Channel Myanmar

Victor Rasuk

Reptile (2023) 6.8
Reptile (2023) Reptile (2023) =========== IMDb Rating - 6.8/10 Crime, Drama, MysteryMarvel နဲ့ Starwars ရုပ်ရှင်တွေထဲက မင်းသားကြီး Benicio Del Toro နဲ့ Justin Timberlake တို့ဦးဆောင်ပါဝင်ထားတဲ့ Crime, Mystery ကားကောင်း လေးဖြစ်ပါတယ်။တွန်နီကိုးလ်ဆိုတာ သေမှုသေခင်းနာမည်ကြီး စုံထောက်အရာရှိတစ်ယောက် ဖြစ်ပြီး ရဲဌာနတစ်ခုလုံးမှာ အတွေ့အကြုံအရမ်းများပါတယ်။ သူ့ရဲ့ တာဝန်ထမ်း ဆောင်မှု အနားယူတော့မယ့် အချိန်မှာ သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရတော့မယ့်သူပါ။ ဒါပေမယ့် သူမနားခင်မှာ...အရမ်းထူးဆန်းတဲ့ လူသတ်မှုတစ်ခုကို ဖြေရှင်းဖို့ အကြောင်းဖန်လာပါတယ်။ ဒီလူသတ်မှုဟာ ပြင်ပကရာဇဝတ် ဒုစရိုက်သမား တွေတင်မဟုတ်ဘဲ သူ့ရဲဌာနက လုပ်ဖော်ကိုင်ဖက်တွေပါ တစ်မျိုးတစ်ဖုံပါဝင် ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာ . . . နီကိုးလ်တစ်ယောက် ဘယ်သူ့ ကိုမှ မယုံကြည်နိုင်တော့ဘဲ ဒီလူသတ်မှုကိုစုံစမ်းရင်း တရားခံတွေကိုပါ ဖော် ထုတ်ရပါတော့တယ်။ Plot twist တွေအရမ်းကောင်းပြီး နာမည်ကြီးမင်းသား ၂ ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကောင်းကောင်းပြန်ခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(3.23 ...
movie

Reptile (2023)

2023
Lords of Dogtown(2005) 7.1
Lords of Dogtown(2005) Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ‌ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Lords of Dogtown(2005)

[18+] Fifty Shades Freed (2018) 4.4
[18+] Fifty Shades Freed (2018) Fifty Shades Freed ရဲ့ preview ကိုတော့ စာအုပ်ထဲဇာတ်လမ်းနဲ့Trailer ကိုဆက်စပ်ပြီးဖော်ပြပေးပါမယ်။ Trailer ဟာ Christian နဲ့ Ana မင်္ဂလာဆောင်တဲ့ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားပြီး Grey တို့ဇနီးမောင်နှံ ဥရောပတခွင် ဟန်နီးမွန်းထွက်တဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ဒါပေမယ့် သူတို့ရဲ့ ဟန်းနီးမွန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကြောင်းမအေးဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ Christian ရဲ့ ရုံးအဆောက်အဦးမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိုမီးဟာ မတော်တဆကြောင့်လောင်ကျွမ်းတာမျိုးမဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း Christian သိလိုက်ရပါတယ်။ ဒါပေမယ့် Ana ရဲ့အကူအညီနဲ့ တရားခံဘယ်သူဖြစ်တယ်ဆိုတာကို Christian တစ်ယောက်အတည်ပြုနိုင်ခဲ့တယ်။ သူတို့ ဟန်းနီးမွန်းကပြန်ရောက်ပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ကြရတဲ့အခါ Ana ဟာ Acting Fiction Editor မဟုတ်တော့ပဲ Fiction Editor ဖြစ်နေပါပြီ။ Christian Grey ရဲ့ အရှိန်အဝါကြောင့် ပစားပေးခြင်းခံရတာကို မလိုလားတဲ့ Ana ဟာ SIP ရုံးတွင်းမှာ ...
movie

[18+] Fifty Shades Freed (2018)

2018
4K HEVC
[18+] Fifty Shades Darker (2017) 5.0
[18+] Fifty Shades Darker (2017) “Fifty Shades Darker” 2015 ခုနှစ်မှာ အပေါက်ဆုံးဖြစ်သွားခဲ့တဲ့ ရုပ်ရှင်တွေထဲကတစ်ခု….Erotic Romance ရဲ့ပုံစံကိုပီပီပြင်ပြင်ဖော်ပြခဲ့တဲ့ Fifty Shades of Grey ဟာ စာအုပ်ရော ရုပ်ရှင်ရောဝင်ငွေကောင်းပြီးနာမည်ကြီးတာ သိပ်မဆန်းပါဘူး…. (မင်းသားကလဲ အတော်ဆွဲဆောင်မှုကောင်းသလို မင်းသမီးကလဲ အတော်လှတာကိုး…)အခုဆိုရင်ဖြင့် Fifty Shades of Grey ရဲ့အဆက် Fifty Shades Darker ဟာ 2017 February မှာရုံတင်ခဲ့ပြီး  EL.James ရဲ့ Fifty Shades Trilogy မှ ဒုတိယမြောက်စာအုပ်ကို House of Card ဒါရိုက်တာ James Foley ကပြန်လည်အသက်သွင်းထားပြီး ဖြစ်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ကတော့ ပထမFifty Shades of Grey မှာ ပါဝင်ခဲ့တဲ့သူတွေအားလုံးနီးပါးပြန်လည်ပါဝင်မှာပဲဖြစ်ပါတယ်… အချစ်ဟာ (စာအုပ်တွေထဲမှာ ရုပ်ရှင်တွေထဲမှာ ဆိုရင်တော့) လူတစ်ယောက်ကို သိမ်မွေ့စွာပြောင်းလဲစေနိုင်တဲ့အစွမ်းသတ္တိရှိတဲ့ နူးညံ့တဲ့အရာတစ်ခုပါ။Sadist တစ်ယောက်ဖြစ်တဲ့ Christain Grey ကိုအချစ်ဆိုတဲ့အရာက ပြောင်းလဲစေခဲ့ပါတယ်။ မိခင်ရင်းကိုမျက်စိရှေ့မှာတင်ဆုံးရှုံးခဲ့ရတဲ့ Christian ...
movie

