Channel Myanmar

Victoria Cruz

Raze(2013) 5.7
Raze(2013) Raze(2013)============Saw နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ မိန်းကလေးတွေကိုပဲမြေအောက်အချုပ်ခန်းထဲဖမ်းထားပြီး အချင်းချင်း လက်ဗလာနဲ့မသေမချင်းချခိုင်းတယ်။ အကြောင်းကတော့ အဲ့လိုသတ်ပွဲမျိုးကိုမှကြိုက်တဲ့ လူချမ်းသာတွေကြောင့် အဖွဲ့အစည်းထောင်ပြီး အဲ့လိုသတ်ပွဲတွေကိုစီစဉ်ပေးတာကြောင့်ပါ။တစ်ယောက်နဲ့တစ်ယောက်တောင်မသိကြပဲ အပြန်အလှန်သတ်ကြတာကိုသွေးသံရဲရဲပါတဲ့ အခန်းတွေနဲ့ကြည့်ရမှာမို့ action ကြိုက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။(ဘာသာပြန်နဲ့အညွှန်းကတော့ Kasashi ဖြစ်ပါတယ် ) File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi
movie

Raze(2013)

Deadly Misconduct (2021) 5.8
Deadly Misconduct (2021) Deadly Misconduct (2021)====================IMDb Rating - 5.8/10ဒီတစ်ခါမှာတော့ စုံစမ်းရေးမှူး အလန်းစားလေး ပါဝင်ထားတဲ့ မှုခင်းကားလေးကို တင်ဆက်ပေးချင်ပါတယ်။အန်နီဟာ စုံစမ်းရေးမှူးတစ်ယောက်ဖြစ်ပြီး ပြည်နယ်တစ်ခုလုံးရဲ့လက်ထောက်စုံစမ်းရေးမှူးဖြစ်ဖို့အတွက်အလားအလာကောင်းများစွာ ရှိနေတဲ့သူပါ။ ဒီလို အရည်အချင်းနဲ့ ပြည့်စုံနေတဲ့ အန်နီအတွက် သူ့သမီးလေးကတော့အရာရာပါပဲ။သူ့ချစ်သူ မာ့ခ်ရဲ့ ဖောက်ပြန်မှုကို သိသွားပြီးတဲ့နောက်ဖြေရှင်းကြတဲ့ခါမှာ သမီးလေးကိုသာ ကမ္ဘာထင်နေတဲ့ အန်နီဟာသူ့ရဲ့ ချစ်သူမာ့ခ်အပေါ်မှာတော့ အချိန်မပေးနိုင်တဲ့အတွက်ကြောင့်ပဲနှစ်ဦးသား လမ်းခွဲလိုက်ကြပါတယ်။တစ်ဖက်မှာလည်း လာဆန်က အန်နီနဲ့ ပြိုင်ဘက်ရှေ့နေတစ်ယောက်ပါ သူဟာ ဥပဒေအသိုင်းအဝိုင်းမှာ အသပြာရှေ့နေအဖြစ် နာမည်ကြီးသူဆိုရင်လည်း မမှားပါဘူး။ တစ်နေ့ အန်နီတစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် လာဆန်အိမ်မှာတစ်ညအချိန်ကုန်မိသွားပြီး နိုးလာတဲ့ချိန်မှာ လာဆန်တစ်ယောက်သေဆုံးနေတာကို တွေ့လိုက်ပါတော့တယ်။အန်နီကလည်း ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျလာတဲ့အခါ... လာဆန်ကို သတ်တဲ့တကယ့်တရားခံအစစ်ကဘယ်သူလဲ...လူသတ်သမားက အန်နီကို ဒုက္ခပေးချင်တာလား... ဘာကြောင့် ဒီလိုတွေဖြစ်ခဲ့လဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမဲ့Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyaeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R ...
movie

Deadly Misconduct (2021)

2021
Wonder (2017) 8.0
Wonder (2017) Wonder (2017) IMDb - 8.0/10_____Rotten - 85%   ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie

Wonder (2017)

2017