Channel Myanmar

Wu Jing

Meg 2: The Trench (2023) 6.0
Meg 2: The Trench (2023)  မင်းသား ဂျေဆန်စတက်သန်ရဲ့ ငမန်းကား ဒုတိယပိုင်းလာပါပြီ။ဒီအပိုင်းက ပထမဆုံးငမန်းကားလောက် ငမန်းအရသာမပေးတဲ့အတွက်rating နည်းပြီး ရုံဝင်ငွေနည်းနေပေမဲ့ အက်ရှင် ဟာသကားအဆင့်အနေနဲ့ဆိုဖျော်ဖြေမှုပေးနိုင်တဲ့ ကားကောင်းလို့ ပြောလို့ရပါတယ်။ ဂျေဆန်နဲ့အတူတရုတ် မင်းသား ဝူကျင်းလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကိုတည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်းပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေတီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကို လေ့လာရေးခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲမက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ... File size… 5GB/2.35 GB /  1.01 GB Quality…WEB-DL 4K HEVC./1080p 5.1 CH /  720p Format…mp4 Duration….1h 56m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Meg 2: The Trench (2023)

4K HEVC
Ride On (2023) 6.7
Ride On (2023) Ride On (2023) ============မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဂျက်ကီချန်းနဲ့ အတူ ရှောင်လင် (၂၀၁၁) ရုပ်ရှင်မှာ ပါဝင်ဖူးခဲ့တဲ့ Xing Yu နဲ့ Jing Wu၊ New Police Story မှာ ပါဝင်ခဲ့တဲ့ Andy On နဲ့ Rongguang Yu တို့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ CGI တွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်က စတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါ တယ်။ စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသ ထားတာပါ။ဇာတ်လမ်းအကျဉ်း - ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီး အနေနဲ့ ပါဝင်ထားပါတယ်။ သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေး ဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ် ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။ သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင် လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီး နောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့ သိမ်းဖို့ကြိုးစားလာပါတယ်။ ...
movie

Ride On (2023)

2023
Twins Mission (2007) 5.2
Twins Mission (2007) Review- အမွှာတွေချည်းပဲဖွဲ့စည့်ထားတဲ့အဖွဲ့အစည့်တစ်ခုမှာ ခေါင်းဆောင်အမွှာညီနောင်၂ဦးဟာ ရည်မှန်းချက်မတူတာကြောင့် ၂ဖွဲ့ကွဲသွားခဲ့ပါတယ် ကျေးညီနောင်၂ဦးလိုတစ်ဖွဲ့ကမကောင်းတဲ့လမ်းစဉ်ကိုလိုက်ပြီး နောက်တစ်ဖွဲ့ကတော့တရားမျှတမှုအဖွဲ့ပါတစ်ရက်မှာ Lau Hay နဲ့ Uncle Luck ဟာ Heaven's Bead လို့ခေါ်တဲ့အစေ့ကိုဟောင်ကောင်ကိုသယ်ယူလာတုန်းခြုံခိုတိုက်ခိုက်ခံရတာကြောင့် လမ်းမှာတင်ပျောက်ဆုံးသွားခဲ့ပါတယ် ဒီအစေ့ကိုမှော်စွမ်းအင်တွေရှိပြီး သေဆုံးသွားတဲ့လူတွေကိုပြန်ခေါ်နိုင်တယ်လို့ ယုံကြည်တာကြောင့် လူဆိုးအမွှာအဖွဲ့လိုက်ရှာတာကို နောက်တစ်ဖွဲ့ကတားဆီးတာပဲဖြစ်ပါတယ်တစ်ဖက်မှာလဲမြို့တော်စီမံကိန်းတွေရှိနေတယ့် Professor Mok ဟာ သူ့တူမ Li ပိုင်ဆိုင်တဲ့မြေနေရာကွက်တွေကိုလိုချင်နေတာကြောင့် နေမကောင်းဖြစ်နေတဲ့သူ့ညီမကို Heaven's Bead နဲ့အကျပ်ကိုင်လာပါတယ်Lau Hay နဲ့ Uncle Luck တို့ဟာအင်အားမမျှတာကြောင့် ပျောက်ဆုံးနေတဲ့အမွှာအဖွဲ့သားတွေကိုအကူအညီတောင်းလာရပါတော့တယ် သူတို့တွေHeaven's Bead ကို ဘယ်လိုပြန်ယူမလဲ Li ညီအစ်မနှစ်ယောက်ကိုပါဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Son Gohan ပါ )File Size__(1.8GB) Quality__BluRay_720p IMDb Rating__5.1/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Son ...
movie

