Channel Myanmar

Will Arnett

Monsters vs Aliens (2009) 6.4
Monsters vs Aliens (2009) IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်.....ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီးတစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်....  File size…   1.8 GB  /   867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie

Monsters vs Aliens (2009)

2009
Hot Rod (2007)
Hot Rod (2007)  ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ဒါပေမဲ့ ပ‌ထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ...
movie

Hot Rod (2007)

Blades of Glory (2007)
Blades of Glory (2007)  2007 ခုနှစ်ကထွက်ရှိထားတဲ့ Blades of Glory ဆိုတဲ့ comedy ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ရေခဲပြင်စကိတ်စီးအားကစားသမားနှစ်ယောက်ဖြစ်တဲ့ ချက်ဇ်နဲ့မက်အယ်လ်ရွိုင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့အလျောက်လုံးဝမတည့်ကြပါဘူး တစ်ရက်မှာ သူတို့နှစ်ယောက်ဟာဆုပေးပွဲမှာ ရွှေတံဆိပ်ဆုကိုပူးတွဲရရှိတာကြောင့် ဆုလက်ခံနေစဥ်မှာရန်ဖြစ်ခဲ့ကြပါတယ် အဲ့ဒါကြောင့်မလို့အဖွဲ့ချုပ်ကသူတို့ကိုပြိုင်ပွဲဝင်ခွင့်ရာသက်ပန်ပိတ်လိုက်ပါတယ်ဒီလိုနဲ့သုံးနှစ်ကြာအပြီးမှာ သူတို့ဟာ သူတို့ပြိုင်နေကြမဟုတ်တဲ့ နှစ်ယောက်တွဲစကိတ်စီးပြိုင်ပွဲကိုယှဥ်ပြိုင်ဖို့အသင်းဖော်တွေဖြစ်လာတဲ့အခါ "မတည့်အတူနေ"သူတို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ရမလဲ နှစ်ယောက်တွဲပြိုင်ပွဲမှာရော သူတို့အကောင်းဆုံးလုပ်နိုင်ပါ့မလား နောက်ဆုံးမှာတည့်သွားကြမလား ရွှေတံဆိပ်ဆုကိုထပ်မံရရှိဖို့အတွက်ဘယ်လိုတွေကြိုးစားသွားရမလဲ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတာဖြစ်ပါတယ် File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Blades of Glory (2007)

Next Goal Wins (2023) 6.6
Next Goal Wins (2023) Next Goal Wins (2023)~ IMDb - 6.6/10, RT - 44%, Meta - 44% ~ကမ္ဘာ့အညံ့ဆုံးဘောလုံးအသင်းတစ်သင်းရှိတယ်။ အဲဒီအသင်းနာမည်က "American Samoa" တဲ့။ အဲဒီအသင်းက ၂၀၀၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်တုန်းက ဩစတေးလျနဲ့ကန်တာမှာ ၃၁ဂိုး ဂိုးမရှိနဲ့ ရှုံးသွားဖူးတယ်။ အဲဒီရှုံးပွဲက ကမ္ဘာ့ဖလားသမိုင်းရဲ့ အဆိုးရွားဆုံးရှုံးပွဲလို့ သမိုင်းတွင်ထားတယ်။ တော်တော်တော့လည်းစားတယ်။ သူတို့အသင်းက ဂိုးတစ်ခါမှ မသွင်းဖူးသေးဘူး။ အဲဒီအမေရိကန်ဆာမိုအာက ဘောလုံးဖက်ဒရေးရှင်းဥက္ကဌရဲ့ ဆန္ဒကတော့ ဂိုးတစ်ဂိုးလောက်သွင်းနိုင်ရင်သေပျော်ပြီဆိုတဲ့ ဆန္ဒပဲ။ စစချင်းဆို တခြားဖက်ဒရေးရှင်းဥက္ကဌတွေနဲ့ သူတို့အသင်းက ဂိုးတစ်ဂိုးမသွင်းနိုင်ရင် မျက်နှာမှာ နို့ပုံဆွဲဆိုပြီး လောင်းလာတာ ခဏနေတော့ မျက်နှာတစ်ခုလုံး မာကာမင်အသေနဲ့ ဆွဲထားတဲ့ နို့ပုံတွေပြည့်သွာရတဲ့အထိပဲ။ ဒီတော့ သူလည်း အကြံထုတ်တယ်။ သူတို့အသင်း တစ်ဂိုးလောက်သွင်းဖူးအောင် ဘယ်လိုလုပ်ရမလဲပေါ့။ဒီလိုနဲ့ နည်းပြအသစ်ငှားဖို့ အိုင်ဒီယာရသွားတယ်။ လက်ရှိနည်းပြကို ...
movie

