2023
Akhirat: A Love Story (2021)
Akhirat: A Love Story (2021) Akhirat : A Love Story (2021)ဒီတစ်ခါမှာတော့ ကြည်နူးဆွတ်ပျံ့ဖွယ် အင်ဒိုနီးရှား ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့ Mentari ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခရစ်ယာန်ဘာသာကို အလေးအနက်ထား ကိုးကွယ်တဲ့ မိသားစုက Timar ဆိုတဲ့ ကောင်လေးတစ်ယောက်တို့ ဘာကန့်သတ်ချက်မှ မရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချစ်ကျွမ်းဝင်မိခဲ့ကြပါတယ်ဘာသာတရားကို အလေးအနက်ထားကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို လှလှပပ ပုံဖော်နိုင်ကြပါ့မလားကိုယ့်ရဲ့ အိပ်မက် မိသားစု အရာအားလုံး နဲ့ ချစ်ခြင်းမေတ္တာ ဒီနှစ်ခုထဲက တစ်ခုကိုရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲချစ်ခြင်းမေတ္တာကို ဘက်ပေါင်းစုံကနေ လှလှပပလေး ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ လွမ်းမောဖွယ်ရာ ကြည့်ရှူခံစားနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Drama, Fantasy, Romance Quality….WEB-DL 1080p and 720p and 360p File size…1.57GB and ...
movie
Akhirat: A Love Story (2021)
2021
Till Death Do Us Part(2021) 7.2
Till Death Do Us Part(2021) စိုက်ပျိုး​ရေး မဂ္ဂဇင်းတစ်ခုရဲ့ ဂျာနယ်လစ်တစ်​ယောက်ဖြစ်တဲ့ အာယာကို တစ်ရက်မှာ နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်​ယောက်က လာရှာခဲ့တယ် အာယာလို မထင်မရှား ဆင်းရဲသား​လေးတစ်​​ယောက်ဆီ ဗနီဆာလို နာမည်ကြီး မင်းသမီးတစ်​ယောက်က ဘာ​ကြောင့်လာရှာရတာလဲ ဆိုတာကို လုပ်​ဖော်ကိုင်ဖက်​တွေသာမက ရုံးလုံခြုံ​ရေးက ​မေးခွန်းထုတ်စရာဖြစ်လာပါတယ် ဗနီဆာဟာ အာယာကို မြင်မြင်ချင်း ​​သေနတ်နဲ့ ချိန်လိုက်ပါ​တော့တယ် အာယာအ​နေနဲ့ ဗနီဆာကို ရုပ်ရှင်ထဲမှာက လွဲပြီး မမြင်ဖူးပါဘူး ဒါ​ပေမယ့် ဗနီဆာက အာယာကို ​ကောင်း​ကောင်းသိ​နေတဲ့ပြင် ချစ်သူ​တွေပါလို့ ​ပြောလာပါ​တော့တယ် ဒါ့အပြင် သူ့လုပ်​ဖော်ကိုင်ဖက်​တွေကိုလည်း သိ​နေပြန်တယ်ဗနီဆာက ဘယ်​ကြောင့် အခုလိုလာလုပ်​နေတာလဲ ?သူ အာယာ့အ​ကြောင်း​တွေကို စုံစမ်းထားတာလား ?အာယာကပဲ အတိတ်​မေ့​နေတာလား CCTV ကကြည့်​နေတဲ့ လုံခြုံ​ရေး​တွေထင်သလို ​နောက်ပြောင်တဲ့ အစီအစဥ်ရိုက်​နေတာလား?"?​"တွေအများကြီးနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပါ  File size…(1.2 GB)/ (600 MB)/ (295 MB) Quality…WEB-DL 1080p /720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by  ...
movie
Till Death Do Us Part(2021)
2021
Foxtrot Six(2020) 6.5
Foxtrot Six(2020) Foxtrot Six(2019)(unicode)IMDB – 6.5 အင်ဒိုနီရှား ဇာတ်ကားတွေကို မကြည့်ဖြစ်တာများပေးမယ့် ဒီဇာတ်ကားကိုတော့ အထင်ကြီးမိပါတယ် ရုပ်ရှင်အတွင်းအသုံးပြုခဲ့တဲ့ နည်းပညာတွေ စစ်ဝတ်စုံဒီဇိုင်းတွေက ပုံမှန်စစ်ကားတွေမှာသုံးတဲ့ ဝတ်စုံဒီဇိုင်းနဲ့နည်းနည်းကွာခြားနေပါတယ် Sci-fi ပိုင်းတွေပါပေမယ့်effect တွေကိုလွန်ရောကျွံရော သုံးထားတာမဟုတ်တဲ့အချက်ကလည်းဒီဇာတ်ကားရဲ့ဆွဲဆောင်မှုထဲကတစ်ခုလို့ထင်မြင်မိပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက တော့ The Raid ဇာက်ကားမှာ Eka အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား OKA ANTARA ကအဓိကဇာတ်ရုပ်အဖြစ်ပါဝင်ထားပြီးတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီးမင်သမီးချောလေး AURELIE MOEREMANS ကလည်းပါဝင်အားဖြည့်ပေးထားပါတယ် ဇာတ်လမ်းအကျဉ်းက တော့ ၂၀၃၁ ကိုအခြေခံထားပြီး တစ်ကမ္ဘာလုံး အစာငတ်မှုဘေးနဲ့ ကြုံတွေ့နေရပါတယ် အင်ဒိုနီရှား လူငယ်သမ္မတလေးဟာ သူ့လက်ထက်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အစားအသောက်ခြင်းကြီး တစ်နည်း ထုတ်လုပ်တဲ့နေရာဖြစ်ရမယ်ကြွေးကြော်ခဲ့ပေမယ့် အာဏာရှိလူထုတစ်သိုက်ကြောင့် နေရာဖယ်ပေးခဲ့ပါတယ် အစာငတ်မွတ်မှု အစိုးရရဲ့နှိပ်စက်မှုတွေကြောင့် ပြည်သူလူထုရဲ့ အယုံအကြည်ယုတ်လျော့လာချိန်မှာတော့ THE REFORM ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ဟာ ပြည်သူတွေကို အစားအစာလုံလောက်ပေးမယ်လို့စည်းရုံးမှုကြောင့်အားကောင်းလာခဲ့ပါတယ် အဲ့အချိန်မှာ စစ်အရာရှိဝန်ထမ်းဟောင်း ...
