Channel Myanmar
Wu Gang
Transformers: Age of Extinction (2014) 5.7
Transformers: Age of Extinction (2014) ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။ Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊ အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ.......။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  ...
movie
Transformers: Age of Extinction (2014)
2014
4K HEVCHDR
Lady of the Dynasty (2015)
Lady of the Dynasty (2015) တကယ့်အဖြစ်အပျက်တွေက ပုံပြင်တွေထက် ဆန်းကြယ်တာမျိုးပဲထင်တယ်...၇ ရာစုခန့်က တရုတ်ပြည် ထန်မင်းဆက်ခေတ်မှာ ရွှမ်ကျုံးဆိုတဲ့ ထန်ဧကရာဇ် စိုးစံတယ်....သူဟာ ထန်ခေတ်ရဲ့အချောဆုံးအလှဆုံးဆိုနိုင်တဲ့ ရန်ယုဟွမ်ဆိုတဲ့ မိန်းကလေးကို တွေ့ပြီး မြင်မြင်ချင်း အရည်ပျော်သွားတာကြောင့် တော်ကောက်ဖို့လုပ်ပါတယ်...ပြသနာက အဲ့မိန်းကလေးဟာ သူ့ရဲ့သားနဲ့လက်ထပ်ထားသူဖြစ်ပြီး တနည်းအားဖြင့် သူ့ချွေးမဖြစ်နေပါတယ်....ဒါပေမယ့်သူဟာ ရှင်ဘုရင်ဖြစ်ပြီး လိုချင်တာကိုရအောင်ယူနိုင်တဲ့လူဖြစ်နေတာကြောင့်အချစ်ရဲ့စေစားရာအတိုင်း ရန်ယုဟွမ်ကို မိဖုရားတင်မြှောက်ဖို့ မကြံကောင်းမစည်ရာတွေ ကြံစည်ပါတော့တယ်...ဒီလို အဆိပ်ပန်းသီးစားရတဲ့ချစ်ခြင်းတစ်ခုဟာ ဘယ်လိုဆက်သွားပြီး ရာဇဝင်မှာဘယ်လိုအဆုံးသတ်ရတယ်ဆိုတာ ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ကြာချိန်တိုတိုလေးအတွင်းမှာ ရှည်လျားထွေပြားပြီး သပွတ်အူလိုရှုပ်နေတဲ့ရာဇဝင်ကို ပြည့်စုံအောင်မရိုက်ကူးနိုင်တာကြောင့်ရာဇဝင်အပြည့်အစုံကို ဒီ Post https://www.facebook.com/tianxiadiyi888888/posts မှာ ဖတ်ကြည့်လို့ရပါတယ်။ရုပ်ရှင်ကိုတော့ ရာဇဝင်နောက်ခံ ရသမြောက်အောင် ဖန်တီးတင်ဆက်ထားတာဖြစ်ပြီးအချောဆုံးအလှဆုံးမိဖုရားနေရာကနေ တရုတ်မင်းသမီးချော ဖန်ပင်းပင်းက တကယ့်ကိုလိုက်ဖက်စွာ သရုပ်ဆောင်ထားပါတယ်။ File size…(2.6 GB)/ (1 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:01:29 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Mugiwara ...
movie
Lady of the Dynasty (2015)
The Myth (2005) 6.2
The Myth (2005) တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။   File ...