Next Goal Wins (2023)

2023
4K HEVC
Ice Age: The Meltdown (2006) 6.8
Ice Age: The Meltdown (2006) ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့ emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊ အ​မွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့​တော့တယ်လို့ ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်​ဝေဒနာကို ခံစားခဲ့ရ သလို သူငယ်ချင်း​တွေဖြစ်တဲ့ ဒီ​ယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကို မ​ဖျောင်းဖြနိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံ​ကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူ ဆင်မ​လေးတစ်​ကောင်ဟာ သူ့ဘဝထဲကို ​ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ​ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်​တော့ အယ်လီက ငယ်ဘဝမှာထဲက မိဘ​တွေနဲ့ သင်းကွဲပြီး ကြွက်​မိသားစုရဲ့ ပျိုး​ထောင်မှု​​ကို ခံခဲ့ရလို့ သူ့ကိုယ်သူ ကြွက်လို့ထင်​​နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့ ​မောင်နှစ်​ယောက်ပါ ရှိ​နေပါ​သေးတယ်။ဒါ​ကြောင့် ဆင်ကြီးမန်နီအ​နေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ ဘဝမှန်ကို အရင်သိ​အောင် ​​ရှင်းပြရသလို သူ့​မောင်နှစ်​ကောင်ကို စည်းရုံး​ရေးဆင်းရင်း ကြုံရမယ့်အလွဲ​​အမှားတွေကို ဟာသ​နှောပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ File size…  5.9 GB / 2.1 GB /  1 GB Quality… Web-DL  4K HDR ...
movie

Ice Age: The Meltdown (2006)

2006
4K HEVCHDR
Grindhouse (2007) 7.5
Grindhouse (2007) ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့  ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated ...
movie

Grindhouse (2007)

Cursed Friends (2022) 5.1
Cursed Friends (2022) Cursed Friends (2022) ================မကြာခင် ဟောလိုးဝင်းအခါသမယကို ရောက်ရှိလာတော့မှာ ဖြစ်တာမို့ ဟောလိုးဝင်းကာလမှာ Horror ရုပ်ရှင်များနဲ့ Chill ကြမယ့် ရုပ်ရှင်ချစ်သူ များအတွက် အခုတလောမှ ထွက်ရှိလာတဲ့ Horror, Comedy ဇာတ်ကား ကောင်းလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။၂၀၀၂ ခုနှစ် ဟောလိုးဝင်းကာလမှာ အဲရစ်ကာတို့ သူငယ်ချင်း လေးယောက်ဟာ သကြားလုံး လိုက်တောင်းရင်း M.A.S.H ဆိုတဲ့ ကစားနည်း စာအုပ်ကို ရလာခဲ့ ပါတယ်။ အဆိုပါ ကစားနည်းစာအုပ်ဟာ အနာဂတ်ကို ကြိုတင်ခန့်မှန်းပြီး ကစား ရတာဖြစ်ပါတယ်။ အဲရစ်ကာတို့လည်း ထိုကစားနည်းကို ကစားခဲ့ပြီးတော့ မေ့မေ့ ပျောက်ပျောက်ပဲ ဖြစ်သွားခဲ့ပါတယ်။ သူတို့မသိလိုက်တာက အဆိုပါစာအုပ်ဟာ ကစားသူတွေကို ကျိန်စာတိုက်တယ်ဆိုတာပါပဲ။၂၀၂၂ ခုနှစ် ဟောလိုးဝင်းကာလမှာတော့ အဲရစ်ကာလည်း သူ့မွေးရပ်မြို့ကို အလုပ် အင်တာဗျူးအတွက် ပြန်လည်ရောက်ရှိလာပြီး သူငယ်ချင်းလေးယောက် ဆုံတွေ့ ဖြစ်ကြပါတယ်။ ထိုနေ့မှာပဲ ငယ်စဉ်က ကစားခဲ့ဖူးတဲ့ စာအုပ်ကိုပြန်လည်ရှာတွေ့ပြီး ကျိန်စာအသက်ဝင်လာပါတော့တယ်။ စာအုပ်က ကျိန်စာတွေကို လွန်ဆန်ဖို့ ကြိုးစား ကြရင်း အဲရစ်ကာတို့ သူငယ်ချင်းတစ်သိုက် ...
movie

