Channel Myanmar

Victor Meutelet

Filip (2023) 7.1
Filip (2023)  စစ်ကားတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် Filip ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ နာဇီတွေနဲ့ဂျူးတွေစစ်ပွဲဖြစ်နေခဲ့တဲ့ 1943 ခုနှစ်လောက်ကအကြောင်းကိုရိုက်ကူးထားပြီးတော့ လီယိုပေါ့တိုင်မန်းရဲ့ကိုယ်ရေးအထ္ထုပ္ပတ္တိဝထ္တုFILIP ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဖီးလစ်ဆိုတဲ့စစ်ဖြစ်နေတဲ့ ပိုလန်ကနေထွက်ပြေးလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတစ်ယောက်က တခြားလူတွေမသိအောင်ဂျာမန်မှာ ပြင်သစ်နိုင်ငံသားတစ်ယောက်အနေနဲ့နေထိုင်ပြီး တော့ပါ့ခ်ဆိုတဲ့ဟိုတယ်တစ်ခုရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ဂျာမန်လူမျိုးတွေကတိုင်းတစ်ပါးသား လူမျိုးတွေနဲ့မပတ်သတ်ရဘူးကာမမဆက်ဆံရဘူးဆိုတဲ့ဥပဒေတစ်ခုရှိပါတယ်။ဖီးလစ်ကဂျာမန်မှာ အလုပ်လုပ်နေရပေမဲ့ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တွေကိုမုန်းနေပြီးတော့ အဲ့ဒီဥပဒေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့လူပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ ဂျာမန်သူလေးတစ်ယောက်ကိုတကယ်ချစ်မိသွားတဲ့အခါမှာ အတူတူထွက်ပြေးဖို့ကြိုးစားကြပါတော့တယ်။အဲ့လိုထွက်ပြေးဖို့ကြိုးစားနေတဲ့ အချိန်မှာပဲဖီးလစ်ရဲ့ဘဝမှာကြီးမားတဲ့အလှည့်အပြောင်းတွေကြုံတွေ့လာရမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.71GB / 704MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 5m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Filip (2023)

Some Like It Rare (2021) 6.6
Some Like It Rare (2021) Some Like It Rare (2021) ================== IMDb Rating - 6.6/10ကမ္ဘာတစ်ဝှမ်းမှာ အခြေအနေအမျိုးမျိုးကြောင့် ကွင်းဆက်လူသတ်သမားအဖြစ် ကျော်ကြားခဲ့တဲ့ လူသတ်သမားတွေအများကြီးရှိခဲ့ပါတယ်။ အခြေအနေရယ် အကျိုးအကြောင်းရယ် ဆက်စပ်မိတဲ့အခါမှာ လူတစ်ချို့ဟာကွင်းဆက် လူသတ်သမားအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီရုပ်ရှင်မှာလဲ ပြင်သစ်နိုင်ငံကဖော်ရွေပြီးခင်ဖို့အရမ်း ကောင်းတဲ့ လင်မယားနှစ်ယောက်ဟာ အခြေအနေ တစ်ခုကြောင့် လူသတ်မိပြီး တစ်ဖြည်းဖြည်းနဲ့ ကွင်းဆက် လူသတ်သမားဖြစ်လာခဲ့ပြီး လူဆယ့်သုံးယောက်အထိ သတ်ခဲ့တာပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသတ်သမားကားဖြစ်တာကြောင့် သွေးသံတရဲရဲ အခန်း နည်းပေမယ့် ရွံတတ်တဲ့သူတွေ ကြည့်ဖို့တော့ မသင့်လျှော် ပါဘူး။ ဖြစ်ရပ်မှန်မဟုတ်ပေမယ့် တင်ဆက်ပုံကောင်းတာ ကြောင့် Thriller ပရိတ်သတ်တွေအတွက်တော့ လက်မလွှတ် သင့်တဲ့မူဗီဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size..........(1.04 GB) / (577 MB) / (342 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror Translator.......Lwin Htoo Aung Encoder..........SWM
movie

Some Like It Rare (2021)

2021
Fanny’s Journey (2016) 7.0
Fanny’s Journey (2016) Fanny's Journey (2016)==================IMDb Rating - 7.0/10တစ်ခါတစ်လေကျ ကိုယ်ကိုယ်တိုင်ကဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုအားကိုးနေတဲ့လူတွေကြောင့် သူရဲကောင်းဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတယ်ဆိုတဲ့ စကားလေးလိုပဲ အရမ်းကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ် ကားတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီဇာတ်ကားထဲမှာပါ၀င်တဲ့ ဖန်နီဆိုတဲ့ဇာတ်ကောင်လေးဟာ အသက် ၁၃ နှစ်သာရှိသေးပေမယ့် အရမ်းကို သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ပိုင်ရှင်လေးဖြစ်ပြီး အပြင်မှာလည်း တကယ်ရှိခဲ့တာမို့ အရမ်းကိုလေးစားစရာ ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးမိဘတွေဟာ သူတို့ရဲ့ သားသမီး တွေကို အသတ်မခံရစေဖို့ ဂေဟာတွေမှာအပ်ပြီးတော့ အသက်ဘေးမှ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ အဲဒီ့ထဲမှာ ဇာတ်လိုက်ကျော်ဖန်နီနဲ့ ညီမနှစ်ယောက်ဟာလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂေဟာ တွေကလည်း အမြဲတစေ ၀င်ရောက်ဖမ်းဆီးခြင်းကိုခံကြရတာမို့ နေရာမျိုးစုံရွှေ့ပြောင်းရင်း ဖန်နီတစ်ယောက် ဂေဟာမှကလေးတစ်သိုက်နဲ့ လွတ်မြောက်ရာနယ်မြေကို အရောက်သွားနိုင်မှာလား၊ သူရဲ့မိဘတွေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ လက်တွေ့က စိတ်ကူးယဉ်ထက် ဆန်းကြယ်နေတဲ့သဘောကို သက်သေပြထားတဲ့ ရုပ်ရှင် တစ်ခုဖြစ်ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ယောက်နဲ့ ရက်စက်လှတဲ့စစ်ပွဲရဲ့ အားပြိုင်မှုတွေကို ကြည့်ရှုရမယ့် အရမ်းကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် အားပေးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tar Tee Poe ...
movie

Fanny’s Journey (2016)

2016