Channel Myanmar

William Jackson Harper

True Story (2015) 6.3
True Story (2015)  127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie

True Story (2015)

Landscape with Invisible Hand (2023) 6.1
Landscape with Invisible Hand (2023)   လူသားတွေရဲ့ ကမ္ဘာကြီးဟာ လောဘမောဟဒေါသတွေနဲ့ တဖြည်းဖြည်းပျက်စီးလာနေပါပြီ။စီးပွားရေးတွေဆုတ်ယုတ်နေသလို နည်းပညာတွေကလဲမတိုးတက်တော့ပါဘူး။အဲ့ဒီအချိန်မှာ ကမ္ဘာဂြိုလ်ပေါ်ကို ဗက်လို့ခေါ်တဲ့ဂြိုလ်သားတွေရောက်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ လူတွေရဲ့ထုံးစံအတိုင်းငြင်းဆိုခဲ့ကြပေမဲ့ အကွက်မြင်တတ်ကြတဲ့စီးပွားရေးသမားတွေကဗက်တွေရဲ့နည်းပညာ မြင့်မားမှုတွေကိုမြင်ပြီးသူတို့နဲ့ပူးပေါင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကမ္ဘာကြီးက တကယ်နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ အလယ်ကနေဟက်တက်ကွဲသွားတာမျိုးမဟုတ်ပဲနဲ့အပေါ်နဲ့အောက်နဲ့ကွဲသွားခဲ့တာဖြစ်ပါတယ်။လေပေါ်လွင့်မြောနေတဲ့ကမ္ဘာကြီးရဲ့အပေါ်မှာ နေရတဲ့လူတွေကချမ်းသာတဲ့လူတွေ ဂြိုလ်သားတွေကိုကပ်ဖားရပ်ဖားလုပ်ပြီး ကောင်းကောင်းမွန်မွန်နေထိုင်နေရတဲ့ လူတွေဖြစ်ပြီး မြေကြီးပေါ်မှာနေရတဲ့လူတွေကတော့ဆင်းရဲပြီးကြမ်းတမ်းခက်ခဲတဲ့ ဘဝတွေကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။အက်ဒမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကနိမ့်ကျတဲ့ မြေကြီးပေါ်ကမ္ဘာမှာနေနေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့မှာ တခြားသူတွေထက်သာတဲ့အရာက သူတို့မိသားစုမှာ နေစရာအိမ်တစ်လုံးရှိနေတာပါပဲ။တစ်နေ့မှာတော့ အက်ဒမ်ကကျောင်းမှာ ကလိုဝီဆိုတဲ့အိမ်ခြေရာမဲ့ ကောင်မလေးနဲ့တွေ့ပြီးစိတ်ကောင်းရှိသူကြီးပီပီ ကောင်မလေးရဲ့တစ်မိသားစုလုံးကိုအိမ်ပေါ်ခေါ်တင်ထားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာသူတို့တွေနဲ့ဂြိုလ်သားတွေကြားမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဘယ်လိုအဆင့်အတန်းခွဲခြားမှုတွေရှိလဲ ဆိုတာကိုကြည့်ရင်းနဲ့ ကိုယ်တွေကမ္ဘာကိုဂြိုလ်သားတွေလာသိမ်းပိုက်လာရင်ဘယ်လိုတွေဖြစ်လောက်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့စိတ်ကူးယာဉ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…2.77GB / 861MB Quality… AMZN.WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Landscape with Invisible Hand (2023)