Cursed Friends (2022)

2022
Men in Black 3 (2012) 6.8
Men in Black 3 (2012) ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie

Men in Black 3 (2012)

2012
4K HEVC
Minions: The Rise of Gru (2022) 6.8
Minions: The Rise of Gru (2022) Minions : The Rise of Gru (2022)မီနီယံဆိုတာနဲ့ ကလေးတုန်းကအမှတ်တရတွေနဲ့အတူ အူတက်နေအောင် ရယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ မီနီယံတွေဟာ ကမ္ဘာဦးကတည်းက အကြမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို ဒုက္ခပေးရင်းနဲ့ နောက်ဆုံးမှာ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပါပြီ။ ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကိုဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပြီး ဂရူ နဲ့ မီနီယံတွေ ဘယ်လို တလွဲတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရှုလိုက်ပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventur, Comedy Quality….4k HEVC WEB DL | 1080p | 720p | 480p File size… 7.08GB | 1.8GB | 1GB | 396MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Minions: The Rise of Gru (2022)

2022
4K HEVC Web-DL
Rumble (2021) 7.4
Rumble (2021) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကာတွန်းကားလေးကတော့"Rumble"ပဲဖြစ်ပါတယ် rumbleရဲ့ဇာတ်လမ်းအကျဉ်းကတော့နပန်းသတ်စူပါစတားချန်ပီယံတစ်ယောက်ဖြစ်တဲ့ တန်တက်ကူလာကပိုပြီးထင်ပေါ်ကျော်ကြားချင်တဲ့အတွက် သူရဲ့မွေးရပ်မြေကိုစွန့်ပစ်ခဲ့တယ်မြို့ရဲ့ကြယ်ပွင့်မရှိဘဲပရိတ်သတ်ကို ဆွဲဆောင်ဖို့မဖြစ်နိုင်တာကြောင့်မြို့တော်ဝန်က ယခင်ကကျော်ကြားခဲ့တဲ့ နပန်းနည်းပြတစ်ယောက်နာမည်ပေးထားတဲ့မြို့အားကစားရုံကိုဖျက်ပစ်ဖို့ ကြေငြာခဲ့ပါတယ် အဲ့ဒီအချိန်မှာ ယခင်နည်းပြဟောင်းရဲ့သမီးဖြစ်သူဝန်နီက အားကစားရုံ၊ သူတို့ရဲ့မြို့တော်နဲ့ အားကစားရုံမှာရှိနေတဲ့သူမအဖေရဲ့အမွေအနှစ်တွေကို ကယ်တင်ဖို့ စတီဗင်ဆိုတဲ့ အကကိုကြိုက်နှစ်သက်တဲ့မွန်းစတားတစ်ကောင်ရဲ့အကူအညီကိုရယူကာ ဘယ်လိုကကွက်ဆန်းတွေသုံးပြီးနပန်းသတ်ခိုင်းမလဲ ဒီအားကစားရုံကိုရော မြို့တော်ဝန်လက်ထဲကသူမပြန်ရမှာလား အကနဲ့နပန်းသတ်ချင်တဲ့စတိဗ့်တစ်ကောင်ရောဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်သွားရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီကာတွန်းက Monster on the Hill ကိုအခြေခံရိုက်ကူးထားပြီးအားကစားကြယ်ပွင့်များဖြစ်သည့် Charles Barkley, Stephen A, Smith ,Chris Eubanks,Roman Reigns တို့နဲ့ Becky Lynch တို့က အသံဖြင့်ပါဝင် သရုပ်ဆောင်ထားကြပါတယ်  File size…950MB /  1.91GB Quality…720p /  1080p HEVC AAC 5.1CH Format…Mp4 Duration….1h 44mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Amelia ~ Honeyey
movie

