Channel Myanmar

Wayne Knight

Rat Race (2001) 6.5
Rat Race (2001) 90's born တော်တော်များများ ငယ်ငယ်တုန်းကကြည့်ဖူးခဲ့ကြမယ့် Rat Race ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာ တကယ့်ဒိတ်ဒိတ်ကြဲ ဟာသသရုပ်ဆောင်များစွာပါ၀င်ထားပြီးတစ်ကားလုံး မနားတမ်းကို ရယ်နေရတာမို့ စိတ်ပင်ပန်းမပျော်ရွှင်‌နေသူတွေ၊ comedy ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်က ကာစီနိုကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်နယ်ဆင်ကလဲ ဟာလောင်းကစားလုပ်ဖို့အကြံကြီးကြီးတစ်ခု ရလိုက်ပါတယ်။တိရစ္ဆာန်ပြိုင်ပွဲတွေလောင်းရတာရိုးလာလို့ သူတို့ထက်ပိုပြီးဉာဏ်ကောင်း၊ ကောက်ကျစ်၊ ယုတ်မာနိုင်တဲ့ လူသားတွေကို ပြိုင်ခိုင်းဖို့ပါ။ ဒီအတွက် သူ့ကာစီနိုထဲမှာ ဆန်ကာတင်ရွေးချယ်ဖို့ အကြွေစေ့တွေ ထည့်ထားပေးပြီးသူတို့ထဲကမှ အနိုင်ရရှိသူကို ဒေါ်လာ၂သန်းဆုငွေမက်လုံးပေးထားပါတယ်။ပြိုင်ပွဲ၀င်တွေလည်း အင်မတန်များပြားတဲ့မက်လုံးကြောင့် ပြိုင်ပွဲကို၀င်ပြိုင်ဖြစ်ကြပြီးသူဌေးဒေါ်နယ်နဲ့ သူ့အပေါင်းအပါတွေကတော့အနိုင်ရရှိသူကို ခန့်မှန်းရင်း လောင်းကစားလုပ်ကြမှာဖြစ်ပါတယ်။ ဒီလိုလူလူချင်း ဂုတ်ခွနင်းနဲ့ကိစ္စကြီးဟာ အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲ။ပြိုင်ပွဲ၀င်တွေထဲ ဘယ်သူက ဒေါ်လာ၂သန်းပိုင်ဆိုင်သွားမလဲဆိုတာကိုရယ်ရင်းမောရင်းကြည့်ရှုရမှာဖြစ်တာကြောင့်ကြည့်မိလို့ နောင်တမရစေမယ့် old school comedy လေးတစ်ကားလို့ ညွှန်းပေးလိုက်ပါတယ်။  File size…    1.4 GB /  785 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h ...
movie

Rat Race (2001)

2001
Hail, Caesar! (2016) 6.3
Hail, Caesar! (2016) ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie

Hail, Caesar! (2016)

2016
Basic Instinct (1992)[18+] 7.0
Basic Instinct (1992)[18+] Basic Instinct (1992)IMDb Rating (7.0)ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်...ခင်ဗျားတို့လဲပါပါလိမ့်မယ်...မပူပါနဲ့...တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် ...
movie

Basic Instinct (1992)[18+]

4K HEVCHDR
Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)

