Channel Myanmar

William Katt

Carrie (1976) 7.4
Carrie (1976) Carrie (1976)~ IMDb - 7.4/10, Rotten Tomatoes - 93% ~Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ...
movie

Carrie (1976)

1976
Jawbreaker (1999)
Jawbreaker (1999)  နှစ် ၂၀ ကြာခဲ့တဲ့အထိ လန်းနေဆဲ ကြည့်ကောင်းနေဆဲ ဆိုးသွမ်းလုံမေလေးတွေရဲ့ ရုပ်ရှင်အဟောင်း အကောင်းတစ်ခုပါ။ အဲဒီခေတ်ကတော့ အရမ်းဟော့ပြီး အရမ်းဖက်ရှင်မိုက်ခဲ့လို့ ရေပန်းစားခဲ့တာပေါ့။1999 ကတည်းက ဆိုပေမယ့် ယနေ့ခေတ်ထိ ခေတ်စားနေဆဲ ဖြစ်တဲ့ Prank လုပ်တာကနေ ဇာတ်လမ်းစထားပါတယ်။ ကျောင်းရဲ့ စူပါးစတား Girl Squad အဖွဲ့ရဲ့ အလှဆုံး သဘောအကောင်းဆုံးကောင်မလေး လစ်ဇ်ရဲ့ မွေးနေ့မှာ သူ့သူငယ်ချင်းတွေက Prank လုပ်ကြတာပေါ့။ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲရင်း အသံမထွက်အောင် ပါးစပ်ထဲကို Jawbreaker ဆိုတဲ့ သကြားလုံးအကြီးကို ဆို့ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ကားဖုံးပြန်ဖွင့်တော့ သကြားလုံးကြီးက လည်ချောင်းထဲဝင်ပြီး လစ်ဇ်ဟာ သေဆုံးသွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆယ်ကျော်သက်ကလေးသုံးယောက်ဟာ မတော်တဆလူသတ်မှုဖြစ်သွားပြီး ဘယ်လိုဖုံးဖိကြသလဲ...? လစ်ဇ်ရဲ့ မိဘတွေနဲ့ ရဲတွေကရော ဘယ်လိုမျိုးရှာဖွေကြမလဲ...? လစ်ဇ်ရဲ့ သူငယ်ချင်းသုံးယောက်ရော ဘာဆက်ဖြစ်မှာလဲ...? လူငယ်ဆန်ဆန်ရိုက်ကူးထားပြီး R-rated လည်း ...
movie

Jawbreaker (1999)

The Man from Earth: Holocene (2017) 5.3
The Man from Earth: Holocene (2017) The Man from Earth: Holocene (2017)_______IMDb - 5.3/10The Man From Earth: Holocene (2017)2007က Man From Earthရဲ့ ဆယ်နှစ်အကြာမှာထပ် ထွက်ခဲ့တဲ့Sequelကားဖြစ်တဲ့ Holoceneမှာ ရေခဲခေတ်နှောင်းကနေ ယနေ့အထိနှစ်ပေါင်း ၁၁၀၀၀ ရှည်တဲ့ကာလ ဘူမိဗေဒအခေါ်အဝေါ်အရ Holoceneခေတ်အကုန်မှာတော့ နှစ်ပေါင်း ၁၄၀၀၀လုံး အသက်ကြီးမလာခဲ့တဲ့ Johnဟာ အိုမင်းတဲ့လက္ခဏာတွေ စပြလာခဲ့ပါတယ်။ John Oldmanမဟုတ်တော့ပဲ John Youngဆိုတဲ့ နာမည်နဲ့ Johnဟာ Chicoမှာ ဘာသာတရားနှိုင်းယှဉ်လေ့လာရေး ပါမောက္ခလုပ်နေပါတယ်။ ပထမကားက အကြောင်းအရာတွေကို ရှေးဟောင်းသုတေသနပညာရှင် Artက The Longest Night အမည်နဲ့ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဒီစာအုပ်ရဲ့ လက်မခံနိုင်စရာတွေကို ဖြစ်ရပ်မှန်လို့ဝန်ခံထားခြင်းကြောင့် ဝေဖန်ရှုပ်ချခံအလုပ်ပြုတ်ခဲ့ရပါတယ်။သူ့အတန်းသားတစ်စုဟာ သူ့ဆီက Artရဲ့ စာအုပ်ကို ဖတ်မိရာကနေ John Youngဟာ John Oldman ဆိုတာကို သတိပြုမိပြီး သက်သေပြဖို့ ကြိုးစားရာကနေ John ဟာ အဲ့ဒီမြို့ကနေ ထွက်ခွာဖို့ဖြစ်လာခဲ့ပါတယ်။သူ့ကိုယ်သူ ယေရှု့ပါလို့ ဆိုထားတဲ့ အသက်တစ်သောင်းလေးထောင်ရှည်တဲ့ လူသားတစ်ယောက်ရယ်... ခရစ်ယာန်ဘာသာရေး အစွန်းရောက်ကျောင်းသားတစ်ယောက်ရယ် သက်သေပြချင်တဲ့ကျောင်းသားတစ်စုရယ်ကြားမှာ ဖြစ်မဲ့ အရှုပ်အထွေးတွေကိုတော့ အနက်ရောင်ဖန်သားပြင်ထက်မှာ ကိုယ်တိုင်ပဲခံစားကြည့်ကြပါ။Rating နည်းပေမဲ့လည်း the ...
movie

