Channel Myanmar

Whitney Houston

Whitney Houston: I Wanna Dance with Somebody (2022) 6.7
Whitney Houston: I Wanna Dance with Somebody (2022) Whitney Houston: I Wanna Dance With Somebody (2022)Whitney Houston ရဲ့ I Wanna Dance With Somebody ဆိုရင်တော့ စာသားဖတ်လိုက်တာနဲ့ခေါင်းထဲမှာသံစဥ်နဲ့အလိုက် ဆိုမိပြီးသားနေမှာပါ။ Whitney က သူ့ခေတ်သူခါမှာအဆိုတင်မဟုတ်ပဲ သူသရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ကောင်းတွေလဲရှိခဲ့ပါသေးတယ်။ ဥပမာ ပြောရရင် The Bodyguard ပါ။ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလမှာတော့ ဂီတအသိုင်းအဝိုင်းတစ်ခုလုံးရော တစ်ကမ္ဘာလုံးမှာပါ သတင်းတစ်ခုရိုက်ခတ်ခဲ့တယ်။ အသက် ၄၈ နှစ်အရွယ်မှာတော့ Whitney တစ်ယောက်ဟာ အရွယ်မတိုင်ခင် ဆုံးပါးသွားခဲ့ရပါတယ်။ သေဆုံးရခြင်းအကြောင်းကတော့ ဂရမ်မီဆုပေးပွဲမတိုင်ခင်တစ်ရက်မှာ ကိုကင်းသုံးစွဲမှုကြောင့် နှလုံးရောဂါဖောက်ခဲ့ပြီး ရေချိုးကန်ထဲမှာရေနစ်သေဆုံးခဲ့ရတာပါ။ Whitney က ဆိုးသွမ်းတဲ့အနုပညာရှင်တစ်ယောက် မဟုတ်ခဲ့ပေမယ့် အောင်မြင်မှုရဲ့ရိုက်ခတ်မှုဒဏ်တွေ ဝေဖန်မှုဒဏ်တွေ ကိုယ်ရေးကိုယ်တာပြသနာတွေကြောင့် လမ်းတွေအများကြီးထဲက မကောင်းတဲ့လမ်းတွေကို Whitney ရွေးချယ်ခဲ့မိတယ် လို့ စိတ်မကောင်းစွာ ဆိုလိုက်ပါရစေ။ ဒီ အတ္ထုပ္ပတ္တိဇာတ်လမ်းမှာတော့ Whitney ကို ဘုရားပေးတဲ့အသံကိုပိုင်ဆိုင်ထားပေမယ့် ဘာမှမသိသေးတဲ့ မျက်စိသူငယ်နားသူငယ် ဆယ်ကျော်သက်အရွယ်လေးကနေ သူ့ဘဝအနိမ့်အမြင့်အတက်အကျ အောင်မြင်မှုကျရှုံးမှုတွေကို လိုက်ပါကြည့်ရှုရမှာပါ။အဲ့ဒါအပြင် သီချင်းတွေအားလုံးနီးပါးကိုလဲ Whitney နေရာမှာ သရုပ်ဆောင်တဲ့မင်းသမီးလေးက ...
movie

Whitney Houston: I Wanna Dance with Somebody (2022)

2022
The Bodyguard (1992) 6.3
The Bodyguard (1992) The Bodyguard (1992)IMdb Rating (6.3)မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။File size…(3.9 ...
movie

The Bodyguard (1992)