Rumble (2021)

2021
1080p HEVC
Muppets Haunted Mansion (2021) 6.5
Muppets Haunted Mansion (2021) Muppets Haunted Mansion (2021)=========================IMDb Rating - 6.5/10ဟောလိုး၀င်းအတွက် အထူး စပယ်ရှယ် Disney က ထွက်ရှိလာတဲ့ ကိုရွှေအ တို့ လာပါပြီ။သွင်ပြင်လေးတွေကလည်း ချစ်စရာကောင်းပြီး ထွက်သမျှကားတိုင်းမှာ ပရိသတ်ကို ပြုံးပျော်စေနိုင်တဲ့ ကာတွန်းကောင်လေးတွေလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ haunted mansion ဆိုတဲ့အတိုင်း သရဲခြောက်တဲ့ အိမ်ကြီးပါမှာတော့ အသေချာပဲဗျ။ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ Gonzo နဲ့ သူ့သူငယ်ချင်း Pepe တို့ ၂ ယောက် ခါတိုင်း ဟောလိုး၀င်းတွေလို ဘော်ဒါတွေနဲ့ ဆုံပြီး ပါတီ မလုပ်ဘဲ . သရဲခြောက်တဲ့ အိမ်ကြီးထဲမှာ တစ်ညတာ နေရမယ်ဆိုတဲ့ စိန်ခေါ်မှုကို လက်ခံကာဟောလိုး၀င်းညမှာ သရဲအိမ်ကြီးဆီ သွားကြပါတော့တယ်။သူတို့ကို လိုက်ပို့တဲ့ ကားသမားပြောခဲ့တဲ့ စကားလေးတစ်ခွန်းကတော့ " ဒီကို လူတွေအမြဲ လိုက်ပို့ရပေမဲ့ ဘယ်တော့မှပြန်လာ မခေါ်ရဘူး " တဲ့ဗျ။ ...
movie

Muppets Haunted Mansion (2021)

2021
Horton Hears a Who! (2008) 7.8
Horton Hears a Who! (2008) IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး...ကျွန်တော်တို့လို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး...ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်...ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်.. ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကိုအမှတ်မထင်တွေ့သွားပါတယ်...မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့..... ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး... တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ...ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်းအတွေးပွားစေလိုပါတယ်... ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီးကြည့်ရှုခံစားလိုကိကြပါဦး...(သေးသေးလေးတွေတော့ ထပ်သွားတယ် )(ဇာတ်ကားအတွက် ...
movie

Horton Hears a Who! (2008)

2008
Ratatouille (2007) 8.0
Ratatouille (2007) Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော် ကာတွန်းကားအများအပြားကို ထုပ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေRemyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်သူ့က ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ်တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပြစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ ...
movie

Ratatouille (2007)

