Channel Myanmar

Will Sasso

The Legend of Awesomest Maximus (2011) 4.8
The Legend of Awesomest Maximus (2011) The Legend of Awesomest Maximus (2011) ==============================(လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင် တာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ။)နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုကို ဟာသဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို ပရိသတ်တွေ ကြည့်ဖူးကြမှာ သေချာပါတယ်။ဒီဇာတ်ကားဟာလည်း လောကကြီးကို ဟာသအမြင်နဲ့ ရှုမြင် တတ်တဲ့ လူတွေရဲ့စိတ်ကူးတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ရုပ်ရှင်တစ်ခု လို့ ဆိုရပါလိမ့်မယ်။ နာမည်ကြီးရောမခေတ် ဇာတ်ကားတွေကို ရောသမမွှေထားပြီး ကိုယ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတစ်ခု ပေါ်လာတိုင်း Leonardo Pointing Meme လိုမျိုးပဲ “ဒါက ဟိုကားထဲက. ဟိုကားထဲက” ဆိုပြီး ထအော် နိုင်ဖို့ The Legend of Awesomest Maximus ဆိုတဲ့ ဇာတ် ကားကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေး လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်)File Size..........(1.9 GB) / (857 MB) / (500 MB) Quality............BLU-RAY 1080p / 720p ...
movie

The Legend of Awesomest Maximus (2011)

2011
Life As We Know It(2010) 6.5
Life As We Know It(2010)   ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေနဲ့ ဟာသဆန်ဆန် မတည့်အတူနေ ဇာတ်လမ်းမျိုးကို စိတ်ဝင်စားပါသလား... ဒီလိုဆိုရင်တော့...Josh Duhamel နဲ့ Katherine Heigi တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Greg Berlanti ရိုက်ကူးတင်ဆက်ထားတဲ့ "Life as we know it" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန် တို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲရဲ့ မိတ်ဆက်ပေးမှုကြောင့် blind date လုပ်ခဲ့ကြပေမယ့် အချင်းချင်းမုန်းတီးစွာနဲ့ လမ်းခွဲခဲ့ကြပါတယ်။သူငယ်ချင်း နှစ်ဦး ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့နှစ်ဦးရဲ့ ဘဝဟာလဲ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ ပါ​တော့တယ်။ ကျန်ရစ်သူ တစ်နှစ်အရွယ်သမီးလေး ဆိုဖီကို သူငယ်ချင်းစုံတွဲရဲ့ စံအိမ်ကြီးမှာထိန်းကျောင်းရင်း အတူနေထိုင်ဖို့ ဖြစ်လာရာက မက်ဆာနဲ့ ဟောလီတို့နှစ်ယောက် သံယောဇဥ်ကြိုးတွေ နှောင်ဖွဲ့သွားကြမှာလား...မိသားစုတွေ တကွဲတပြားဖြစ်ကြဦးမလားဆိုတာကိုတော့...ရသပေါင်းစုံပါဝင်တဲ့ ရုပ်ရှင်လေးကြည့်ရင်း အပန်းဖြေကြပါစို့။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို Thae Suu မှ တင်ဆက်ထားပါတယ် ...
movie

Life As We Know It(2010)

