Channel Myanmar

Yan Brian

22 Bullets (2010) 6.6
22 Bullets (2010)  ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကိုအခြေပြုပြီးရိုက်ကူးထားတာပါ...။လက်တွေ့ဘဝမှာဆိုရင် "Jacky Imbert"၊ ရုပ်ရှင်ထဲမှာဆိုရင်တော့"ချာလီမာတီ"ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့်ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး...။ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာဘယ်သူတွေမှန်းသိအောင်ရှာကာတစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်...။ File size…2.17GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

22 Bullets (2010)

Mesrine: Public Enemy #1 (2008) 7.4
Mesrine: Public Enemy #1 (2008)  Genre – Action, Biography, Crime IMDB – 7.4/10 ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကိုအရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကိုနားမလည်ပဲ နေမှာစိုးလို့ပါ။ ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့်လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲတစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာသက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ ...
movie

Mesrine: Public Enemy #1 (2008)

[18+] Sexual Chronicles of a French Family (2012) 5.3
[18+] Sexual Chronicles of a French Family (2012) ရိုမိန်းဆိုတဲ့အသက်ဆယ့်ရှစ်နှစ်ကောင်လေးတစ်ယောက်ဟာ တစ်ခြားသူ့အရွယ်ကောင်လေးတွေလိုပဲ လိင်မှုကိစ္စကို စတင်စူးစမ်းဖို့စိတ်အားထက်သန်နေပါတယ်။ သူ့အစ်ကိုဆိုတဲ့ ငနဲကလဲရုပ်ဖြောင့်စော်ကြည် ဂေါ်ဘဲအထာနဲ့ဆိုတော့ သူ့အစ်ကိုနဲ့ယှဉ်ပြီး သူ့ကိုယ်သူအားငယ်ယုံကြည်စိတ်ချမှုမဝံ့မရဲနဲ့ စိတ္တဇဖြစ်နေရပါတယ်။တစ်နေ့တော့ သူ့အတန်းထဲမှာ ငါးဦးကော်မတီထိုင်(သိတယ်နော်)နေတာကို ဗီဒီယိုရိုက်နေရင်းတန်းလန်းဘိုင်အိုဆရာက မိသွားတဲ့အခါမှာတော့ သူ့အမေကိုခေါ်တွေ့ပြီးကျောင်းခဏနားဖို့ဒဏ်ချခဲ့ပါတယ်။ ဒီမှာပဲမိခင်ဖြစ်သူ ကလဲရ်အနေနဲ့ သူ့ကလေးတွေအပေါ် သူတို့ဟာလိင်ပညာပေးဆွေးနွေးဖို့လိုအပ်နေကြောင်း သတိထားမိသွားပြီး အချင်းချင်းပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးကြရာကနေ ဒီမှတ်တမ်းကြီးဖြစ်ပေါ်လာခဲ့တာပါပဲ။comedy/drama အမျိုးအစားကိုမှ Borat တို့ What we do in the shadow တို့လို mockumentary ပုံစံမျိုးနဲ့တင်ဆက်ထားတာပါ။ ဘာမှဒရာမာတွေမချိုး၊ပညာပေးစကားတွေရှည်ရှည်ဝေးဝေးတွေ မပါပဲနဲ့ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ကြရမယ့်ဇာတ်ကားဖြစ်ပါတယ်။အရေးကြီးတာ အခုမှလာပါမယ်။ လိင်မှုကိစ္စအရာမှာတော့ ရှယ်ပလန်နဲ့ရှယ်ကြမ်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် 21 plus လောက်ဖြစ်သွားပါလိမ့်မယ်။ ဗားရှင်းနှစ်မျိုးရှိတဲ့အနက်မှာမှ ဘာမှတည်းတာဖြတ်တာမပါတဲ့ မူရင်းအော်ရီဂျင်နယ်ပြင်သစ်ဗားရှင်းဖြစ်နေတဲ့အတွက် ကွက်ကွက်ကွင်းကွင်းမုန့်တီဟင်းလို ဘွင်းဘွင်းကြီးတွေမြင်ရတွေ့ရပါလိမ့်မယ်။ကိုယ့်ဖာသာတိတ်တခိုးကြည့်မှအဆင်ပြေမယ့်ကားမျိုးပါပဲ။(Dark Side Production မှ တင်ဆက်သည်။) File size…(1.2 GB) / (700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie

[18+] Sexual Chronicles of a French Family (2012)