2007
HEVC 1080p 5.1
G-Force (2009) 5.1
G-Force (2009) G-Force (2009)IMDb - 5.1CM ပရိသတ်ကြီးကို စိတ်၀င်စားဖို့ကောင်းပြီး အပန်းလည်းပြေစေမယ့် comedy/family film လေးတစ်ခုတဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူးလေးတွေကို ချစ်တတ်သူဆိုရင်လည်း ဒီကားလေးကို လက်မလွှတ်သင့်ပါဘူးနော်ဇာတ်လမ်းအကျဉ်းလေးကတော့ဒါ၀င်၊ အောရက်စ်၊ ဘလက်စတာနဲ့ စပါ့ကယ်လ်တို့ဟာ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပူးလေးတွေပဲဖြစ်ပါတယ်။ သူတို့ကို ထိန်းကျောင်းပေးသူကတော့ ဘန်ပေါ့။သူတို့အဖွဲ့ကို G-Force လို့ခေါ်ပြီး သူတို့ဟာ အစိုးရဘက်က လိုက်နေတဲ့အမှုကြီးတစ်ခုမှာ ပါ၀င်အားဖြည့်စုံစမ်းရတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ စုံစမ်းမှုမှာ အလွဲလေးဖြစ်သွားပြီး အစိုးရက G-Forceကို ထပ်ပြီးမထောက်ပံလွတ်အောင်ပြေးပြီး ဆိုလာရုံမက ဒါ၀င်တို့ကိုပါ ထိန်းချုပ်ဖို့ကြိုးစားပါတော့တယ်ဒီလိုနဲ့ ဒါ၀င်တို့ လေးကောင်လည်း ရန်သူတွေလက်က လွတ်အောင်ပြေးပြီး သူတို့ စုံစမ်းခဲ့တဲ့ အမှုက မမှားကြောင်း သက်သေပြန်ပြဖို့ ကြိုးစားကြပါတော့တယ် ....အစိုးရကရော ဘာအမှုကို လိုက်နေတာလဲ G-Force အဖွဲ့ကရော သူတို့မှန်ကန်ကြောင်း ဘယ်လိုလဲ သက်သေတွေပြကြဦးမှာလဲ .....ဟာသလေးတွေနှောပြီး စိတ်၀င်စားဖို့ကောင်းတာမလို့ ကြည့်ရှူကြဖို့တိုက်တွန်းလိုက်ရပါတယ်  Translated by : ...
movie

G-Force (2009)

The Lego Movie 2: The Second Part (2019) 6.8
The Lego Movie 2: The Second Part (2019) The Lego Movie 2: The Second Part (2019)အားလုံးသဘောကျကျတဲ့ lego တုံးလေးဇာတ်ကောင်တွေနဲ့ရိုက်ကူးထားတဲ့ဇာတ်ကားလေးရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ အမ်နက်ဆိုတဲ့ အရာရာကိုအကောင်းမြင်တတ်တဲ့စိတ်ရှိသူလေးတစ်ယောက်သူတို့ရဲ့ကမ္ဘာကို ဒပ်ပလိုဂြိုလ်သားတွေလာရောက်တိုက်ခိုက်တဲ့နေရာကနေစတင်ထားပါတယ်။အရာရာမှာအကောင်းမြင်စိတ်ရှိပြီးတော့သဘောကောင်းတဲ့သူလေးဆိုတော့ငါတို့တွေကသူငယ်ချင်းတွေပါဘာညာပြီးတော့စကားလေးနဲ့ဖောပြီးတော့ပြေငြိမ်းမယ်ကြံတာဟိုကလဲမရပါဘူး ဖိုက်ခံရတာပါပဲ။ဒီလိုနဲ့ သူတို့ကမ္ဘာမှာအရာအားလုံးပျက်သုဉ်းနီးပါးဖြစ်နေတဲ့အချိန်မှာသူ့ရဲ့သူငယ်ချင်းတွေကို စင်စတာအဖွဲ့အစည်းကဖမ်းခေါ်သွားပါလေရော။ဒီတော့ အမ်နက်တစ်ယောက် သူ့သူငယ်ချင်းတွေနောက်ကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့အာကာသယာဉ်လေးဆောက်ပြီး အမှီလိုက်ပါတော့တယ်။ဆိုတော့ အမ်နက်တစ်ယောက်သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလားသူ့သူငယ်ချင်းတွေကိုရော စင်စတာ အဖွဲ့အစည်းကဘာကြောင့်ခေါ်ဆောင်သွားရတယ်ဆိုတာကိုဆက်လက်သိရှိဖို့အတွက် ဇာတ်ကားကိုဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။Legoဆိုတဲ့အတိုင်းဇာတ်ကောင်လေးတွေကတော်တော်လေးကိုချစ်စရာကောင်းတဲ့အပြင်ဘတ်မန်းရဲ့ပုံစံကတကယ့်ကိုအသဲယားစရာလေးပါ(ကိုယ်တိုင်လဲချစ်လို့နေမှာပေါ့နော် ဟီး..ဟီးး..)  File size…760MB Quality…WEB Dl 720p Format…Mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Hard Sub) Encoder….Si Thu Translated by Aye Chan Su
movie

