Channel Myanmar

Wan Hanafi Su

Polis Evo (2015) 6.7
Polis Evo (2015) Polis Evo 1 (2015) IMDb - 6.7/10အကောင်းဆုံး မလေးရှားရုပ်ရှင်တွေဆိုပြီး ရှာကြည့်လိုက်ရင် ဒီရုပ်ရှင်ကို အဆင့်တစ်ဆယ်အတွင်းမှာ ရပ်တည်နေတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၈မှာ Polis Evo 2၊ ၂၀၂၃မှာ Polis Evo 3 ဆိုပြီး နောက်ဆက်တွဲရုပ်ရှင်တွေထိ အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်ဆုပေးပွဲဆန်ခါတင်စာရင်း ဆယ်ခုမှာပါပြီး ဆုသုံးဆုရခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်တယ်။ Will Smithတို့ရဲ့ Bad Boysရုပ်ရှင်တွေကို မလေးဗားရှင်းနဲ့ ကြည့်နေရသလို အခွီတွေ အက်ရှင်အမိုက်စားတွေနဲ့ ခံစားရမှာပါ။တီရန်ဂါနူဆိုတဲ့ နယ်မြို့လေးမှာ ကျောင်းဆရာအဘိုးကြီးတစ်ယောက် ဆုံးသွားတယ်။ အစက ဒီအတိုင်း ကားတိုက်ပြေးတဲ့အမှုလို့ထင်ပေမဲ့ တကယ်တမ်းကျ အဘိုးကြီးက ၉၇ရာခိုင်နှုန်းအထိ သန့်စင်တဲ့ မူးယစ်ဆေးချက်တဲ့ဘဲကြီး ဖြစ်နေရော။ ဒီမှာပဲ တီရန်ဂါနူရဲ့ အင်စပက်တာကြီး ဆာနီတစ်ယောက် စုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအမှုကို စုံစမ်းဖို့ ကွာလာလမ်ပူက ကြမ်းပေ့ဆိုတဲ့ အင်စပက်တာကိုင်ကို ဆာနီရဲ့တွဲဖက်အဖြစ်နဲ့ ပို့လိုက်တဲ့အခါမှာတော့...။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Comedy, Crime Quality…. 1080p | 720p File size…  2.2GB | ...
movie

Polis Evo (2015)

2015
War On Terror: KL Anarchy (2023) 6.7
War On Terror: KL Anarchy (2023) War on Terror : KL Anarchy (2023)နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ... ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ...
movie

War On Terror: KL Anarchy (2023)

2023
Mat Kilau (2022) 5.6
Mat Kilau (2022) IMDb 5.6 အထိရရှိထားတဲ့မလေးရှားအက်ရှင် ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး ဗြိတိသျှတွေနယ်ချဲ့ခံနေရတဲ့မလေးလူမျိုးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ကတော့ မက်ကီလူဆိုတဲ့မလေးစစ်သည်တစ်ယောက်ဖြစ်ပြီးဗြိတိသျှတွေကိုဆန့်ကျင်တဲ့နေရာမှာ သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့မလေးကျွန်းငယ်လေးတစ်ခုကိုနယ်ချဲ့တွေကမလိမ့်တပတ်နဲ့လာအုပ်စိုးနေပြီးမက်ကီလူတို့စစ်သည်တွေကနယ်ချဲ့တွေကိုပြန်တော်လှန်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ အကြီးအကဲတွေနဲ့ရွာသားတော်တော်များများကသက်သာရာမှာနေချင်ကြပေမဲ့မက်ကီလူတို့ကတော့နယ်ချဲ့လက်အောက်ကကျွန် မဖြစ်ချင်တာကြောင့်ရရာလက်နက်စွဲကိုင်ပြီးတိုက်ခိုက်ကြပါတော့တယ် ဘာသာတရားရဲ့အဆုံးအမတွေနဲ့သစ္စာတရားကိုအခြေခံထားတဲ့မက်ကီလူတို့လူမျိုးတွေကနယ်ချဲ့တွေကိုမောင်းထုတ်နိုင်ပါ့မလား မမျှတတဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Mat Kilau (2022)

PULAU (2023)
PULAU (2023) PULAU (2023)**************သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကိုအလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်းလူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့....။ခက်တို့က လူငယ်တွေပီပီ စူးစမ်းသွားကြည့်ချင်ပေမယ့် လှေဆရာကြီးကလိုက်မပို့ရဲတာနဲ့မရောက်ဖြစ်ခဲ့ဘူး...။ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်...။လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး....။ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီကျိန်စာသင့်လူသူမဲ့ကျွန်းမှာတစ်ညသွားအိပ်ရပါတော့တယ်...။မလေးရှားသရဲကားဖြစ်လို့ ကြောက်ဖို့မကောင်းမှာ မပူရတဲ့အပြင်သရုပ်ဆောင်လူငယ်တွေကလည်းအဆင်တွေချည်းပါ။ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့....။File Size : 2.36GB,1009MB Quality : WEB-DL 1080P,720p Format : mp4 Duration : 01:51:00 Genre : Horror, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Tiff
movie

PULAU (2023)

Apprentice (2016) 6.6
Apprentice (2016)  ရုပ်ရှင်နာမည်က Apprentice တဲ့ ...Apprentice ဆိုတာခပ်လွယ်လွယ်ဘာသာပြန်ရင် အလုပ်သင် လို့ ဆိုသော်ငြား အတိအကျပြောရရင်ရှုပ်တယ်ဗျ။ ကျွန်တော်ပဲဝေါဟာရဆင်းရဲတာလားတော့ မသိဘူး။ ဥပမာပေးရရင် ကားဝပ်ရှော့က ကောင်လေးတွေကို Apprentice လို့ခေါ်လို့ရမယ်။ ပညာသင်အလုပ်သမားပုံစံ ... ဆရာက ပညာသင်ပေးရတဲ့အတွက် လစာတော့ လျှော့ပေးထားတာမျိုးပေါ့ .. ဟီး ... A person who is learning a trade from a skilled employer, having agreed to work for a fixed period at low wages ဆိုတဲ့ဖွင့်ဆိုချက်ကပဲ ပိုထိရောက်မယ်ထင်တယ်။Apprentice က စင်္ကာပူ/မလေးရှားရုပ်ရှင်ပါ။ စင်္ကာပူ/မလေးရုပ်ရှင်တွေကိုအထင်မကြီးတဲ့အတွက် တခါမှမကြည့်ဖူးဘူး။ ကိန်းရုပ်ရှင်ပွဲတော်အထိတက်ရောက်အောင်မြင်ခဲ့သလို၊ ဆီလိုအပြစ်ရှာပြောတတ်တဲ့ ဟောလိဝုဒ် ဝေဖန်ရေးသမားတွေကပါ မှတ်ချက်ကောင်းကောင်းတွေပေးထားတာဆိုတော့ ကြည့်ဖြစ်လိုက်တယ်။ဇာတ်လမ်းက ရှင်းလွန်းတယ်။ စစ်သားတစ်ယောက် တပ်မတော်နဲ့ စာချုပ်ပြည့်ပြီးအပြင်ထွက်လာတဲ့အချိန်မှာ ထောင်ကိုအလုပ်ဝင်လျှောက်တော့ အလုပ်ရတယ်။ အဲဒီထောင်မှာ သေဒဏ်ကျအပြစ်သားတွေကို ...
movie

Apprentice (2016)

2016