The Man from Earth: Holocene (2017)

2017
The Man from Earth (2007) 7.9
The Man from Earth (2007) The Man from Earth (2007)_______IMDb - 7.9/10   ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ John Oldmanလို့ခေါ်တဲ့ ပါမောက္ခတစ်ယောက်... ကျောက်ခေတ်ဦးကနေ ယနေ့ခေတ်ထိ နှစ်တွေသန်းနဲ့ချီရှင်သန်နေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူက ကျောက်လက်နက်တွေနဲ့ အမဲလိုက်ဖူးတဲ့ လူ.... သူက ဗုဒ္ဓနဲ့ တွေ့ဖူးတဲ့လူ.... သူကိုယ်တိုင်ကို ယေရှု့လို့သတ်မှတ်ခံရဖူးခဲ့တဲ့လူ ဗင်းဆင့်ဗန်ဂိုးရဲ့ သူငယ်ချင်းဖြစ်ဖူးတဲ့လူ.... ပညာရပ်အဖုံဖုံရဲ့ ပါမောက္ခဖြစ်ဖူးတဲ့လူ... သူချစ်တဲ့လူတွေရဲ့ သေဆုံးခြင်းကို ရင်နင့်ကြေကွဲဖူးတဲ့လူ... သမိုင်းဖြတ်သန်းမှု အဆက်ဆက်ထဲမှာ စီးမျောဖူးတဲ့လူ..။ ဒီရုပ်ရှင်မှာ သူ့ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာပါ။ မှန်သည်မှားသည်ကတော့ ကိုယ်တိုင်ပဲချင့်ချိန်ကြပါ။ ဒီဇာတ်လမ်းဟာ သူ အလုပ်ထွက်ပြီး ထွက်သွားမဲ့အချိန်မှာ သူငယ်ချင်း ပါမောက္ခတွေနဲ့ အနုပညာ ချစ်ခြင်းမေတ္တာ ရှင်သန်ရပ်တည်မှု ဘာသာရေးစသဖြင့် အကြောင်းအရာအစုံကို ဆွေးနွေးခဲ့ကြတဲ့ ညတစ်ညအကြောင်းပါပဲ....။လူူသားတစ်ယောက်ဟာ သက်တမ်းအနေနဲ့ သက္ကရာဇ်တွေ ဘယ်ရွေ့ဘယ်မျှပဲရရ ဒီကမ္ဘာပေါ်က မြေမှုန်တစ်ပွင့်ထက် မပိုခဲ့ပါဘူး။သူ့ အသက် ၁၄၀၀၀ နဲ့တောင်မှပဲပေါ့... အသိတရားတွေလည်း အများကြီး မရခဲ့ပါဘူး။"ဒုက္ခနဲ့တစ်ခါ ရင်ဆိုင်တွေ့တိုင်း ချစ်သူ လက်ကလေး တစ်ခါကိုင်ချင်တယ်"ဆိုတဲ့ အိုမာခယမ် ကဗျာကလေးလို လူတွေမှာတွယ်တာရာ ရည်ရွယ်ရာတွေနဲ့ လောကဓံတွေကို ရင်ဆိုင်နေကြရတာ များပါတယ်။ အချိန်တွေ အကြာကြီး ရှင်သန်ရင်း... ဆုံးရှုံးခဲ့ရတာတွေသိပ်များလာတဲ့အခါမှာ "ဆုံးရှုုံးကြရမဲ့အတူတူတော့ ဘာတွေကိုများ အများကြီး ဆုပ်ကိုင်ထားကြဦးမလဲ" တွေးမိကြမှာပေမဲ့ တက်နိုင်သရွေ့တော့ တွယ်ညှိနေကြဦးမှာပါ လူတွေဟာ အမှန်တရားထက်ပိုပြီး ...
movie