Happy Gilmore (1996) 7.0
Happy Gilmore (1996) လူတိုင်းသိကြတဲ့ဟာသသရုပ်ဆောင်ကြီး Adam Sandlerရဲ့ ဟာသရုပ်ရှင်ကောင်းလေးလာပါပြီ။ဟပ်ပီးဂေးလ်မောဆိုသူဟာ ငယ်စဥ်ကတည်းက ဟောကီအားကစားကိုနှစ်သက်သူတစ်ဦးပါ။ သူက ဟောကီကိုအလွန်နှစ်ကြိုက်ပင်မယ့်လည်း ကံမကောင်းလှရှာတော့ ဟောကီနဲ့သူနဲ့ကံမပါရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အားအင်ကို ဂေါက်ဖ်ကစားတဲ့နေရာမှာ အသုံးချဖို့ဖြစ်လာပါတော့တယ်။ သူ့အဖွားကလည်း IRSရဲ့အကြွေးသိမ်းခြင်းခံရပြီး သူ့အဖွားအိမ်အတွက် ဟပ်ပီးတစ်ယောက်ဂေါက်ဖ်ကိုအသုံးချသွားပြီး အိမ်ကိုပြန်ရွေးသွားနိုင်မလား၊ ဂေါက်ဖ်လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေတွေ့ကြုံသွားရမလဲဆိုတာကို အတက်ကျ အနိမ့်အမြင့်လေးတွေကို ဟာသနှောပြီးကြည့်ရှူ့ရမှာဖြစ်ပါတယ်။ Nominations၄ခုဝင်ပြီး 1ခုဆုရရှိထားတာမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်လိုက်မောလိုက်ကိုမှ plotလေးနဲ့ကြည့်ချင်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။File size…(2.82GB)  / (1.36GB) /714MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Comedy / Spot Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Min Khant Kyi Win
movie

Happy Gilmore (1996)

Klaus (2019) 8.4
Klaus (2019) ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို လူသားတွေကနည်းလမ်းအမျိုးမျိုးနဲ့ ဝေမျှကြပါတယ်…ဒီခေတ်မှာ စာအိတ်ထဲထည့်ပေးကြတဲ့ပေးစာတွေ မရှိတော့ဘူးဆိုပေမယ့်လူမှုကွန်ယက်ပေါ်ကဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်စာတွေပေးပို့နေကြတုန်းပါပဲ…ဒါပေမယ့် ပေးပို့တဲ့စာတွေထဲမှာ အမုန်းတရားတွေထက်ချစ်ခြင်းမေတ္တာတွေ ထည့်ပေးထားရင်မကောင်းဘူးလားဒီဇာတ်ကားလေးကတော့ အေးမြတဲ့ ခရစ္စမတ်အကြောင်းကိုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…ခရစ္စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးလို့ခေါ်တဲ့စန်တာကလောက်စ် အကြောင်း အခြေခံပြီး ပုံဖော်ထားတာပါ …အခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာအဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ လက်ကျောတင်းအောင် မလုပ်ချင်ဘဲပျင်းရိနေတဲ့အတွက်ကြောင့် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ လူသူမနီးတဲ့ကျွန်းတစ်ကျွန်းပေါ်က မြို့ကလေးမှာ စာပို့သမားလုပ်ဖို့ ပို့လွှတ်စေခိုင်းခဲ့ပါတယ်…ရိုင်းပြပြီး အမြဲဒေါသထွက်နေတဲ့ လူတွေနေတဲ့ အေးခဲပြီး ခေါင်ဖျားလွန်းတဲ့စမီရင်ဘာ့ဂ် မြို့ကလေးကနေ တစ်နှစ်အတွင်းပေးစာ ၆၀၀၀ ထွက်လာအောင်လုပ်မှ ဒီမြို့ကနေပြန်ရမယ့်သူပါ…မဟုတ်ရင် အဖေကအမွေပြတ်စွန့်လွှတ်မတဲ့…Klaus ဆိုတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၉ မှာထွက်ရှိထားပြီးIMDb – 8.4/10 နဲ့ Rottentomatoes – 89% တောင်ရရှိထားတာမို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တယ်လို့ပဲပြောလိုက်ပါရစေ.။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်… File Size ...
movie

Klaus (2019)

