Channel Myanmar

Waldemar Kobus

The Magic Flute (2022) 5.6
The Magic Flute (2022) The Magic Flute (2022) =================သီချင်းသံစဉ်တွေဟာ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကို ရသ အမျိုးမျိုးပေးနိုင်စွမ်းရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက် ချင်းမတူညီရင်တောင်မှ ခံစားချက်တွေတူညီနေခဲ့လို့ နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆိုတဲ့ဘဝတွေ ဖြစ်တည်လာခဲ့တာပါ။ ဘဝမှာ တစ်ခု ခုလိုအပ်နေတဲ့အခိုက်အတန့်ကို လူတိုင်းခံစားဖူးကြမှာပါ။ အချစ်လား ငွေကြေးလား ပျော်ရွှင်ခြင်းလား အရာရာကို ကြုံတွေ့ခံစားရပြီးမှ ကိုယ် ဖြစ်ချင်တဲ့အရာကို သိနိုင်ခွင့်ရလာမှာပါ။ ဒီဇာတ်လမ်းကို သီချင်းသံစဉ်နဲ့ ဖောင်ဖွဲ့ထားတာဖြစ်လို့ တခြားရုပ်ရှင်တွေနဲ့မတူတဲ့ ရသမျိုးကိုခံစားရမှာပါ။Timဆိုတဲ့ကောင်လေးရဲ့အိပ်မက်က မိုဇတ်ဂီတကျောင်းတော်ကြီးကို တက်ခွင့်ရဖို့ပါ မိုဇတ်ကျောင်းသားဟောင်းဖြစ်တဲ့အဖေဖြစ်သူက မသေ ခင်မှာ စာအုပ်တစ်အုပ်ပေးခဲ့တယ်။ အဲဒီစာအုပ်ကို သူနဲ့သက်ဆိုင်တဲ့နေ ရာမှာ ထားပေးဖို့မှာခဲ့တယ်။ ကျောင်းတက်တဲ့နေ့ညမှာတော့ ‌ဝိဉာဉ်အလုံး‌ လေးသုံးလုံးထွက်ပေါ်လာပြီး Timကို ထူးဆန်းတဲ့ကမ္ဘာကြီးဆီပို့ဆောင် ပေးလိုက်ပါတယ်။ ဒီလိုနဲ့ အဆိုတော်ဖြစ်ချင်ခဲ့တဲ့ Tim တစ်ယောက် ကမ္ဘာနှစ်ခုကြား ဘယ်လိုတွေစီးချင်းထိုးမလဲဆိုတာ‌တော့ ဇာတ်လမ်းလေး ထဲမှာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်)File Size..........(1.7 GB) / (733 MB) / (408 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 55Mins Subtitle...........Myanmar ...
movie

The Magic Flute (2022)

2022
The Magic Kids: Three Unlikely Heroes 2020 4.6
The Magic Kids: Three Unlikely Heroes 2020 ဒီဇာတ်လမ်းလေးကတော့ ကလေးလူငယ်တွေရော လူကြီးတွေရောပါ ကြိုက်ကြတဲ့မှော်စွမ်းအားတွေ စွန့်စားခန်းတွေ ပါ၀င်တဲ့ fantasy movie လေးဖြစ်ပါတယ် ဟိုးအရင်ကထဲက ရှိခဲ့တဲ့ ‌သွေးစုပ်ဖုတ်ကောင် သမန်းဝံပုလွေ စုန်း မှင်စာနဲ့ အခြားမှော်၀င်သတ္တဝါ‌‌တွေဟာ တောနက်ကြီးထဲက လျှို့ဝှက်မှော်မြို့တစ်မြို့မှာနေထိုင်လျက်ရှိပါတယ် အဲ့မြို့ကို ပြင်ပသာမာန်လူလောကမှာ ကြီးပြင်းခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်လေး ဗလက်နဲ့ သူ့အဖေတို့သားအဖနှစ်ယောက်ဟာ မြို့တော်၀န်ရဲ့ ဖိတ်ကြားမှုအရ မှော်ကျောင်းမှာတက်ဖို့ ပြောင်းလာကြပါတယ် ဒါ‌ပေမယ့် သူတို့ကိုဖိတ်ကြားရတဲ့အကြောင်းအရင်းရှိပါတယ် အဲ့တာကို ဗလက်နဲ့သူ့အဖေနှစ်ယောက်လုံး မသိကြပါဘူး။ ဗလက်ဟာ အဲ့မှော်ကျောင်းမှာ သူနဲ့စိတ်တူကိုယ်တူ ဖြစ်တဲ့ သမန်းဝံပုလွေ နဲ့ ‌မှင်စာမလေးကို သူငယ်ချင်းအဖြစ်ပေါင်းမိသွားပါတယ် ရုတ်တရက်သူတို့ ဒီမြို့ကို ရောက်လာရတဲ့ အဖြစ်မှန်ကို သိလိုက်ရတဲ့ အချိန်မှာတော့ ဗလက်ရယ် သူ့ သူငယ်ချင်းနှစ်ယောက်ရယ် ဘယ်လိုစွန့်စားခန်းဖွင့်မလဲ ဘယ်လိုအဖြစ်မှန်ကိုဖော်ထုတ်ပြီး မှော်မြို့ကြီးကို ကယ်တင်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ မှော်အတတ်တွေ သတ္တဝါဆန်းတွေ စုန်းတွေ နတ်သမီးတွေ ကလေးသုံးယောက်ရဲ့ ...
movie

