Channel Myanmar

Wang Ruizi

Fraud Crackdown : Unknown Caller ( 2018 ) 5.7
Fraud Crackdown : Unknown Caller ( 2018 ) တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဒုစရိုက်သမားတွေအတွက် ဒုစရိုက်လုပ်ဖို့ နည်းလမ်းတွေလည်း များလာပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဖုန်းနဲ့ လိမ်လည်မှုတွေကို အဓိကထားပြီး ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ဖုန်းနဲ့လိမ်လည်တဲ့ ဒုစရိုက်အဖွဲ့ဝင် လေရှောင်ကျွင်းတစ်ယောက် မနက်စာသွားဝယ်နေတဲ့အချိန်မှာ ရဲတွေ အဖွဲ့ကို ဝင်ဖမ်းသွားတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး လွှတ်မြောက်သွားခဲ့ပါတယ်။ ထို့နောက် သူဟာ နောက်ထပ် လူ ၂ ယောက်နဲ့ ပူးပေါင်းပြီး သူ့ကိုယ်သူ "ဆယ်သိန်းအရင်ရှာဖို့" ဆိုပြီး ဦးတည်ချက်ထားခဲ့ပါတယ်။ဒါပေမယ့် ကံဆိုးတဲ့ လေရှောင်ကျွင်းတစ်ယောက်ဟာ သူနဲ့ပူးပေါင်းသူအားလုံး ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ လမ်းပျောက်နေတဲ့ လေရှောင်ကျွင်းတစ်ယောက် အန္တရာယ်တွေ ကြားထဲက ညသန်ခေါင်အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီး "ဟုန်လုံ" ရဲ့ ကိရိယာတွေနဲ့ အချက်အလက်တွေကို ခိုးယူပြီး လိမ်လည်မှုလုပ်ငန်းကို ပြန်လည်ထူထောင်ချင်နေပါတယ်။သူမသိတာက ပင်းဟိုင်ရဲ့ လိမ်လည်မှုဆန့်ကျင်ရေးရဲတပ်ဖွဲ့က လေရှောင်ကျွင်းရဲ့ အမှားတစ်ခုကြောင့် "ဟုန်လုံ" ကုမ္ပဏီရဲ့တည်နေရာကို သိသွားပြီး တစ်ချက်တည်း အပိုင်သိမ်းဖမ်းဆီးသွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း လေရှောင်ကျွင်းတစ်ယောက် ကံကောင်းစွာနဲ့ လွှတ်မြောက်သွားခဲ့ပါတယ်။လက်ထဲရောက်လာတဲ့ ငွေတွေကို တစ်ကိုယ်တည်း အပိုင်ယူချင်တဲ့အတွက် လေရှောင်ကျွင်းတစ်ယောက် သူ့အဖွဲ့သားတွေကို သတ်ဖို့ဆုံးဖြတ်လိုက်သောအခါ...... လောဘစိတ်တစ်ခု မထိန်းချုပ်နိုင်တာနဲ့ လူ့အသက်အများအပြား ဆုံးရှုံးနိုင်ကြောင်း ...... ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : ...
movie

Fraud Crackdown : Unknown Caller ( 2018 )

Switch (2013)
Switch (2013) Action, Crime, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသား Andy Lau က အေးဂျင့်ဖိုက်တာတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။သိပ္ပံနည်းနည်းဆန်တဲ့တရုတ်အက်ရှင်ကားလေးတွေအများစုကပေါသလိုလိုဖြစ်သွားတတ်တယ်ဗျ။ ဒါပေမဲ့အခုကားလေးကိုတော့မပေါဘူးလို့မထင်ပါနဲ့၊ အခုကားလေးလည်းပေါတာပဲ။ ဒါပေမဲ့ပေါပေမဲ့တော်တော်ကြည့်‌လို့ကောင်းနေတာဆိုတော့ ပေါကောင်းလေးပေါ့။ဒါပေမဲ့ပေါတယ်ဆိုတာကနိုင်ငံတကာပရိသတ်ရဲ့အမြင်မှာပေါနေတာမျိုး‌ပေါ့ဗျာ၊ ထောက်ပြစရာလစ်ဟာတာတွေ၊ ဟိုဟာတွေ ဒီဟာတွေ ဘာညာကွိကွ ဘလာဘလာဆိုပြီး ပေါကားလို့သတ်မှတ်ခံရတာမျိုးပေါ့။ ဒါပေမဲ့ကြည့်လိုက်လို့အရမ်းကြီးငါ့အချိန်တွေသက်သက်ဖြုန်းလိုက်ရတယ်ဆိုတာမျိုးတော့မဖြစ်မယ့်ကားကောင်းလေးပါ။ နိုင်ငံကြီးသုံးနိုင်ငံပေါင်းကားဆိုတော့ ဗြိတိသျှရော တရုတ်ရော ဂျပန်ရောက စကီလန်းလန်းလေးတွေကိုကြည့်ရမယ်၊ ပိုပြီးကျစ်လျစ်အောင်လုပ်ရင်‌ရှယ်ကောင်းမယ့်ဇာတ်ကွက်ရှိနေတာရယ် အထဲက CGI တွေက ၂၀၁၃ နဲ့ဆိုအရမ်းကြီးမဆိုးနေတာရယ်ကတော့ ဒီကားလေးကို အဓိကကြည့်ပျော်ရှုပျော်ဖြစ်စေတဲ့အချက်ပါပဲ။အက်ရှင်ကားဆိုတဲ့အတိုင်း အက်ရှင်ကတော့ တကယ်အပြည့်အဝကိုပါတာပါ၊ အာရှမျက်စိနဲ့ဆိုကြည့်လို့တကယ်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုးဒဏ္ဍာရီတည်းကနှစ်ပိုင်းကွဲနေတာကြာပြီဖြစ်တဲ့ ပန်းချီကားတစ်ကားရဲ့အပိုင်း ၂ ပိုင်းကို သူပြိုင်ကိုယ်နိုင်အပြိုင်လုကြမယ့် ဗြိတိသျှ၊ တရုတ်၊ ဂျပန်‌သုံးနိုင်ငံပေါင်းကားလေးဖြစ်ပြီး ဒီထဲကအဓိကအေးဂျင့် ရှောင်ဂျင်ဟန်ရဲ့အက်ရှင်ကြမ်းကြမ်းတွေ တရုတ်၊ ဂျပန်၊ အင်္ဂလန်ဂျက်မတွေရဲ့ အက်ရှင်‌ကောင်းကောင်းတွေကို အာရှမျက်စိလေးနဲ့ခံစားဖို့ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Switch ဆိုတဲ့အက်ရှင်ကားကောင်းလေးကိုညွှန်းလိုက်ရပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p ...
movie

Switch (2013)

2013