2019
4K HEVC Web-DL
Dangerous Game: The Legacy Murders (2022)
Dangerous Game: The Legacy Murders (2022) Dangerous Game : The Legacy Murders (2022)"Escape Movies" တွေကိုကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားလာပါပြီ။"Dangerous Game: the Legacy Murders" ဆိုရင် ကွင်းဆက်လူသတ်သမားအပြင် မျိုးဆက်လူသတ်သမားများလို့ပါပြောလို့ရပါတယ်။ အယ်လီဆန်ဆိုတဲ့အဖိုးကြီးက တစ်ချိန်တုန်းက ကဒိတ်ဒိတ်ကြဲစီးပွားရေးသမားဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ ဝှီးချဲပေါ်က ထမရတဲ့ လူအိုကြီးတစ်ယောက ဖြစ်နေပါပြီ။ သူက သူ့သားထဲက ကိုင်လ်က သူ့ရဲ့အမွေအနှစ်တွေစီးပွားရေးလုပ်ငန်းတွေကိုခိုးသွားတဲ့ သူခိုးကောင်ဆိုပြီး စွပ်စွဲပါတယ်။ နောက်တော့ ကျွန်းတစ်ကျွန်ပေါ်မှာအိမ်ကြီးဆောက်ပြီး သူ့အိမ်တော်ထိန်းနဲ့နှစ်ယောက်ထဲနေပါတယ်။ သားနှစ်ယောက်ကလဲ နားအေးရင်ပြီးရော ဆိုပြီး လွှတ်ထားကြပါတယ်။ တစ်နေ့တော့အဖိုးကြီးက သူ့သားနှစ်ယောက်နဲ့မြေးတွေကို သူ့မွေးနေ့အတွက်ကျွန်းပေါ်ကိုလာဖို့ဖိတ်ခဲ့ပါတယ်။ အဲဒီညမှာ ဘယ်သူ့ဆီကမှန်းမသိတဲ့ ဘုတ်ပြားဂိမ်းရောက်လာပါတယ်။ ဂိမ်းက လူသတ်သမားကိုရှာရမယ့်ဂိမ်းဖြစ်ပြီး သူတို့ထဲကတစ်ယောက်သာအသက်ရှင်ကျန်မှာပါ။ လူသတ်သမားကဘယ်သူဖြစ်မလဲ။ အဖိုးကြီးလား။ သူ့သားကိုင်လ်ပဲလား။ မျိုးဆက်လူသတ်သမားများဆိုတဲ့အတိုင်း ဒီဇာတ်လမ်းကို အပြင်မှာတကယ်ရှိခဲ့တဲ့ အမေရိကန်ရဲ့ပထမဆုံးကွင်းဆက်လူသတ်သမားနဲ့လဲ ချိတ်ဆက်ဖန်တီးထားတာမို့ စိတ်ဝင်စားစရာ "Escape Movie" ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… ...
movie

Dangerous Game: The Legacy Murders (2022)

2022
Beverly Hills Ninja (1997) 5.6
Beverly Hills Ninja (1997) Beverly Hills Ninja (1997)90s born တို့ရဲ့ တစ်ချိန်က အသည်းစွဲ သ​ဘောကျခဲ့ရတဲ့ နင်ဂျာဝတုတ်ကား​လေး CMကို ​ရောက်ရှိလာပါပြီ။နင်ဂျာတွေ တစ်ခေတ်စား​စဉ်အခါက နင်ဂျာလို့ ​ပြောလိုက်တာနဲ့ သိုသိုသိပ်သိပ် ဖျတ်ဖျတ်လတ်လတ် ပိန်ပိန်ပါးပါး​လေး​တွေကိုပဲ မြင်​ယောင်မိကြမှာပါ။ ဒီဇာတ်ကား​လေးမှာ​တော့ ဂျပန် ဒဏ္ဍာရီပုံပြင်အရ တိုင်းတစ်ပါးသားက​လေးတစ်​ယောက်က ထူးမြတ်တဲ့ အဖြူ​ရောင်နင်ဂျာ​လေးအဖြစ် ကြီးပြင်းလာမယ်လို့ ဆိုထားပါတယ်။ နင်ဂျာမျိုးနွယ်စုဆီကို က​လေး​ပေါက်စ​လေး ​သောင်တင်လာချိန်မှာ​တော့ ​ခေါင်း​ဆောင်က သူပဲဖြစ်ရမယ်ဆိုပြီး ​သေချာပြုစုပျိုး​ထောင် သားတစ်​ယောက်လို ​စောင့်​ရှောက်ခဲ့​ပေမယ့် တက်တက်စင်အောင် တလွဲ​​တွေအမြဲလုပ်တဲ့ မင်းသား ဟာရု... ​နောက်တစ်​ယောက်က​တော့ ဆရာကြီးရဲ့ တပည့်​တွေထဲ အ​​တော်ဆုံး နင်ဂျာဖြစ်တဲ့ ဂို​ဘေး...ဟာရုတစ်​ယောက် ဒိုဂျိုမှာ တစ်​ယောက်ထဲကျန်ခဲ့ချိန် အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို လက်ခံရရှိလိုက်ပါ​တော့တယ်... အလုပ်လာအပ်တဲ့ မိန်းက​လေးကို သ​ဘောကျမိပြီး ​အ​မေရိကားအထိ လိုက်ကယ်တင်ဖို့ ဖြစ်လာတဲ့အခါမှာ ​တော့ ဟာရု ပေါက်ကရလုပ်လွန်းလို့ အမြင်ကတ်​ပေမယ့်လည်း ဆရာကြီး​ကောင်းမှုနဲ့ ဂို​ဘေးလည်း ဟာရုရဲ့ အရိပ်အဖြစ် ...
movie

