Channel Myanmar

William Shatner

Fanboys (2009)
Fanboys (2009)  ရုပ်ရှင်နာမည်အတိုင်းပဲ ဒီရုပ်ရှင်ဟာ ဖန်ဘွိုင်း (ပရိတ်သတ်) တအုပ် အကြောင်းရိုက်ထားတာပါ။ ဘာပရိတ်သတ်တွေလဲဆိုတော့ စတားဝါးစ် အမာခံပရိတ်သတ်တွေပါ။အချိန်ကာလအားဖြင့် Star Wars Episode 1 : Phantom Menace 1999 မထွက်ခင် ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ မူလတန်းလောက်ကတည်းက စတားဝါးစ်ကို အရူးအမူးအားပေးလာကြတဲ့ စတားဝါးစ်ဂျပိုး လူငယ်တစုဟာ ဟောလိုး၀င်းပါတီတခုမှာပြန်ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း သူငယ်ချင်းအုပ်စုထဲက လိုင်းနက်စ်ဟာ ကင်ဆာရောဂါဖြစ်နေပြီး စတားဝါးစ်ရုပ်ရှင်သစ် ရုံတင်မယ့်ရက်ကို မမီနိုင်တော့တာကို သိရှိလိုက်ကြရပါတယ်။ ဒီလိုနဲ့ စတားဝါးစ်ဂျပိုး သူငယ်ချင်းတစုဟာ လိုင်းနက်စ်ကို မသေခင်မှာ Episode 1 ကိုပြလိုက်နိုင်ဖို့အတွက် ရုပ်ရှင်ဖလင်ကိုသိမ်းဆည်းထားတဲ့ စတားဝါးစ်တည်ထောင်သူဖခင်ကြီး ဂျော့ခ်ျလူးကပ်စ်ရဲ့ခြံထဲကိုခိုး၀င်ဖို့ မိုင်ထောင်ချီဝေးတဲ့ခရီးကို ဗန်ကားအစုတ်လေးတစီးနဲ့ စတင်စွန့်စားခန်းထွက်ကြ‌ပါတော့တယ်။စတားဝါးစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တကားလုံးမှာ စတားဝါးစ် ကိုးကားမှုတွေ ထို‌ခေတ်အခါက ရုပ်ရှင် ဂိမ်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို အလျှံပယ်ထည့်သွင်းသုံးစွဲထားတာဖြစ်လို့ စတားဝါးစ်ကြည့်ဖူးထားရင်တော့ ဒီရုပ်ရှင်ကိုကြည့်ရတာ ပိုအရသာရှိပါလိမ့်မယ်။(ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုသတိပြုပေးပါ) File ...
movie

Fanboys (2009)

Osmosis Jones (2001) 6.3
Osmosis Jones (2001)  ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ဇာတ်ကားလန်းလန်းလေးတွေကြည့်ချင်ရင်ဒီကားလေးကလည်း ကြည့်သင့်တဲ့အထဲပါသဗျ...။ဒါအပြင် ဇာတ်လမ်းပုံစံလေးက ရဲနှစ်ယောက်အမူလိုက်ကားဆိုတော့"Rush hour"ဇာတ်ကားတွေလို vibeမျိုးလေးလည်း ခံစားရမှာအသေအချာပါပဲ...။ဇာတ်လမ်းအကြောင်းပြောရရင် ဖရန့်ဆိုတဲ့လူတစ်ယောက်ရှိတယ်...။သူက ကျန်းမာရေးလည်းမလိုက်စား အစားအသောက်လည်းမဆင်ခြင်ဖြစ်ကတတ်ဆန်းနေတဲ့လူပေါ့....။အဲ့လိုနေချင်သလိုနေလို့ ခန္ဓာကိုယ်ထဲဝင်လာသမျှ ရောဂါပိုးတွေကိုတိုက်ဖျက်ပေးရတာကတော့ ကိုယ်တွင်းကသွေးဖြူဥလေးတွေပါ...။အိုစမိုစစ် ဂျုန်းဆိုတာ ဖရန့်ရဲ့ ကိုယ်တွင်းမြို့တော်ကြီးထဲက ရောဂါတွေကိုတိုက်ဖျက်ပေးရတဲ့ ရဲသားသွေးဖြူဥလေးတစ်ကောင်ဖြစ်ပါတယ်....။တစ်နေ့မှာတော့ ထုံးစံအတိုင်း အဆင်အခြင်မဲ့တဲ့ ဖရန့်ကြောင့် ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေထပ်ဝင်လာပြီး အအေးမိသလို ခေါင်းကိုက်သလိုလိုဖြစ်လာပါတယ်....။ဒီအခြေအနေကို ဖြေရှင်းဖို့ အိုစမိုစစ် ဂျုန်းတစ်ယောက် အခွင့်အရေးရလာတဲ့အခါမှာတော့....။ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာ ဒီအိုင်ဒီယာဆန်းဆန်းလေးနဲ့ရုပ်ရှင်ကားလေးထဲမှာကြည့်ရှုလို့ရပါပြီ....။  File size…2.12 GB / 836 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Osmosis Jones (2001)