Twins Mission (2007)

The Legend Of Zu (2001) 5.1
The Legend Of Zu (2001) ဇူတောင်တန်းမှာ ဒဏ္ဍာရီတွေ အများကြီးရှိနေပါတယ်...စွမ်းအားပြင်းတဲ့ လက်နက်တွေ နတ်ပြည်က ဖန်ဆင်းပေးထားတာတွေ မသေမျိုးတွေ ပြီးတော့... တောင်တန်းကို မကောင်းဆိုးဝါးတွေ လက်ထဲက ကာကွယ်ပေးနေတဲ့ အသင်းတော်တွေ …နှစ် ရာထောင်သောင်းချီတဲ့ ကာလအတွင်းမှာ အသင်းတော်တွေကြားက မညီညွတ်မှုကြောင့် တစ်သင်းပြီး တစ်သင်း မကောင်းဆိုးဝါးကြီး အင်စိုရဲ့ ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်ခဲ့ရပါတယ်။အခုကတော့ အိုမီအသင်းတော်အလှည့်ပါ... အိုမီကျောင်းတော်သားတွေက တက်ညီလက်ညီ ကာကွယ်သွားနိုင်မလား... မကောင်းဆိုးဝါးကပဲ အနိုင်ယူသွားမလားဆိုတာကို တရုတ်သိုင်းကား စိတ်ဝင်စားရင်တော့ ကြည့်လိုက်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲခဗျာ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(3GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:44:00 Type__Action, Adventure, History Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

The Legend Of Zu (2001)

Call of Heroes (2016) 6.4
Call of Heroes (2016) Call of heroes (2016)ဒီကားလေးကတော့ နိုင်ငံရေးအရှုပ်အထွေးတွေ ကွန်ဖူးသဘောကျသူတွေ ကြည့်သင်တဲ့ကားလေးပါနော် မြင်းတစ်ကောင်ကိုပဲ မှီခိုပြီး မြင်းသွားရာနောက်သာလိုက်တတ်တဲ့ မာဖုန်း... သူ့မှာဘယ်လိုအတိတ်တွေရှိခဲ့လို့ လောကကြီးကိုစိတ်ကုန်ပြီး လေလွင့်နေတာလဲ?တောမီးလောင် တောကြောင်လက်ခမောင်းခတ်သလို တိုင်းပြည်မငြိမ်သက်ချိန် ချောင်ယင်းက စစ်အင်အားစုပြီး မြို့လေးတွေကို လိုက်သိမ်းပိုက်ပါတော့တယ်စိတ္တဇဆန်ဆန် လူပဲသတ်ချင်နေတဲ့ ချောင်ယင်းရဲ့သား ချောင်ရှောလန်ကြောင့် မာဖုန်းနဲ့ ဆရာမလေး​ပိုင်တို့ တွေ့ဖို့ဖြစ်လာတဲ့အခါ...ဘယ်လိုကံကြမ္မာတွေကြုံတွေ့ရမလဲ?ချောင်ယင်းတို့ကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(2.7GB) / (1.3GB) Quality__Bluray_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:00:00 Type__Action, Adventure, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie

Call of Heroes (2016)

The Wandering Earth II (2023)
The Wandering Earth II (2023) ဒီတရုတ်ရုပ်ရှင်ကတော့ သိပ္ပံစိတ်ကူးယာဉ် အာကာသစွန့်စားခန်းရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ မူရင်းနာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ထားတာမို့ ဇာတ်အိမ်ကလည်း ကြီးပါတယ်။ ပြသချိန်ကလည်း ၃ နာရီတောင်ရှိပါတယ်။ ဒီရုပ်ရှင်က တရုတ်ရဲ့ ပထမဆုံး Full-scale သိပ္ပံရုပ်ရှင်လို့ သတင်းတွေမှာတောင် ရေးကြပါတယ်။ ဒီရုပ်ရှင်ရဲ့အဓိက မင်းသား ဝူကျင်းဆိုရင်လည်း ပထမဆုံးအနေနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပဲ ပါဖို့သဘောတူထားပေမဲ့ ဒါရိုက်တာက သူ့ကိုသဘောကျလို့ သူပါတဲ့အခန်းတွေ ဆက်တိုက်ထည့်သွင်းရိုက်ကူးခဲ့ရပါတယ်။ နောက်ဆုံးမှာ သရုပ်ဆောင်ကြေးက ဒေါ်လာ ၁၀ သန်းကျော်လာပြီး ရုပ်ရှင်ကိုလည်း အရမ်းကောင်းမွန်အောင် မွန်းမံရင်းနဲ့ ဘက်ဂျက်ကျော်သွားတာမို့ ဒါရိုက်တာက ဝူကျင်းကို ပိုက်ဆံမယူဘဲ ဆက်ရိုက်ပေးဖို့ အကူအညီတောင်းခဲ့ရတဲ့အထိပါပဲ။ ဝူကျင်းက ရုပ်ရှင်ကို အရမ်းသဘောကျနေပြီမို့ ပိုက်ဆံမယူတဲ့အပြင် အိတ်ထဲကနေ ၉ သန်းပါ ထပ်စိုက်ပြီး ရိုက်ကူးစေခဲ့ပါတယ်။ အခုချိန်မှာတော့ သန်း ၁၀၀ နီးပါးရင်းခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း ၅ ရာကျော် ဝင်သွားပြီး အတော်မြတ်သွားခဲ့ပြီဖြစ်ပါတယ်။ ...
movie