The Lego Movie 2: The Second Part (2019)

2019
Teen Titans Go! To the Movies (2018) 6.8
Teen Titans Go! To the Movies (2018) teen titan ဆိုတာနဲ့လူတိုင်​းမဟုတ်​​တောင်​ ​တော်​​တော်​များများသိကြမယ်​ထင်​တယ်​DC ကhero​တေ​ွ​ပေါ့trollထားတာ​တွေလဲပါတယ်Marvel hero တစ်​​ယောက်​ကိုခပ်​ပါးပါး​လေးtrollထားတယ်​ တစ်​ကားလုံးနီးပါး​လောက်​​ဟာသ​တွေချည်​းပဲ​နောက်​တစ်​ခုကmovie soundtrackတစ်​ခါနား​ထောင်​တာနဲ့တင်​နားစွဲတယ်​ ​တော်​​တော်​လဲ​ကောင်​းတယ်​ နား​ထောင်​ကြည်​့ပါ ​ဇာတ်​လမ်​းအကျဉ်​းက​တော့ Robinတစ်​​ယောက်​သူ့ကို တကယ်​့heroအဖြစ်​လက်​ခံလာ​အောင်​ကြိုးစားတာပဲဒီကာတွန်​းကားမှာရုပ်​ရှင်​ရိုက်​ခံရတဲ့ဟီးရိုး​တွေသာ real hero ဆိုပြီးလက်​ခံထားတာ အဲ့မှာရုပ်​ရှင်​ရူးရူး​နေတဲ့Robin ဟာသူရုပ်​ရှင်​ရိုက်​ခံရဖို့အတွက်​ဘာမှဆိုလုပ်​တဲ့အ​ကြောင်​း​လေး​ပေါ့ဟာသ​လေး​တွေသီချင်​း​လေး​တွေအ​ပြောင်​အပျက်​​လေး​တွေပါတယ်​ဆို​တော့ Hero Fan မဟုတ်​ရင်​​တောင်​တစ်ခါကြည်​့လိုက်​ရင်​အကြိုက်​​တွေ့သွားမှာအမှန်​ပဲHero Fan ​တွေက​တော့လုံးဝလက်​မလွတ်​သင်​့တဲ့ဇာတ်​ကား​လေးပ​ါ  File Size : (611 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 24min Format : Mp4 Genre : Animation , Action , Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie

Teen Titans Go! To the Movies (2018)

2018
Teenage Mutant Ninja Turtles: Out of the Shadows (2016) 6.0
Teenage Mutant Ninja Turtles: Out of the Shadows (2016) Teenage Mutant Ninja Turtles: Out of the Shadows (2016) IMDb - 6.0/10_____Rotten - 37%    Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။   (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint ...
movie

Teenage Mutant Ninja Turtles: Out of the Shadows (2016)