Ant-Man and the Wasp: Quantumania (2023) 6.4
Ant-Man and the Wasp: Quantumania (2023) Ant-Man and the Wasp: Quantumania (2023) ================================ IMDb Rating - 6.4/10ကဲ မာဗယ်ရဲ့ ပုရွက်ဆိတ်လူသားရုပ်ရှင် အသစ်လာပါပြီ။ ဇာတ်လမ်းကတော့ Endgame တိုက်ပွဲကြီးအပြီးမှာ အေး အေးချမ်းချမ်းနေနေကြတဲ့ စကော့၊ ဟုပ်၊ ကတ်စီ၊ ဟင်နရီ နဲ့ ဂျဲနက်တို့ မိသားစုဟာ မတော်တဆမှုတစ်ခုကြောင့် ကွမ်တမ် လောကကြီးထဲကို ရောက်သွားပြီး ကွန်ကရာ ခန်း ဆိုတဲ့ ရန်သူ ကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါ။ခန်းဟာ အချိန်ခရီးသွားနိုင်၊ နည်းပညာအသစ်အဆန်းတွေတီ ထွင်နိုင်ပြီး၊ အဗန်ဂျာတွေကိုသတ်နိုင်လောက်တဲ့အထိ စွမ်းအား ကြီးတဲ့သူပါ။ ကမ္ဘာတွေ၊ အချိန်စီးကြောင်းတွေ၊အပြိုင်စကြဝဠာ တွေကိုဖြတ်ပြီး ခရီးသွားရင်း ကမ္ဘာတွေကို ဖျက်ဆီးနေသိမ်း ပိုက်နေတဲ့သူတစ်ယောက်ပါပဲ။ အဲတော့ ဒီရန်သူကြီးနဲ့ စကော့ တို့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality….4k HEVC | 1080p | 720p | 480p File size…6GB | 2.12 ...
movie

Ant-Man and the Wasp: Quantumania (2023)

2023
4K HEVC
Death to 2021 (2021) 6.3
Death to 2021 (2021) Death to 2021 (2021) ===============IMDb Rating - 6.3/10Netflix ကထွက်ရှိထားတဲ့ ဒီTV Special ဇာတ်ကားဟာဆိုရင် IMDb 6.3 ထိရရှိထားတာဖြစ်ပါတယ်။ ဇာတ်ကားဆိုတာထက် TV Program တစ်ခုကို ကြည့်နေရသလိုဆိုရင် ပိုမှန်ပါလိမ့်မယ်။ 2020 , 2021 မှာဆိုရင် ကမ္ဘာတစ်လွှားမှာ ကပ်ရောဂါဘေးတွေရင်ဆိုင်ရသလို နိုင်ငံရေး စီးပွားရေး သဘာဝပတ်ဝန်းကျင်ကပ်ဘေး အစသဖြင့် ကိစ္စတော်တော်များများကြုံတွေ့ခဲ့ရပါတယ်။ ဒီကားမှာဆိုရင် သရုပ်ဆောင်တွေက ကျွန်တော်တို့ 2021 ခုနှစ်အတွင်း ဖြစ်ခဲ့သမျှ အကြောင်းကို အကုန်ပြန်သုံးသပ်ပြီးပြောကြတာဖြစ်ပါတယ်။ နိုင်ငံရေး ကျန်းမာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိတဲ့ နယ်ပယ်မျိုးစုံကအကြောင်းအရာတွေနဲ့ပတ်သတ်ပြီးဆွေးနွေးထားတာကြပြီးတော့ အသိ ပညာဗဟုသုတ တိုးစေမဲ့ဇာတ်ကားလေးဖြစ်တာကြောင့်ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Shwe Pyae မှရေးသားပေးထားပြီး ဘာသာပြန်များကတော့ Shwe Pyae, Jo Jo Va တို့ပဲဖြစ်ပါတယ်။)File Size -(1.12 GB) / (580 MB) / (276 MB) Quality – WebDL ...
movie

Death to 2021 (2021)

2021
Paterson (2016) 7.4
Paterson (2016) Paterson (2016)============IMDb Rating - 7.4/10#UnicodePatersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်းအသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန်ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူးဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန်ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီးကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။)   Quality –  1080p, 720p BluRayDuration - 1hr 49minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, RomanceSource : 1080p. BluRayTranslator – Mya Phyo NandarEncoder – SWM
movie

Paterson (2016)

