Channel Myanmar

Victoria Justice

Unknown (2006) 6.4
Unknown (2006) Unknown 2006 (IMDB 6.4/10)Thriller ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်တွေအတွက် ဇာတ်လမ်းတစ်ခုလုံးဘာဖြစ်နေမှန်း သေချာမသိရဘဲ အဆုံးသတ်မှ အထုပ်ဖြေပြတဲ့ The Usual Suspects တို့ Seven တို့လို အထာနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်ဟိုကားတွေလို rating တွေပျံလန်နေပြီး မာစတာပိစ်တွေ မဟုတ်ပေမဲ့ သူ့တန်းသူ့ဘောင်နဲ့တော့ plot twist ဘာညာကတော့ ဟာဟင်ဖြစ်လောက်စရာပါပဲဇာတ်လမ်းအကျဉ်းကတော့ ဂိုဒေါင်တစ်ခုထဲမှာ လူငါးယောက်က သတိမေ့နေရာကနေ ရှေ့ဆင့်နောက်ဆင့်နိုးလာပြီးတော့အတိတ်ပါမေ့နေပါတယ် သူတို့ထဲက တစ်ယောက်ကတော့ သေနတ်နဲ့ဖြစ်ပြီး ကျန်တဲ့သူတွေက အဖမ်းခံထားရသူတွေရော ဒဏ်ရာရထားသူတွေရော စုံနေတာပါပဲ ဂိုဒေါင်ကြီးကလဲ အလုံပိတ် အားလုံးကလဲ ကိုယ့်ကိုယ်ကိုဘာဖြစ်နေမှန်း မမှတ်မိတဲ့အခါမှာ အစအဆုံး ပရိသတ်ကိုယ်တိုင်ပဲ အဖြေရှာကြည့်လိုက်ပါလို့….. ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 557MB Format… mp4 Duration…. ...
movie

Unknown (2006)

2006
The First Time (2012) 6.8
The First Time (2012) ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး ...
movie

The First Time (2012)

The Tutor (2023) 8
The Tutor (2023) The Tutor (2023)ဒီဇာတ်လမ်းထဲက ကျူတာကတော့အီသန်ပါ။ အီသန်က လူချမ်းသာတွေရဲ့ကလေးတွေကို ကျူတာအဓိကလုပ်ပေးတယ်။ ဘောစိကလေးတွေဆိုတော့ ငဆိုးလေးတွေများပေမယ့် အီသန်ကတော့ ဒီကလေးတွေကို ပညာရေးမှာစိတ်ဝင်စားလာအောင် တိုးတက်လာအောင်ဆွဲခေါ်ပေးနိုင်လို့နာမည်ရတယ်။ တစ်နေ့မှာ ကလေးတစ်ယောက်ကိုစာသင်ပေးဖို့ အီသန့်ကိုဌားတယ်။ ပေးတဲ့လစာကလဲ မယုံနိုင်လောက်အောင်များတယ်။ အီသန်ကလဲပိုက်ဆံလိုတယ်တော့မဟုတ်ပေမယ့် သူ့ချစ်သူကကလေးမွေးတော့မှာဆိုတော့ ပိုက်ဆံများများရတော့လဲကောင်းတယ်ပေါ့။ သူ့ကိုအဲ့လောက်ထိပေးတယ်ဆိုတော့ ဒီကလေးက အားစိုက်သင်ရမယ့်ကလေး စာညံ့တဲ့ကလေးလို့အီသန်ကတွက်ထားတာပေါ့။ ကလေးအဖေဘက်က အီသန့်ကိုသူတို့အိမ်မှာလာနေပြီး အရင်ဆုံးတစ်ပတ်အစမ်းသင်ကြည့်ဖို့ခေါ်တယ်။ တကယ်တမ်းစာသင်ကြည့်တော့ ကလေးကလဲတော်လိုက်တာမှ ဘာမှကိုသင်စရာမလိုလောက်အောင်ပဲ။ အဲ့တော့အီသန့်ကို လစာအများကြီးပေးပြီးခေါ်တာဘာအတွက်လဲ။ ဂျက်ဆန်ဆိုတဲ့ကလေးရဲ့မိသားစုက ပိုက်ဆံတွေများသိပ်ပေါနေလား။ စာသွားသင်တဲ့တစ်ပတ်အတွင်းမှာပဲ ဂျက်ဆန့်ဆီမှာရော အီသန့်ဆီမှာပါ မူမမှန်တာလေးတွေပေါ်ပေါ်လာတော့ ဘယ်သူကဘာတွေကြံစည်နေကြလဲ။ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲဆိုတာ Plot Twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.GB | 521MB | 248MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... ...
movie