movie
The Myth (2005)
2005
1080p HEVC
The Legend Of Zu (2001) 5.1
The Legend Of Zu (2001) ဇူတောင်တန်းမှာ ဒဏ္ဍာရီတွေ အများကြီးရှိနေပါတယ်...စွမ်းအားပြင်းတဲ့ လက်နက်တွေ နတ်ပြည်က ဖန်ဆင်းပေးထားတာတွေ မသေမျိုးတွေ ပြီးတော့... တောင်တန်းကို မကောင်းဆိုးဝါးတွေ လက်ထဲက ကာကွယ်ပေးနေတဲ့ အသင်းတော်တွေ …နှစ် ရာထောင်သောင်းချီတဲ့ ကာလအတွင်းမှာ အသင်းတော်တွေကြားက မညီညွတ်မှုကြောင့် တစ်သင်းပြီး တစ်သင်း မကောင်းဆိုးဝါးကြီး အင်စိုရဲ့ ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်ခဲ့ရပါတယ်။အခုကတော့ အိုမီအသင်းတော်အလှည့်ပါ... အိုမီကျောင်းတော်သားတွေက တက်ညီလက်ညီ ကာကွယ်သွားနိုင်မလား... မကောင်းဆိုးဝါးကပဲ အနိုင်ယူသွားမလားဆိုတာကို တရုတ်သိုင်းကား စိတ်ဝင်စားရင်တော့ ကြည့်လိုက်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲခဗျာ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(3GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:44:00 Type__Action, Adventure, History Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie
The Legend Of Zu (2001)
The Lightning Strike ( 2022 ) 6.2
The Lightning Strike ( 2022 ) ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကတော့ ရူးသွပ်နေတဲ့ ပါမောက္ခလော်ဟုန်ပန်းဟာ မူးယစ်အသစ်တစ်ခုဖြစ်တဲ့ "ဟိုင်းလော့ရှန်" ကို တီထွင်ထုတ်လုပ်ပြီး နိုင်ငံတော်ဥပဒေကို စိန်ခေါ်နေပါသတဲ့ကွယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်ရဲ့ အတော်ဆုံးမူးယစ်တပ်ဖွဲဖြစ်တဲ့ "လျှပ်စီးအဖွဲ့"ဟာ ဒုစခန်းမှူးယန်ရဲ့ ညွှန်ကြားမှုအောက်မှာ ဟောင်ကောင်သူလျှိရဲနဲ့ ပူးပေါင်းပြီး အချိန်ကြာ ထောင်ချောက်တစ်ခုကို အကွက်ချခဲ့ပါတယ်။ပင်လယ်တစ်လျှောက် မူးယစ်လမ်းကြောင်းကိုပိတ်ပြီး မြေအောက်မူးယစ်အပေးအယူလုပ်တဲ့လမ်းကြောင်းတွေကိုရှာဖွေပြီး မူးယစ်အဖွဲထဲကို သူလျှိဝင်ရောင်ခြင်းဖြင့် မူးယစ်ဂိုဏ်းအဖွဲကို တိုက်ခိုက်ခဲ့ပါတယ်။မူးယစ်ဂိုဏ်းကြီးတစ်ခုလုံးကို အမြစ်ပြတ်တိုက်ခိုက်နိုင်မလား...... ဟိုင်းလော့ရှန်ဆိုတဲ့ မူးယစ်ဆေးက တစ်ကမ္ဘာလုံး မပျံ့ခင်မှာ တားဆီးနိုင်မလား...... ဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူ အဖြေရှာကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 43min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
The Lightning Strike ( 2022 )
Super Me (2021) 5.8
Super Me (2021) Super Me (2021)ဒီတစ်ခါတော့ Netflix က မေလ ၈ ရက်နေ့ ထုတ်လွှင့်သွားတဲ့ တရုတ် စိတ်ကူးယဉ်ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအကျဉ်းကတော့ .....စန်းယွီဟာ မိဘမဲ့ဖြစ်ပြီး မွဲတေနေတဲ့ ဇာတ်ညွှန်းရေးဆရာလေး တစ်ယောက်ဖြစ်ပါတယ်။ပြီးတော့ အိပ်လိုက်တိုင်း အိပ်မက်ဆိုးတွေပဲ မက်ပြီး အိပ်မက်နဲ့ လက်တွေ့ ဘဝ မကွဲတော့သလို ကြောင်တောင်တောင်လည်း ဖြစ်လာနေပါပြီ။ဒါပေမယ့် တစ်နေ့မှာတော့ သူ့အိပ်မက်ထဲမှာ တွေ့သမျှ၊ သူ ဖတ်ဖူးမြင်ဖူးရေးဖူးသမျှအရာတွေကို အိပ်မက်ထဲကနေ အပြင်လောကကို တကယ်ယူလာနိုင်တာကို သူသိလိုက်ရပါတော့တယ်။ ဒါကြောင့် ရှေးဟောင်းပစ္စည်းတွေ ရှားပါးပစ္စည်းတွေကို အိပ်မက်ထဲကနေ သွားယူပြီး ရောင်းချရင်း ချမ်းသာလာပါတော့တယ်။ဒါပေမယ့် ဒီအစွမ်းရဲ့နောက်ဆက်တွဲ ပေးဆပ်ရတာတွေ၊ အပြင်လောကမှာပါ မှောင်ခိုဂိုဏ်းနဲ့အရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ....Review နဲ့ ဘာသာပြန်ကတော့ Little Neo ပဲ ဖြစ်ပါတယ်။IMDb - 5.8/10 ရရှိထားတဲ့ သဘာဝလွန် ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။Encoder - AugustFile size…2.3 GB ...