2016
Dark Waters(2019) 7.6
Dark Waters(2019) Dark Waters(2019)IMDb...7.6(unicode)ဖြစ်ရပ်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ၂၀၁၆ခုနှစ် The New York Times Magazineထဲက Nathaniel Richရေးထားတဲ့ "The Lawyer Who Became DuPont's Worst Nightmare"ကိုအခြေခံပြီး ရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းကတော့ DuPontလို့အမည်ရတဲ့အမေရိကန်ရဲ့အကြီးဆုံး ဓာတုဗေဒပစ္စည်းတွေထုတ်လုပ်ဖြန့်ချီတဲ့ကုမ္ပဏီကြီးက ကုန်ပစ္စည်းထုတ်လုပ်ရာနဲ့စွန့်ပစ်ရာမှာသုံးတဲ့ဓာတုဗေဒပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ် အဲ့ဒါကြောင့်ထိခိုက်သူတွေကရှေ့နေတစ်ယောက်ကိုငှားပြီးတော့တရားရင်ဆိုင်ရဖို့ဖြစ်လာပါတယ် အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်တို့ရဲ့Hulk မင်းသားကြီးMark Tuffaloကရှေ့နေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ် အမေရိကန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တာနဲ့အညီ အကြီးတန်းအုပ်ချုပ်ရေးပိုင်းကခေါင်းဆောင်တွေနဲ့သိတာကြောင့် DuPontကိုနိုင်နိုင်ချေကလုံးဝမရှိတဲ့အခြေအနေအထိဖြစ်နေလို့‌ရှေ့နေတော်တော်များများကငြင်းဆိုကြပါတယ်.... အစပိုင်းကစိတ်မဝင်စားပေမယ့်လဲသူ့အဖွားနေထိုင်ရာဇာတိအနောက်ဗာဂျီးနီးယာမှာဖြစ်တာကြောင့် အနည်းငယ်စူးစမ်းကြည့်ရာကနေရင်နင့်ဖွယ်ဖြစ်ရပ်တွေကိုတွေ့ပြီးတာဝန်ယူရတဲ့အထိဖြစ်လာပါတော့တယ်..... တကယ်ကိုအန္တရယ်များလွန်းတဲ့တရားခွင်ပါပဲ...သူရင်ဆိုင်နိုင်ပါ့မလား...ဆိုတာကိုတော့ ခံစားကြည့်ပါဦး... ဒီကားက တရားခွင်ကို အဓိက ပြထားတဲ့ဇာတ်ကားတွေ ထုံးစံအတိုင်း ဒိုင်ယာလော့တိုင်းဟာ ပညာသားပါပါတယ်.ခက်ခဲတဲ့ စုံစမ်းထောက်လှမ်းမှုတွေလည်း တွေ့ရပါလိမ့်မယ်...ဒါ့အပြင် ကြည့်ရသူတွေအတွက်လည်း ဗဟုသုတပေါင်းများစွာရသလို အစမှ အဆုံးထိ မပျင်းမရိနဲ့ကိုကြည့်ရပါတယ်.. ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်File Size : (1.07 GB)  Quality : Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Biography , Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie

Dark Waters(2019)