The Wandering Earth II (2023)

Ping-Pong: The Triumph ( 2023 ) 6
Ping-Pong: The Triumph ( 2023 ) ယခုတစ်ခေါက် CM က ပရိသတ်တွေအတွက် Ping Pong The Triumph ဆိုတဲ့ အားကစားရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1990 ပြည့်နှစ်အစောပိုင်းနှစ်တွေမှာ တရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲဟာ ဆွီဒင်အဖွဲကို အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။ ၃ နှစ်ဆက်တိုက် ချန်ပီယံဖလားနဲ့ ဝေးကွာခဲ့တဲ့ ပင်ပေါင်အဖွဲဟာ ရှုံးနိမ့်မှုကြီးနဲ့ ကြုံနေရပါတယ်။တိုက်မင်ကျားက ဦးဆောင်တဲ့ နည်းပြအဖွဲ အသစ်ကို တရုတ်အမျိုးသားပင်ပေါင်အားကစားအဖွဲကို ပြုပြင်ပြောင်းလဲပေးဖို တာဝန်ပေးအပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ 1995 ခုနှစ် ထျန်းကျင်းနိုင်ငံတကာပင်ပေါင်ပြိုင်ပွဲမှာ ချန်ပီယံဆွဲနိုင်ရန် ဖြစ်ပါတယ်။နိုင်ငံတော်ပင်ပေါင်နည်းပြချုပ်အသစ်ဖြစ်သူ တိုက်မင်ကျားက နည်းပြချုပ်ရွေးချယ်ပွဲမှာ " ၂ နှစ် ၁၀ နှစ်မလိုဘူး" ဆိုတဲ့ စကားကြီးစကားကျယ်ပြောပြီးနောက်...... ၂ နှစ်အတွင်းမှာ အမျိုးသားပင်ပေါင်အဖွဲကို ချန်ပီယံအဖြစ်လေ့ကျင့်ပေးနိုင်မလား...... နိုင်ငံတော်အဖွဲထဲကိုရော ဘယ်လို အားကစားသမားတွေ ဝင်လာမလဲ ...... ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ကြဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Sport , Drama Runtime : 2h 17 min Subtitle ...
movie

Ping-Pong: The Triumph ( 2023 )

The Mummy: Tomb of the Dragon Emperor (2008) 5.2
The Mummy: Tomb of the Dragon Emperor (2008) ဂျက်လီနဲ့မီရှဲယိုတို့ အားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်ခန့်က တရုတ်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကိုစုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...ဒါပေမယ့်မှော်ဆရာမတစ်ဦးရဲ့ကျိန်စာမိပြီး သူနဲ့သူ့တပ်တစ်ခုလုံးဟာ ရွံ့ရုပ်တုတွေအဖြစ် ပြောင်းသွားခဲ့ပြီး မအောင်မြင်တဲ့အိမ်မက်တစ်ခုဟာ မြေကြီးအောက်မှာ ပျောက်ကွယ်သွားရပါတော့တယ်။ဒါပေမယ့် Mummy တို့ရဲ့ဇာတ်လိုက်ကျော် အိုကော်နယ်တစ်ယောက်က ဒီအိမ်မက်ဆိုးကြီးကို မမျှော်လင့်ဘဲ ထုံးစံအတိုင်း မြေကြီးပေါ်ကိုဆွဲတင်လာမိပါတော့တယ်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲတင်မဟုတ်တော့ဘဲ သူ့ထက်ဆိုးတဲ့ သားတော်မောင် အဲ့လက်စ်ရောပါပါတယ်။ဟန်ဘုရင်တစ်ယောက် မြေကြီးပေါ်ကို ဘယ်လိုအသက်ဝင်ပြီး ထိုးထွက်လာမလဲ....သူ့ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်ကို တစ်ဖန်ပြန်လည်အသက်သွင်းဦးမလားဆိုတာ.....။ File size…(3.8 GB) /(1.3 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy: Tomb of the Dragon Emperor (2008)

