Channel Myanmar

Wally Dunn

The Good Shepherd (2006) 6.7
The Good Shepherd (2006)  Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

The Good Shepherd (2006)

The Bounty Hunter(2010) 5.7
The Bounty Hunter(2010)  ဒီတစ်ခေါက်မှာတော့ အချစ်နဲ့အက်ရှင်ရောစပ်ထားတဲ့ တစ်ကားလုံးခွီနေရမဲ့ Rom-com လေးတစ်ပုဒ်ကိုမိတ်ဆက်ပေးပါရစေ။အဓိကသရုပ်ဆောင်တွေအဖြစ်နဲ့ 300 မင်းသားကြီး Gerard Bulter ၊မင်းသမီးချော Jennifer Aniston တို့ပါဝင်သရုပ်ဆောင်ထားပြီး Jason Sudeikis နဲ့ မင်းသမီးကြီး Christine Baranski တို့ကအားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့မိုင်လိုဟာရဲဝန်ထမ်းဟောင်းတစ်ဉီးဖြစ်ပြီးတော့ မကြာသေးခင်ကမှမိန်းမနဲ့ကွဲပြီးအရက်သောက်ကွဲပြဲကာတပ်ဖွဲ့မှအထုတ်ခံလိုက်ပါတယ်။ထို့ပြင်သူကလောင်းကစားလည်းအတော်လုပ်တတ်တဲ့သူဖြစ်ပြီး ရှုံးကြွေးတွေတင်နေလို့အကြွေးရှင်တွေလိုက်ဖမ်းတာကိုခံနေရပါတယ်။အဲ့လိုနဲ့တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ကြေးစားလူဆိုးဖမ်းပေးတဲ့ကုမ္ပဏီကနေစာချုပ်တစ်ခုကိုရလိုက်ပါတယ်။အဲ့တာကတော့ ယာဉ်ကြောစည်းကမ်းဖျက်မှုမှာ အာမခံရုံးချိန်းကိုရောက်မလာတဲ့ သူ့မိန်းမဟောင်းဖြစ်တဲ့ သတင်းသမားနစ်ကိုးလ်ကိုဖမ်းခေါ်လာခဲ့ဖို့ပါ။အကြွေးထူနေတာတွေကြောင့်ရော လောလောဆယ်ပိုက်ဆံလိုနေတဲ့မိုင်လိုကစာချုပ်ကိုလက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့ နစ်ကိုးလ်ဟာသေကြောင်းကြံမှုတစ်ခုအကြောင်းကိုစုံစမ်းရင်း ထိုအမှုဟာရိုးရိုးမတော်တဆမှုမဟုတ်မှန်းသံသယဖြစ်စရာတွေပေါ်လာတဲ့အလျောက် လူသိမများခင်တစ်ဉီးတည်းတစ်ကိုယ်တော်စုံစမ်းနေတာပါ။သူ့ ex လိုက်ဖမ်းတာခံရတဲ့အခါမှာတော့ နှစ်ယောက်သားဖမ်းမိရင်းလွတ်အောင်ပြေးရင်းနဲ့ အလွဲဟာသပေါင်းစုံကိုတွေ့မြင်ရမှာပါ။အမှုနောက်ကိုလိုက်ရင်းကလည်း တဖြည်းဖြည်းဝင်ပါလာမိတဲ့အခါမကျေနပ်တဲ့ဆိုင်ရာသူတွေက နစ်ခ်ကိုသတ်ဖို့ကြိုးပမ်းပါတော့တယ်။အဲ့လိုနဲ့နှစ်ယောက်သားရဲ့ခရီးစဉ်က အသက်အန္တရာယ်ကလွတ်အောင်အတူကြိုးပမ်းကြရတဲ့ဆီကိုရောက်လာပါတော့တယ်။တစ်ဖက်မှာလည်းမိုင်လိုရဲ့အကြွေးရှင်တွေက သူ့ကိုဖမ်းမိဖို့အသည်းအသန်လိုက်လာကြပါတယ်။ထိုဗရုတ်သုတ်ခနှစ်ခုကြား သူတို့အဆက်ဟောင်းနှစ်ဉီးပြဿနာတွေရင်ဆိုင်ရင်း မေတ္တာတွေကျန်ရှိနေကြတုန်းပဲဆိုတာသိလိုက်ရပါတယ်။အန္တရာယ်ကြားက အိမ်ထောင်ရေးကိုပြင်ဆင်ဖို့ဒုတိယအခွင့်အရေးကို ပိုင်နိုင်စွာအသုံးချသွားကြမလားဆိုတာကိုတော့ ဒီကားလေးကိုဆက်လက်ကြည့်ရှုရင်းအဖြေရှာလိုက်ကြပါစို့။ Box office မှာလည်း တော်တော်လေးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.05 GB/ 806.1 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 50m Genre ..... Action , Comedy ...
movie