The Tutor (2023)

2023
A Perfect Pairing (2022)
A Perfect Pairing (2022) 2022 ထဲကမှထွက်ထားတဲ့ A Perfect Pairing ဆိုတဲ့ Netflix ရုပ်ရှင်လေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ rom-com အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ကျွန်တော်အခုတလောကြည့်ဖြစ်သမျှထဲ အကြိုက်တွေ့မိတဲ့ဇာတ်ကားလေးပါပဲ။ ပုံမှန် Netflix movie တော်တော်များများလို ဆယ်ကျော်သက်အချစ်ကို ပုံဖော်ရိုက်ကူးထားတာမဟုတ်ဘဲ ဘဝကအချစ်ထက်အရေးကြီးလာတဲ့ သက်လတ်ပိုင်းအရွယ်ဇာတ်ကောင်နှစ်ယောက်ကြားက ပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာကို ဘဝအကြောင်းများများ၊ အချစ်အကြောင်းနည်းနည်းနဲ့ ပုံဖော်ထားပါတယ်။ သက်လတ်ပိုင်းဆိုပေမဲ့ မင်းသားရော မင်းသမီးရောက တကယ့် visual တွေချည်းမို့ ကိုကြီး enjoyer ၊ မမ enjoyer လေးတို့ ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့လိုလာက ဝိုင်တင်သွင်းဖြန့်ချိရေးကုမ္ပဏီတစ်ခုရဲ့ လက်ကားအရောင်းမြှင့်တင်ရေးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အရည်အချင်းမရှိတဲ့ အထက်လူကြီးရဲ့အပေါက်တွေကို တစ်သက်လုံးလိုက်ဖာနေခဲ့ရပေမဲ့လည်း ဝါသနာနဲ့အလုပ် တစ်ထပ်တည်းကျတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ တစ်သက်လုံး‌ဖြေတွေးသည်းခံလာခဲ့တဲ့ ထက်မြက်တဲ့ဝီးမန်း တစ်ခုလပ်အမျိုးသမီးတစ်ယောက်ပါ။ ပထမအိမ်ထောင်ကြောင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း "ဘဝဆက်တိုင်းမှာ အချစ်ရဲ့အဝေးမှာနေမယ်" လုပ်နေသူပေါ့။ ဒါပေမဲ့လည်း အခင်ရဆုံးလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းရဲ့ ...
movie

A Perfect Pairing (2022)