2008
Home Coming ( 2022 ) 6.5
Home Coming ( 2022 ) ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေNumedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ...
movie

Home Coming ( 2022 )

Looking Up (2019) 6.1
Looking Up (2019) Looking Up (2022)ဒီလိုကားမျိုးကို ရီဗျူးရေးဖို့ အများကြီးစဉ်းစားရပါတယ်။ ဇာတ်လမ်းကကောင်းပြီး ရီဗျူးချာသွားမှာဆိုးလို့ပါ။ ရီဗျူးကို သည်းခံဖတ်ပြီး ဘယ်လိုနေနေ ဇာတ်ကားကိုတော့ဒေါင်းပြီးကြည့်လိုက်ကြပါ။ ပေးရတဲ့အချိန်နှစ်နာရီခွဲနဲ့တန်အောင် ကြည့်ရမှာပါ။ ဘာသာပြန်နေရင်းနဲ့တောင် ကြက်သီးမွှေးညင်းထရတဲ့အထိ ဒိုင်ယာလော့ခ်တွေက ထိမိသလို Deng Chao၊ Bai Yu၊ Li Jianyi တို့လိုဝါရင့်သရုပ်ဆောင်တွေမို့ အကယ်ဒမီရှော့ခ်ပါပဲဗျာ။တရုတ်ပြည်ရဲ့အသက်အငယ်ဆုံး အာကာသယာဉ်မှူးဖြစ်တဲ့ မာဖေး အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး တရုတ်ပြည်ရဲ့ ပြောင်းလဲဖို့ကြိုးစားနေတဲ့ ပညာရေးစနစ်အပြင် မိဘနဲ့သားသမီးကြားက သံယောဇဉ်နဲ့ယုံကြည်မှုကို အဓိကရိုက်ပြထားပါတယ်။တုန်းဖေနယ်ရဲ့ ဂုဏ်ထူးဆောင်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဟောက်ဝန်က သူဒီဇိုင်းဆွဲထားတဲ့တံတားကြီး ပြိုကျပျက်ဆီးသွားလို့ ရှိသမျှအပြစ်တွေအကုန်လက်ခံလိုက်ပြီး ထောင်ကျခဲ့ပါတယ်။ သူအရမ်းချစ်တဲ့သားလေး မာဖေးကတော့ ဉာဏ်မမှီတဲ့သူဆိုပြီး လူတွေအားလုံးက လက်ညှိုးထိုးနေကြတဲ့ ထူးခြားတဲ့ကလေးတစ်ယောက်ပေါ့။ ခုနစ်နှစ်ကြာပြီး မာဖေးကျောင်းထုတ်ခံရတဲ့အချိန်ကျမှ သားအဖနှစ်ယောက်ပြန်တွေ့ကြပါတယ်။ အဲ့ဒီအချိန်ကစပြီး ဖခင်တစ်ယောက်က ကလေးတစ်ယောက်ကို စိတ်ဓါတ်သန်မာလာအောင်၊ ပြဿနာနဲ့ကြုံတွေ့ရင် ဖြေရှင်းတတ်အောင်၊ စဉ်းစားတတ်အောင် ဘယ်လိုမျိုးလေ့ကျင့်ပေးလဲဆိုတာကို ဒီကားလေးကြည့်ပြီး အတူတူလေ့လာလိုက်ကြရအောင်နော် ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | ...
movie

Looking Up (2019)

