Channel Myanmar

Veronica Ferres

The Bricklayer (2023) 5.5
The Bricklayer (2023)  Dark Knight ရုပ်ရှင်ထဲက ဟာဗေးဒန့်အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား Aaron Eckhart ရဲ့ အက်ရှင်ကားအသစ်ပါ။မင်းသမီးကတော့ Vampire Diaries ဖန်တွေရဲ့အချစ်တောNina Dobrev ပဲ ဖြစ်ပါတယ်။စုံထောက်အက်ရှင်အမျိုးအစားမို့ အပန်းဖြေ ကြည့်ဖို့ သင့်တော်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း***************ဇာတ်လမ်းနာမည်အတိုင်း ဗေးဆိုတဲ့ မင်းသားက ပန်းရံလုပ်တာပါ။ဒါပေမဲ့ စီအိုင်အေက အနားယူထားတဲ့ ဆရာကြီးပါပဲ။ တစ်နေ့မှာတော့သူ့ရဲ့ ရန်သူဟောင်း သေပြီထင်နေတဲ့ ရာဒက်ဆိုတဲ့သူ ပြန်ပေါ်လာပြီးစီအိုင်အေကိုရော အမေရိကန်တစ်ခုလုံးကိုပါ ချောက်ချပြီး ကမ္ဘာစစ်ပါဖြစ်မဲ့ကိစ္စကို လုပ်ပါတော့တယ်။ စီအိုင်အေက သတင်းပေါက်ကြားပြီးသူ့နောက်ကိုလိုက်ခိုင်းဖို့ စိတ်ချရတဲ့သူမရှိတာကြောင့် အနားယူသွားတဲ့မင်းသားကို ပြန်ခေါ်ပြီး အေးဂျင့်အသစ်ကောင်မလေးနဲ့အတူ ဂရိကိုလွှတ်လိုက်ပါတော့တယ်။ အမေရိကန်ကိုတောင် ဒုက္ခရောက်သွားစေနိုင်တဲ့ကိစ္စကဘာလဲ၊ ရာဒက်နဲ့ဗေးနဲ့ စီအိုင်အေရဲ့ ရာဇဝင်ဟောင်းကဘာလဲဆိုတာကို အဖြေရှာရင်း၊ ရာဒက်ရဲ့ အကြံအစည်ကြီးကို တားဖို့ကြိုးစားကြတာကိုကြည့်ရမှာပါ.... File size…2.00 GB / 914 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. ...
movie

The Bricklayer (2023)

Ruby Red (2013) 6.0
Ruby Red (2013) အချိန်ခရီးသွားတဲ့ ဇာတ်လမ်းမျိုးတွေ ကြည့်ချင်သူတွေအတွက်ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းကတော့ Kerstin Gierရဲ့ ruby red ဝတ္တု trilogyကိုပြန်လည်းရိုက်ကူးထားတဲ့ ဇာတ်ကားသုံးကားထဲကမှပထမဆုံး ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့မွန်ထရို့စ်နဲ့ ဗီလီယဲ မိသားစုနှစ်ခုအကြောင်းကနေ စပြောရမှာပါ။ဒီမိသားစုနှစ်ခုဟာ အချိန်ခရီးသွားနိုင်တဲ့အစွမ်းကို မျိုးရိုးဗီဇအရ မျိုးဆက်တစ်ခုမှာ တစ်ယောက်စီဆက်ခံခဲ့ကြတာပါ။မွန်ထရို့စ်မိသားစုမှာတော့ မိန်းကလေးတွေက ဒီအစွမ်းကိုပိုင်ဆိုင်ပြီး ဗီလီယဲ မိသားစုမှာတော့ ယောက်ျားလေးတွေက ပိုင်ဆိုင်ပါတယ်။ဂွမ်ဒိုလင်ဆိုတဲ့ ကောင်မလေးကတော့ မွန်ထရို့စ်မိသားစုမှာနေထိုင်သူဖြစ်ပြီး ဒီကိစ္စတွေကို အယုံအကြည်မရှိတဲ့သူပါ။တစ်နေ့မှာတော့ မွန်ထရို့စ်မိသားစုဝင်တစ်ဦးဖြစ်တဲ့ ချားလော့တ်ဟာသူ့ရဲ့မွေးနေ့မှာ အချိန်ခရီးသွားဗီဇကို စတင်ရရှိဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။ဒါပေမယ့် အားလုံးထင်ထားသလို ဒီမျိုးရိုးဗီဇကိုဆက်ခံသူဟာ ချားလော့တ်မဟုတ်ပဲ ဂွမ်ဒိုလင်ဖြစ်နေတဲ့အခါမှာတော့ဂွမ်ဒိုလင်တစ်ယောက် သူ့ရဲ့အစွမ်းတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ဒီမိသားစုတွေကြားမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျာမန် အချိန်ခရီးသွား ဇာတ်လမ်းလို့ပြောလိုက်တာနဲ့အများစုကတော့ Dark seriesကို ပြေးမြင်မိကြမှာပါ။ဒီ movie trilogyကတော့ darkလို အရမ်းကြီးရှုပ်ထွေးမနေပဲပေါ့ပေါ့ပါးပါးနဲ့ darkလိုပဲ အချိတ်အဆက်မိမိကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ပြီးတော့ adventureဇာတ်လမ်း အမျိုးအစားလည်းဖြစ်တာကြောင့်Funဖြစ်ပြီး ...
movie