A Perfect Pairing (2022) 6.1
A Perfect Pairing (2022) A Perfect Pairing (2022) ================== IMDb Rating - 6.1/10ဒီနေ့မှာတော့ Netflix ကရိုက်ကူးထားပြီး ဩစတေးလျရဲ့ရေမြေတောတောင်နဲ့ ကောင်းဘွိုင်ဆန်ဆန် ဘ၀ကိုရိုက်ကူးတင်ဆက်ထားတဲ့ Romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်း လိုလာဆိုတဲ့ တစ်ခုလတ်မလေးဟာ  ဝိုင်လုပ်ငန်းမှာ ကျွမ်းကျင်အဆင့်ထက်ပိုတဲ့ အဆင့်မှာရှိပြီး၊ ဝိုင်သွင်းကုန်ကုမ္မဏီမှာအလုပ်လုပ်ပါတယ်။ လုပ်ငန်းချဲ့ထွင်ဖို့အတွက် ဩစတေးလျက  ဗွန်းမိသားစုဝိုင်လုပ်ငန်းကို တင်သွင်းခွင့်ရဖို့ကြိုးစားပြီးတဲ့အချိန်မှာ ကုမ္မဏီက သူ့ကိုကန်ထုတ်လိုက်ပါတော့တယ်။ အဲ့တော့ သူ့ကိုယ်ပိုင်လုပ်ငန်းထောင်ပြီး ဗွန်းမိသားစုဝိုင်လုပ်ငန်းကို တင်သွင်းခွင့်ရဖို့ ဩစတေးလျထိ သွားရောက်ခဲ့ရမှာတော့ သူလုပ်ချင်တဲ့ လုပ်ငန်းကို လုပ်ခွင့်ရမှာလား၊ ဩစတေးလျမှာကော ဘာတွေကြုံတွေရမှာလဲ ဆိုတာတော့ ဇာတ်လမ်းအေးအေး ရှုခင်းကောင်းကောင်း သဘာ၀ဆန်ဆန် ဇာတ်လမ်း လေးထဲမှာ လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size..........(1.57 GB) / (780 MB) / (517 MB) Quality............Blu-Ray 1080p / 720p / 360p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Lwin Htoo Aung Encoder..........SWM
movie

A Perfect Pairing (2022)

2022
Trust (2021) 5.4
Trust (2021) TRUST (2021)IMDb _ 5.4/10Rotten Tomatoes _71%အိမ်ထောင်တစ်ခုရယ်လို့ရှိလာခဲ့ရင် ကိုယ့်အမျိုးသားဖောက်ပြန်သွားမလားစိုးရိမ်တတ်ကြတာ အမျိုးသမီးတိုင်းရဲ့ သဘာဝပါပဲ နှစ်တွေဘယ်လောက်ကြာကြာတတိယလူဆိုတာပေါ်လာခဲ့ရင် ကိစ္စတွေကမောက်ကမဖြစ်သွားနိုင်ပါတယ်"နင်ငါတို့လိုသာကွာရှင်းရှေ့နေလုပ်ကြည့်ပါလား အချိန်ကြာလာတာနဲ့အမျှလူတိုင်းကဖောက်ပြန်နေကြပါလားဆိုပြီးသိလာလိမ့်မယ်""မိန်းမတွေက သူတို့ခိုးစားတာကိုလူမမိအောင်လုပ်တဲ့နေရာမှာယောကျာ်းတွေထက်ပိုတော်တယ်"ဒီ‌ဇာတ်လမ်းကတော့ ယုံကြည်မှုကိုအခြေခံပြီး အိမ်ထောင်တစ်ခုတည်ဆောက်ထားတဲ့အိုဝင်မ်နဲ့ ဘရော့ခ်တို့ရဲ့ အချစ်စမ်းပွဲအကြောင်းရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်ယုံကြည်မှုနဲ့လက်တွဲခဲ့ပေမယ့် အလုပ်ကိစ္စအကြောင်းပြပြီး အိုဝင်မ်တစ်ယောက်ညဉ့်နက်တွေမှာ ထထသွားနေတာ ဘရော့ခ်တစ်ယောက်စိတ်ထဲဘဝင်မကျလှပါဘူးဒါ့အပြင်ဘရော့ခ်ရဲ့ သူငယ်ချင်းက ကွာရှင်းရှေ့နေတစ်ယောက်ပါ"ဒီခေတ်ကြီးမှာအကုန်လုံးနီးပါးဖောက်ပြန်နေကြတာ နင့်ယောကျာ်းဖောက်ပြန်မပြန်သိချင်ရင်ကြေးစားငှားပြီး စမ်းကြည့်ပါလား" ဒီစကားကိုနားယောင်သွားတဲ့ဘရော့ခ်တစ်ယောက်ဘာတွေဆက်လုပ်သွားမလဲ အိုဝင်မ်ကရော ဘရော့ခ်အပေါ်သစ္စာမဖောက်တဲ့ယောကျာ်းကောင်းတစ်ယောက်လားဆိုတာ ကြည့်ရှုရမယ့်ပညာပေးဇာတ်ကားတစ်ကားပါအိမ်ထောင်တစ်ခုမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပြီးသံသယစဝင်တာနဲ့အမှားတွေကပ်ပါလာတတ်ကြောင်းကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် သံသယများတတ်တဲ့လူတွေကြည့်ရှုဖို့အကောင်းဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်(တချို့လူကြီးခန်းတွေနဲ့ စကားပြောတွေပါဝင်တာကြောင့်မိသားစုနှင့်ကြည့်ရှုရန်မသင့်တော်ပါ)ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ကတော့ Yunniမှရေးသားပြန်ဆိုထားပြီး တင်ဆက်ပေးသူက YKပဲဖြစ်ပါတယ်  File size…1.2Gb / 515MB Quality…1080p WEB RIP AAC 5.1CH / 720p AAC 2.0CH Format…mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Trust (2021)