2016
Show Dogs (2018) 3.0
Show Dogs (2018) CM က တိရစ္ဆာန်ချစ်သူတွေအတွက် တိရစ္ဆာန်စကားပြောဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။Show Dog(2018) ပါတဲ့။ခွေးချစ်တတ်သူများသဘောကျမယ့်ကားမျိုးပါ။အဓိကဇာတ်ကောင်ကတော့ Rottweiler အမျိုးအစား ဒေါသကြီးပြီး တစ်ကိုယ်တော် အလုပ်လုပ်တတ်တဲ့ ရဲခွေး Max ပါ။သူကအခိုးခံလိုက်ရတဲ့ Panda လေးတစ်ကောင်ရဲ့ အမှုကိုစုံစမ်းနေရင်း ဥပဒေဘက်တော်သား အဖွဲ့မတူတဲ့ FBI က အေးဂျင့် Frank ရဲ့စစ်ဆင်ရေးကိုဖျက်စီးလိုက်သလိုဖြစ်သွားပါတယ်။သူတို့နောက်ထပ်ရတဲ့သဲလွန်စက ခွေးပြပွဲတစ်ခုမှာဖြစ်လို့ ပြိုင်ပွဲဝင်အဖြစ်အသွင်ယူဖို့ နှစ်ယောက်သားပူးပေါင်းပြီး ပန်ဒါလေးကို ရှာဖွေရင်း Max နဲ့ Frank တို့ ဘယ်လို မိတ်ဆွေသစ်တွေရပြီး ဘယ်လိုအချစ်ကိုတွေရှိကြတယ်ဘယ်လို အမြင်တွေပြောင်းလဲသွားတယ်ဆိုတာကို ဟာသအလွဲလေးတွေနဲ့ပြထားပြီးပန်ဒါလေးကိုကယ်နိုင်သွားမလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။စကားမစပ်ပန်ဒါလေးကအသေချစ်ဖို့ကောင်းတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Adventure, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SAPHiRE Translated by d3mon Encoded by Thanhtike ...
movie

Show Dogs (2018)

2018
The Nut Job 2: Nutty by Nature (2017) 4.6
The Nut Job 2: Nutty by Nature (2017) အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၇ ထွက် ကာတွန်းကားလေးတစ်ကားဖြစ်တဲ့ The Nut Job 2: Nutty by Nature ဆိုတဲ့ကားလေးပါရှဥ့်လေးတွေအကြောင်းကို ရိုက်ထားတဲ့ကားလေးပါသဘာဝအတိုင်းချစ်စဖွယ်ရှဥ့်လေးတွေဟာ စွန့်ပစ်ထားတဲ့ အခွံမာသီးဆိုင်ကိုတွေ့ပြီးကိုယ်တိုင်ရှာဖွေမစားသောက်တော့ဘဲ ဒီဆိုင်မှာပဲ စားသောက်ပျော်ရွှင်မိန်းမောနေကြပါတယ်သူတို့ခေါင်းဆောင် ဆာလီအပါအဝင်ပေါ့ဒါကို ဘဝင်မကျဘဲ သူတို့နေနေကျ ပန်းခြံထဲမှာ သဘာဝအတိုင်းပြန်နေပြီး အစာကိုရှာဖွေစားသောက်ချင်တာကတော့ ရှဥ့်မလေး အန်ဒီပါတနေ့တော့ သူတို့နေနေတဲ့ အခွံမာသီးဆိုင်ဟာ ပေါက်ကွဲသွားပါတော့တယ်သူတို့ပြန်လည်ရုန်းကန်ရှာဖွေစားသောက်ချိန်တွေ ရောက်လာပါတယ်ဒီအချိန်မှာပဲလာဘ်စားတတ်တဲ့ မြို့ဝန်ကတော့ သူတို့ကျက်စားရာ သဘာဝပန်းခြံလေးကိုအမြတ်ထုတ်ဖို့ရာ ကစားကွင်းအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားပါတယ်ဒီတော့ ရှဥ့်လေးတွေ သူတို့ပိုင်တဲ့ ပန်းခြံကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲ ဆိုတာတော့ ကြည့်ရှုအားပေးကြပါဒီဇာတ်ကားလေးက IMDb 4.6 ရရှိထားပါတယ်ဒါ့အပြင် ဂျက်ကီချမ်းကလဲ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်စွန့်စားခန်းတွေ ပျော်စရာခန်းတွေ ဝေဝေဆာဆာနဲ့ ကာတွန်းလေးပါ  (ဘာသာပြန်သူကတော့မေသရဖီလွင်ပါ)  File Size : (700 MB) and (330 MB) Quality : ...
movie


2017