2019
The Battle at Lake Changjin II ( 2022 ) 6.7
The Battle at Lake Changjin II ( 2022 ) The Battle At Lake Changjin I ရဲ့ အဆက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့ မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲနောက်ပိုင်းဖြစ်ပွားတဲ့ ရွှေမိန်တံတားတိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။တပ်ခွဲ(၇)တပ်ဖွဲ့ဟာ ဟာဂါရူရီတိုက်ပွဲကိုအနိုင်ရပြီးတဲ့နောက် ဆုတ်ခွာတဲ့အမေရိကန်စစ်တပ်ကိုတားဖို့ရာ ရွှေမိန်တံတားကိုဖောက်ခွဲဖို့ ခက်ခဲတဲ့တာဝန်ကိုပေးခြင်းခံရပါတယ်။ Chang Jin II ဟာ I ထပ်ပိုပြီ ဇာတ်ရှိန်အရမ်းမြင့်နေပါပြီ အမေရိကန်စစ်တပ်နဲ့လက်နက်အင်အား လူအင်အားချင်းမမျှတဲ့တပ်ခွဲ(၇)ဟာ တာဝန်ကိုဘယ်လိုပြီးမြောက်အောင်လုပ်ဆောင်မလဲ။ချန်ကျင်ရေကန်တိုက်ပွဲမှာတုန်းကလိုပဲသူတို့ဟာ အနိင်ရရှိနိုင်ဦးမလားဆိုတာကို ရင်ခုန်ဖွယ်ဆက်လက်ကြည့်ရှုလိုက်ပါနော်1 ကိုဒီမှာကြည့်လို့ရပါတယ် The Battle at Lake Changjin I ( 2021 ) – Channel Myanmar Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 29 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin II ( 2022 )

The Battle at Lake Changjin I ( 2021 ) 6.2
The Battle at Lake Changjin I ( 2021 ) တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 58min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin I ( 2021 )

Invisible Target(2007) 6.8
Invisible Target(2007) Invisible Target(2007) အညွှန်း**************************ဟောင်ကောင် action ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ပိုစတာကြည့်လိုက်တာနဲ့တင် အရမ်းကြီးညွှန်းစရာမလိုဘူးထင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Jaycee Chan ၊ Nicholas Tse ၊ Wu Jing တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်အရမ်းကောင်းမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ဘူး ဇာတ်လမ်းအစပိုင်း အမျိုးသမီးတစ်ယောက် လက်ထပ်လက်စွပ်ဝယ်နေတယ်၊သူနဲ့မလှမ်းမကမ်းလမ်းမပေါ်မှာ ဘဏ်ရဲ့လုံခြုံရေးထရပ်ကားတစ်စီးကလမ်းပိတ်လို့ရပ်နေတယ်.၊သိပ်မကြာခင်မှာပဲ လူတစ်ယောက်က ကားကိုဗုံးတစ်လုံးကပ်လိုက်တယ်။ရှေ့ရောနောက်ရောမှာဗုံးတွေထပ်ကပ်လိုက်တယ်။ နောက်မှာဗုံးကပေါက်ကွဲသွားတယ်၊လက်စွပ်ကြည့်နေတဲ့အမျိုးသမီးအပါအဝင်အခြားသူတွေပါ သေဆုံးသွားတယ်၊အဲ့ဒီအမျိုးသမီးက ချန်ကျွမ်ဆိုတဲ့ရဲအရာရှိတစ်ယောက်ရဲ့ဇနီးလောင်းဖြစ်နေတယ်၊အဲ့ဒီနောက်ဆက်တွဲအနေနဲ့ ဘယ်လိုတွေပွဲကြမ်းမလဲဆိုတာကိုတော့... File Size : (4.2GB)  (1.2 GB) and (483 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:45:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Invisible Target(2007)

