Channel Myanmar

Will Zahrn

The Weather Man(2005) 6.6
The Weather Man(2005) The Weather Man(2005)====================ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကိုပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ်မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှသင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကိုအမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကိုလက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကိုအကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ)work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝကစာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲသူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာသူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်းတလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာမလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကိုလူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလိုသွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့်မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲဝေဝါးနေဦးမှာလား။ ...
movie

The Weather Man(2005)

The Client(1994) 7.0
The Client(1994) The Client(1994) အညွှန်း*********************IMDb...7.0,,,, Rt.. 80% ဒီကားဟာ အတော်လေးနာမည်ကြီးခဲ့တဲ့ကားဖြစ်ပြီး ကျွန်တော်တို့ရဲ့ Men In Blackထဲက ဘိုးတော်ကြီးTommy Lee Jonesလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်.... ညီအစ်ကိုနှစ်ယောက်ဟာ တောထဲမှာ ဆော့ကစာနေရင်းရှေ့နေတစ်ယောက် သေကြောင်းကြံတဲ့အမှုမှာ မျက်မြင်သက်သေဖြစ်သွားခဲ့ပါတယ်။ဒီရှေ့နေသတ်သေမှုဟာ လွှတ်တော်အမတ်တစ်ယောက်ပျောက်ဆုံးမှုနဲ့ ပတ်သက်နေတဲ့အတွက်အဲဒီရှေ့နေမသေခင် နောက်ဆုံးမြင်လိုက်ရတဲ့ ကလေးနှစ်ယောက်ထဲကအကြီးကောင် Markဟာမီဒီယာတွေနဲ့ မာဖီးဟားအဖွဲ့ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ ဒါ့အပြင် အမတ်လောင်းပျောက်ဆုံးမှုကိုလိုက်နေတဲ့ ရှေ့နေကြီးRoyအတွက်လည်း မြို့တော်ဝန်ဖြစ်ရေးအတွက်ဒီအမှုနိုင်ဖို့က အရေးပါနေတာကြောင့် မျက်မြင်သတ်သေMarkကို မေးခွန်းတွေ အစ်အောက်ဖို့ ကြိုးစားပါတယ်။ဒီတော့ လူလည်လေးMarkဟာ မပြောသင့်တာတွေပြောရင် အသတ်ခံရမယ်လို့မာဖီးယားတွေခြိမ်းခြောက်ခံထားရတဲ့အတွက် အခြေအနေအရပ်ရပ်ကို ရှောင်ရှားနိုင်ဖို့အတွက်ရှေ့နေတစ်ယောက် ငှားရမ်းပါတော့တယ်။ ဒီတော့ Markနဲ့ ရှေ့နေတွေကြား ဘာဆက်ဖြစ်မလဲ၊မာဖီးယားတွေလက်ထဲက ဘယ်လိုရှောင်ရှားမလဲ၊ လွှတ်တော်အမတ်ပျောက်ဆုံးမှုနဲ့ရောဘယ်လိုပတ်သက်နေလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်..File Size : (2.38GB)(812MB) and (262MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Crime ...
movie

The Client(1994)

L.A. Confidential (1997) 8.3
L.A. Confidential (1997) L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie

L.A. Confidential (1997)

