Channel Myanmar

Ward Horton

Which Brings Me to You (2024) 5.6
Which Brings Me to You (2024)  အားလုံးပဲ ဘဝမှာ တစ်ချိန်တစ်ခါက ကိုယ်စီအချစ်ဇာတ်လမ်းလေးတွေရှိကြမှာပါ...။အဲ့ဒီအချစ်ဇာတ်လမ်းလေးတွေကို ပြန်တွေးကြည့်လိုက်ရင်ရသတစ်မျိုးစီ၊ အ‌ရောင်တစ်မျိုးစီ နှလုံးသားနဲ့ချီပြီး ခံစားကြရတယ်မလား။နှလုံးသားမှာ ဒီလိုပုံပြင်လေးတွေ၊ အရောင်လေးတွေများလာရင်မွန်းကြပ်လာရပြီး ထပ်ချစ်မိဖို့ နောက်ထပ်အချစ်တစ်ခုအစပြုဖို့လည်းစိုးထိတ်သွားရလေ့ရှိတယ်တဲ့။ထပ်ချစ်ဖို့မကြိုးစားတော့ဘဲ သွေးသားဆန္ဒကိုသာဦးစားပေးတတ်သူတွေ ဖြစ်သွားတတ်တာပေါ့၊ ဒီလိုအချိန်မှာ အကောင်းဆုံးနည်းလမ်းကအရင်ကဇာတ်လမ်းလေးတွေဆီကို တစ်ခေါက်ဆီအလည်သွားပြီးတစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားဖို့ပါပဲ..။အခုဇာတ်လမ်းလေးဟာ ဒီလိုဇာတ်လမ်းလေးပါပဲ။ဝီလ်နဲ့ ဂျိန်းဟာ မင်္ဂလာဆောင်တစ်ခုမှ စတွေ့ခဲ့ရတဲ့သူစိမ်းတွေပေါ့...။တွေ့တွေ့ချင်းမှာပဲ အဝတ်လဲခန်းထဲသွားပြီး ချစ်ကြည်နူးဖို့သာစိတ်ကူးမိကြပါသတဲ့။သို့ပေမဲ့ ရှေးဟောင်းနှောင်းဖြစ်အချစ်ဒဏ်ရာလေးတွေကို ပြန်ပြောမိရင်းကတစ်ယောက်နဲ့တစ်ယောက် တကယ်စိတ်ဝင်စားလာတဲ့အခါမှာတော့....အရင်အချိန်တွေကို တစ်ခါပြန်အောင့်မေ့ရတဲ့အချစ်ဇာတ်လမ်းမျိုးကိုမှသဘောကျရင် ဒီကားလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ...။ File size…1.48 GB / 639 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Which Brings Me to You (2024)

Annabelle: Creation (2017) 6.9
Annabelle: Creation (2017) ၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီးအခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်းကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီးဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက်အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်းအန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကိုယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီးမိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့်ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလိုလှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ဂျန်နစ္စက ယာတောအိမ်ကြီးကပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေမိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။နောက်တော့ တစ်ယောက်ပြီးတစ်ယောက်အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်ကဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ ...
movie

Annabelle: Creation (2017)

2017
4K HEVC
Annabelle (2014) 5.4
Annabelle (2014) 2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ2014 မှာဒီဇာတ်ကားထွက်လာပါတယ်..သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူးCM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်..မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ.အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီးသရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေအတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ...ကြောက်တတ်သူများ..နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ..တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ  File size…  2.41 GB / 1.06 GB /  534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing
movie

Annabelle (2014)

2014
4K HEVC
The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie

The Wolf of Wall Street (2013)

2013
4K HEVCHDR
Midnighters (2018) 5.3
Midnighters (2018)   2018 ခုနှစ်​ထွက်​ Midnighters ဆိုတဲ့ Horror ကား​လေးတစ်​ကားနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်​ ဇာတ်​ကား​လေးက သဲထိပ်​ရင်​ဖို ကြိုက်​တဲ့ပရိတ်​သတ်​​တွေအကြိုက်​​တွေ့မယ့်​ပုံ​လေးပါ ဇာတ်​လမ်း အကျဉ်း​လေးက​တော့ ညသန်း​ခေါင်​ယံ နှစ်​သစ်​ကူးညမှာယုံကြည်​မှုအားလုံးရဲ့ ဘ၀တစ်​ခုဟာ စတင်​ပါတယ်​ ဂျက်​ဖ်​ နဲ့ လင်​​ဆေးဟာ လင်​မယား ​တွေပါ တစ်​ရက်​မှာ သူတို့ဟာ စမ်းသပ်​မှုတစ်​ခုကို လုပ်​ခဲ့ကြပြီး​တော့ သူတို့မထင်​မှတ်​ထားတဲ့ မှုခင်းတစ်​ခုကို ကျူးလွန်​မိသွားပါတယ်​ ဒီလင်​မယား သူတို့ကျူးလွန်​လိုက်​တဲ့ပြစ်​မှုကို ဘယ်​လိုဖုံးကွယ်​မှာလဲ ပြီး​တော့ ဘယ်​လို​တွေဆက်​ဖြစ်​ကြမှာလဲဆိုတာကို​တော့ ပရိတ်​သတ်​ ကြီးကကြည့်​ကြရမှာပါ ?Qty - 720p Web DLDuration - 1hr 45minGern - Horror/Crime/ThrillTranslator - Myo Thant KyawEncoder - Kyaw Ye Aung
movie

Midnighters (2018)

2017