The Magic Kids: Three Unlikely Heroes 2020

A Hidden Life (2019) 7.5
A Hidden Life (2019) ဒါကတော့ IMDb Rating 7.6နဲ့ tomatoesမှာ 80%အထိရထားပြီးဆုတွေအောင်မြင်မှုတွေရထားတဲ့ Historical dramaကားလေးပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာ အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခုကိုပျက်စီးခဲ့ရတဲ့ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားကအေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်းချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ဒုတိယကမ္ဘာစစ်စတော့ ဖရန့်ကိုစစ်လေ့ကျင့်ရေးခေါ်ခဲ့ပေမယ့်ဩစတေးလျမှာယာသမားတွေလိုတာကြောင့် သူ့ကိုအိမ်ပြန်လွှတ်ခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုစစ်တိုက်ဖို့အခေါ်ခံရတဲ့အချိန်မှာတော့ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေမှန်ကန်တယ်လို့မထင်၊စစ်ပွဲကလည်းမတရားဘူးလို့ယူဆတဲ့ဖရန့်တစ်ယောက်ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးတဲ့။ဒီလိုနဲ့သူ့ကိုအကျဉ်းထောင်ထဲပို့လိုက်ပြီး စီရင်ချက်ချဖို့စောင့်ဆိုင်းနေရပါတယ်။ဒီကားမှာ ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက်ထောင်တွင်းသူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီးစိတ်ထဲမှာကျဉ်းကြပ်လာသလိုခံစားရမှာပါ။သာယာပျော်ရွှင်နေတဲ့မိသားစုလေးဆီမှာကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့်သူ(မ)ပင်ပန်းဆင်းရဲစွာအလုပ်လုပ်ရပြီးပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့်ယောက်ျားအပေါ်ငြူစူခြင်းမရှိပဲအဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့မိန်းမတစ်ယောက်ကိုလည်း အံ့ဩစရာမြင်ရမှာပါ။ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးရင်းA hidden lifeဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိပဲပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာမတွေးရဲအောင်ပါပဲ။ဒီလိုကားမျိုးတွေကိုလူကြိုက်များမှာမဟုတ်မှန်းသိပေမယ့်ဒရမ်မာကားကောင်းတွေကို ရင်နဲ့ခံစားကြည့်ရှုသူတွေအတွက်တော့ဇာတ်ကားကောင်းတစ်ကားဆိုတာ အသေအချာပါပဲ။ File Size : ( 2 GB ...
movie

A Hidden Life (2019)