Scooby-Doo! and the Legend of the Vampire (2003) 6.3
Scooby-Doo! and the Legend of the Vampire (2003) Old but Gold ဆိုသလိုပဲ 2003 ခုနှစ်ကထွက်ရှိခဲ့တဲ့ classic Scooby-Dooကားလေးကို ပြန်ကြည့်လိုက်ကြရအောင်..ဇာတ်လမ်းအကျဥ်း ဒီတစ်ခါမှာတော့ စကူဘီတို့အုပ်စု သြစတေးလျကို အပန်းဖြေခရီးထွက်တာနဲ့ ဇာတ်လမ်းစထားပါတယ်.. ကမ်းခြေမှာ အေးဆေးငြိမ့်နေရင်းကနေ ထုံးစံအတိုင်းပဲ ဗယ်လ်မာတစ်ယောက် လမ်းညွှန်စာအုပ်ကြီးကိုင်ပြီး သြစတေးလျရဲ့ ရေဝေးကုန်ခေါင်ဒေသတွေကို သွားစူးစမ်းဖို့ မဲဆွယ်ပါတော့တယ်... ထူးဆန်းတာက အဲဒီလိုခေါင်တဲ့နေရာကြီးမှာ ရော့ခ်ဂီတပြိုင်ပွဲကြီး ရှိနေတာပါပဲ.. သူတို့ရောက်သွားတော့ ပဟေဠိတစ်ခုက အသင့်စောင့်နေပါပြီ.. ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်ကြီး ရာဝီရာဟူးနဲ့ နောက်လိုက်သွေးစုပ်ဖုတ်ကောင် ၃ကောင်က ပြိုင်ပွဲဝင်တွေကို ပြန်ပေးဆွဲနေပါတယ်.. အဲဒီနောက်လိုက်၃ကောင်ဆိုတာ မနှစ်ကပြိုင်ပွဲအပြီး ပျောက်သွားခဲ့တဲ့ လေပြင်း‌ရော့ခ်ကာအဖွဲ့ပါပဲ.. ရာဝီရာဟူးက သူတို့၃ယောက်ကိုဖမ်းပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်အောင် ပြောင်းလိုက်တာလို့ နယ်ခံတွေက ယုံကြတာပေါ့.. ဒါပေမယ့် ပြိုင်ပွဲမတိုင်ခင်ရက်မှာပဲ စကူဘီဒူးတို့အုပ်စု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တဲ့အခါ...သွေးစုပ်ဖုတ်ကောင်လို့ အသံကြားရုံနဲ့တင် တုန်တက်နေတဲ့ ရှက်ဂီနဲ့ စကူဘီဒူးတို့၂ယောက်နဲ့တင် ပြည့်စုံနေပြီမလို့ အများကြီးမညွှန်းတော့ပါဘူး.. ငယ်ဘဝကို Nostalgia ပြန်ဖြစ်ရင်း ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ကြပါဦး... File ...
movie

Scooby-Doo! and the Legend of the Vampire (2003)

For Richer or Poorer (1997) 5.8
For Richer or Poorer (1997) ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။File size…(1.58GB)  / (1.09GB) / 375.41MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

For Richer or Poorer (1997)