DodgeBall: A True Underdog Story (2004)
DodgeBall: A True Underdog Story (2004) Peter La Fleur ဆိုတာ ရည်မှန်းချက်မည်မည်ရရ မရှိဘဲ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံအသေးလေးတစ်ရုံ ပိုင်ပါတယ်။ သူ့ gym မှာ ကစားနေကျ ဖောက်သည် တစ်သိုက်ရှိပေမဲ့ ပိုက်ဆံမရတာတော့(၁၃)လရှိပါပြီ။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ပီတာ့ဘဝထဲကို သတင်းဆိုးကြီး ဝင်ရောက်လာပါ‌တော့တယ်။ ရက်(၃၀)အတွင်း $50,000 မဆပ်နိုင်ရင် gym ကို ဘဏ်က သိမ်းပါတော့မယ်။ သူတို့ Gym ဘေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးနေတဲ့ Globo Gym က ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ Average Joe’s ဆိုတာ ပီတာတို့ဘော်ဒါတစ်သိုက်အတွက်တော့ အားကစားလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ ဘဝအပန်းပြေစေတဲ့ ခိုနားရာလေးဖြစ်ပါတယ် ။ သူတို့အားလုံးအတွက် အရေးကြီးလို့ အဆုံးရှုံးမခံနိုင်ကြပါဘူး။ဒီတော့ ပီတာနဲ့ ဘော်ဒါတစ်သိုက် ရက်(၃၀)အတွက် $50,000 ရှာဖို့ နည်းမျိုးစုံစဉ်းစားကြရပါပြီ။ ...
movie

DodgeBall: A True Underdog Story (2004)

Elvis (2022) 7.7
Elvis (2022) Elvis (2022)သမိုင်းတလျှောက် အအောင်မြင်ဆုံး အဆိုတော်တွေထဲ တစ်ယောက်ဖြစ်တဲ့ အဲလ်ဗစ်ပရက်စ်လီအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆင်ပေးထားပါတယ်။ မင်းသားကြီး တွမ်ဟန့် နဲ့ မင်းသား အော်စတင်ဘတ်တလာတို့ အဓိက သရုပ်ဆောင်ထားပြီး ဒါရိုက်တာ၊ ဇာတ်ညွှန်းကတော့ The Great Gatsby ရဲ့ ဇတ်ညွှန်းဆရာကြီး Baz Luhrmann ပဲဖြစ်ပါတယ်။ အဲလ်ဗစ်ရဲ့ ငယ်ဘဝကနေသေဆုံးသွားတဲ့အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အောင်မြင်မှုတွေ အခက်အခဲတွေ သမိုင်းတွေ အကြောင်းကို သီချင်းတွေနဲ့အတူ အကောင်းဆုံးရိုက်ကူးထားတာပါပဲ။ Bohemian Rhapsody လို အရသာမျိုးကောင်းကောင်းခံစားရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size…2.6GB | 1.4GB | 554MB Format… mp4 Duration…. 2h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Elvis (2022)