Beverly Hills Ninja (1997)

1997
Night of the Animated Dead (2021) 5.0
Night of the Animated Dead (2021) Night of the Animated Dead (2021)=========================ဒီ​နေ့​ခေတ် Zombie apocalypseကား​တွေအ​ကြောင်း ​ပြောလိုက်ရင် Walking dead နဲ့သူရဲ့ Spin-off တစ်သိုက်၊World War Z, Zombieland, Resident Evilsတို့ကို အရင်ဆုံး​ပြေးမြင်မိကြမှာပါ။ဒါ​က​တော့ Walking deadရဲ့ ဘိုး​အေကြီးလို့​ပြောရမယ့် Animationဆိုလည်း မမှားပါဘူး၊ 1968တုန်းက ထွက်ရှိခဲ့တဲ့Director George A.Romeroရဲ့ Night of the Living Deadကို animated versionအဖြစ် 2021မှာ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရရင် Johnnyနဲ့ Barbaraတို့ ​မောင်နှမဟာ Pennsylvaniaပြည်နယ်မှာရှိတဲ့အ​ဖေ့အုတ်ဂူကို လွမ်း​သူပန်း​ခွေချဖို့ သွား​ရောက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံး တစ်ချိန်တည်းနဲ့ Zombie Apocalypseကြီးထဲကိုချက်ချင်း​ရောက်ရှိသွားတဲ့အခါ ... နီးစပ်ရာယာ​တောအိမ်ထဲကို ဝင်ပုန်းရင်း ​ဒေသခံပြည်သူ​လေး​ယောက်နဲ့တူတူ အသားစားzombie​တွေရန်က​နေ လွတ်​မြောက်​အောင် ကြိုးစားရုန်းကန်ရပါတော့တယ်။Zombieကား​တွေရဲ့အနှစ်သာရဖြစ်တဲ့ ​သွေးသံရဲရဲ​တွေ၊ ရက်စက်ကြမ်းကြုတ်မှု၊ ရဲရင့်မှု၊ ...
movie

Night of the Animated Dead (2021)

