Channel Myanmar

Walter Breaux

In the Electric Mist (2009) 6.1
In the Electric Mist (2009)  Man In Black ကားတွေထဲက အေးဂျင့်ကေ အဖြစ်ပါဝင်ထားတဲ့ မင်းသားကြီး Tommy Lee Jonesရဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူစီယားနားပြည်နယ် နယူးအိုင်ဘီရီးယားမြို့မှာ အရမ်းလှပတဲ့ အသက်19 နှစ်အရွယ်ပြည့်တန်ကောင်မလေးတစ်ယောက်ရက်ရက်စက်အသတ်ခံခဲ့ရတယ် ထိုလူသတ်မှုကို စုံထောက်ကြီးရော်ဘီချော့တစ်ယောက် ကိုင်တွယ်စုံစမ်းရပါတော့တယ် ထိုအမှုကိုစုံစမ်းရင်းမှ နောက်ထပ်အမှုတွေ တစ်စတစ်စပေါ်ထွက်လာခဲ့တယ် ထိုအမှူတွေနဲ့ပက်သက်နေသူမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဘယ်လ်ဘွန်နီ(ဘေဘီဖိ) လို့သံသယဝင်လာပြီး သူ့ကိုစောင့်ကြည့်စုံစမ်းနေခဲ့ပါတယ်ထို့နောက် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အဲလ်ရော့ဆိုက်ဟာလည်း ရိုက်ကွင်းတစ်ခုကနေ အလောင်းတစ်ခုတွေ့ရှိခဲ့တာကြောင့် ရော်ဘီချော့ထံ သတင်းပို့ပြောပြခဲ့ပါတယ် စုံထောက်ကြီးရော်ဘီချော့တစ်ယောက် အမှုမှန်ပေါ်အောင်စုံစမ်းနေရင်း သူ့အတွက် အသက်အန္တရာယ်နဲ့ပါကြုံတွေ့လာရပါတယ်နောက်တော့ ဒီထပ်ပိုဆိုးလာပြီး သူ့မိသားစုကိုပါ ခြိမ်းခြောက်လာမှုကြုံတွေ့ရတဲ့အခါ စုံထောက်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲ အမှုမှန်ရောပေါ်ပေါက်ပါ့မလား...... ဘယ်သူက ဒီအမှုတွေရဲ့ တရားခံဖြစ်နေတာလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာပါ..... File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Thriller, Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

In the Electric Mist (2009)

A Love Song for Bobby Long (2004) 7.1
A Love Song for Bobby Long (2004) A Love Song for Bobby Long (2004)ဘဝမှာ ဆုံးဖြတ်ချက်တစ်ခုကြောင့် အရာအားလုံးက ပြောင်းလဲသွားနိုင်ပါတယ်။ ဘဝတွေ ဆုံးရှုံး ပျက်စီးရနိုင်သလို ဘဝတွေကို ပျော်ရွင် သာယာမှုတွေပေးနိုင်ပါတယ်။ ဘော်ဘီလောင်းဟာ ပရော်ဖက်ဆာဟောင်းတစ်ယောက်၊ သူ့ရဲ့လက်ထောက်ဆရာတစ်ယောက်နဲ့ နယူးအော်လန်ကို ရောက်လာကြတဲ့အချိန်မှာ အဆိုတော်မလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ကြတယ်။ တနေ့ သူမဆုံးသွားတော့ သူမပိုင်တဲ့အိမ်ကို သူမရဲ့သမီးကိုပေးပြီး ဘော်ဘီတို့နဲ့အတူ တစ်နှစ်နေရမှာပါ။ ဒါပြီးမှပဲ အကုန်ပိုင်ဆိုင်ခွင့်ရမှာပါ။ရောက်လာတဲ့ ထောင့်မကျိုးတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ ပညာတတ်ဘဝကို အရွဲ့တိုက်နေတဲ့ ဘော်ဘီလောင်းတို့ ထိပ်တိုက်တွေ့ကြပြီး ကမောက်ကမတွေဖြစ်၊ ဘော်ဘီတို့က ဘာလို့နယူးအော်လန်ကိုရောက်လာသလဲ ကောင်မလေးရဲ့ အမေနဲ့ဘယ်လိုပတ်သက်ခဲ့ကြလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပြီးတော့ နယူးအော်လန် ရောက်သွားသလို ခံစားရမဲ့ ဇာတ်ကားလေးဖြစ်ပြီး သီချင်းလေးတွေကလဲကောင်းပါတယ်။ဒါ့အပြင် စကားလက်ဂျိုဟန်ဆန်ရဲ့ ငယ်ရွယ်တဲ့ အလှကိုမြင်ရမှာဖြစ်ပြီး ဘော်ဘီအဖြစ် မင်းသားကြီး ဂျွန်ထရာဗိုတာက သရုပ်ဆောင်ပေးထားပါတယ်။Rating ကလဲ 7.1 အထိရထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်သလို " ...
movie

A Love Song for Bobby Long (2004)

2004
JFK(1991) 8.0
JFK(1991) JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း  ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone  ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie

JFK(1991)