Ruby Red (2013)

2013
Paradise Highway (2022) 5.3
Paradise Highway (2022) Paradise Highway (2022)ဆယ်လီဆိုတဲ့ အမျိုးသမီးဟာ ကုန်ကားကြီးတွေ မောင်းရင်း ဘ၀ဖူလုံရေးအတွက် ငွေရှာတယ်။ သူ့မှာ ဒန်းနစ်ဆိုတဲ့ ထောင်ကျနေတဲ့ မောင်တစ်ယောက်ရှိတယ်။မဝေးတော့တဲ့ တစ်ရက်နှစ်ရက်မှာ လွတ်တော့မယ့် သူ့ရဲ့မောင်က ထောင်တွင်း မူးယစ်ဆေး ရောင်း၀ယ်ဖို့ သူ့ကို အကူအညီတောင်းတဲ့အခါ ပစ္စည်းရဖို့အရေး ဆယ်လီတစ်ယောက် အပြင်မှာ ထပ်လှုပ်ရှားရတယ်။ဒီလိုနဲ့ ထောင်ထဲက မောင် ဒုက္ခမရောက်ဖို့အရေး လေလာဆိုတဲ့ ၁၀ နှစ်၀န်းကျင်ကလေးမလေးကို လူကုန်ကူးပေးဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ နယ်စပ်ရောက်တဲ့အချိန်မှာ ကလေးမလေးက တစ်ဖက်လူကို ဆယ်လီ့ကားထဲက သေနတ်နဲ့ ပစ်လိုက်လို့ လူသေမှုတစ်ခု ပြဿနာကပါ ဆယ်လီ့ဘ၀ထဲကို ထပ်တိုး၀င်လာပါတော့တယ်။ဒီဇာတ်လမ်းမှာ အမှုစုံစမ်းတဲ့ စုံထောက် duo အဖြစ် မင်းသားကြီး Morgan Freeman နဲ့ Cameron တို့ရဲ့ အတွဲညီမှုက တစ်ဖက်၊ ဆယ်လီအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Juliette Binoche နဲ့ လေလာအဖြစ် သရုပ်ဆောင်သူ ကလေးသရုပ်ဆောင် Hala Finley တို့ရဲ့ ...
movie

Paradise Highway (2022)