Sacrifice ( 2020 ) 5.6
Sacrifice ( 2020 ) Sacrifice ( 2020 )အညွှန်း**********************2020 october 23မှာထွက်လာတဲ့ Action Drama War ဖြစ်ရပ်မှန်စစ်ကားကောင်းပါBox officeမှာ $161,047608ဝင်ငွေစံချိန်တင်ရရှိထားလို့ စိတ်ကျေနပ်မှုရစေမှာသေချာပါတယ်1953Korea Warရဲ့နောက်ဆုံးပိုင်းကာလ အမေရိကန်နဲ့ ကျင်းကန်းချွမ်းမှာတိုက်ပွဲဖြစ်နေစဉ် တရုတ်ဘက်က တပ်ကူပေါင်းသောင်းချီကို မနက် 6 နာရီမတိုင်ခင်ပို့ပေးရမှာပါ...ဲတိုက်ပွဲနယ်မြေကိုရောက်ဖို့ ရေစီးသန်လှတဲ့မြစ်ကြောင့် တံတားကနေကျော်ဖြတ်မှရနိုင်ပါမယ်အမေရိကန် လေတပ်ကယာဉ်ပျံတွေဟာ တရုတ်ဘက်ကတပ်ကူတွေကျင်းကန်းချွမ်းဆီရောက်မလာနိုင်ဖို့ တံတားကိုအကြိမ်ကြိမ်ဖျက်ဆီးပေမယ့်ဘယ်လိုတွေအသက်စွန့် ပြီးပို့ဆောင်ပေးမလဲဆိုတာကို ရင်နင့်ဖွယ်တွေ့မြင်ရမှာပါ.....ဒီဇာတ်ကားမှာတခြားဇာတ်ကားတွေနဲ့မတူညီတဲ့ဖော်ပြမှုတွေရှိနေပါတယ်....အပိုင်းလေးပိုင်းခွဲပြီးရှုထောင့်အမျိုးမျိုးကို မြင်နိုင်အောင်ရိုက်ကူးပြသထားလို့ စစ်ပွဲတွေရဲ့ သဘောသဘာဝကိုပိုနားလည်လာမိပါတယ်၁..တပ်သားတွေအပိုင်း၂..ရန်သူ့တပ်သားတွေဘက်ကခံစားမှု၃..အမြှောက်တပ်သားတွေအပိုင်း၄.နောက်ဆုံးတံတားကိုကျော်ဖြတ်တဲ့အပိုင်း..အပိုင်းတစ်ပိုင်းစီအလိုက် သူတို့ရဲ့အခြေအနေဖြစ်ပျက်မှုတွေ ခံစားမှုတွေကိုရိုက်ပြတာဖြစ်လို့တစ်ချို့မြင်ကွင်းတွေကို အကြိမ်ကြိမ်ပြသမှာပါ..စစ်ပွဲကိုရှုထောင့်အမျိုးမျိုးက ရိုက်ကူးပြလို့ စစ်ပွဲတစ်ပွဲရဲ့ခက်ခဲမှုတွေကို တွေ့မြင်ခံစားမိပါတယ်  Filesize : ( 2.2 GB )  and ( 1.3 GB ) Quality : WEB-DL 1080p ( HEVC ) & WEB-DL 720p Format : Mkv ( 1080p ...
movie

Sacrifice ( 2020 )

The Climbers ( 2019 ) 5.3
The Climbers ( 2019 ) Zawgyi*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ကြိမ်ရဲ့ကျရှုံးမှုကြောင့် ခန္တာကိုယ်မှာ ခွန်အား အများအပြား ဆုံးရှုံးထားပြီးဖြစ်တယ်။နောက်ဆုံးမှာ လေပြင်းတိုက်တာ လျော့နည်းလာပြီးတော့ အခွင့်အရေးပေါ်သောအခါ...Climber (2019) က ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီးဆုရဒါရိုက်တာကြီး Daniel Lee မှရိုက်ကူပြီး‌တော့ နာမည်ကြီးသရုပ်ဆောင် Wu Jing နဲ့ Zhang Ziyi တို့က ဦးဆောင်ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းဟာ ဧဝရက်တောင်ကို မြောက်ဘက်ကနေပထမဆုံးတက်ခဲ့သူများအကြောင်းဖြစ်ပါတယ်။ ဧဝရက်တောင်တက်တဲ့လမ်းတွေထဲမှာ မြောက်ဘက်က အကြမ်းတမ်းအခက်ခဲဆုံးဖြစ်တဲ့အတွက် ဘယ်လိုရင်ခုန်စရာ စွန့်စားခန်းတွေတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။(ဇာတ်လမ်းအဆုံးမှာ surprise လေးတစ်ခုပါတယ်နော်) Unicode*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ...
movie

The Climbers ( 2019 )