Darby and the Dead (2022) 5.5
Darby and the Dead (2022) Darby and the Dead (2022) ======================ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ငယ်ကတည်းအမေ့ခြေရာအတိုင်း လိုက်နင်းပြီး ပန်းပွားအကမယ်ဖြစ်ချင်တဲ့ ဒါဘီဟာ ပါဟာကမ်းခြေမှာ သူ့အမေနဲ့အတူကမ်း‌ခြေမှာ ရေဆော့နေတုန်း လှိုင်းပုတ်လိုက်မှုကြောင့် နှစ်ယောက်လုံးသေဆုံးသွားပါတယ်။ ဝိုင်းဝန်းအသက်ကယ်ကျပေမယ့် ဒါဘီတစ်ယောက်တည်းကိုသာ တမလွန်ကနေပြန်ခေါ်လိုက်နိုင်ပါတယ်။ အသက်မသေတဲ့အပြင် သေပြီးအသက်ပြန်ရှင်လာတဲ့ဒါဘီမှာ သေပြီးသား ဝိဉာဉ်တွေကိုမြင်ရတဲ့ စွမ်းအားတစ်ခုပါထပ်ဆောင်းအပိုရရှိခဲ့ပါတယ်။ဒီလိုနဲ့ လူသေဝိဉာဉ်တွေရဲ့ လူ့ဘဝမှာမပြီးပြတ်‌‌သေးတဲ့ကိစ္စ‌တွေကို လိုက်လံကူညီ‌ပေးရင်းနဲ့ နောင်ဘဝသစ်ကိုကူးနိုင်‌အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးတာပေါ့။ ဒီလိုနဲ့ဒါဘီရဲ့ဘဝဟာ တစ်ဖြည်းဖြည်းနဲ့ လူ အများက ငကြောင်မလို့ပြောဆိုခံရရင်း လူမသိသူမသိအနှိမ်ခံဘဝနဲ့ ကျောင်းတက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူ့ကိုမုန်းပါတယ်ဆိုတဲ့ ကျောင်း မှာ နာမည်ကြီးပန်ပွားမယ်အဖွဲ့ခေါင်းဆောင်ကာပရီဟာ လျှပ်စစ်ဆံပင် ကောက်စက်ကြောင့်သေဆုံးသွားပါတယ်။ ကာပရီကို ဒါဘီတစ်ယောက် တည်းမြင်ရတာရယ်ကြောင့်ရယ် ကာပရီရဲ့မပြီးပြတ်သေးတဲ့ ၁၇နှစ်ပြည့် မွေးနေ့ပါတီကိုဆက်လုပ်ချင်တာကြောင့်နောင်ဘဝသစ်ကိုမကူးနိုင်ဘဲ ဒါဘီကို အတင်းအကြပ်အကူအညီ‌တောင်းလို့လက်ခံလိုက်ရပါတယ်။ကျောင်းမှာရှိလို့ရှိမှန်းတောင်မသိတဲ့လူမသိသူမသိ ငကြောင်မလေး ဒါဘီဟာ သေသွားပြီးဖြစ်တဲ့နာမည်ကြီး ကာပရီမွေးနေ့ပွဲပါတီကို ကျင်းပဖို့ အတွက်ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့မလဲဆိုတာဆက်လက်ကြည့်ရှု ပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.13 GB) / (854 MB) / (493 MB) Quality............WEB 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Fantasy Translator.......Tin ...
movie

Darby and the Dead (2022)

2022
Cheaper by the Dozen (2003) 5.9
Cheaper by the Dozen (2003) Cheaper By the Dozen (2003) =========================Cheaper By the Dozen ဆိုတာ Free Guy , Adam Project, Stranger Things တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Shawn Levy ရဲ့ Comedy မင်းသားကြီး Steve Martin နဲ့ရိုက်ထားတဲ့အစောပိုင်းလက်ရာကောင်းတစ်ခုပါ။ မိသားစုနဲ့ကြည့်ရှုလို့ရတဲ့ Family , Comedy ကားလေးဖြစ်ပြီး Rating ကလည်း လူ ၁ သိန်းကျော်ပေးတဲ့ Voting မှာ 6/10 ရရှိထားပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်.. ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့ အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ ... သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ...
movie

Cheaper by the Dozen (2003)

Back to the Outback (2021) 6.7
Back to the Outback (2021) IMDb Rating (6.7) / Rotten Tomatoes (87%)တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလို တူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေရှိကြပါတယ်။ဒါကို Back to the Outback ဆိုတဲ့ ကာတွန်းကားလေးမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ အဆိပ်ပြင်းတဲ့​မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့တိရိစ္ဆာန်​လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာလို ချစ်ဖို့ကောင်းတဲ့ ကောင်တွေတော့မပါဘူးပေါ့လေ။ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲကရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။သူကတော့ ထွက်ပြေးချင်တာမဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့နေချင်တဲ့ ငနဲဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့တိရိစ္ဆာန်လေးတွေဟာ လူတွေလက်ထဲက ရုန်းထွက်သွားပြီး ...
movie

Back to the Outback (2021)

JFK(1991) 8.0
JFK(1991) JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း  ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone  ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie

JFK(1991)