2022
Zero Contact (2022)
Zero Contact (2022) Zero Contact (2022)ဒီတစ်ခါတင်ဆက်​ပေးမှာ​တော့ အ​မေရိကန် Mystery Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရောဂါကပ်​ဘေး​ကြောင့် အိမ်က​နေပဲ Zoom နဲ့ဆက်သွယ်ကြတဲ့ ပုံစံနဲ့ ဇာတ်လမ်းကို ပုံ​ဖော်ထားပါတယ် လူတကာက ရူး​ကြောင်​ကြောင်လို့ သတ်မှတ်ကြတဲ့ ပါရမီရှင်ဖင်န်န​လေဟာ့ဒ်ဟာ ပ​ရောဂျက်စလုပ်မယ့်အချိန်မှာပဲ အလုပ်ကထုတ်ခံလိုက်ရပါတယ် အဲလိုနဲ့ သူ မ​သေခင်မှာ လက်စမသတ်နိုင်​သေးတဲ့ ပ​ရောဂျက်ကို သူ အယုံကြည်ရဆုံးလူ ၅​ယောက်ကို အကြံ​ပေးရာက​နေတစ်ဆင့် စုစည်းပြီး ပြန်အသက်သွင်းဖို့မှာထားခဲ့ပါတယ် ပ​ရောဂျက်ကလျှို့ဝှက်ပ​ရောဂျက်ဖြစ်တဲ့အပြင် ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆို​တော့ အ​ရေး​ပေါ်ဖွဲ့လိုက်တဲ့အဖွဲ့ဟာ ဆက်လုပ်ဖို့ဖြစ်လာပါ​တော့တယ် သူတို့တစ်ခုသတိလွတ်သွားတာက သူတို့ကို​စောင့်ကြည့်​နေတဲ့သူရှိ​နေတယ်ဆိုတာပါပဲ မသိလိုက်ခင်မှာပဲ အိမ်ထဲကိုဝင်သလို အ​ရေး​ပေါ်အဖွဲ့ဝင်​တွေရဲ့ မိသားစုကိုလည်း ရန်ရှာလာခဲ့ပါတယ် လျှို့ဝှက်ချက်​တွေအပြည့်နဲ့ ဖင်န်န​လေထားခဲ့တဲ့ ပုစ္ဆာကို အ​ရေး​ပေါ်အဖွဲ့က အ​​ဖြေရှာနိုင်မလား ​ သူတို့က​ရော နောက်​ဆုံးထိ အသက်မ​သေဘဲ ပ​ရောဂျက်ကိုဆက်လုပ်နိုင်မလားဆိုတာ လှည့်ကွက်​တွေအများကြီးနဲ့ Zero Contact ကိုကြည့်ရှု​ပေးကြပါဦး​နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Joyz  နဲ့  Hmwe ပဲ ဖြစ်ပါတယ်။Genre.....Thriller Quality….1080p | 720p| 480p File size…1.9GB | 734MB | ...
movie

Zero Contact (2022)