Whitney, a Look Back (2022) 6
Whitney, a Look Back (2022) Whitney : A Look Back (2022)ဝစ်‌တနေ ဟူစတန် (Whitney Houston)လို့ ပြောလိုက်တာနဲ့ မသိသူမရှိလောက်အောင် ဩဇာတိက္ကမကြီးမားလွန်းလှတဲ့ ကမ္ဘာကျော်အမျိုးသမီး အဆိုတော်ဖြစ်ပါတယ်။ အနည်းဆုံးတော့ သင်ဟာ သူ့ရဲ့ vocal အားကောင်းကောင်းနဲ့ သီဆိုထားတဲ့ I will always love you ဆိုတဲ့ သီချင်းကိုတော့ ရင်းနှီးနေမှာပဲဖြစ်ပါတယ်။သူမကို ၁၉၆၃ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ နူးဝါ့ခ် မြို့မှာ ဖွားမြင်ပါတယ်။ အာဖရိကန်အမေရိကန်လူမျိုး၊ အဆိုကျော်၊ ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ ဒီအမျိုးသမီးဟာ ၂၀၁၂ ခုနှစ် ရဲ့ဂရမ်မီမကျင်းပခင် တစ်ရက်အလိုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။သူမဘဝဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Whitney ဆိုတဲ့ရုပ်ရှင်ကားဟာဆိုရင် IMDb 7.3 ရရှိတဲ့အထိကို ကောင်းမွန်ခဲ့တာဖြစ်ပြီး သူ့မဘဝအကြောင်းရိုက်ထားတဲ့ ဇာတ်ကားတွေ၊ တီဗီစီးရီးတွေများစွာထွက်ရှိခဲ့ရတဲ့အထိကို အောင်မြင်ကျော်ကြားခဲ့တဲ့ အမျိုးသမီးဖြစ်ပါတယ်။၁၉၉၂ ခုနှစ်မှာ သူမနဲ့ မင်းသားကယ်ဗင်ကော့စနာတို့ ...
movie

Whitney, a Look Back (2022)

2022
Whitney(2018) 7.2
Whitney(2018) Whitney(2018) IMDb...7.2 ၁၉၈၀နဲ့ ၁၉၉၀ကျော်ကာလတွေမှာ အမေရိကရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကျော်ခဲ့တဲ့ ပေါ့ပ်အဆိုတော် သရုပ်ဆောင်မင်းသမီး Whitney Houstonရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုမှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။  1991 ခုနှစ်တုန်းက ကမ္ဘာ့အလှဆုံးအမျိုးသမီး ၅၀ စာရင်းကို People မဂ္ဂဇင်းကနေရွေးချယ်ပေးတဲ့အခါ သူမလည်းပါဝင်ခဲ့ပါတယ်..ရုပ်ရှင်သရုပ်ဆောင်စဉ်တုန်းက လည်း အောင်မြင်ခဲ့ပါတယ် ...အထူးသဖြင့် မင်းသားကြီး Kevin Costner နဲ့ရိုက်ကူးခဲ့တဲ့ The bodyguard(1992)ဇာတ်ကားမှာပေါ့.. သီချင်းနဲ့ပတ်သက်ပြီးတော့လည်း ဆုပေါင်းများစွာရရှိခဲ့သလို အရောင်းရဆုံး စံချိန်တွေလည်းတင်ခဲ့ပါတယ်... .သူ့ရဲ့ငယ်ရွယ်စဉ်ဘဝကနေ သေဆုံးခဲ့တဲ့နောက်ဆုံးအချိန်အထိ ရုန်းကန်လှုပ်ရှားခဲ့တာတွေကို  သူ့ရဲ့မိသားစုဝင်တွေ သူ့ရဲ့မိတ်ဆွေတွေ သူနဲ့နီးစပ်သူတွေကို တွေ့ဆုံမေးမြန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်ပြီးနောက်ပိုင်းမှာ ကြုံတွေရတဲ့အခက်အခဲတွေ၊ အမှားတစ်ခုလုပ်မိတာနဲ့ ပရိတ်သတ်ဆီကဆိုးရွားတဲ့တုံ့ပြန်မှုတွေခံရပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Whitney Houstonရဲ့ သီချင်းတွေကိုလည်း နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်.... File Size : (875 MB) and (398 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Documentary , Biography , Music | Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Whitney(2018)

2018