12 Mighty Orphans(2021)
12 Mighty Orphans(2021) မိဘမဲ့ကလေးတွေကို ဘောင်အပြင်ကလူတွေလို အပယ်ခံတွေအဖြစ်နဲ့ တစ်ဆင့်နှိမ့်ပြီး သတ်မှတ်တတ်ကြပါတယ်။သနားစရာကောင်းရင်ကောင်း၊ မကောင်းရင် ကြောက်စရာကောင်းတယ်လို့ မြင်တတ်ကြပါတယ်။Youtube မှာတွေ့လိုက်တဲ့ အပြေးပြိုင်ပွဲလေးတစ်ခုအကြောင်းကို သွားပြီးသတိရပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံးကို တညီတည်းရပ်စေပါတယ်။ မိဘရှိသူကို ခြေတစ်လှမ်းတိုးခိုင်းတယ်။ နေစရာရှိသူကို တစ်လှမ်းတိုးခိုင်းတယ်။ အလုပ်ရှိသူ၊ ဘွဲ့ရသူ စတဲ့ အားသာချက်တစ်ခုတိုင်းအတွက် ခြေလှမ်းတစ်လှမ်းစီရှေ့ကိုခိုင်းပါတယ်။နောက်ဆုံး အားလုံးအတွက် နေရာသတ်မှတ်ပြီးတဲ့ အချိန်မှာ အနောက်ဆုံးက လူတွေဟာ သနားစရာအကောင်းဆုံး (သို့) ကြောက်စရာအကောင်းဆုံးလိုလူတွေပဲ ကျန်ခဲ့ပါတယ်။ဒါပေမဲ့ ဒီပြိုင်ပွဲမှာတော့ သူတို့က တခြားသူတွေလိုပဲပြိုင်ပွဲဝင်ပါပဲ။ အနောက်ဆုံးမှာဆိုပေမဲ့ သူတို့မှာ ဝင်ရောက်ပြိုင်ဆိုင်ခွင့်၊ ပန်းတိုင်ကို အောင်မြင်စွာရောက်နိုင်ခွင့်ရှိနေပါတယ်။တခြားသူတွေက သူတို့ကို အထင်သေးအမြင်သေးဖြစ်နေပေမဲ့ သူတို့ကိုယ်သူတို့ "ငါသည်လည်း ပြိုင်ပွဲဝင်တစ်ယောက်ပဲ" ဆိုတဲ့ လေးစားသမှုလေးဝင်ပြီး ပထမရဖို့ကို အားကုန်ပြေးခဲ့ကြပါတယ်။ လူ့လောကကို အပြေးပြိုင်ပွဲလေးတစ်ခုနဲ့ ဥပမာပြသွားတာ အရမ်းကိုသေသပ်ပါတယ်။ နောက်ဆုံးကနေတာထွက်ရတဲ့သူက ပထမမရဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။နောက်ဆုံးကနေတာထွက်ရတောင် လောကအလည်မှာ ပထမနေရာဆိုတာကို ရနိုင်တဲ့အကြောင်းကို စွမ်းပကားကြီးတဲ့ မိဘမဲ့ကလေး ၁၂ ယောက်က ဒီဇာတ်ကားမှာ သက်သေပြသွားကြမှာပါ။မိဘမဲ့ဂေဟာမှာရှိတဲ့ ကလေးတွေကို အနှိမ်ခံအပယ်ခံဘဝကနေ ...
movie

12 Mighty Orphans(2021)

2021
Kung Fu Panda (2008) 7.5
Kung Fu Panda (2008) DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲကတစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ…လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ…ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်…ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာအပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…သူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီးသင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်….တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့်သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်…‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက်ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်…ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ…‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်…ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ…ဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ေျချာ်တွေဖြစ်ပြီးမမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့…..ဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက်ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်…‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး…..IMDb rating ...
movie

Kung Fu Panda (2008)