[18+] Fifty Shades Darker (2017)

2017
4K HEVC
[18+] Fifty Shades of Grey (2015) 4.1
[18+] Fifty Shades of Grey (2015) Fifty Shades of Grey ဟာ ၂၀၁၅ ခုနှစ်ရဲ့ လတ်တလော လူပြောအများဆုံး ဇာတ်ကားဖြစ်နေပါတယ်။ ရုံမတင်ခင်ကတည်းက စောင့်ကြည့်ဖို့ အားတင်းထားကြသူတွေ များပြားလှတဲ့ဒီဇာတ်ကားဟာ တကယ်တမ်း ရုံတင်ခဲ့တဲ့အခါမှာလည်း အောင်မြင်ခဲ့ပါတယ်။ စံချိန်ပေါင်းမြောက်များစွာကို ချိုးဖျက်နိုင်ခဲ့ပြီး တဟုန်ထိုးအောင်မြင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ မှိုချိုးမျှစ်ချိုးပြောနေပေမယ့် သူ့ရဲ့ဝင်ငွေက သန်း ၅၀၀ ကျော်သွားပါပြီ။ နောက်ဆက်တွဲဇာတ်ကားကို ၂၀၁၆ မှာ ထပ်မံဖြန့်ချိပါမယ်။ ဒီဇာတ်ကားဟာ လိင်အသားပေးဇာတ်ကားဖြစ်ပြီး ဗြိတိသျှစာရေးဆရာ E. L. James ရဲ့ Fifty Shades Of Grey ဆိုတဲ့ စာအုပ်ကို ဇာတ်လမ်းချုံ့ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ စာအုပ်ဟာ လိင်အသားပေးစာအုပ်ဖြစ်ပြီး မထွက်ခင်ကတည်းက အတိုက်အခံတွေ များခဲ့တာပါ။ ပုံနှိပ်ထုတ်ဝေဖို့ ဝေဖန်မှုတွေ ပြင်းထန်တာကြောင့် e-book အနေနဲ့ စတင်ဖြန့်ချိခဲ့ပါတယ်။ လူကြိုက်များကာ ဖတ်ရှုသူများပြားလွန်းတာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပုံနှိပ်ဖို့ ကြိုးစားကြပါတယ်။ ပရိသတ်က ...
movie

[18+] Fifty Shades of Grey (2015)

2015
4K HEVC
The Mule (2018) 7.1
The Mule (2018) The Mule ဆိုတာ တကယ့်ကိုကောင်းတဲ့ဇာတ်ကားလေးတစ်ကား၊ကြည့်ရတာတန်စေမယ့်ဇာတ်ကားလေးတစ်ကား၊ပေးချင်တဲ့ message ကိုမိမိရရပေးသွားနိုင်ရုံတင်မကဘူး ရသအမျိုးမျိုးကိုပါခံစားပေးဝေနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားအမျိုးအစားက Crime/Drama အမျိုးအစားလေးဖြစ်ပြီးကိုရီးယားစစ်ပြန်ကြီး၊ ပန်းစိုက်ပျိုးရေးမှာအောင်မြင်ခဲ့တဲ့ အဘိုးကြီးတစ်ယောက်အသက်ကြီးမှဒုက္ခရောက်ပြီး မက္ကဆီကန်မူးယစ်ဂိုဏ်းရဲ့လက်သုံးတော်ခံတစ်ာက်ဖြစ်သွားခဲ့ရတဲ့အပြင်ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို အချိန်လွန်မှသိခဲ့ရတာပါပဲ။ဇာတ်လမ်းအစကနေ အဆုံးထိ မငြီးငွေ့စေရဘဲ ဆွဲဆောင်လွန်းနိုင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြတာထက် ကိုယ်တိုင်ပဲအစအဆုံးကြည့်ရှုခံစားစေချင်ပါတယ်။IMDb rating ဆိုရင်လည်း 7.1 အထိရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ပြောရရင် ဒီထက်ပိုကောင်းတဲ့ကားလေးဖြစ်ပါတယ်။ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်ဝင်တေးအေးအေးလေးတွေနဲ့ ဇာတ်ရှိန်အတက်အကျလေးတွေကို ကောင်းကောင်းကြီးခံစားရမှာသေချာပါတယ်။ကြည့်ပြီးရင် နောက်ပြန်ကြည့်ဖို့သိမ်းထားသင့်တဲ့ကားလေးလည်းဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike ...
movie

The Mule (2018)

2018