Midsommar (2019) 7.4
Midsommar (2019)  Unicode==================== ဒါကတော့စောင့်ကြည့်သူများပြားပြီး ထွက်ထားတာမကြာသေးတဲ့rating ကောင်းတွေနင်းကန်ရထားတဲ့Drama/Thrillerကားတစ်ကားပါမနှစ်က Hereditaryနဲ့ပွဲ ထွက်ပြီးအကောင်း'နဲ့ ဝေဖန်မှုတွေရခဲ့တဲ့ဒါရိုကတာာ Ari Asterရဲ့ ဒုတိယမြောက်ကားပါမိသားစုကိစ္စကြောင့် စိတ်အားငယ်နေတဲ့ဒန္နီဆိုတဲ့ကောင်မလေးတစ်ယောက်ရယ်သူ့ကိုအာရုံနောက်နေပြီး ဆက်ဆံရေး သိပ်အဆင်မပြေတဲ့သူ့ရည်းစားခရစ်ရွန်ရယ်၊ စာတမ်စာတမ်းပြုစုဖို့အားသန်နေတဲ့သာသာယာယာနေတတ်တဲ့ ကောလိပ်ကျောင်းသားတွေသူတို့သူငယ်ချင်း ရဲ့အိမ်ကို နွေရာသီ မှာ လိုက်လည်ကြပါတော့တယ် ပလ္လင်ရဲ့အိမ်ပေမယ့် ဆွီဒင်နိုင်ငံရဲ့ ဝေးလန်တဲ့နေရာမှာရှိပြီးကိုယ့်ယဉ်ကျေးမှု ကိုယ့်ယုံကြည်မှု နဲ့သီးခြားရှိနေတဲ့အုပ်စုတစ်ခုဖြစ်နေပြီး ထူးဆန်းတဲ့ပွဲတော် ကို ကိုးရက်ကြာ ကျင်းပတဲ့နေရာတစ်ခုပါအစကတော့သူတို့တွေအဲ့ပွဲတော်ကို ဆင်နွှဲ ဖ်ု့သွားကြပေမယ့်နေရာတိုင်းမှာထူးးဆန်းပြီး ခြောက်ခြားစရာတွေကြုံလာရပါတယ်လှပမှုတွေ မသတီစရာတွေနဲ့ ထိတ်လန့်မှုတွေကိုတစ်ပြိုင်တည်းခံစားကြည့်ရှုရမယ့်Ari Asterရဲ့ masterpieceလက်ရာဇာတ်ကားတစ်ကားပါပဲဒီဇာတ်ကားက ဒါရိုက်တာရဲ့ထုံးစံအတိုင်း နည်းနည်းစားလို့ ကြည့်ပြီးရင်spoilers alertတွေ ပြန်ရှင်းပြတာတွေကိုgoogleမှာရှာကြည့်လို့ရပါတယ်File Size : ( 1 GB )Quality :  WEB-DL 720pRunning Time : 2 hr 27 minFormat : Mp4Genre : Drama , Horror , ...
movie

Midsommar (2019)

2019
They Remain (2018) 5.7
They Remain (2018) They Remain ဆိုတဲ့ ဇာတ်လမ်းကတော့ Thriller/Horror အမျိုးအစားဖြစ်ပါတယ်။Rotten Tomato 61% ရထားတဲ့ ဘဘာဝလွန်ဇာတ်လမ်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Keith နဲ့ Jessica ဆိုတဲ့ သုတေသန ပညာရှင်နှစ်ယောက်က သစ်တောတစ်ခုထဲမှာ အမည်ဖော်လို့မရတဲ့ အရာတစ်ခုကို ဖော်ထုတ်ပြီးသုတေသနလုပ်ဖို့ စေခိုင်းခံရပါတယ်။ပထမတော့ သူတို့နှစ်ယောက်ဟာ တိရိစ္ဆာန် မျိုးရိုးဗီဇအသစ်နဲ့ အပင်မျိုးစိတ်အသစ်ကိုပဲ သုတေသနပြုလုပ်ရမယ်လို့ထင်ကြပါတယ်။သူတို့ သုတေသန ပြုလုပ်ရမယ့် သစ်တောနားက ကွင်းပြင်မှာပဲ စခန်းချပြီး စတင် ရှာဖွေကြပါတော့တယ်။ဒါပေမဲ့ သူတို့သိလိုက်ရတာက တစ်ချိန်က လူပေါင်းမြောက်မြားစွာ အသတ်ခံရပြီးကိုအဲ့ဒီနေရာမှာပဲ မြုပ်နှံထားတာပဲဖြစ်ပါတယ်။အဲဒီနေရာမှာ လူဆိုလို့ သူတို့နှစ်ယောက်ပဲရှိပေမဲ့ သူတို့တွေ့တွေ့နေရတဲ့ လူအရိပ်တွေ ခေါ်သံတွေ တံခါးခေါက်သံတွေက ဘာတွေလဲ သူတို့ဘာသာစိတ်ထင်လို့ဖြစ်တာလား တကယ်သူတို့ကို ကိုယ်ယောင်လာပြတာလား ပရလောကသားတွေက သူတို့နှစ်ယောက်ကို ဘာများ ပြောချင်တာလဲ သူတို့ကရော အဲလိုထူးဆန်းတဲ့အရာတွေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ သူတို့နှစ်ယောက်ပဲပါတယ်ဆိုပေမဲ့ တကယ်ပျင်းစရာမကောင်းပဲ ကြည့်တဲ့သူကို ...
movie

They Remain (2018)

2018