The Captain (2017) 7.4
The Captain (2017) The Captain (2017) ဒီဂျာမန်ကားလေးကတော့ 2017 ကထွက်ရှိလာတဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။Rating တွေအနေနဲ့လဲ Imdb Rating 7.4/10 Rotten Tomatoes 86 တောင်ရရှိထားတာပါ။ဂျာမနီရုပ်ရှင်လောကမှာBest Feature Film, Best Supporting Actor, Best Score, Best Editingစတဲ့ဆုလေးဆုလောက် ဆန်ကာတင်ဝင်ထားတဲ့ကားလေးပါ။အဖြူအမည်းနဲ့ရိုက်ထားတဲ့ ဒီကားလေးဟာ ဒုတိယကမ္ဘာစစ်ကပုံရိပ်တစ်ခုကိုပီပီပြင်ပြင်သရုပ်ဖော်ထားသလိုပါပဲ။စစ်ကားကြိုက်တဲ့ ပရိသတ်ကြီးအဖို့တော့ တော်တော်လေးအကြိုက်တွေ့မှာပါလို့ပြောချင်ပါတယ်။ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုလဲ တင်ပြပါဦးမယ်။စစ်ပွဲကြီးပြီးကာနီး နှစ်ပတ်အလိုမှာစစ်ပွဲကနေစစ်သားတွေအများအပြားထွက်ပြေးကြပါတယ်။နောက်ကလိုက်ဖမ်းသူတွေ ထွက်ပြေးသူတွေ သုတ်သင်ပစ်သူတွေနဲ့ငရဲပွက်နေချိန်မှာ တပ်သားလေးတစ်ဦးဟာဗိုလ်ကြီး ယူနီဖောင်းတစ်စုံကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။အဲဒီမှာ ဇာတ်လမ်းကစပါတော့တယ်။ဗိုလ်ကြီး ဟာရိုးဆိုတဲ့နာမည်နဲ့ဗိုလ်ကြီးအယောင်ဆောင်ထားတဲ့ တပ်သားလေးဟာဘယ်လိုဆက်ရှင်သန်မလဲ?တပ်ပြေးမှန်းသိရင် ခြွင်းချက်မရှိ သတ်ပစ်မယ့်အခြေအနေတစ်ခုမှာသူဘာဆက်လုပ်မလဲ?စတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားစွာကြည့်ရှူရမယ့်ကားကောင်းလေးပါ။စိတ်လှုပ်ရှားစရာ ဖြစ်ရပ်မှန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီး အတွက်The Captain (2017)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File ...
movie

The Captain (2017)

2017
The Zookeeper’s Wife (2017) 7.0
The Zookeeper’s Wife (2017)  ဒီဇာတ်ကားက စစ်ကားကြိုက်တဲ့ ရုပ်ရှင်ကြည့် ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။၁၉၃၉ခုနှစ် ပိုလန်ကအကြောင်းကို အခြေပြုရိုက်ထားတာပါ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့အန်တိုနီနာ ဇဘင်စကီရဲ့ ဂရုစိုက်မှု နဲ့ သူမယောကျာ်း ဂျန် ဇဘင်စကီရဲ့  ဦးဆောင်မှုကြောင့် ၀ါစော်တိရစ္ဆာန်ရုံဟာ များစွာကာင်းမွန်လာခဲ့ပါတယ်။ဒါပေမယ့် နာဇီတွေ ပိုလန်နိုင်ငံကို ကျူးကျော်လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ နာဇီတွေရဲ့ တိရစ္ဆာန်ဗေဒပညာရှင် လုဇ်ဟက်နဲ့ အလုပ် တူတူတွဲလုပ်ဖို့ ဖိအားပေးခံရပါတော့တယ်။ဇဘင်စကီလင်မယားက တော်လှန်ရေးအဖွဲ့နဲ့ စတင်ပူးပေါင်းပြီး ၀ါစော်ဂတ်တိုမြို့ကနေ ရာပေါင်းများစွာသော ဂျူးတွေကို ဘယ်လို အစီအစဉ်ချပြီး ကယ်တင်မလဲ။နာဇီတွေရဲ့ မျက်စိရှေ့မှာ ဘယ်လိုလှည့်စားပြီး ၀ှက်ထားမလဲဆိုတာကတော့………….တစ်ကယ်ကို ၀မ်းနည်းစရာ စိတ်လှုပ်ရှားစရာ ဥာဏ်ကွန့်မြူးစရာ ကြည့်ရမယ့် ဇာတ်လမ်းကောင်းလို့ ညွှန်းပါရစေ  (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ အဉ္ဇလီ သန်းထိုက် ပါ)  File Size : (850 MB) and (360 MB) Quality : ...
movie

The Zookeeper’s Wife (2017)

2017