Channel Myanmar

Wendy Makkena

Air Bud (1997) 5.3
Air Bud (1997) Air Bud (1997) ==========="ခွေးလေးတွေဆိုတာ လူတွေရဲ့အကောင်းဆုံးမိတ်ဆွေ" ဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ကောင်လေးတစ် ယောက်နဲ့ ခွေးလေး တစ်ကောင်ရဲ့သူငယ်ချင်းသံယောဇဉ်ကို ချစ်စရာ၊ သနားစရာ တွေ့မြင်ကြရမှာပါ။ဂျော့ရှ်ဆိုတဲ့ ကောင်လေးဟာ ဖခင်ဆုံးပြီးတဲ့နောက် မပျော်မရွှင်နဲ့ စိတ်ဓာတ် တွေကျနေသူပေါ့။ ကျောင်းမှာလည်း အဆင်မပြေသလို သူကြိုက်တဲ့ ဘတ် စကတ်ဘောကိုတောင် မကစားတော့ပါဘူး။ တစ်နေ့တော့ ဂျော့ရှ်ကိုစိတ်ဓာတ် တွေတက်ကြွ ပျော်ရွှင်လာစေတဲ့ သူတစ်ဦးပေါ်လာပါတယ်။အဲဒါကတော့ Golden Retriever ခွေးလေးတစ်ကောင်ပါ။ ဘာဒီလို့နာမည်တွင်သွားတဲ့ အာဝုလေးနဲ့ ဂျော့ရှ်တို့ကြားက သံယောဇဉ်ကတော့ ဘတ်စကတ်ဘော သံယောဇဉ်လို့ ပြောရမလိုပါပဲ။ဘာဒီဟာ ဘတ်စကတ်ဘောကစားရာမှာ ဂိုးသွင်းနိုင်တဲ့အထိ ကျွမ်းကျင်လိမ္မာတဲ့ ခွေးလိမ္မာလေးပါ။ ဒီလိုနဲ့ ဘာဒီဟာ ဂျော့ရှ်တို့ရဲ့ကျောင်းဘတ်စကတ်ဘောအသင်းနဲ့ ဘယ်လိုပါ၀င်ပတ်သက်လာမလဲ၊ သူတို့နှစ်ဦး ဘယ်လိုတွေ သံယောဇဉ်နှောင်တွယ် ကြမလဲ၊ ဘာဒီရဲ့ပိုင်ရှင်ဖြစ်သူဆိုတာ ပေါ်လာတဲ့အခါ ဘယ်လိုရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ချစ်စရာ၊ ရယ်စရာမောစရာ၊ သနားစရာ၊ ရသစုံစုံလင်လင် ကြည့်ရှု ခံစားရမှာပါ။ အဲဒါကြောင့် အာဝုချစ်သူတွေသာမက ချစ်စရာကောင်းတဲ့ ဒရမ်မာ ဇာတ်ကားမျိုး ကြိုက်တတ်တဲ့သူတွေပါ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးအဖြစ် ညွှန်းပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.11 GB) ...
movie

Air Bud (1997)

1997
A Beautiful Day in the Neighborhood (2019) 7.5
A Beautiful Day in the Neighborhood (2019) unicodeအော်စကာဆုပေးပွဲမှာ ဆန်ကာတင်ထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုလောက်ကြည့်ရအောင်။မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ နောက်ဆုံးထွက်ရုပ်ရှင်ပါပဲ။တကယ်ကို လှပတဲ့ ဒရာမာ ကားလေးပါ။တွမ်ဟန့်ခ်ဟာ ဖရက် ရော်ဂျာစ်ဆိုတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်။တစ်နိုင်ငံလုံးက ကလေးတွေ လူကြီးတွေ ချစ်ကြတဲ့ လူကောင်းကြီး။သူ့အကြောင်းကို အင်တာဗြူးရမယ် ဂျာနယ်လစ်က လွိုက် ဗေဂယ်၊ငယ်ငယ်ကတည်းက အဖေကို စိတ်နာနေတဲ့ လူ့ခွစာ တစ်ယောက်။လူတွေကို အားမနာလျှာမကျိုး ရေးတတ်လို့ သူနဲ့ ဘယ်သူမှ အင်တာဗြူးခံမယ့်သူ မရှိတဲ့လူ။ဒါပေမယ့် ဖရက်က သူ့ကို လက်ခံပြီး အင်တာဗြူးချိန်မှာ ဖရက်ဟာသူမြင်ဖူးသမျှထဲမှာ စိတ်ထားအကောင်းဆုံးလူဆိုတာ တွေ့လိုက်ရတယ်။ဒါကို သူလက်မခံနိုင်ဘူး။ ဒါဟာ ဟန်ဆောင်နေတာဖြစ်ရမယ်၊သူ့ရဲ့ စိတ်ရင်းအမှန်ကို သိအောင်လုပ်ရမယ်ဆိုပြီး ဖရက်ကို သေချာလေ့လာမိသွားတယ်။ဖရက်ကလည်း လွိုက်ရဲ့ ဖခင်နဲ့ ပြဿနာ၊ စိတ်ဒဏ်ရာတွေကို ပြန်ကုစားပေးဖို့ ကြိုးစားလာတယ်။သူတို့ ၂ ယောက် ဘယ်လိုဆက် စခန်းသွားကြမလဲ…….ဇာတ်လမ်းအစ စကားလုံးလေးတွေနဲ့ပဲ အဆုံးထိ ခံစားကြည့်သွားလိုက်ပါ။ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ယောက်ကို ကျွန်တော်တို့ စိတ်ထဲမှာထားရှိနေတဲ့ ...
movie