movie
Foxtrot Six(2020)
Suzzanna: Buried Alive (2019) 6.1
Suzzanna: Buried Alive (2019) Suzzanna Buried Alive ဆိုတဲ့ ၂၀၁၈ ထွက် Indo ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။Drama, Thriller အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 6.5 ရရှိထားပါတယ်။အင်ဒိုနီးရှား တစ္ဆေပုံပြင်တွေထဲမှာပါပါနေတဲ့ Sundel bolong ဆိုတဲ့ ကိုယ်ဝန်ဆောင် သရဲအကြောင်း ဇာတ်လမ်းတစ်ပုဒ်ပါ။ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိစ္စနဲ့ ခင်ပွန်းဖြစ်သူ အဝေးရောက်နေချိန်မှာ Suzzanna တစ်ယောက် သူ့အိမ်ကို ဝင်ခိုးတဲ့သူတွေနဲ့ တွေ့မိပြီးဝင်ခိုးတဲ့သူတွေက မတော်တဆ သတ်မိရာက Sundel bolong တစ်ကောင်ဖြစ်လာပြီး သူ့နဲ့ သူ့ရဲ့ကလေးကို အသက်ဆုံးရှုံးစေခဲ့တဲ့သူတွေကို ပြန်ပြီးလက်စားချေတာပါ။သူ့ကိုသတ်မိတဲ့သူတွေကလည်း ပယောဂဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကိုတားဆီးဖို့ ကြိုးစားကြပါတယ်။Suzzanna ရဲ့ခင်ပွန်းဖြစ်သူလည်း ခရီးကပြန်လာပြီး ဇနီးသည်နဲ့တွေ့တဲ့အခါမှာ အရင်လိုမဟုတ်တော့တဲ့ ဇနီးသည်နဲ့ ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့ ကြည့်လိုက်ပါတော့ဗျာ။ (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (950 MB) and (450 MB) Quality : NF ...
movie
2019
Message Man(2018) 7.6
Message Man(2018) Message Man(2018) IMDb....7.6 အက်ရှင်ကား ကြမ်းကြမ်းကြီးတွေမှ ကြည့်ချင်သူတွေအတွက်...မင်းသားဆို နုံနုံအအ ကြီးတွေမကြိုက်ဘူး...မင်းသားဆို ကြမ်းနေမှဆိုတဲ့သူတွေအတွက် ဒီဇာတ်ကားလေးကို တင်ပေးလိုက်ပါပြီ... ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ Ryan(Paul O'Brien) ဟာ လူသတ်ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ.. .သို့ပေမယ့်  နောက်ပိုင်းမှာတော့ လူသတ်ခြင်းအလုပ်က အနားယူကာ တစ်ယောက်တည်း အေးအေးဆေးဆေးဇာတ်မြှုပ်သွားဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်းကို ထွက်ခွာလာခဲ့ပါတယ်.. .အဲ့ဒီမှာ သားအမိနှစ်ယောက်နဲ့ ရင်းနှီးမိရာကနေ ကျွန်းပေါ်မှာ အဖော်ရလာခဲ့ပါတယ်.. .ဒါပေမဲ့ သူ့ရဲ့အတိတ်ကအရိပ်ဆိုးတွေက သူနဲ့ သူ့မိတ်ဆွေသားအမိကိုပါ သက်ရောက်လာခဲ့တဲ့အခါမှာတော့ Ryan တစ်ယောက် သူနှစ်သက်တဲ့လူသတ်ခြင်းအလုပ်ကို ပြန်စလာခဲ့တဲ့အခါမှာတော့...... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ဖြစ်ပါတယ်.... File Size : (850 MB) and (297MB) Quality : WEB-DL 720p, Format…mp4 Duration…01:30:00 Genre :  Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
Message Man(2018)
2018
The Raid: Redemption (2011) 7.6
movie
2011