Fireheart (2022) 6.3
Fireheart (2022) Fireheart (2022)ဇာတ်လမ်းအညွှန်းIMDb 6.6/10 *********************************"မိန်းက​လေးဆိုတာ မီးသတ်သမားလုပ်လို့ မရဘူး​လေ" "အဲ့ဒါက စည်းမျဥ်းနဲ့ မညီဘူး"အဲ့စကား​လေး​တွေက အ​ဖေတစ်​ယောက်က မီးသတ်သမားသိပ်ဖြစ်ချင်တဲ့ သူ့သမီးကို ​ပြောလိုက်တဲ့ စကားပါ။ ​ဘယ်လိုပဲ ကျားမတန်းတူအခွင့်အ​ရေးလို့ ​ပြော​နေကြပါ​စေ လူ​တွေရဲ့ စိတ်ထဲမှာ အမျိုးသမီး​တွေဆိုရင် အားနည်းတယ်လို့ ​မြင်​နေကြသလို အလုပ်ခွင်မှာလည်း တန်းတူအခွင့်အ​ရေး ရတာနည်းပါတယ်။ဒီ ကာတွန်းကား​လေးက​တော့ မိန်းက​လေး​တွေလည်း မီးသတ်သမားလို သက်စွန့်စံဖျား အလုပ်​တွေမှာ ရဲဝံ့စွာ လုပ်နိုင်​ကြောင်း မီး​မောင်းထိုး ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းအကျဥ်း​လေးက​တော့ ဖခင်ဖြစ်သူ မီးသတ်သမား​ဟောင်းကို အားကျတဲ့ သမီး​လေးက ငယ်ငယ်ကတည်းက ဖခင်လို မီးသတ်သမားကြီးလုပ်ပြီး လူ​တွေရဲ့ အသက်ကို ကယ်တင်ချင်သူပါ။ ဒါ​ပေမယ့် မိန်းက​လေးဖြစ်​နေခဲ့​တော့ သူ့အိပ်မက်​တွေကို ​ဘေးချိတ်ထားခဲ့ရပါတယ်။ ဒါ​ပေမယ့် တစ်ရက်မှာ​တော့ မြို့​တော်မှာ ထူးဆန်းတဲ့ မီး​လောင်မှု​တွေ​ ဆက်တိုက်ဖြစ်လာပြီး မီးသတ်သမား​​တွေ တစ်​ယောက်ပြီးတစ်​ယောက် ​​​ပျောက်ခြင်းမလှ ပျောက်ဆုံးကုန်တဲ့အခါ......မင်းသမီးနဲ့ သူ့အ​ဖေတို့ ဘာ​တွေဆက်ဖြစ်ကြမလဲ.....အိပ်မက်​တွေက တကယ်ပဲခက်ခဲသလား.... အိပ်မက်​တွေ အ​ကောင်အထည်​​ပေါ်လာနိုင်မလား.....ဆိုတာ ဇာတ်ကား​လေးမှာပဲ ဆက်လက် ကြည့်ရှုအား​ပေးလိုက်ရ​အောင်.......။၁၉၈၂ ခုနှစ်မှာမှ နယူးယောက်မြို့ရဲ့ ပထမဆုံးအမျိုးသမီး မီးသတ်သမားရှိလာတဲ့ အကြောင်းကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ကားလေးဆိုလည်း မမှားပါဘူး။က​လေး​တွေပဲဖြစ်ဖြစ် ...
movie

Fireheart (2022)

2022
To Your Last Death(2019) 6.6
To Your Last Death(2019) To Your Last Death(2019)ထိတ်လန့်ဖွယ် ခပ်ကြမ်းကြမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် Animation ဇာတ်ကြမ်းကားတစ်ကား လာပါပြီ...ဇာတ်လမ်းအညွှန်းDeKalb ဆိုတဲ့ အာဏာရှိမိသားစုမှာ သားသမီးလေးယောက်ရှိရာက သူတို့လေးယောက်လုံးကို ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကြီးဟာ ညှင်းပန်းနှိပ်စက်ခဲ့တာပါ...စီးပွားရေးရာမှာ အောင်မြင်လာတဲ့ဖခင်ကြီးဟာ နိုင်ငံရေးဘက်ကို ခြေစုံပစ်ဝင်ဖို့ ကြိုးစားလာပြီး ဒုတိယသမ္မတအဖြစ် မဲဆွယ်ပွဲလုပ်တဲ့အခါမှာ သားသမီးလေးယောက်လုံးဟာ သူတို့အဖေရဲ့မကောင်းကြောင်းကို လူရှေ့သူရှေ့မှာ ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် သူ့ရဲ့နိုင်ငံရေးကြိုးပမ်းမှုဟာ ကျရှုံးခဲ့ရပါတယ်... ဖခင်ဖြစ်သူအတွက်တော့ ကမ္ဘာမကျေ ဖြစ်ရပ်ပါပဲ..အဲ့ဒီနောက်တော့ ဖခင်ဖြစ်သူဟာ ဘယ်လိုရက်စက်ယုတ်မာမလဲ... သားသမီးတွေကရော ဘယ်လို လူသတ်သမားမျိုးစုံနဲ့တွေ့မလဲ... ဒီ Animation က အက်ရှင်ကားဖြစ်ပြီး လူသတ်ချက်တွေလည်း ရက်စက်ပြီး ထိတ်လန့်စရာကောင်းပါတယ်... Plot Twist တွေများတဲ့အပြင် ခပ်ဆန်းဆန်းဇာတ်အိမ်လည်းဖြစ်လို့ ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...File Size : (850 MB) and (380 MB) Quality : WEB-DL  720p Format…mp4 Duration…01:31:00 Genre : Animation , Action , Horror Subtitle ...
movie