The Bounty Hunter(2010)

School of Rock(2003) 7.1
School of Rock(2003) ဂီတကိုရူးသွပ်တဲ့လူတစ်ယောက်....သူ့မှာ တီးကွက်ခပ်လှလှ သီချင်းစာသား ခပ်ရွရွတွေရှိပေမယ့် ကံတရားကြောင့်ပဲလား သူ့ရဲ့နေထိုင်မှုပုံစံကြောင့်ပဲလား မသိ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့နေနေသာ အိမ်လခတောင်ပေးဖို့အနိုင်နိုင်....ကံကဆက်ဆိုးချင်တော့ တီးဝိုင်းအဖွဲ့ကလည်း သူ့ကို ထုတ်ပစ်လိုက်တယ်....လေလွင့်နေတဲ့သူဟာ အစားထိုးစာသင်ဖို့ကျောင်းဆရာအဖြစ်နဲ့လုပ်ရဖို့အကြောင်းဖန်လာတယ်...ကျောင်းရောက်တော့ .ကျောင်းသားကျောင်းသူတွေကိုသူတတ်တဲ့ဂီတပညာတွေသင်ပေးမိတယ် ဒီလိုနဲ့ ပါရီမီရှိတဲ့ကလေးတွေနဲ့သူ ဂီတပြိုင်ပွဲတစ်ခုအတွက် ကျောင်းမှာကြိုးစားလေကျင်ရင်း ပြင်ဆင်ကြတယ်....ဒီကားကိုကြည့်မိတော့ ခေါင်းဆောင်မင်းသား (Jack black)က ဂစ်တာတီးဟန် သီချင်းဆိုဟန်တွေကိုသတိထားမိတယ် .....ပြီးတော့ ကလေးတွေ ဒရမ်သမား ဂစ်တာသမား ဟာမိုနီသမားကောင်မလေးတွေ..ကီးဘုတ်တီးတဲ့သူ ....အားလုံးဟာ အပြင်မှာတကယ်တီးနေ ဆိုနေတာကိုရိုက်ထားသလားမှတ်နေရတယ်...ဒါကြောင့် school of rockဇာတ်ကားအကြောင်းနည်းနည်းစုံစမ်းကြည့်တော့  သရုပ်ဆောင်တွေအကုန်လုံးက အခုလက်ရှိအပြင်မှာလည်း Band တွေမှာနာမည်ရနေတဲ့လူငယ်လေးတွေပါတဲ့..ပြီးတော့the school of rockထဲကမှာသရုပ်ဆောင်ခဲ့တဲ့အတိုင်း အပြင်မှာ အတီးအဆိုနဲ့အောင်မြင်နေတဲ့သူတွေဖြစ်ပါတယ် ပြီးတော့ ခေါင်းဆောင်မင်းသား Jack Black ကအပြင်မှာလည်း ဂစ်တာစကေးကြီးဗျ...ကိုင်း   ဇာတ်လမ်းလန်းလန်းလေးနဲ့မြူးမြူးကြွကြွသချင်းလေးတွေခံစားချင်ရင်တော့.....IMDbကလည်း 7.1ဆိုတော့ ထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ်..... File Size…(885MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:48:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Subtitle by ...Honest Abe
movie

School of Rock(2003)

2003