2022
Adam Resurrected (2008) 6.1
Adam Resurrected (2008) Adam Resurrected (2008)===================IMDb Rating - 6.1/10ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်း​တွေနဲ့ နာဇီ​တွေရဲ့ စစ်သုံ့ပန်း​တွေအ​ပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စမ်းသပ်မှု​တွေ၊ ဖိနှိပ်ဆက်ဆံမှု​တွေဟာ အ​တော်​​လေး အရုပ်ဆိုးအကျည်းတန် ခဲ့သလို နာမည်ဆိုးလည်း တွင်ခဲ့ပါတယ်၊ သူတို့ဒဏ်ကို များစွာ ခံစားခဲ့ရတာက​တော့ ဂျူးလူမျိုး​တွေပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက​တော့ နာဇီစစ်စခန်း​တွေက​နေ အသက်ရှင်လျက် လွတ်​မြောက်လာသူ​တွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာ​တွေအ​ကြောင်း အဒမ်စတိုင်းဆိုတဲ့ ဂျူးလူမျိုးတစ်​ယောက်နေရာက​နေ ရိုက်ကူး ပြမှာဖြစ်ပါတယ်၊ Main Cast၂​ယောက်က​တော့ old school မင်းသားကြီး​တွေဖြစ်တဲ့ Jeff Goldblum နဲ့ William Dafoe တို့ပဲဖြစ်ပါတယ်။အဒမ်စတိုင်းဟာ စစ်ကြီးမတိုင်ခင်က ဆပ်ကပ်တစ်ခုပိုင်သလို ဂျာမနီရဲ့လူသိအများဆုံး လူပြက်clownတစ်​ယောက်ဆိုလည်း မမှားပါဘူး၊ ဒါ​ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နာဇီ​အင်အားစုကြီး တန်ခိုးထွားလာချိန်မှာ​တော့ ဂျူးလူမျိုးဖြစ်​နေတဲ့ အဒမ်လည်း နာဇီ​တွေလက်က​နေ မလွတ်နိုင်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးသွားသူ က​တော့ ကွန်မန်ဒါကလိုင်းဆိုတဲ့ ဂျာမန်ဗိုလ်ချုပ်တစ်ဦးပါ။ကွန်မန်ဒါကလိုင်းက သူ့ကို တခြားဂျူး​တွေလို နှိပ်စက်စမ်းသပ် တာမျိုးမလုပ်ဘဲ တစ်မူထူးတဲ့အရာတစ်ခုကို လုပ်ခိုင်းခဲ့ပါတယ်၊ အဲဒါက​တော့ သူ့ရဲ့လက်စွဲ​တော်​ခွေးရက်ဇ်အတိုင်း ​ခွေးလို​နေပြီး ​ခွေးလို ကျင့်ကြံခိုင်းတာပါ၊နှစ်​ပေါင်းများစွာ ​ခွေးတစ်​ကောင်လို ပုံစံသွင်းခံလာရတဲ့ အဒမ်ဟာ စစ်ပြီး​​ခေတ်မှာ​တော့ အပြင်ပိုင်း လူစိတ်ဆို​ပေမယ့် မသိစိတ်ထဲမှာ ​ခွေးဗီဇစွဲကပ်​နေခဲ့ပါပြီ။အဆိုပါဗီဇကို စစ်ပြီး​ခေတ် ...
movie

Adam Resurrected (2008)

2008
Best Sellers (2021) 6.1
Best Sellers (2021) Best Sellers (2021)==============IMDb Rating - 6.1/10ဖခင်ဖြစ်သူဆီကနေ စတန်းဘရစ်ပုံနှိပ်တိုက်ကိုအမွေရခဲ့ပေမဲ့ သူ့လက်ထက်ထုတ်ဝေတဲ့စာအုပ်တွေကလူတွေရဲ့ဝေဖန်မှုကိုခံရပြီး ပုံနှိပ်တိုက်ပါအခြေအနေယိုယွင်းလာခဲ့ပါတယ်။ အဲ့ဒီယိုယွင်းလာတဲ့ပုံနှိပ်ကိုကယ်ဖို့ လူစီတစ်ယောက်နောက်ဆုံးအကြံကိုထုတ်ရတော့တာပေါ့။ပုံနှိပ်တိုက်ပိုင် စာရေးဆရာကြီးကို ရရှိရေးပေါ့။ဒီလိုနဲ့ဟဲရစ်ရှောကို သူတို့စဉ်းစားမိခဲ့ကြတယ်။ ဟဲရစ်ရှောဆိုတာ “Atomic Autumn” ဆိုတဲ့စာအုပ်ကိုရေးခဲ့တဲ့စာရေးဆရာကြီး သူကအဲ့တစ်အုပ်ပဲရေးခဲ့ဖူးပေမဲ့ အဲ့တစ်အုပ်ကလည်းအဲ့အချိန်ကရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်။ဒါပေမဲ့ အဲ့နောက်ပိုင်းစာမရေးတော့သလို လူတွေမြင်ကွင်းကပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း(၅၀)ကြာသွားပြီဖြစ်တဲ့အပြင်…. သူ့အကြောင်းဇာတ်လမ်းတွေကလည်း ကောင်းတာမရှိတဲ့ အရက်သမား..လူတွေကိုမုန်းလို့တစ်ယောက်တည်းနေနေတဲ့လူ…စကားပြောရင်ရင့်သီးတဲ့လူ…သူစိတ်ထဲရှိသလိုနေထိုင်တဲ့သူ့ကို လူစီစတန်းဘရစ်တစ်ယောက် ဘယ်လိုစည်းရုံးမှာလဲ။သူတို့နှစ်ယောက်ရဲ့စာအုပ်အရောင်းမြှင့်တင်ရေးခရီးလေးကရော ဖြောင့်ဖြူးမှာရဲ့လား….လူစီတစ်ယောက် သူ့ပုံနှိပ်တိုက်ကိုကယ်တင်နိုင်မှာလား စတာတွေကို စိတ်ဝင်တစားကြည့်ရှူရမှာပါ။ဇာတ်လမ်းလေးက ဟဲရစ်ရှောရဲ့အဆဲလေးတွေနဲ့ရယ်ရသလို ဒရမ်မာလေးပါ နှောထားတော့ ရယ်လိုက်ငိုလိုက်ခံစားလိုက်နဲ့ဖြစ်သွားစေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, ...
movie