To Your Last Death(2019)

Bill & Ted’s Bogus Journey(1991) 6.3
Bill & Ted’s Bogus Journey(1991) Bill & Ted's Bogus Journey(1991)၁၉၈၉ကားမှာတော့ ဘီလ်နဲ့ တက်ဒ်တို့ဟာ သူတို့လုပ်ချင်ရာတွေလုပ် မွှေချင်ရာတွေမွှေခဲ့လို့ ထူးထူးခြားခြားကြီးပြောင်းလဲမှုတွေဖြစ်ကုန်တယ်... ဒီပြောင်းလဲမှုကြီးကိုမကျေနပ်တဲ့ အခြားအဖွဲ့အစည်းဟာ သူတို့ပုံတူစက်ရုပ် ၂ရုပ်ဖန်တီးပြီး ဘီလ်နဲ့ တက်ဒ်တို့ရဲ့ အတိတ်ကို ဖျက်ဆီးဖို့ စေလွှတ်လိုက်ပါတယ်... လူဆိုး ဘီလ်နဲ့ တက်ဒ် လူကောင်းဘီလ်နဲ့တက်ဒ်တို့ ဘယ်လို အလွဲလွဲတွေဖြစ်ကြဦးမလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်...File Size : (850 MB) and (345 MB) Quality : Blu-Ray 720p Format…mp4 Duration…01:33:00 Genre : Adventure, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie


1991
Over the Hedge 2006 6.7
Over the Hedge 2006 ကဲပါ ဒီတစ်ခေါက် အူတက်နေအောင် ရယ်ရပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ဆောင်းခို သတ္တ၀ါ လေးတွေ ရဲ့ အစားအစာ ရှာဖွေတော်မူခန်း ကို တင်ဆက်ပေးချင်ပါတယ် DreamWorks Animation ရဲ့ ထုတ်ကုန် ဆိုရင် ပြောနေစရာမလိုအောင် ကောင်းပြီးသားမှန်း သိမှာပါ ဇတ်လမ်းပုံစံကတော့ လိပ်ကလေး တစ်ကောင် ဦးဆောင်တဲ့ ဆောင်းခို အဖွဲ့ဟာ တစ်ခုသော နွေရာသီမှာ သူတို့ အသိုက်ကနေ ထွက်လာကြပြီး ကျန်တဲ့ ဆောင်းရာသီ အတွက် အစာရှာဖွေခြင်း လက်ရှိရာသီ အတွက် အသက်ရှင် နေထိုင်ရေး အတွက် ကြိုးပမ်းမှု များကို စတင်လုပ်ဆောင်ပါတော့တယ် ဒါပေမယ့် သူတို့ မသိလိုက်တာက သူတို့ ဆောင်းခိုနေစဉ် ကာလ အတိုလေးမှာပဲ သူတို့ တောအုပ်လေးကို ကွပ်လပ်လေး တစ်ခုအဖြစ် အလယ်ဗဟိုထားပြီး မြို့သေးသေးလေး တစ်ခု ဆောက်လုပ်လိုက်တာပါပဲ ဒီတော့ သူတို့ အတွက် အစာရေစာ ရှားပါးသည့် အပြင် လူသားတွေ ရဲ့ သက်ဖြတ် နှိမ်နှင်းမှု ကိုလဲ ခံရနိုင်ပါတယ် ဒီတော့ ဘယ်လိုလုပ်ကြမလဲ ? အဲ့ဒီအချိန်မှာပဲ လူတွေ ကို လှည့်စားပြီး အစာရှာနည်းသင်ပေးမယ့် ကြောင်လည်ပတ်ကား တောကြောင် တစ်ကောင် သူတို့ မိသားစုလေးထဲ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလို့ ...
movie

Over the Hedge 2006

2006