Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vernon Grote
7.5
A Perfect World(1993)
A Perfect World(1993)IMDb....7.5,,,,Rotten...79%အကျဉ်းထောင်တစ်ခုမှာ လူနှစ်ယောက်ထောင်ဖောက်ပြေးဖို့ ကြိုးစားကြသည်....သူတို့ကြည့်ရတာပြေးဖို့အတွက် အချိန်အတော်ကြာပြင်ဆင် ခဲ့ပုံရတယ်... အလွယ်တစ်ကူလွတ်မြောက်သွားတယ်..... ဒီရာဇဝတ်သား(၂)ယောက်ဟာ ထောင်ကထွက်ပြေးပြီးနောက်ပိုင်းမှာ ဓားစာခံအဖြစ် ကလေးလေးတစ်ယောက်ကိုပါခေါ်သွားခဲ့တယ်... ထောင်ပြေး(၂)ယောက်ဟာ အရင်တုန်းက ဘယ်လောက်ဆိုးသွမ်းခဲ့လို့ ထောင်ကျခဲ့တယ်မသိပေမယ့် ထွက်ပြေးစဉ်လုပ်ပုံကိုင်ပုံတွေကြည့်ရတာ တစ်ယောက်က သွေးအေးဉာဏ်ကောင်းစွာနဲ့ ရင်ဆိုင်ရတဲ့ပြသနာတွေကို ဖြေရှင်းနေပြီး နောက်တစ်ယောက်ကတော့ သေနတ်တစ်ယမ်းယမ်းနဲ့ ဦးဏှောက်မဲ့အဆင်ခြင်မဲ့ လုပ်ကိုင်နေတယ်.... သူတို့(၂)ယောက်လွတ်သွားတော့ ရဲဌာနတစ်ခုလုံးလည်း တိုင်ပတ်နေသလို မြို့တော်ဝန်ရဲ့ ဖိအားကြောင့် ရှိသမျှဌာနစုံက ဖမ်းဆီးဖို့ကြိုးစားနေကြတယ်....ဒီကားကတော့ ဒါရိုက်တာကြီး Clint Eastwood ရိုက်ကူးထားပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင် ထားသလို မင်းသားကြီး Kevin Costner က ထောင်ပြေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတယ်... ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ထွက်ပြေးစဉ်ကာလတစ်လျောက်လုံး ကလေးတစ်ယောက်နဲ့ သူတို့ရဲ့ ထူးခြားတဲ့ဆက်ဆံရေးကိုတွေ့ရလိမ့်မယ်.... လောကကြီးထဲ ခုမှစဝင်တဲ့ကလေးတစ်ယောက်ကို ကားမောင်းထွက်ပြေးရင်းနဲ့ စီးကရက်ရှိုက်လိုက် မပြုံးမရယ်နဲ့ ပြောရင်းသင်ကြားနေတဲ့ ထောင်ပြေးသမားတစ်ယောက်ကို ခင်ဗျားတို့ အံအားသင့်စရာတွေ့ရလိမ့်မယ်.... သူတို့လွတ်မြောက်မလား ......ကလေးလေးကရော သူ့အပေါ်ဘယ်လိုသဘောထားလဲ... ခံစားကြည့်လိုက်ပါဦး........သေချာတယ် ဒီကားကြည့်ပြီး ခင်ဗျားတို့သဘောအကျဆုံးကားဟောင်းစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်လို့..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.... File Size : (3.2GB) and (1.2GB) Quality : Blu-Ray 1080p/720p Format…mp4 Duration…02:18:00 Genre : Crime, Drama, Thriller Subtitle ...
movie
A Perfect World(1993)
1993
7.5
The Life of David Gale(2003)
The Life of David Gale(2003) အညွှန်း*********************************IMDb...7.5"အထက်တရားရုံးက ဒဿနိကဗေဒပါမောက္ခဟောင်းဒေးဗစ်ဂေးလ်အား သောကြာနေ့တွင်ကွပ်မျက်ဖို့ကို ဆိုင်းငံ့မပေးနိုင်ကြောင်း ပယ်ချလိုက်ပါတယ်...ဂေးလ်ဟာ ၁၉၉၄ ခုနှစ်မှာအော်စတင်ကောလိပ်မှလုပ်ဖော်ကိုင်ဘက်ဟောင်းကွန်းစတန့်ဟယ်ရာဝေးကိုမုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်....အမှုကို တနိုင်ငံလုံးကစိတ်ဝင်စားခဲ့ကြပါတယ်..ဘာလို့လဲဆိုတော့ ဂေးလ်နဲ့ဟယ်သာဝေးက သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ဖျက်သိမ်းရေးဝါဒီအဖွဲ့အစည်း ဒက်ဝက်ချ်ရဲ့ တက်ကြွလှုပ်ရှားသူတွေဖြစ်ခဲ့ကြလို့ပါပဲ"ဒါကတော့ ရုပ်သံလွှင့်ဌာန သတင်းကြေငြာသူ ပြောသွားတဲ့ စကားတွေပါပဲ...ဒေးဗစ်ဂေးလ်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်...အကျိုးပြုစာတမ်းတွေများစွာရေးသားခဲ့သလို တက္ကဆက်ရဲ့ပြင်းထန်လွန်းတဲ့တရားစီရင်မှုတွေကိုလည်း ကန့်ကွက်ခဲ့သူဖြစ်တယ်..ပြီးတော့ သိပ်ချစ်ရတဲ့သားလေးနဲ့မိန်းမကိုလည်းပိုင်ဆိုင်ထားတဲ့သူ...ဒီလိုလူက သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ကွန်းစတန့်ဟယ်ရာဝေ ဆိုတဲ့အမျိုးသမီးကို မမုဒိန်းကျင့်သတ်ဖြတ်ခဲ့လို့သူကိုယ်တိုင်သေဒဏ်အမိန့်ချခဲ့ရသူပေါ့...သတင်းကြေငြာခဲ့သလိုပဲ ဆိုင်းငံပေးဖို့ ပယ်ဖျက်ခံရတဲ့သူပေါ့...ဆိုတော့ သူ့အတွက် အချိန်က အတိအကျဆိုရင် သေဒဏ်ပေးခံရဖို့ (၃)ရက်အလို....ဒီလိုအနေအထားမှာ သူဟာ ထူးဆန်းစွာပဲ မီဒီယာလောကမှာနာမည်ကြီးတဲ့သတင်းထောက်ဘစ်ဆီနဲ့ အင်တာဗျူးခံဖို့ လှမ်းခေါ်လိုက်ပါတယ်....သူက တကယ်ပဲအမှူကိုကျူးလွန်ခဲ့တာလား.... ဘာ့ကြောင့် ဒီအမျိုးသမီးကို မှ အင်တာဗျူးဖို့ခေါ်လိုက်တာလဲ...ဒီ(၇၂)နာရီအတွင်းဘာတွေဖြစ်လာမလဲဆိုတာကတော့...ဒီကားမှဦအဓိကသရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Kevin Spacey နဲ့ မင်းသမီးKate Winslet ပါဝင်သရုပ်ဆောင်ထားတယ်...Classic ကားတော်တော်များများဟာတကယ်တော့ အထနှေးတယ်လို့ဆိုရမလားပဲ...အစပိုင်း မိနစ်(၄၀)လောက်ထိ စိတ်ရှည်သီးခံပြီးကြည့်ရတာများပါတယ်...သို့ပေမဲ့ ဒီကားက စစချင်းကို စိတ်ဝင်စားစရာတွေအပြည့်နဲ့...Kevin Spacey ...
movie
The Life of David Gale(2003)