movie
Super Me (2021)
2021
Leap ( 2020 ) 6.7
Leap ( 2020 ) Imdb 6.7  ရရှိထားပြီးတော့ဆယ်စုနှစ်နဲ့ချီတဲ့ သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဆိုမမှားတဲ့တရုတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့...တစ်ချိန်က တရုတ်အမျိုးသမီးဘောလီဘောအဖွဲ့ဟာ တရုတ်ဆိုတဲ့နာမည်ကို ကမ္ဘာကသိရမယ်ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်ထားပြီး အသက်ပေးကြိုးစားလေ့ကျင့်ခဲ့ကြတယ်။ဒီလိုနဲ့ပဲ ၁၉၈၂ ခုနှစ်မှာ အိပ်မက်တွေအောင်မြင်ပြီး ချန်ပီယံဆုကိုပိုက်ကာ အိမ်ပြန်လာခဲ့တယ်ပေါ့.လျန်ဖင်းဆိုတဲ့ သူရဲကောင်းကတော့ အမေရိကားအဖွဲ့ရဲ့ နည်းပြအဖြစ်နှစ် ၂၀ အကြာ မိခင်မြေကို ပြန်ပြီး မိခင်အဖွဲ့နဲ့ပြန်ပြိုင်ရတဲ့အခါမှာတော့တစ်ချိန်က သူကြိုးစားခဲ့တဲ့ တရုတ်အမျိုးသမီး ဘောလီဘောအဖွဲ့ကစံနှုန်းတွေကျနေတာနဲ့အတူ သူနည်းပြလုပ်နေတဲ့ အမေရိကန်အဖွဲ့ကိုပါရှုံးခဲ့တဲ့အချိန်မှာတော့ သူ့ဆုံးဖြတ်ချက်တွေအတွက် ပြန်လည်ဆန်းစစ်ခဲ့တော့တယ်။တစ်ချိန်က ဘာအကူအညီလေ့ကျင့်ရေးစက်တွေ နည်းလမ်းတွေဘာမှမရှိချိန်တုန်းကအသက်ပင်ပေးရပါစေ ချန်ပီယံကို အရယူမယ်လို့ ကြိုးစားခဲ့တဲ့ ခေတ်ကနေအားကစားစက်တွေ လေ့ကျင့်နည်းတွေအပြည့်နဲ့ အားလုံးက ပြိုင်ပွဲကဂိမ်းတစ်ခု အရှုံးအနိုင်က နာမည်တစ်ခုလို့ ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုကိုလျန်ဖင်းတို့ဘယ်လိုမှ နားမလည်နိုင်တာအမှန်ပါ။ ဒါကြောင့်လည်း သူတရုတ်ပြည်မှာကျန်ခဲ့ပြီး နည်းပြလုပ်ပြီး တစ်ချိန်က အမျိုးသမီးဘောလီဘောအဖွဲ့နာမည်ကိုထိန်းမယ်လို့ ကြိုးစားခဲ့ပါတယ်။ကြိုးစားမယ်ဆိုတိုင်း ကြိုးစားလို့ရတာမျိုးတော့မဟုတ်ဘူးလေ။အားကစားသမားတွေအရင်စုရတယ်။ လေ့ကျင့်မှုတွေနဲ့အတူ စိတ်ဓာတ်ပါပြုစုပျိုးထောင်ရတာတွေနဲ့ ပင်ပန်းရတဲ့ကြားထဲမှာ ပြိုင်ပွဲကာလအတွင်းထွက်သွားတဲ့ အားကစားသမားတွေနဲ့....ဒီလိုခက်ခက်ခဲခဲကြိုးစားမှုရလဒ်ကတော့ ၂၀၁၆ ခုနှစ်ကမ္ဘာ့အားကစားပြိုင်ပွဲမှာ အဖြေသိရမှာပါ။အဖြေကတော့ ဇာတ်လမ်းလေးကြည့်လိုက်ကြပါလို့.... Quality ...