2021
Boss Level 2020
Boss Level 2020 Time Loop ကားကောင်းကောင်းလေးတွေ ကြည့်ချင်လို့စောင့်မျှော်နေတဲ့ CM ပရိတ်သတ်ကြီးအတွက် ကားကောင်းကောင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ Boss Level(2020)ပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ရွိုင်ဆိုတာကတော့ တစ်နေ့တည်းကိုပဲထပ်ကာထပ်ကာနိုးထနေရတဲ့ စစ်သားတစ်ဦးပါ။ထူးဆန်းတာက သူနိုးလာတာနဲ့ သူ့ကိုအသေအကြေသတ်မယ့်လူတွေက ဆီးကြိုနေတာပါပဲ။တစ်ယောက်လက်ကလွတ်ရင် တစ်ယောက်က ထပ်ပြီးတော့ သတ်ဖို့ကြိုးစားနေတဲ့ ဒီဘ၀ကြီးမှာ သူကလည်း ကြိုးစားရှင်သန်နေထိုင်ပေမယ့် အချိန်တန်ရင် အသတ်ခံရတာပါပဲ။ဒီလိုနဲ့ရက်ပေါင်းများစွာ ကြာလာခဲ့ချိန်မှာတော့ သူချစ်ရတဲ့အမျိုးသမီးအသတ်ခံလိုက်ရကြောင်း သူသိလိုက်ရပါတော့တယ်။သူကိုယ်တိုင်ကလည်း ရန်သူတွေပတ်လည်၀ိုင်းနေချိန် ဇနီးသည်ချန်ထားခဲ့တဲ့ သဲလွန်စလေးတွေနောက်ကိုလိုက်ရင်း လက်စားချေဖို့ကြိုးစားပါတော့တယ်။ အထပ်ထပ်၀ိုင်းနေတဲ့ လုပ်ကြံသူတွေလက်ကဘယ်လိုပြေးပြီး ဒီပိတ်မိနေတဲ့အချိန်ထဲကနေ ဘယ်လိုလွတ်အောင်ကြိုးစားမလဲ? လွတ်မြောက်ဖို့ရောဖြစ်နိုင်မှာလား?ဆိုတာ အရမ်းကိုစိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ။ ရိုးတာနေတဲ့ Time loop movie လမ်းကြောင်းကနေခွဲထွက်ခဲ့တဲ့ ဒီကားလေးနာမည်ကတော့ Boss Level(2020)ပါ။ Channel Myanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.4 Gb / 700 Mb Quality… webrip 1080p Format…mp4 Duration….01:41:00 Genre … Action, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Aye Mon Kyaw   
movie

Boss Level 2020

Irresistible 2020 6.3
Irresistible 2020 Irresistible (2020) မှာ ဝင်စတန်လို့ခေါ်တဲ့ မြို့ငယ်ကလေးကို နိုင်ငံရေးပါတီကြီးတွေရဲ့ အာရုံစိုက်မှု ခံရတဲ့ခါ ဖြစ်လာတဲ့အရာတွေကို ဟာသဆန်ဆန်ရိုက်ကူးပြထားပါတယ်။ ဒီမိုကရက်တစ် ပါတီတင် ဂယ်ရီက အငြိမ်းစားယူသွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးတ်၏ယောက်က အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး ပြောဆိုတဲ့ ဗီဒီယိုကို အင်တာနက်မှာ တွေ့သွားပြီး သူတို့ပါတီ ပြန်လည်အနိုင်ရဖို့ သော့ချက်ကို တွေ့ပြီလို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့် ရီပါ့ပလစ်ကန် ပါတီဘက်က သူနဲ့ယှဉ်ပြိုင်ဖို့ အတော်ဆုံးဖြစ်တဲ့ ရို့စ်ဆိုတဲ့ အမျိုးသမီးကို လွှတ်ပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပြီး နောက်ဆုံးမှာ ဘယ်ပါတီက အနိုင်ရသွားမလဲ... Irresistible (2020) ဟာ အမေရိကန်ရဲ့ နိုင်ငံရေးကို သရော်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ   File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 41min Genre :   Comedy, Drama  Subtitle ...
movie

