Channel Myanmar

Will Keen

Dead Shot (2023) 5.5
Dead Shot (2023) Dead Shot (2023)Imdb - 5.5 Rotten tomatoes - 78%Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကား‌ကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ ...
movie

Dead Shot (2023)

2023
Consecration (2023)
Consecration (2023) ဘာသာရေးကို အယုံအကြည်မရှိတဲ့ မျက်စိဆရာဝန်တစ်‌ယောက်ဖြစ်တဲ့ ဂရေ့စ်ဟာ တစ်နေ့မှာတော့ သူမရဲ့‌ မောင်ဖြစ်သူ ခရစ်ယာန်ဘုန်းကြီးဟာ အခြားခရစ်ယာန်ဘုန်းကြီးတစ်ပါးကို သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ အကြောင်းကြားလာတဲ့အတွက် စကော့တလန်က သီလရှင်ကျောင်းကို ရောက်သွားပြီး အဖြစ်မှန်ကို စုံစမ်းပါတော့တယ်။ စုံစမ်း‌နေတုန်းမှာ သူမရောက်ရှိနေတဲ့ သီလရှင်ကျောင်းရဲ့ သမိုင်းကြောင်းနဲ့ သူတို့ကျင့်သုံးနေတဲ့ ဘာသာရေးအယူအဆတွေကို သိရှိလာပြီး သူတို့ရဲ့ ထူးဆန်းတဲ့အမူအကျင့်တွေကြောင့် သီလရှင်ကျောင်းကို မယုံကြည်တော့တဲ့အပြင် ထူးဆန်းတဲ့အမြင်‌တွေပါ ရလာပါတော့တယ်။ သူမရဲ့ မောင် ကျန်ရစ်ခဲ့တဲ့စာအုပ်ထဲက အကြောင်းတွေဖတ်ရှူပြီး သူမရဲ့မောင်ဟာ ဘာကြောင့် သေဆုံးသွားရသလဲ ၊ သူမရဲ့ အတိတ်မှာရော ဘာတွေဖြစ်ခဲ့သလဲ ၊ သူမပိုင်ဆိုင်တဲ့ အစွမ်းသတ္တိဆိုတာက‌ရော ဘာလဲ ဆိုတာတွေကို လျှို့ဝှက်သည်းဖို ကြည့်ရှုရမယ့် Horror , Thriller ဘာသာရေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/( 500MB)/( 300 Mb) Quality….Webrip 1080p / ...
movie

Consecration (2023)

The Man from Rome (2022) 5.1
The Man from Rome (2022) The Man from Rome(2022)IMDb - 5.1/10ဥရောပအနောက်တောင်ဘက်ခြမ်း စပိန်နိုင်ငံ ဆဗီးလ်မြို့လေးက ဘုရားကျောင်းတစ်ခုမှာ ထူးထူးဆန်းဆန်း လူသေမှုတွေဟာ နှစ်ခုတောင် ဆက်နေခဲ့ပါပြီ။ ရဲဘက်ဆိုင်ရာတွေက စုံစမ်းပေမဲ့လည်း ဘယ်သူ့ပယောဂမှ မပါတဲ့ သမားရိုးကျလူသေမှုလို့သာ မှတ်ယူလိုက်ရတယ်။ ဒါပေမဲ့ လူသတ်တဲ့ဘုရားကျောင်းကြီး ဆိုပြီး ကောလဟာလတွေကတော့ ထွက်စပြုလာပါပြီ။အဲဒီဘုရားကျောင်းကတော့ Our lady of tearsလို့လည်း သိကြတဲ့ မယ်တော်မာရီတစ်ဖြစ်လဲ အပျိုစင်မာကာရေနာ ရုပ်တုရှိရာ ဘုရားကျောင်းလေးပါ။ တိုက်ဆိုင်ချင်တော့ အဲဒီဘုရားကျောင်းမြေကို ဝယ်ယူပြီး စီမံကိန်းချကာ အဆောက်အဦးတွေ ဆောက်ဖို့ ကြံစည်နေတဲ့ ကုမ္ပဏီတစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းကို ပိုင်ဆိုင်သူ ဘရူနာမိသားစုကတော့ မိသားစုအမွေအနှစ်မို့ မရောင်းချင်ပါဘူး။ အဲဒီကြားထဲမှာပဲ လူသေမှုနှစ်ခုက ဖြစ်သွားတော့ ဘုရားကျောင်းအိုကြီးကို ဖြိုချဖို့ ရာခိုင်နှုန်းက ပိုများလာပါတယ်။တစ်ဖက်မှာလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ကွန်ပျူတာ hackခံလိုက်ရပြီး လက်သည် hackerက မာကာရေနာဘုရားကျောင်းကို ဖြိုချခံရမဲ့အရေးကနေ ကယ်တင်ဖို့တောင်းပန်လွှာတစ်စောင်ကို ချန်ရစ်ခဲ့တော့ သက်ဆိုင်ရာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေအနေနဲ့ ထောက်လှမ်းရေးပိုင်းက ဖာသာတစ်ယောက်ကို စုံစမ်းဖို့အတွက် လွှတ်လိုက်ရပါတယ်။အဲဒီလိုစုံစမ်းရာကနေ ...
movie

The Man from Rome (2022)

2022
Operation Mincemeat (2022)
Operation Mincemeat (2022)    ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ...
movie

Operation Mincemeat (2022)