movie
Leap ( 2020 )
Mao Zedong 1949(2019) 5.6
movie
Mao Zedong 1949(2019)
2019
The Bullet Vanishes (2012) 6.6
The Bullet Vanishes (2012)  The Bullet Vanishes ( 2012) ထွက် ဇာတ်ကားလေးကတော့ IMDB Rating 6.6 နဲ့ Rotten Tomatoes 92% ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Plot Twist တွေကလည်း အလန်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်အလုပ်လုပ်ဖို့ရူးသွပ်နေတဲ့ ထောင်မှုး ဆောင်ဒုန်လူ နဲ့ ထျန်းချန်မြို့မှာ သေနတ်ပစ်လက်အမြန်ဆုံး စုံထောက် ကောင်းကျွေး တို့ ပူးပေါင်းပြီး တစ္ဆေကျည်ဆန်အမှုကိုလိုက်ကြတာပါ။ တစ္ဆေကျည်ဆန်လို့ခေါ်ရတဲ့အကြောင်းက လက်နက်စက်ရုံက အလုပ်သမလေး ယန် မတရားအသတ်ခံရချိန်မှာ ကျိန်စာတိုက် သွားခဲ့ပါတယ်။ နောက်တော့ လူတွေတစ်ယောက်ပြီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးကြပြီးတော့ ကျည်ဆန်ကိုရှာမတွေ့ပါဘူး။ တကယ့်ကျိန်စာကြောင့်ပဲလား။ ဒါမှမဟုတ် လူတစ်ယောက်ယောက်ကပဲ ဟန်ဆောင်ပြီး သတ်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ။ ပြီးတော့ ဇာတ်ကားကို ကြည့်ရင်း မေးမိနေမှာက ပြီးပြည့်စုံတဲ့ လူသတ်မှုဆိုတာ တကယ်ရှိလားဆိုတာပေါ့။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( ...
movie
2012
Wolf Warrior 2 (2017) 6.0
Wolf Warrior 2 (2017) စစ်ပွဲနောက်ခံ အက်ရှင်ဇာတ်ကားသစ် Wolf Warriors II သည် တရုတ်နိုင်ငံအတွင်း၌ ရုံဝင်ငွေအများဆုံး ရရှိသော ဇာတ်ကားတစ်ကားဖြစ်လာပြီး ရုံတင်ပြသခဲ့သည့် ၁၂ရက်အတွင်း ယွမ်ငွေ ၃.၄၄ ဘီလျံ (ဒေါ်လာ ၅၀၆ သန်း) ခန့် ရရှိခဲ့သောကြောင့် အအောင်မြင်ဆုံး ရုပ်ရှင်တစ်ကားဖြစ်လာသည်။အဆိုပါဇာတ်ကားကို မင်းသားဝူကျင်းက ဒါရိုက်တာအနေနှင့်ရော ခေါင်းဆောင်မင်းသားအနေဖြင့်ပါ ဦးဆောင် ရိုက်ကူးထားပြီး သူနှင့်အတူ အခြားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်ကြသော ဖရန့်ခ်ဂရီလို၊ ဆယ်လီနာဂျိတ်၊ ဝူဂန်းနှင့် ကျန်ဟန်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ထိုရုပ်ရှင်သည် အာဖရိကန်စစ်ပွဲဇုံအတွင်းသို့ အမှတ်မထင်ရောက်ရှိသွားသော တရုတ်စစ်သားများ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရပုံအား ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။Wolf Warriors II ကို လွန်ခဲ့သောဇွန်လ ၂၇ ရက်နေ့က စတင်ပြသခဲ့ပြီး တရုတ်နိုင်ငံရုံဝင်ငွေဇယားတွင် ထိုနေ့ကတည်းက ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။ ဒါ့အပြင် ယနေ့အချိန်ထိ ရရှိခဲ့သော ရုံဝင်ငွေမှတ်တမ်းများ အရ ထိုဇာတ်ကားသည် ပြီးခဲ့သောနှစ်က ...
movie
Wolf Warrior 2 (2017)
2017