Irresistible 2020

American Woman (2018) 6.8
American Woman (2018) American Woman (2018) IMDb - 6.8/10_____Rotten - 88%    မိသားစုဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မိန်းကလေးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ အသက်ဆယ့်ခြောက်နှစ်နဲ့ကိုယ်ဝန်ရခဲ့ပြီး သမီးလေးတစ်ယောက်မွေးထားပေမယ့် အဲဒီသမီးကလည်းငယ်ငယ်နဲ့ကလေးတစ်ယောက်ရလာတော့ မြေးကိုပါထိန်းနေရတဲ့ သက်လတ်ပိုင်းမိန်းမတစ်ယောက်ရဲ့ဘဝအခြေအနေတွေ နေထိုင်မှုပုံစံတွေကိုသေသေချာချာရိုက်ပြထားတာပါ တစ်ရက်သူ့သမီးကကောင်လေးနဲ့ညစာထွက်စားပြီးပျောက်သွားတဲ့အခါမှာတော့ သူ့သမီးကိုလည်းရှာရ မြေးကိုလည်းထိန်းရ ဒီကြားထဲသူ့ရဲ့ပင်ကိုယ်စရိုက်အရယောကျာၤးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့တွဲ တွဲသမျှယောကျာၤးတိုင်းရဲ့အနိုင်ကျင့်တာခံလိုက်ရ ထားသွားတာခံလိုက်ရနဲ့သူ့ရဲ့ဘဝကိုလက်လွှတ်အရှုံးပေးချင်ပေမယ့်လည်း သူ့သမီးကိုရှာတာကလည်းလက်မလျော့ မြေးကိုလည်းမထားခဲ့နိုင်နဲ့ နောက်ဆုံးသူ့ရဲ့မျှော်လင့်ချက်သမီးသတင်းကိုကြားရတဲ့အချိန်မှာ သတင်းကောင်းဖြစ်မလား သတင်းဆိုးဖြစ်မလား သူ့ဘဝကိုရော သူဒီအတိုင်းဆက်သွားပြီနေမလား ဘာတွေဘယ်လိုသူဆက်လုပ်မလဲဆိုတာကို ကြည့်ရှုရမှာပါ   File Size : (1 GB) Quality :  WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Phue Encoded by Moe Myint Lwin  
movie

American Woman (2018)

2018
College Road Trip(2008) 4.3
College Road Trip(2008) College Road Trip (2008)ရုပ်ကြီးမြင်တာနဲ့တင် ရယ်နေရတဲ့ ဟာသမင်းသားကြီး Martin Lawrence သရုပ်ဆောင်ထားတဲ့နောက်ထပ် College Road Trip  ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်..........ဒီကားထဲက ဟာသမင်းသားကြီး Martin Lawrence ကိုမသိရင်သာနေမယ်..အူတက်အောင်ရယ်ခဲ့ရတဲ့ သူကားတွေဖြစ်သည့် Blue Streak ,Bad boyတို့ Big Momma’s Houseတို့ကိုတော့ သိမယ်ထင်ပါတယ်..အခုတစ်ခါတစ်မှာတော့ ဒီမင်းသားကြီးဟာ သားသမီးအပေါ်အရမ်းချစ်တတ်ပြီး အရွယ်ရောက်သည့်အထိ ကလေးတစ်ယောက်လို သမီးအပေါ်သဘောထားတဲ့ စိတ်ပူတတ်လွန်းတဲ့ ဖခင်တစ်ယောက်နေရာမှာသရုပ်ဆောင်ထားပါတယ်...သူ့ရဲ့ သမီးကြီးဟာ ကော်လိပ်တစ်ခုတက်ရဖို့အခွင့်အရေးရလာတယ်..ဒီကောလိပ်က သူတို့အိမ်နဲ့ဆို မိုင်(၇၀၀) ခန့်ဝေးပါတယ်....ဒါ့ကြောင့်စိတ်ပူတတ်တဲ့ ဖခင်ဟာသူ့သမီးကိုကျောင်းအထိ ကားနဲ့လိုက်ပို့ဖို့ဖြစ်လာတယ်...လမ်းခရီးအမှာအလွဲတွေနဲ့ ရယ်ရတာတွေတွေ့ရမယ့်အပြင်ဖခင်နဲ့သားသမီးအကြားဆက်ဆံရေးလေးတွေကို ကောင်းမွန်စေဖို့ ပညာသားပါပါလေးတွေပြသသွားတဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးဗျို့....File Size : (850 MB) and (317 MB) Quality : Blu-Ray 720p Format…mp4 Duration…01:23:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie

College Road Trip(2008)