2019
Shaolin (2011) 6.9
Shaolin (2011)   IMDb (6.9) / Rotten Tomatoes (74%)(Unicode) ရှောင်လင်ဟာ အက်ရှင် ဒရမ်မာ ဇာတ်ကားအမျိုးအစားဖြစ်ပြီး ရင်ထဲစွဲကျန်စေမယ့် ဒရမ်မာဇာတ်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို သဘောကျစေမှာပါ.. ဂျက်ကီချန်း ၊ အန်ဒီလူ ၊ ဖန်ပင်းပင်း၊ ဂျင်ဝူ ၊ နီကိုးလပ်(စ်)စီ ၊ ရှင်းယု နဲ့ ရှောင်ကွမ်ယု နာမည်ရအက်ရှင်သရုပ်ဆောင်ကောင်းတွေ ပါဝင်အားဖြည့်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်.. အက်ရှင်မင်းသား အန်ဒီလူဟာ အင်အားကြီးစစ်ဘုရင်ဟူကျင်းအဖြစ်နဲ့ ဒီဇာတ်လမ်းလေးကို အနှစ်သာရရှိပြီးရသပြည့်ဝတဲ့ ဒရမ်မာကားကောင်းဖြစ်အောင် ထိန်းကျောင်းသွားခဲ့တာကို တွေ့ရမှာပါ.. ဂျက်ကီချန်းကတော့ ရှောင်လင်ကျောင်းရဲ့ စာဖိုမှူးကြီးအဖြစ်သရုပ်ဆောင်ထားပြီး ထုံးစံအတိုင်း ဟာသတိုက်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားဦးမှာပါ.. ဇာတ်လမ်းတည်ဆောက်ထားတာကတော့ အင်္ဂလိပ်ခေတ်အချိန်ကာလဖြစ်ပြီး တိုင်းပြည်အနှံ့မှာ အာဏာနဲ့နယ်မြေကိုရူးသွပ်နေတဲ့ စစ်ဘုရင်များကြီးစိုးနေပါတယ်.. ပြည်သူတွေအငတ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်တစ်စုကတော့ ကြွယ်ဝချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လောဘအတောမသတ်နိုင်ဘဲ အချင်းချင်းနယ်မြေလုတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်.. စည်းစိမ်ဥစ္စာတွေ တန်ခိုးအာဏာတွေ အပြည့်ရှိနေပေမဲ့လည်း အာဏာလောဘစည်းစိမ်လောဘတွေကို အတောမသတ်နိုင်တဲ့ လူ့သဘာဝကိုလည်း သိသာထင်ရှားစေခဲ့ပါတယ်.. တစ်ချိန်က ကိုယ်နင်းခဲ့တဲ့ကြမ်းပြင်ဟာ နောင်တစ်ချိန်မှာကိုယ့်ရဲ့ခေါင်မိုးဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်း အလှည့်အပြောင်းကြီးမားတဲ့ လူ့ဘဝရဲ့ အမှန်တရားတွေကိုလည်း ...
movie

Shaolin (2011)

2011
The Wandering Earth(2019) 7.5
The Wandering Earth(2019) The Wandering Earth(2019) IMDb.....7.5 ဒီဇာတ်လမ်းအကျဉ်းကတော့....ကမ္ဘာပျက်ခြင်းနဲ့ကြုံတွေ့ရတော့မယ့်အခြေအနေတစ်ခုကို ရှောင်လွှဲနိုင်ဖို့အတွက် တစ်ကမ္ဘာလုံးကလူသားမျိုးနွယ်များပူးပေါင်းပြီး ကမ္ဘာပျက်မယ့်အန္တရာယ်ကနေ ကယ်တင်ကြပုံအကြောင်းကို သိပ္ပံအက်ရှင်ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ဇာတ်လမ်းထဲမှာနေမင်းကြီးဟာ တဖြေးဖြေးအရွယ်အစားထုတည်ကြီးမားလာပြီး နောင်နှစ်ပေါင်းသုံးရာအတွင်းမှာ ကမ္ဘာဂြိုလ်ကြီးကိုပါဝါးမြိုတော့မယ့် အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့ရတော့မှာပါ အဲ့အချိန်မှာလူသားအားလုံးပေါင်းစည်းပြီး ကမ္ဘာကြီးကိုနေစကြာဝဌာအပြင်ဘက်ကိုတွန်းထုတ်သွားဖို့အတွက် ပြင်ဆင်ကြပါတော့တယ် အဲ့လိုလုပ်ဖို့အတွက် ကမ္ဘာ့အင်ဂျင်ကြီးများလို့ခေါ်တဲ့ ဧရာမအင်ဂျင်အလုံးပေါင်း၁ဝဝဝဝကိုတည်ဆောက်ပြီး ကမ္ဘာကိုဟိုးအဝေးနေနဲ့အဝေးဆုံးကို တွန်းပို့ခဲ့ကြတယ်...ဒါပေမယ့်တစ်နေ့မှာ ဂျူပီတာဂြိုလ်ကြီးရဲ့ဆွဲငင်အားပတ်လမ်းကြောင်းနဲ့ ကမ္ဘာဂြိုလ်ကြီးနီးကပ်သွားတဲ့အချိန်မှာတော့...ကမ္ဘာကြီးကိုဂျူပီတာဂြိုလ်ကြီးရဲ့ဆွဲအားအောက်ကနေ ဘယ်လိုမျိုးပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ကြမလဲဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်... File Size : (864 MB) and (399 MB) Quality :WEB-DL 720p, Format…mp4 Duration…02:05:00 Genre :  Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie

