Channel Myanmar

Vicellous Reon Shannon

Come Out Fighting (2023)
Come Out Fighting (2023) Come out Fighting (2023)၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ ရုရှားအာနိုးလို့ လူသိများတဲ့ မင်းသားကြီး Dolph Lundgren ပါဝင်ထားတဲ့ စစ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။စစ်ကားကြိုက်သူဆိုရင် လက်မလွှတ်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်နေတဲ့ အချိန်ကာလဖြစ်တဲ့ ဒုတိယကမ္ဘာစစ် အချိန်ကာလမှာ လူမည်းစစ်သားတွေဟာလည်း တိုက်ပွဲဝင်နေခဲ့ပါတယ်။ တပ်တွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိပေမယ့်လည်း နိုင်ငံ့အတွက်ကို အသက်ပေးအမှုထမ်းနေကြတုန်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဒုဗိုလ် ရောဘတ်စ် ဟေးစ်ဟာ လူမည်းတပ်ဖွဲ့မှာ ထမ်းဆောင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ တာဝန်ထမ်းဆောင်နေတဲ့ မစ်ရှင်တစ်ခုမှာ အမှားတစ်ခုကို ဖြစ်သွားပါတယ်။ ဒီလိုနဲ့ အဲဒီ ဒုဗိုလ်ကို စစ်တပ်က စုံစမ်းစစ်ဆေးဖို့ နောက်တန်းကို ပြန်ပို့လိုက်ပါတယ်။ ပြန်ပို့နေရင်း ရန်သူ့ထိန်းချုပ် နယ်မြေထဲမှာ ပျောက်သွားပါတယ်။ တစ်ဖက်ကလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာမို့ သူ့ကို လိုက်မရှာနိုင်ဖြစ်နေပါတယ်။ ဒုဗိုလ် လက်အောက်မှာ တာဝန်ထမ်းနေတဲ့ တပ်ဖွဲ့တွေကတော့ အမိန့်မရလည်း သူတို့ရဲ့ ခေါင်းဆောင်ကို လိုက်ရှာဖို့လုပ်ကြရင်း ဂျာမန်တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်.....အညွှန်း နဲံ ဘာသာပြန်ကတော့ Leonard Lin ...
movie

Come Out Fighting (2023)

2023
Can’t Hardly Wait (2022) 6.5
Can’t Hardly Wait (2022) 1998 တုန်းက ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ တကယ်ရယ်ရတဲ့ Comedy ရုပ်ရှင်စစ်စစ်တစ်ကားပါ။ဟန်တင်တန်ဟေးလ်စ် အထက်တန်းကျောင်းကြီးရဲ့ စီနီယာကျောင်းသားတွေဟာ အထက်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်တစ်အိမ်မှာ ပါတီအကြီးကြီးတစ်ခု စုပြီးလုပ်ကြပါတယ်ဗျ။ ကျောင်းသားပါတီဖြစ်တဲ့အလျှောက် ပါတီတက်တဲ့ထဲမှာ ကောင်မလေးတစ်ယောက်ကို နှစ်အကြာကြီး တိတ်တိတ်လေး ကြိတ်ကြိုက်နေတဲ့သူ၊ စော်ကြည်ဘဲ၊ ကျောင်းကပွဲ ကွင်း၊ ဂိ၊ စတဲ့ ကျောင်းသားကျောင်းသူပေါင်းစုံ အများကြီး ပါဝင်ကြပါတယ်။ ကောလိပ်တက်ရမှာမလို့ လူကြီးပုံစံဖမ်းနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ပုံစံပေါင်းစုံနဲ့ ဘရုတ်ကျပုံတွေကို ကျွန်တော်တို့မှာ တကယ်မရှိဖူးခဲ့တဲ့ ကျောင်းသားဘဝကို လွမ်းရင်း ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ကျောင်းသားဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။File size…(2.49GB)  / (671MB) / (703MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre... Comedy / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan ...
movie

Can’t Hardly Wait (2022)