2021
Afterlife of the Party (2021) 5.6
Afterlife of the Party (2021) Afterlife of the Party (2021)ကဲ တမလွန်ဘ၀ ခဏသွားကြရအောင် ..... ပရိသတ်ကြီးရေအဲလို မေးလို့လည်း လန့်မသွားကြပါနဲ့ဦးဘာလို့ဆို ခင်ဗျားတို့ကို မေးစရာရှိလို့ဗျတကယ်လို့သာ အခု စာဖတ်နေတဲ့သူ သေသွားတယ်ဒါပေမဲ့ လူ့ပြည်မှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေကလည်း ကျန်ခဲ့သေးတယ်ပြင်ဆင်ချင်တဲ့ အမှားတွေ ရှိခဲ့တယ် ဆိုပါတော့ .....အဲဒီအချိန်မှာ ကံထူးပြီး ဒီအမှားတွေကို ပြန်လည် ပြင်ဆင်ခွင့်အနေနဲ့ဒုတိယအခွင့်အရေးရလာမယ်အခွင့်အရေးကို အသုံးချပြီး အမှားတွေပြင်နိုင်ခဲ့ရင် ကိုယ့်အတွက် ကောင်းကျိုးရမယ်ဆိုရင်အားလုံး ဒီအခွင့်ကို အရယူမိကြမှာလားဒီလိုပါပဲ ဒီဇာတ်လမ်းထဲက ကတ်စီဆိုတဲ့ ကောင်မလေးဟာလည်းဒီလိုအခြေအနေနဲ့ ကြုံခဲ့ရတယ်ကံမကောင်းစွာနဲ့ သေသွားခဲ့ပေမဲ့လူ့ဘ၀မှာ သိရက်ရော မသိရက်နဲ့ပါ အမှားတွေ လုပ်ခဲ့တယ်ဒါကို ပြန်ပြင်ဖို့ သူ အချိန် ၅ ရက် အခွင့်ရလာတဲ့အခါသူဘယ်လိုတွေ လှုပ်ရှားပြီး သူ့ရဲ့ အမှားတွေကို ပြင်ဆင်မလဲအချိန်မီရော ပြင်ဆင်နိုင်ပါ့မလားFantasy, comedy ,drama ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့အတွက်ဒီဇာတ်လမ်းက နှုတ်ခမ်းနီမလေးတွေအတွက် ပိုဘ၀င်တွေ့စေမယ့် ...
movie

Afterlife of the Party (2021)