2008
Kung Fu Panda 3 (2016) 7.1
Kung Fu Panda 3 (2016) Kung Fu Panda 3 (2016) IMDb - 7.1/10_______Rotten - 87%  Kung Fu Panda ဆိုရင် မသိတဲ့လူမရှိသလောက်ပဲ ကမ္ဘာမှာအောင်မြင်ခဲ့တဲ့ဒီ Animation ကားလေးဟာ Movie လောကမှာသာမက Game လောကမှာရော ဒိတ်ဒိတ်ကြဲကိုအောင်မြင်ခဲ့ပါတယ်။ 1 နဲ့ 2 ကို ကြည့်ရှုခဲ့ကြပြီး ဇာတ်လမ်းဆုံးသွားပြီထင်နေခဲ့တုန်းမှာပဲ 2015 ခုနှစ်ရဲ့ Movie review တွေမှာ စတင်ကြော်ငြာပါလာခဲ့တော့ အရမ်းကိုမျှော်လင့်ပျော်ရွှင်စောင့်စားခဲ့ရတယ်။ အခုတော့ ကျွန်တော်တို့အချိန် CM အချိန်ရောက်ခဲ့ပြီ။ ဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီး IMDb rating 7.1/10 ထိရရှိအောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပဲပြောပြချင်ပါတယ်။ ပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ဝိညာဉ်ကမ္ဘာက သိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီး လူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်က ဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။ ဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။ သူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။ ဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် ...
movie

Kung Fu Panda 3 (2016)

2016
HEVC 1080p 5.1
Blindspotting (2018) 7.8
Blindspotting (2018) ၂၀၁၈ ထွက် rating အများကြီးတွေ ရရှိထားတဲ့ (drama..crime…comedy)ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်(IMDb – 7.5….Rotten tomatoes – 93%)ကောလင်းဆိုတဲ့ လူမည်းတစ်ယောက်ဟာ ပြစ်မှုတစ်ခုနဲ့အချုပ်ကျခဲ့ပြီးနောက်မှာတော့ စောင့်ကြည့်ကာလ တစ်နှစ်အနေနဲ့ ထိန်းသိမ်းရေးစခန်းမှာ နေနေရပါတယ် …သူ့မှာ မိုင်စ်လို့ခေါ်တဲ့ လူဖြူသူငယ်ချင်းတစ်ယောက်ရှိတယ်…အရမ်းခင်ကြတဲ့သူငယ်ချင်းတွေ……မိုင်စ်က လူဖြူဆိုပေမယ့် လူမည်းမိန်းကလေးတစ်ယောက်နဲ့လက်ထပ်ထားပြီး လူမည်းရပ်ကွက်မှာ လူမည်းတစ်ယောက်လိုနေနေကြတဲ့လူတွေ…သူတို့က လူတွေ အိမ်ရွှေ့ပြောင်းကြတဲ့အခါ ပစ္စည်းတွေကို ထရပ်ကားကြီးနဲ့ သယ်ယူပို့ဆောင်ပေးတဲ့အလုပ်လုပ်ကြတယ်…တစ်နေ့ အလုပ်ပြီးလို့ အိမ်အပြန်လမ်းပေါ်မှာ မီးပွိုင့်မိနေတုန်း…လူဖြူရဲတစ်ယောက်က လူမည်းတစ်ယောက်ကို လမ်းပေါ်မှာ ပစ်သတ်လိုက်တာ ကောလင်းမြင်သွားတယ်….ဒီမြင်ကွင်းက စောင့်ကြည့်ကာလကနေ လွတ်ဖို့ ၃ရက်ပဲလိုတော့တဲ့ သူ့အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်သွားလဲ… (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1h 35min Format : Mp4 Genre : Comedy , Crime ...
movie

Blindspotting (2018)

2018
Jurassic Park (1993) 8.1
Jurassic Park (1993)  Jurassic Park (1993) မြန်မာစာတန်းထိုးဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည်IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင်ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကိုငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင်လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီးလျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီးထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့သတ္တဝါတွေကို သဘာဝတရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား File Size : (997 MB) and (362MB) Quality : Blu-ray 1080p Running Time : 2hr 07 min Format : Mp4 Genre :Adventure , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : Blu-Ray 1080p Translated by Naing Win ...
movie

Jurassic Park (1993)

1993