Hart’s War(2002) 7.0
Hart’s War(2002) Hart's War(2002) အညွှန်း*********************** မင်းသားကြီး Bruce Willis နဲ့ Collin Ferrellတို့ရဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းက true story လို့မဆိုသာပေမယ့် ‌စာရေးဆရာ John Katzenbach ကသူ့အ‌ဖေ Nicholas ရဲ့ စစ်တွင်းအတွေ့အကြုံတွေကို မှီငြမ်းထားတာမလို့ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်လို့ဆိုရမှာဖြစ်ပါတယ်.. အဲဒီခေတ်က အပြင်လောကမှာသာမက တပ်ထဲမှာပါလူ‌ဖြူလူမည်းဆက်ဆံရေးကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။WWII  ကာလ တပ်သားစုဆောင်းရေးမှာ ဥပဒေဒုတိယနှစ်ကျောင်းသား‌လေးသောမတ်စ်ဟာ့တ်လည်း ပါသွားတယ်..သူက စစ်ပွဲနဲ့ လားလားမှ မသက်ဆိုင်တဲ့သူ လက်ဖ်တင်နင်ဘဝနဲ့ပဲ ကျေနပ်နေတဲ့သူပေါ့...ဒါပေမယ့် သူ့အဖေကလည်း တပ်ထဲမှာ ထူးချွန်တဲ့ အရာရှိကြီးတစ်ဦး.. တစ်နေ့တော့ အူတီးအူလည်နဲ့ အထက်လူကြီးတစ်ယောက်ကို လိုက်ပို့ရင်းဂျာမန်‌တွေဆီမှာ အဖမ်းခံလိုက်ရတယ် ဟာ့တ်တစ်ယောက် သုံ့ပန်းစခန်းကိုရောက်သွားပြီး  Bruce Willis  တို့ထံရောက်သွားတယ်..စစ်သုံ့ပန်းဘဝနဲ့ ဘယ်လိုပြဿနာမျိုးစုံတွေ့ရမလဲဆိုတာကိုတော့...   File Size : (2.03GB)(761 MB) and (245MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:05:00 Genre : War , Drama Subtitle : ...
movie

Hart’s War(2002)

The Hurricane(1999) 7.6
The Hurricane(1999) Unicode The Hurricane(1999) IMDb.....7.6<<<<<Rotten Tomatoes 83% သူ့နာမည်က Rubin "Hurricane" Carter  ...ငယ်ငယ်လေးထဲက လူဖြူတွေနဲ့ပြသနာတစ်ချို့ရှိခဲ့တယ်...ဒါကြောင့်ပဲအချိန်တော်တော်များများ သူဟာ လူငယ်ပြုပြင်ရေးစခန်း တွေမှာပဲအချိန်ကုန်နေတယ်... လူဖြူတစ်ချို့ကြောင့် ထောင်ထဲမှာလိုအချိန်ကုန်ရတဲ့လူငယ်လေး  Hurricane" ရဲ့ ရင်ထဲမှာ လူဖြူတွေအပေါ် အမုန်းတွေဟာ တစ်နေ့တခြားကြီးပွားလာတယ်.. လူမည်းတွေဟာ ထင်ပေါ်ကြော်ကြားဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုခြေဖျက်ဖို့ သူ့ရဲ့အမုန်းတွေကို လက်သီးချက်တွေအဖြစ်ကူးပြောင်းလိုက်တယ်...ဒီလိုနဲ့ သူဟာ နာမည်ကျော် လက်ဝှေ့သမား Hurricaneဖြစ်လာတယ်.. တစ်နေ့ လူမဲတွေမလာရဆိုတဲ့ ဘားမှာ ဆိုင်ရှင်လူဖြူ(၃)ယောက်အသတ်ခံလိုက်ရတယ်...ဖုန်းဆက်သတင်းပေးမှုကြောင့် ဖမ်းလိုက်တဲ့အချိန်မှာ  Hurricane တို့ကားကိုမိသွားတယ်... မျက်မြင်သက်သေတွေကလည်း  Hurricane သတ်တယ်လို့ဆိုကြတယ်..  Hurricaneကိုယ်တိုင်ကတော့ သူမသတ်ဘူးလို့ငြင်းတယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုခံစားကြည့်လိုက်ပါဦးဗျို့...  ဒီကားက လက်ဝှေ့သမား Rubin "Hurricane" Carter ရဲ့ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပတ္တိကားဖြစ်ပါတယ် … မင်းသားကြီးကတော့ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Denzel Washington ပေါ့ဗျာ....ဒီကားက  ပညာပေးကားကောင်းတစ်ခုအဖြစ်လည်းစာရင်းဝင်တယ်လို့ဆိုကြတယ်... ဒီကားမှာ သူဟာ  အော်စကာ ဆန်ကာတင်မင်းသားစာရင်းလည်းဝင်ခဲ့သေးတယ်...ပေးချင်တဲ့ Messageတွေလည်းတော်တော်ကောင်းတယ်...ကျန်တာတွေက တော့ spoiler ဖြစ်သွားမှာ စိုးလို့မပြောတော့ပါဘူး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Thaw Thaw Wai Oo ပဲဖြစ်ပါတယ်...File Size : (1GB) Quality ...
movie