2021
Summer Night (2019) 5.0
Summer Night (2019) နွေရာသီနောက်ဆုံးရက်သတ္တပတ်တွေထဲက တစ်ရက်အကြောင်းပါအချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ Seth နှင့် Jamesonရယ်Taylorနှင့်တခြားသူငယ်ချင်းတွေရဲ့ music bandတွေဟာ သူတို့မြို့ထဲမှာရှိတဲ့The Alamoမှာဖျော်ဖြေရမှာပါ Sethမှာလဲ သူ့လူငယ်ဘဝကိုပြောင်းလဲသွားစေမယ့်သတင်းတစ်ခုနဲ့လဲ စိတ်ရှုပ်နေပါတယ်Jamesonကလဲ သူ့ရဲ့အဆက်ဟောင်းမိန်းကလေးနဲ့မကြာခင်ကဆုံခဲ့တဲ့အလန်းလေးတစ်ယောက်ကြား တွေဝေနေပါတယ်တစ်ခြားသူငယ်ချင်းတွေဆီမှာလည်း လူငယ်သဘာဝကိစ္စလေးတွေကိုယ်စီကိုယ်စီနဲ့ရှိနေပါတယ်ဒီဇာတ်ကားမှာ လူငယ်တို့သဘာဝ နွေရာသီညတစ်ညကိုကုန်ဆုံးတာနှင့်music bandရဲ့သီချင်းလေးတွေကို ခံစားရမှာဖြစ်ပါတယ် castတွေအနေနဲ့တော့မျက်နှာသိပ်မစိမ်းတဲ့ လူငယ်သရုပ်ဆောင်တွေကို တွေ့ရမှာဖြစ်ပါတယ်File Size : (870 MB) & (329 MB)Quality : Web-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie

Summer Night (2019)

2018
Fun Size (2012) 5.4
Fun Size (2012) ရမ်ဆိုတဲ့မိန်းကလေးဟာ အသက်အများကြီးငယ်တဲ့ကောင်လေးနဲ့တွဲနေတဲ့သူ့အမေရယ်၊အစအနောက်အရမ်းသန်ပြီး သူ့ကိုခနခနဒုက္ခပေးနေတဲ့သူ့ရဲ့မျောက်လောင်းမောင်လေးအဲလ်ဘတ်နှင့်အတူနေထိုင်နေရတဲ့သူပါ...သူ့မိသားစုကိုစိတ်ကုန်နေတာကြောင့် အထက်တန်းပြီးတာနဲ့သူတို့နဲ့ဝေးရာ နယူးယောခ့်တက္ကသိုလ်ကိုသွားရောက်တက်ရောက်ဖို့ စိတ်ကူးထားပါတယ်...သူ့ကို သူတို့ကျောင်းရှိ အေရွန်ရိုင်လီဆိုသည့် ပေါ်ပြူလာအဖြစ်ဆုံးကောင်လေးကဟောလိုးဝင်းနေ့မှာကျင်းပမယ့် သူ့ရဲ့ပါတီပွဲကိုလာဖို့ဖိတ်ကြားထားပါသေးတယ်...သူလဲ ဟောလိုးဝင်းပါတီပွဲမှာ ဒိုရိုသီအနေနဲ့ဝတ်ပြီးတက်ရောက်ဖို့အတွက်ပြင်ဆင်ထားပါတယ်...ဒါပေမယ့်လဲ ပွဲနေ့မှာ သူ့အမေက ရမ့်ကို အဲလ်ဘတ်ကိုထိန်းထားခိုင်းပြီးသူ့ရည်းစားနဲ့အတူအပြင်ထွက်သွားပါတော့တယ်...ရမ်လဲစိတ်ပျက်ပျက်နဲ့သူ့မောင်လေးကိုခေါ်ပြီး အပြင်ဘက်ထွက်လာရမှာတော့ကံဆိုးစွာနဲ့ အဲလ်ဘတ်ကိုပျောက်သွားတာကြောင့် ရမ့်အနေနဲ့ သူ့အမေပြန်မလာခင်မှာအဲလ်ဘတ်ကိုတွေ့အောင် ရှာရတော့မှာပါ...ကဲ ဒါဆို သူနဲ့သူ့သူငယ်ချင်းတွေ အဲလ်ဘတ်ကိုရှာပုံတော်ဖွင့်ပုံနဲ့အဲလ်ဘတ်ဘယ်လိုပျောက်သွားတယ်ဆိုတာကိုတော့ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး File Size : (742 MB) and (299 MB) Quality : BluRay 720p Running Time : 1hr 26 min Format : Mp4 Genre :  Adventure ,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by MiKi Encoded by Moe Myint Lwin
movie

Fun Size (2012)

2012