2008
Henchmen (2018) 5.4
Henchmen (2018) ကဲ နှစ်သစ်မှာ အသစ်ထွက်ထားတဲ့ ကာတွန်းကားအသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။တစ်ခုရှိတာက စူပါဟီးရိုးမဟုတ်ပဲနဲ့ စူပါဗီလိန်ဇာတ်လမ်းဖြစ်နေတာကြောင့်အမြင်တစ်မျိုးဆန်းနေမှာတော့ သေချာပါတယ်။ ဇာတ်လမ်းလေးကငယ်ငယ်လေးတညး်က ကာတွန်းစာအုပ်တွေကို စွဲလန်းမှုကြီးခဲ့တဲ့လတ်စ်တာဆိုတဲ့ မိဘမဲ့ခလေးလေးတစ်ယောက်ဟာ စူပါဗီလိန်တွေကိုအထူးနှစ်သက်တဲ့သူတစ်ဦးပါ။ တစ်နေ့သူမိဘမဲ့ကျောင်းကထွက်လာခွင့်ရတဲ့ အချိန်မှာတော့ သူ့ရည်မှန်းချက်ဖြစ်တဲ့စူပါဗီလိန်တစ်ယောက်ဖြစ်အောင် ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားကောင်းလေးမို့ အားပေးကြပါဦးFile Size : (832 MB) & (240 MB)Quality :Web DL 720pRunning Time :1hr 29 minFormat : Mp4Genre :Animation , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie

Henchmen (2018)

2016
Super Troopers 2 (2018) 6.8

Super Troopers 2 (2018)

2018
The Right Kind of Wrong 6.1
The Right Kind of Wrong Leo the dishwasher falls in love with a bride on the day of her wedding - to another man.အပန်းဖြေကြည့်ဖို့အတွက် The Right Kind of Wrong ဆိုတဲ့ Romance Comedy လေးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒ်ီကားလေးဟာဆိုရင် လီယိုပါလာမီနိုဆိုတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပါ။သူဟာဆိုရင် စိတ်ကူးအကြီးကြီးယဉ်လေ့ရှိပြီး မဖြစ်နိုင်တာတွေကိုတောင့်တတက်တဲ့ လူတစ်ယောက်ပါ။ဘေးက်နေအကြံပြုဝေဖန်တာတွေကို ဂရုမစိုက်သလို လုံးဝနားထောင်လေ့မရှိပါဘူး။သူ့အိပ်မက်က စာရေးဆရာတစ်ယောက် ဖြစ်ချင်တယ်ဆိုပေမဲ့ နာမည်ကျော်ထုတ်လုပ်ရေးနဲ့ကျမှ ဖြန့်ချီမယ်ဆိုပြီး ရည်မှန်းသူပါ။အလိုက်လဲမသိတက် မိန်းမကိုလည်း ကြင်နာရကောင်းမှန်းမသိတဲ့ သူဟာ မိန်းမနဲ့လည်းအဆင်မပြေဖြစ်လာပါတယ်။ဒါကိုသူ့မိန်းမက Why You Suck ဆိုတဲ့နာမည်နဲ့ ဘလော့တစ်ခုထောင်ပြီး သူ့အကျင့်ဆိုးတွေကိုရေးသားပါတယ်။ဒီလိုနဲ့ သူတို့ကွဲကျတဲ့ အချိန်မှာသူက ပန်ကန်းဆေး သမားဘ၀ရောက် သူ့မိန်းမကတော့ Why You Suck ဘလော့နဲ့နာမည် ကြီးသွားပါတော့တယ်။သူလဲ ...
movie

The Right Kind of Wrong

2013
The Three Stooges (2012) 5.1
The Three Stooges (2012) The Three Stooges (2012) IMDb - 5.1/10_____Rotten - 52%  The three stooges ဟာသဇာတ်ကားလေးပါ ၊၊ မိတ်ဆွေ သင်အမှန်တစ်ကယ် ဟာသဇာတ်ကားတွေ ကြိုက်ပါသလား၊၊ ဒီ ဇာတ်ကားကို ကြည့်ပါ၊၊ ဇာတ်လမ်းတစ်ခုလုံး မိုး၊ လယ်ရီ၊ ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်၊၊  Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့၊၊ ဘာမှမသိ ချစ်စဖွယ်ကလေးတွေ၊၊ နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်၊၊ “ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ” အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်၊၊  ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့် အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို မဖျက်သိမ်းရအောင် လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ ၊၊    (ဇာတ်ကားအညွန်းရေးသူကတော့ ...
movie

The Three Stooges (2012)

2012