The Wandering Earth(2019)

2019
Badges of Fury (2013) 4.7
Badges of Fury (2013) မင်းသားကြီးဂျက်လီက အခုခေတ်နဲ့သိပ်အံမဝင်တော့ သိုင်းသမား ရဲစုံထောက်အိုကြီး....ပေါ့ပါးစွာသရုပ်ဆောင်တတ်တဲ့ မင်းသား Wen Zhang က အခုခေတ်လူငယ်တွေလို သွက်လက်ထက်မြက်ပေမယ့် လုပ်လိုက်ရင် လွဲလွန်းတဲ့ ရဲစုံထောက်...You are The Apple of My Eye ရဲ့မင်းသမီးချော Michelle Chen က ချစ်စဖွယ်အမူအရာနဲ့ ရဲရင့်တဲ့ ရဲမေစုံထောက်....မင်းသမီး Liu Shishi က တည်ငြိမ်အေးချမ်းတဲ့အလှတွေနဲ့ နိုင်ငံကျော်မင်းသမီး...တက်သစ်စမင်းသမီး Liu Yan က မြင်သူတိုင်းငေးရတဲ့ ညှို့အားပြင်း အလှတွေနဲ့ လျှို့ဝှက်ချက်အပြည့်နဲ့မိန်းမပျို..စသည်ဖြင့် မင်းသားမင်းသမီးစုံစုံလင်လင်ပါဝင်ထားပါတယ်။Action, Comedy, Mystery အမျိုးအစားဖြစ်ပြီး နားနားနေနေကြည့်သင့်တဲ့ Comedy ဇာတ်ကားမျိုးဖြစ်ပါတယ်။ဒီဇာတ်ကားကို ကျွန်တော်ကတော့ သိပ်ကြိုက်ပါတယ်...ဒါကြောင့် ဘာသာပြန်အသစ် BluRay Quality အစစ်နဲ့ ပြန်လည်တင်ဆက်လိုက်တာပါ။  File size…(1 GB) and (500 MB) Quality…BluRay.720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

Badges of Fury (2013)

2013
Wolf Warrior 2 (2017) 6.0
Wolf Warrior 2 (2017) စစ်ပွဲနောက်ခံ အက်ရှင်ဇာတ်ကားသစ် Wolf Warriors II သည် တရုတ်နိုင်ငံအတွင်း၌ ရုံဝင်ငွေအများဆုံး ရရှိသော ဇာတ်ကားတစ်ကားဖြစ်လာပြီး ရုံတင်ပြသခဲ့သည့် ၁၂ရက်အတွင်း ယွမ်ငွေ ၃.၄၄ ဘီလျံ (ဒေါ်လာ ၅၀၆ သန်း) ခန့် ရရှိခဲ့သောကြောင့် အအောင်မြင်ဆုံး ရုပ်ရှင်တစ်ကားဖြစ်လာသည်။အဆိုပါဇာတ်ကားကို မင်းသားဝူကျင်းက ဒါရိုက်တာအနေနှင့်ရော ခေါင်းဆောင်မင်းသားအနေဖြင့်ပါ ဦးဆောင် ရိုက်ကူးထားပြီး သူနှင့်အတူ အခြားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်ကြသော ဖရန့်ခ်ဂရီလို၊ ဆယ်လီနာဂျိတ်၊ ဝူဂန်းနှင့် ကျန်ဟန်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ထိုရုပ်ရှင်သည် အာဖရိကန်စစ်ပွဲဇုံအတွင်းသို့ အမှတ်မထင်ရောက်ရှိသွားသော တရုတ်စစ်သားများ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရပုံအား ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။Wolf Warriors II ကို လွန်ခဲ့သောဇွန်လ ၂၇ ရက်နေ့က စတင်ပြသခဲ့ပြီး တရုတ်နိုင်ငံရုံဝင်ငွေဇယားတွင် ထိုနေ့ကတည်းက ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။ ဒါ့အပြင် ယနေ့အချိန်ထိ ရရှိခဲ့သော ရုံဝင်ငွေမှတ်တမ်းများ အရ ထိုဇာတ်ကားသည် ပြီးခဲ့သောနှစ်က ...
movie

Wolf Warrior 2 (2017)

2017