The Untouchables(1987) 7.9
The Untouchables(1987) The Untouchables(1987) IMDb....7.9,,,,,Rotten.....80 ချီကာဂိုမြို့မှာ မြို့မျက်နှာဖုံးလို့တင်စားလောက်တဲ့ လူတစ်ယောက်ရှိတယ်...သူကငွေကြေးချမ်းသာတဲ့အပြင် အစိုးရအသိုင်းအဝန်းကအကြီးအကဲတွေရှေ့နေတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်..သူ့ရဲ့ အဓိက ချမ်းသာမှုက တရားမဝင်အရက်ချက်ရောင်းတာပဲ...ဆိုင်တွေဖြန့်တယ်..မယူတဲ့ဆိုင်ကို တစ်နည်းနည်းနဲ့ဒုက္ခပေးတယ်...ဆိုင်ကိုဗုံးခွဲတယ်..ရဲတွေလည်းသူ့ဆီက ငွေကြေးထောက်ပံ့မှုတွေရနေတော့ သူလုပ်နေတဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုထားတယ်..ဒီလိုနဲ့ ချီကာဂိုမြို့ရဲ့စနစ်တကျပျက်စီးမှုကို ပြုပြင်ပေးဖို့အထူးအေးဂျင့်တစ်ယောက်လွှတ်လိုက်ပါတယ်...အဲ့ဒီအေးဂျင့်က လူမှန်တစ်ယောက်..သူပြုပြင်နိုင်ရမယ်...ချီကာဂိုမြို့ကိုဖျက်ဆီးနေတဲ့အဖွဲ့ကိုလည်းသူဖမ်းနိုင်ရမယ်လို့ယုံကြည်တယ်...ဒါပေမယ့် သူထင်ထားသလိုဖြစ်မလာဘူး..တိကျတဲ့သတင်းရလို့ ဝင်ဖမ်းတာတောင် ဘာသက်သေမှမရတဲ့အပြင် သတင်းစာမျက်နှာဖုံးမှာ အရှက်ခွဲခံလိုက်ရတယ်... ကိုင်းပရိတ်သတ်ကြီးရေ ဒီကားထဲကမင်းသားကြီး (၃)ဦးကိုတော့ ရင်းနှီးပြီးသာဖြစ်မှာပါ....Kevin Costner, Sean Connery, Robert De Niro တို့ပါ...ကျွန်တော်သူတို့ကားတွေလည်းရှေ့မှာအတေ်ာများများတင်ခဲ့ပါတယ် ...အထူးသဖြင့် Robert De Niro  ပေါ့...ဒီကားထဲမှာတော့ ဗီလိန်ကြီးပေါ့ဗျာ...ဂျိန်းစဘွန်းမင်းသားကြီးလို့လူသိများတဲ့ , Sean Connery  ကတော့ ဒီကားနဲ့ အကောင်းဆုံးဇာတ်ပို့အော်စကာဆုရခဲ့ပါတယ်...ကိုင်း အထူးအေးဂျင့်ကြီး အခက်အခဲတွေဘယ်လိုကျော်လွှားမလဲကြည့်လိုက်ပါဦး....File Size : 900 MB Quality : Blu-Ray 720p Format…mp4 Duration…01:59:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Sherlock Encoded by Phyo Pyae
movie

The Untouchables(1987)

1987
Chain Reaction (1996) 5.6
Chain Reaction (1996) အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူ‌တွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie

Chain Reaction (1996)

19962007
Widows(2018) 7.2
Widows(2018) Widows(2018) IMDb....7.2,,,,Rotten...91% 2018 ထွက် Widows ဆိုတဲ့ စိတ်လှုပ်ရှား အံ့အားသင့်စရာ ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်… IMDb -7.2 Rottem Tomatoes 91% စတဲ့ အကောင်းစား Rating ကြီးတွေရထားလေတော့ ကားကောင်းနဲ့ ဒေါင်းကြည့်ဖို့တော့ပြောစရာလိုမယ်မထင်ဘူး... သို့ပေမယ့်  ဇာတ်လမ်းအကြောင်းအနည်းငယ်တော့လိုအပ်မယ်ထင်လို့ပြောပါရစေ.... ဒုစရိုက်လုပ်ငန်းတွေကို အာဏာရှင်တွေ ကျောထောက်နောက်ခံနဲ့ဆောင်ရွက်နေတဲ့ ဟယ်ရီ ရောလင်း (Liam Neeson)ဟာ လူမည်းလုပ်ငန်းရှင်တစ်ဦးထံက အမေရိကန်ဒေါ်လာ တစ်သန်းလုယူအပြီး အပြန်လမ်းမှာ ရဲတွေနဲ့ပက်ပင်းမိတာကြောင့် ပစ်ကြခတ်ကြရင်း သူအပါအဝင် နောက်လိုက်နှစ်ယောက်လည်း သေဆုံးသွားပါတော့တယ်... သူတို့နဲ့အတူ လုယူလာတဲ့ ဒေါ်လာ တစ်သန်းလည်း ကားပေါက်ကွဲ မီးလောင်တဲ့အထဲပါသွားပါတယ်… သေတဲ့လူတွေကသေသွားပြီဖြစ်ပေမယ့် ဒေါ်လာတစ်သန်းကိစ္စဟာ ကျန်ရစ်သူ ဟယ်ရီရဲ့မိန်းမ ဗရော်နီကာထံ ပြဿနာခေါင်းပုံကျလာပါတော့တယ်... အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက်ကြောင့် ဗရော်နီကာဟာ ပေါက်ကွဲမှုမှာသေဆုံးသွားသူတွေရဲ့ ဇနီးတွေထံဆက်သွယ်ပြီး မုဆိုးမသုံးယောက် ဒီပြဿနာကို ဘယ်လိုများဖြေရှင်းကြမလဲ...... ဒုစရိုက်ဂိုဏ်းကြီးနဲ့မှ ပတ်သက်မိတော့ မိန်းမသားတွေအဖို့ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား..... အားနွဲ့တဲ့မိန်းမသားတွေလား ကျားသစ်မတွေလားဆိုတာကိုတော့ .....ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...  File Size : (1GB) and (376MB) Quality ...
movie

Widows(2018)

2018