Best Sellers (2021)

2021
Crisis (2021) 6.1
Crisis (2021) Crisis (2021)===========IMDb Rating - 6.1/10ဘိန်းစကားလုံးတစ်လုံးလေးပေမယ့် တစ်လောကလုံးကို ချုပ်ကိုင်ပစ်နိုင်တယ်။ဒီဘိန်းကြောင့် အမေရိကန်ပြည်ထောင်စု ဒေသတစ်ခုမှာနေထိုင်သူ မိခင်တစ်ယောက် သူချစ်ရတဲ့သားကို ရုတ်တရက်ဆုံးရှုံးလိုက်ရတယ်၊ဒီဘိန်းကြောင့် တက္ကသိုလ်က ဇီဝဗေဒပညာရှင်တစ်ယောက် ရာထူးပြုတ်ပြီး အလုပ်လက်မဲ့ဖြစ်လုနီးပါးအခြေအနေကို ကြုံနေရတယ်၊ဒီဘိန်းကြောင့် လူဆိုးဖမ်းချင်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက် ဘိန်းကုန်သည်ယောင်ဆောင်ပြီးအသက် အန္တရာယ်ရှိတဲ့ဘ၀ကို နေထိုင်နေရတယ်၊ဒီဘိန်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လမ်းပျောက်လုနီးပါးဖြစ်နေရတယ်၊ဒီဘိန်းကြောင့် လောဘသားတွေ အတောမသတ်နိုင်သလို အပြစ်မရှိတဲ့သူတွေပါ သေဆုံးနေရတယ်၊ဒီအကြောင်းအရာတွေအားလုံးရဲ့ တစ်ခုတည်းသော တရားခံက ဘိန်းပဲ . . .ဒီတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲလူ ၃ ယောက် ကြုံရတဲ့ မတူညီတဲ့ အခြေအနေတွေကို ချိတ်ဆက်ရိုက်ပြထားပြီး အင်မတန်မှ စိတ်၀င်စားဖို့ကောင်းပါတယ်။− မင်းသားကြီး Gary Oldman− Social Network , Call Me by Your Name တို့နဲ့ လူသိများတဲ့ Armie Hammer− ...
movie

Crisis (2021)

