Channel Myanmar

Wei Wei

Detective Dee and the Phantom of Waning Moon ( 2024 ) 6
Detective Dee and the Phantom of Waning Moon ( 2024 ) ညတစ်ညမှာ ထန်တိုင်းပြည်ကြီးရဲ့မင်းသမီးလေးဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကိုမက်ခဲ့တယ်။ အိပ်မက်ကိုအဓိပ္ပါယ်ဖော်ခိုင်းလိုက်တော့ နတ်မြင်းပျံထွက်ပေါ်လာတဲ့အတွက် မင်္ဂလာနိမိတ်ကောင်းဆိုပြီးလျှောက်တင်တဲ့အတွက် မင်းသမီးကသဘောကျသွားခဲ့တယ်။အဲဒီလိုလျှောက်တင်ခဲ့တဲ့ ဆရာမကြီးရွှမ်ကမင်းသမီးလေးရဲ့အပစားပေးတာကိုရခဲ့တယ်။ အဲဒီအချိန်မှာပဲ မိသားစုလိုက်သတ်ခံရတဲ့အမှုတစ်ကို စုံထောက်ကြီးဒီးရန်ကျယ်ကလိုက်နေခဲ့တယ်။ မိသားစုလုံး စုစုပေါင်း(၁၈)ယောက်သတ်ခံရတဲ့အမှုကို ဟာကွက်တွေအများကြီးနဲ့ ပေါ့ပေါ့တန်တန်အမှုပိတ်ခံလိုက်ရတော့။စုံထောက်ကြီးဒီးဟာ အမိန့်ကိုဆန့်ကျင်ပြီး ဒီအမှုကိုဆက်လိုက်နေခဲ့တယ်။ သူထင်တဲ့အတိုင်းပါပဲ ဒီအမှုရဲ့နောက်ကွယ်မှာပိုပြီးကြီးတဲ့အကြံရှိနေခဲ့တယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာပတ်သက်နေတယ်ဆိုတာကိုတွေ့လိုက်ရတယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာဘယ်လိုပတ်သက်နေတာလဲ...... နောက်ကွယ်ကတရားခံကဘယ်သူများဖြစ်နေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Detective Dee and the Phantom of Waning Moon ( 2024 )

Battle of Snakes ( 2023 ) 5.7
Battle of Snakes ( 2023 ) CM ရဲ့ တရုတ်ကားချစ်သူတို့အတွက် ဒီတစ်ခေါက်မှာတော့ အဏ္ဏဝါမိစ္ဆာမြွေကြီး ဇာတ်လမ်းကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေး အစမှာ လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မသမာလူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်...တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း... သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်...လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေး ဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်... ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာရှင်းဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့...ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့... ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ... ဘာကြောင့် တိရစ္ဆာန်တွေကို ဖိတ်ကြားခဲ့ရတာလဲ... နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးသတ်သွားမှာလဲ... စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ...Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 17 min Subtitle : Myanmar ...
movie

Battle of Snakes ( 2023 )

Ghost Blowing Lamp of the Popeye Man ( 2022 ) 6
Ghost Blowing Lamp of the Popeye Man ( 2022 ) ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင် မင်းမျိုးနွယ် မှူးကြီးမတ်ရာတွေ သေဆုံးတဲ့အခါ သူတို့နဲ့အတူ ရတနာပစ္စည်းတွေထည့်သွင်း သင်္ဂြိုလ်ကြတယ်။ ဆင်းရဲသူတွေကိုကူညီဖို့ အများကောင်းကျိုးအတွက်ရှေးဟောင်းသင်္ချိုင်း တွေကိုဖောက်ထွင်းယူတဲ့ ရှန့်လင်ဂိုဏ်းလိုအဖွဲ့အစည်းတွေရှိသလို …… ကိုယ့်ရဲ့အတ္တလောဘဇောနဲ့ ရှေးဟောင်းသင်္ချိုင်း တွေကို ဖောက်ထွင်းဖို့ကြိုးစားတဲ့သူတွေလဲရှိကြတယ်။ရှန့်လင်ဂိုဏ်းရဲ့နာမည်ကိုအသုံးချပြီး မသေဆေးကိုရှာဖွေဖို့ မြေအောက်နန်းတော်ကိုဖောက်ထွင်းဖို့ကြိုးစားတဲ့အခါ ရှေးဟောင်းင်္သချိုင်းထဲမှာဘယ်လိုအရာတွေစောင့်နေမလဲ…… ရတနာတွေအပြင်ဘာတွေကိုမြှုပ်နှံထားသေးလဲ…… မရိုးနိုင်တဲ့သင်္ချိုင်းဖောက်ထွင်းတဲ့ဇာတ်လမ်းတွေကြားထဲကနေ ဘယ်လိုမတူတဲ့ဇာတ်ကွက်တွေမြင်ရဦးလဲဆိုတာ ဆက်လက်စောင့်ကြည့်ခံစားပါ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Ghost Blowing Lamp of the Popeye Man ( 2022 )

Detective Dee and Nine Dragon Coffin ( 2022 ) 6.9
Detective Dee and Nine Dragon Coffin ( 2022 ) Detective Dee ပရိသတ်တွေအတွက် နောက်တစ်ကားကို CM မှတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ၆၇၆ခုနှစ်ခန့်ကာလမှာ သင်္ချိုင်းသူခိုးတစ်သိုက်ဟာ လူသားစားတဲ့အခေါင်းတလားကိုတူးဖော်ခဲ့မိပါတယ်။ ရွှေနဂါးကြီးဟာအခေါင်းအတွင်းကနေပျံထွက်လာခဲ့ပြီး ပြုစားခံထားရတဲ့အလောင်းဟာ အခေါင်းထဲကထွက်လာပြီး ဘုရင်ကြီးနဲ့ဘုရင်မကြီးကိုလုပ်ကြံဖို့ကြိုးစားခဲ့ရာ ကိုယ်ရံတော်အရာရှိလီက တားမြစ်ကယ်တင်ခဲ့ပါတယ်။ထုံးစံအရ တရားရေးဌာနက Di Ren Jie ဟာ အမိန့်တော်အရ အမှုကိုစစ်ဆေးတော့တာပေါ့။ လူသားစားပြီးဓားလှံတွေကိုမကြောက်တဲ့အလောင်းကောင်တွေဟာ လွန်ခဲ့တဲ့နှစ်၂၀တုန်းက နယ်နှင်ဒဏ်ပေးခံခဲ့ရတဲ့ မိဖုရားကြီးဝမ်ရဲ့မျိုးဆက်ရဲ့လုပ်ရပ်ပဲဆိုတာကိုသိလိုက်ရပါတယ်။ဒီလိုနဲ့ မီးပုံးပွဲညမှာ လူတွေစည်းကားနေတဲ့အချိန်မှာ ထူးဆန်းတဲ့ပုလွေသံနဲ့အတူ အလောင်းကောင်တွေဟာ Chang An မြို့ထဲကိုဝင်လာပါတော့တယ်။ အလုံးအရင်းနဲ့ဝင်လာတဲ့ အလောင်းကောင်တွေ လူတွေကိုကိုက်လိုက်တိုင်းတိုးလာတဲ့အလောင်းကောင်တွေကို ဆရာဒီးတို့နှိမ်နင်းနိုင်ပါ့မလား ဘယ်အချိန်အထိများတောင့်ခံနိုင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ပြီးခံစားလိုက်ပါနော်. Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded By LK
movie

Detective Dee and Nine Dragon Coffin ( 2022 )