The Man from Earth (2007)

2007
Super(2010) 6.8
Super(2010) Super(2010) IMDb.....6.8 2010 မှာထွက်ရှိခဲ့တဲ့ အလန်းစား Superhero ဇာတ်လမ်းပဲဖြစ်ပါတယ် Superhero Comedy ဇာတ်ကားဖြစ်ပြီး ဘာဖြစ်လို့ IMDB 6.8 အထိတောင်ရခဲ့တာလဲ..ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ Guardian of the Galaxy ကိုပုံဖော်ပေးခဲ့တဲ့ ဒါရိုက်တာ James Gunn ပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းထဲမှာတော့ ဟာသမင်းသားကြီး Rainn Wilson က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားပြီးနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Ellen Page နဲ့ Liv Tyler တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ် ငယ်စဉ်ကလေးဘဝတည်းကလူတွေရဲ့အနှိမ်ခံဘဝနဲ့နေထိုင်လာရတဲ့ ဖရန့်ခ်ဒါဘို (Rainn Wilson)ရဲ့ မသိစိတ်ထဲမှာတော့ psycho အသေးစားလေးတစ်ခုစွဲကပ်ခဲ့ပါတယ်...အရွယ်ရောက်လာတဲ့အခါမှာလည်း မိန်းမဖြစ်သူ'ဆာရာ'(Liv Tyler)ဟာ သူ့ကိုစွန့်ပစ်ပြီး 'ဂျော့ခ်'ဆိုတဲ့လူနောက်ကိုလိုက်သွားခဲ့ပါတယ် 'ဂျော့ခ်'ဆိုတဲ့သူဟာလည်း ဒုစရိုက်မှုတွေလုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ဒီတော့ဖရန့်ခ်ရဲ့စိတ်မှာ စွဲကပ်နေတဲ့ psycho တွေဟာကြီးမားလာပြီးသူဟာ ဘုရားသခင်ရဲ့ရွေးချယ်ခြင်းကိုခံရတဲ့လူတစ်ယောက်လို့ ထင်ယောင်ထင်မှားဖြစ်ကာ ရာဇဝတ်မှုတွေကိုနှိမ်နင်းပါတော့တယ် သူ့လုပ်ရပ်တွေကိုသဘောကျနေတဲ့ 'လစ်ဘီ'(Ellen Page)ဆိုတဲ့ ချာတိတ်မတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနှစ်ယောက်အတူပူးပေါင်းမိခဲ့ပါတယ် အဲ့နောက်မှာတော့ ဖရန့်ခ်နဲ့လစ်ဘီဟာ 'ဆာရာ့'ကိုကယ်ဖို့ကြိုးစားရင်း ...
movie

Super(2010)

2010