2021
Intrigo: Death of an Author (2020) 5.6
Intrigo: Death of an Author (2020) Intrigo: Death of an Author (2020)=========================#Unicodeဒီဇာတ်လမ်းအစပျိုးထားပုံက ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဟင်နရီက ဝေးလံခေါင်ဖျားဒေသကအဲလက်စ်ဆီကိုရောက်လာပြီး  သူရေးထားတဲ့ စာအုပ်အကြောင်းကိုပြောပြတာကနေ အစချီထားတယ်၊သူပြောပြတဲ့ ဇာတ်လမ်းအကြောင်းအရာတွေဟာ သူကိုယ်တိုင်ရဲ့အကြောင်းတွေလား ဆိုတာ အဲလက်စ်ကသုံးသပ်နေရင်း နားထောင်နေရင်း . ဇာတ်လမ်းလှည့်ကွက်တွေဟာ မြင့်တတ်လာသထက် မြင့်တတ်လာပါတယ်၊ဇာတ်လမ်းရဲ့နောက်ဆုံးအဆုံးသတ်ကတော့ ကြည့်ရှုသူရဲ့ရင်ထဲကိုထိစေမယ်လို့တော့ မျှော်လင့်မိပါသေးတယ်။ #Zawgyiဒီဇာတ်လမ်းအစပျိုးထားပုံက ဘာသာပြန်စာရေးဆရာတစ်ဦးဖြစ်တဲ့ ဟင်နရီက ဝေးလံခေါင်ဖျားဒေသကအဲလက်စ်ဆီကိုရောက်လာပြီး သူရေးထားတဲ့ စာအုပ်အကြောင်းကိုပြောပြတာကနေ အစချီထားတယ်၊သူပြောပြတဲ့ ဇာတ်လမ်းအကြောင်းအရာတွေဟာ သူကိုယ်တိုင်ရဲ့အကြောင်းတွေလား ဆိုတာ အဲလက်စ်ကသုံးသပ်နေရင်း နားထောင်နေရင်း . ဇာတ်လမ်းလှည့်ကွက်တွေဟာ မြင့်တတ်လာသထက် မြင့်တတ်လာပါတယ်၊ဇာတ်လမ်းရဲ့နောက်ဆုံးအဆုံးသတ်ကတော့ ကြည့်ရှုသူရဲ့ရင်ထဲကိုထိစေမယ်လို့တော့ မျှော်လင့်မိပါသေးတယ်။(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ Z Naing Z Nianh ပဲဖြစ်ပါတယ်။) Quality – 720p  WEB-RIPDuration – 1 hrs 46 minsSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie

Intrigo: Death of an Author (2020)

2020
Siberia (2018) 5.1
Siberia (2018) ဒီတစ်ခါမှာတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ John Wick မင်းသားကြီး Keanu Reeves ရဲ့ဇာတ်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။Romance, Crime, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ Matthew Ross က ရိုက်ကူးပုံဖော်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ========== Lucas Hill ဟာ အမေရိကန်စိန်ကုန်သည်တစ်ဦးဖြစ်ပါတယ်။တစ်ရက်မှာ အပြာရောင်စိန်တွေကို ရောင်းဖို့ရုရှားက၀ယ်လက်တစ်ဦးနဲ့ချိတ်ဆက်မိသွားတဲ့အခါ အရောင်းအ၀ယ်ဖြစ်မြောက်ရေးအတွက်ရုရှားနိုင်ငံကိုထွက်လာခဲ့ပါတော့တယ်။သို့ပေမယ့် ရုရှားအရောက်မှာတော့ သူ့စိန်တွေကို ထိန်းသိမ်းပေးထားတဲ့ ပါတနာဖြစ်သူ Pyotr ဟာ စိန်တွေနဲ့အတူပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။တစ်ဖက်ဝယ်လက်ဟာ မာဖီးယားဆန်ဆန်လူဆိုးဂိုဏ်းဖြစ်တာကြောင့် အရောင်းအ၀ယ်သာမဖြစ်ရင် သူ့အသက်ရန်ရှာခံရမယ်ဆိုတာကိုသိတဲ့ Lucas ဟာ ပျောက်သွားတဲ့ပါတနာနဲ့စိန်တွေကို အပူတပြင်းလိုက်ရှာရပါတော့တယ်။အဲဒီလိုလိုက်ရှာရင်းနဲ့ ယမကာဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Katya ဆိုသူနဲ့ ငြိစွန်းမိသွားတဲ့အခါမှာ အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတော့တယ်။ဒီလိုရှုပ်ထွေးတဲ့အခြေအနေကို Lucas တစ်ယောက် ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ဒီဇာတ်ကားဟာ Crime Thriller ကားသာဖြစ်တဲ့အတွက်ကြောင့်John Wick လို အက်ရှင်ဇာတ်ကြမ်းမျိုးသာကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်တော့ စိတ်မကောင်းပါဘူး။အက်ရှင်အခန်းတွေဖောဖောသီသီကြီးမပါဝင်တဲ့ခပ်အေးအေးဇာတ်လမ်းသာဖြစ်ပေမယ့် ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့သိချင်စိတ်နဲ့ ဇာတ်လမ်းကိုအဆုံးထိဆွဲခေါ်သွားမှာပါ။မင်းသားကြီး Keanu Reeves ...
movie

Siberia (2018)

2018