Channel Myanmar

Vincent De Bouard

An Officer and a Spy (2019) 7.2
An Officer and a Spy (2019)  ၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

An Officer and a Spy (2019)

The Stolen Princess: Ruslan and Ludmila (2018) 6.3
The Stolen Princess: Ruslan and Ludmila (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Stolen Princess" ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်..Animation movie နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်ရတန်မယ့်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်အညွှန်း-ပုံပြင်လေးတစ်ပုဒ်ရှိသတဲ့ ပုံပြင်လေးကတော့...ကြက်သွေးရောင် နေဝင်ချိန်ရောက်တိုင်း အချစ်စစ်နဲ့ ချစ်မိသွားတဲ့မင်းသမီးတိုင်းကို ချယ်နမောဆိုတဲ့ မှော်ဆရာက ဖမ်းလေ့ရှိပါတယ်..ချစ်မိသွားတဲ့ မင်းသမီးရဲ့အချစ်စစ် စွမ်းအားနဲ့ သူ့မှော်အစွမ်းတွေကို ပြန်ဖြည့်သတဲ့...ဒီပုံပြင်ကတော့ ရူစလန်ဆိုတဲ့ ဇာတ်မင်းသားလေး ပြန်ကပြတဲ့ ပုံပြင်ပြဇာတ်ပါ...ရူစလန်ဟာ အဖေဖြစ်သူရဲ့ ဇာတ်မင်းသားအမွေကို ဆက်ခံခဲ့ရပေမဲ့သူက တိုင်းပြည်ရဲ့ သူရဲကောင်းဖြစ်ချင်သူပါ...မီလာဆိုတာကတော့ ရူစလန်နေထိုင်တဲ့ တိုင်းပြည်ရဲ့ မင်းသမီးပါ...ဖခင်ဖြစ်သူ ဘုရင်ကြီးက မီလာကို အိမ်ထောင်ချပေးချင်ပါတယ်...မီလာကလည်း စွန့်စားချင်သူ..အိမ်ထောင်ပြုချင်သူမဟုတ်...ဒီလိုနဲ့ မီလာဟာ နန်းတော်ကနေ ထွက်ပြေးခဲ့ပါတယ်...လမ်းတစ်နေရာမှာ ရူစလန်နဲ့ ဆုံမိလေရဲ့... ရူစလန်က မီလာကို မင်းသမီးမှန်း မသိပါဘူး...ဒုက္ခရောက်နေတဲ့ မီလာကို ကူညီရင်း ရူစလန်နဲ့ မီလာ မေတ္တာမျှခဲ့ကြပါတယ်....ဒီအချိန်မှာပဲ ပုံပြင်တစ်ပုဒ်လို့ ယုံကြည်ထားကြတဲ့ ချယ်နမောထွက်ပေါ်လာခဲ့ပြီးမီလာကို ဖမ်းခေါ်သွားပါတော့တယ်ရူစလန်ဟာ မီလာကိုကယ်ဖို့ ပြန်လမ်းမရှိတဲ့ ...
movie

The Stolen Princess: Ruslan and Ludmila (2018)

2018