The Hurricane(1999)

1999
Distorted (2018) 4.2
Distorted (2018) ဒီဇာတ်ကားလေးကတော့ Mystery, Thriller ဇာတ်ကားဇာတ်အေးလေးတစ်ကားဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးဇာတ်လမ်းတွေပဲကြည့်ချင်ရင်တော့ လက်ရှောင်သွားဖို့အကြံပြုချင်ပါတယ်။လူတိုင်းကြိုက်မဲ့ကားမျိုးမဟုတ်ပေမယ့် ကြိုက်တဲ့လူတိုင်းကတော့ အကောင်းဆုံးထဲမှာပါတယ်လို့ပြောကြမှာပါ။ဒီကားထဲမှာ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေနည်းပညာရဲ့ကြောက်စရာကောင်းတဲ့သက်ရောက်မှုတွေကို စိတ်ဝင်တစားတွေ့ရမှာပါ။စုံထောက်ကားကြိုက်သူတွေ သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအတွက်အရမ်းကိုအကြိုက်တွေ့စေမှာပါ။နာမည်ကြီးမင်းသမီးမင်းသားများဖြစ်တဲ့ Christina Ricci နဲ့ John Cusack သရုပ်ဆောင်ထားပါတယ်။၃၂နှစ်အရွယ် သားတစ်ယောက်ဆုံးပါးသွားလို့စိတ်ကျရောဂါဖြစ်နေတဲ့ Lauren တစ်ယောက် သက်တောင့်သက်သာပိုရှိစေဖို့ The Pinnacle ဆိုတဲ့ ခေတ်မှီအိမ်ယာမှာရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့စိတ်ကျရောဂါဟာသက်သာမလာပဲ ပိုဆိုးလာသလိုဖြစ်နေပြီးတော့ ထူးဆန်းတာတွေမြင်နေကြားနေရပါတယ်။အဲဒါတွေက သူရဲ့စိတ်ထဲမှာပဲဖြစ်နေတာလား တကယ်ဖြစ်နေတာလားသူ့ရဲ့ခင်ပွန်းဖြစ်သူကရော သူ့ကိုကူညီပေးနိုင်ပါမလားဆိုတာကတော့....(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre : Action, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by d3mon Encoded by Thanhtike Zaw
movie

Distorted (2018)