A Beautiful Day in the Neighborhood (2019)

State of Play (2009) 7.1
State of Play (2009) State of Play(2009) IMDb....7.1,,,,Rotten....84% မိုးတဖွဲဖွဲကျပြီးတိတ်ဆိတ်နေတဲ့ Washington DCမြို့ရဲ့  ညတစ်ညမှာ လူတစ်ယောက် ကြောက်လန့်တကြားပြေးလွှားနေတယ်.....ညဟာအေးစက်နေပေမယ့် သူ့မျက်နှာပေါ်မှာ ချွေးစေးတွေပျံနှံနေသလို သူ့ဟန်မှာကြောက်လန့်နေပုံအထင်းသားပေါ်လွင်နေတယ်...သူပြေးလွှားပုန်းအောင်းနေပေမယ့် နောက်ယောင်ခံလိုက်လာတဲ့သူတွေ့ရှိသွားကာ ပစ္စတိုဖြင့်(၂)ချက်ဆင့်ပစ်ချခြင်းခံလိုက်ရသည်....ပီဇာပို့သည့်လူငယ်တစ်ယောက်ဟာလည်း တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွားရာနေရာကိုဖြတ်သွားမိသည်.. နောက်ယောင်ခံလိုက်လာသည့် လူမှာ ပီဇာပို့သမားဆီသို့ သက်သေဖျောက်သည့်အနေဖြင့် ဆက်လက်ပစ်ခတ်လိုက်သည်... နောက်တစ်နေ့မနက်တွင် ကောင်မလေးတစ်ယောက် ဘူတာရုံတွင် Suicide လုပ်ခဲ့သည်...ပြောရရင် (၂)ရက်အတွင်း အလောင်း(၃)လောင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်...ဒီ Suicide လုပ်သည့်အမျိုးသမီးမှာ လွှတ်တော်အမတ်တစ်ယောက်၏ ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်.....လွှတ်တော်အမတ်၏စေခိုင်းမှုကြောင့် ဒီအမျိုးသမီးမှာ အစိုးရ လက်နက်ကုမ္ပဏီတစ်ခုကိစ္စကိုစုံစမ်းနေခြင်းဖြစ်သည်.. မှုခင်းဖြစ်စဉ်အရ Suicide  ဟုပြောဆိုနေပေမယ့် လက်နက်ကိစ္စစုံစမ်းခြင်းကြောင့်အသတ်ခံရတာလားဟုဆိုသောမေးခွန်းတွေကလည်းတစ်ပြုံတစ်ပင်ပင်ဖြစ်သည်.. ဒီဇာတ်ကားဟာ နိုင်ငံရေးပါဝင်တဲ့ Thriller ကားကောင်းတစ်ကားပါ...လွှတ်တော်အမတ်အဖြစ် Ben Affleck ကသရုပ်ဆောင်ထားပြီး သူ့ရဲ့ယုံကြည်ရတဲ့ သတင်းထောက်သူငယ်ချင်းအဖြစ် Russell Crowe  ကြီးကသရုပ်ဆောင်ထားပါတယ်.....အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Rachel McAdams ,Helen Mirren , Robin Wright တို့လည်း ပါဝင်ထားလေတယ်... ကိုင်း ဘာကြောင့်လူတွေအသတ်ခံရလဲ ....လွှတ်တော်အမတ်ရဲ့ ဝန်ထမ်းအမျိုးသမီးကရော တကယ်ပဲ Suicide လုပ်ခဲ့တာလား...နောက်ကွယ်က ပြသနာတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့ သတင်းထောက်ကြီး Russell Crowe နဲ့အတူ နိုင်ငံရေးလောကထဲကအရှုတ်တွေကို ဝင်ရောက်စုံစမ်းထောက်လှမ်းကြည့်ရအောင်.... ------------------------------------------------------------------- မုိးတဖြဲဖြဲက်ၿပီးတိတ္ဆိတ္ေနတဲ့ Washington ...
movie

State of Play (2009)

2009