Channel Myanmar

Yahir Alday

La Civil (2021) 7.2
La Civil (2021)  IMDb 7.2/10 Rotten Tomatoes 86%ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်းထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကားတစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courageကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီးမက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့စီယယ်လိုနဲ့ လော်ရာ...အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်းလော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက်တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊နောက်ဆုံးကျရင်ရော ...
movie

La Civil (2021)

I’m No Longer Here (2019) 7.3
I’m No Longer Here (2019) I'm No Longer Here (2019)~ IMDb - 7.3/10, Rotten Tomatoes - 98% ~မကြာခဏ မြင်ဖူးမှာပါ... အမေရိကန်ကားတွေကြည့်တဲ့အခါမှာ ဝါကျင့်ကျင့်အရောင်နဲ့ ကိုယ်စားပြု ဖော်ပြလေ့ရှိတဲ့ ဒုစရိုက်နိုင်ငံ၊ မှောင်ခိုနိုင်ငံ၊ အဆိုးတကာ့အဆိုးတို့ရဲ့  မက္ကဆီကို။" ကျွန်တော်တို့... မက္ကဆီကန်လူမျိုးတွေအနေနဲ့ ရှင်သန်နေထိုင်ရတဲ့အထဲမှာ ကြေကွဲဖွယ်ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးဝါးသုံးစွဲသူလည်းဖြစ် လက်နက်တင်ပို့သူလည်းဖြစ်တဲ့ နိုင်ငံကြီးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါပဲ " တဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ကတော့ မက္ကစီကိုရုပ်ရှင်ပါ။ဇာတ်လမ်းအကျဉ်းလေးကို မပြောခင် Cumbia လို့ခေါ်တဲ့ အကပုံစံတစ်မျိုးအကြောင်းကို အရင်ပြောပြရမယ်ထင်တယ်။ တကယ်တမ်းတော့ အဲဒီအကအမျိုးအစားဟာ ကိုလံဘီယာနိုင်ငံရဲ့ တရားဝင် နိုင်ငံတော်အက (National Dance) ပေါ့။ ဒါပေမဲ့ တခြား လက်တင်အမေရိကနိုင်ငံတွေမှာပါ ခေတ်စားပြီး အခု ဇာတ်လမ်းတည်ရာ မွန်တာရေးမြို့ မြောက်ပိုင်းမှာဆိုလည်း အရမ်းခေတ်စားတဲ့အရာပေါ့။ အဲဒီအကကို ...
movie

I’m No Longer Here (2019)

2019