2018
The Humanity Bureau (2017) 5.5
The Humanity Bureau (2017) မင်းသားကြီးNicolas Cageရဲ့၂၀၁၇ကားကောင်းလေးကိုညွန်းပါရစေ။ဒီကားလေးမှာကမ္ဘာကြီးဟာတဖြေးဖြေးလူတွေရဲ့ နှိပ်စက်မှုကြောင့်ယိုယွင်းပျက်ဆီးလာပါတော့တယ်။အစားရေစာရှားပါးတယ်တယ်။သောက်သုံးရေရှားပါးလာတယ်။နောက်ဆုံးအ၀တ်အစားတောင်ဝတ်စရာမရှိအောင်ရှားပါးလာပါတော့တယ်။တကယ်ကိုဆုတ်ကပ်ရောက်နေတဲ့ခေတ်ပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲလူသားမျိုးနွယ်စုကိုကယ်တင်ဖို့ဆိုပြီးအမေရိကန်ပြည်ထောင်စုကနေလူသားဖွံ့ဖြိုးရေးဌာနတစ်ခုကိုဖွင့်လိုက်ပါတယ်။လူသားတွေရဲ့အခြေအနေကိစ္စအ၀၀ကိုအဲဒီဌာနကအာဏာအပြည့်သုံးပြီးလုပ်ပိုင်ခွင့်ပေးထားလိုက်ပါတယ်။မင်းသားကြီးနီကိုလပ်စ်ကေ့ဟာအဲဒီဌာနကအေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။အစိုးရရဲ့မူဝါဒဖြန့်ဖြူးမှုတွေကြောင့် သူ့အလုပ်ဟာလူတွေကိုပိုမိုကောင်းမွန်တဲ့ဘ၀ဆီပို့ပေးနေတာလို့ရိုက်သွင်းခံရသူပါ။ဥပဒေအရနိုင်ငံသားတစ်ဦးဟာကုန်ထုတ်လုပ်မှုစွမ်းရည်၊နိုင်ငံအတွက်အကျိုးမဖြစ်ထွန်းနိုင်ရင် ရာဇ၀တ်မှုမြောက်တဲ့အတွက် အဲဒီလူတွေကိုသွားရောက်ဆွေးနွေးပြီးဧဒင်ဥယျာဉ်သစ်ဆိုတဲ့မြို့ကိုပို့လေ့ရှိပါတယ်။အဲဒီမှာဘ၀အသစ်တည်ဆောက်ပြီး နိုင်ငံအတွက်အကျိုးရှိတဲ့လူဖြစ်စေဖို့ပါ။Krossအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကြီးNicolas Cageဟာထိုလူတွေကို သွားရောက်စစ်ဆေးပြီးဧဒင်ဥယျာဉ်မြို့သစ်ဆီကိုပို့ပေးရတဲ့သူပဲဖြစ်ပါတယ်။တစ်နေ့ပုံမှန်အတိုင်းအလုပ်လုပ်နေရင်း အမှုတစ်ခုမှာလူသေမှုဖြစ်သွားပါတယ်။အဲဒီကနေမှတဆင့်ပြင်ပပြည်သူလူထုရဲ့ရင်ထဲကတကယ့်ခံစားချက်ကိုတဖြေးဖြေး သဘောပေါက်လာပြီး အစိုးရရဲ့လုပ်ရပ်တွေကိုသံသယရှိလာပါတော့တယ်။အဲဒီနောက် လျို့ဝှက်ချက်တစ်ခုကိုတွေ့သွားတဲ့Krossတစ်ယောက် သူ့သံယောဇဉ်ဖြစ်မိတဲ့မိသားစုနဲ့အတူဝေးရာကိုပြေးပါတော့တယ်။Krossတစ်ယောက်ဘာကြောင့်ဒီလိုလုပ်သွားရတာလဲ။ဌာနမှာရာထူးတက်ပြီးအလားအလာရှိတဲ့အနာဂတ်ရှိနေသော်လည်း လူသားတွေကိုချစ်တဲ့Krossတစ်ယောက်ဘာလိုစတေးခံသွားခဲ့သလဲ။ဒီကိစ္စတွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲဆိုတာတော့စိတ်ဝင်စားစရာပါ။မင်းသားကြီးရဲ့သဘာရင့်သရုပ်ဆောင်မှုတွေအပြင်တဖြေးဖြေးယိုယွင်းလာတဲ့ကမ္ဘာကြီးရဲ့အခြေအနေကိုလည်းမီးမောင်းထိုးပြထားတဲ့ကားလေးဖြစ်ပါတယ်။ဆိုတော့မင်းသားကြီးNicolas Cageရဲ့ပရိသတ်တွေအနေလက်မလွတ်သင့်တဲ့ကားလေးဖြစ်သလိုကြည့်ရတာစိတ်ဝင်စားစေမယ့်ကားလေးလည်းဖြစ်တာကြောင့်ဒီကားသစ်လေးကိုညွန်းလိုက်ရပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ)  File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre :Action, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEB-DL X264 AC3-EVO Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie


2017