Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yann Yann Yeo
7.3
Ilo Ilo (2013)
Ilo Ilo (2013)~ IMDb - 7.3/10, RT - 100%, Meta - 85% ~အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ...
movie
Ilo Ilo (2013)
2013
6.8
Wet Season (2019)
Wet Season (2019) ================== သာယာမှု ၊ နွေးထွေးမှု ၊ နားလည်မှု ၊ စာနာမှု အဲ့ဒါတွေအကုန်ခံစားရစေမယ့် ကားကောင်းလေးတစ်ကားပါ ။ ၁၈ နှစ်ကျော်တာလည်း တစ်ခန်းလောက်ပဲပါပြီး စုံတွဲတွေအဓိကကြည့်သင့်တဲ့ကားလေးလို့ မြင်မိပါတယ်။ ဒါပေမဲ့လည်း ဖိုမသဘာ၀သာပါတဲ့ တခြားသောကားတွေထက် ပိုသာလွန်ပြီး နိုင်ငံရဲ့ စာပေယဉ်ကျေးမှုကိုပါ ခပ်ပါးပါးလေး ထည့်ရိုက်ပေးထားတာမို့လို့ ကြည့်လို့အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားပါ ။ လင်း ဆိုတဲ့ ဆရာမတစ်ယောက်အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားပါတယ် ။ တရုတ်စာကို သင်တဲ့ဆရာမပီပီ အင်္ဂလိပ်မှ အင်္ဂလိပ်ဖြစ်နေတဲ့ ကျောင်းသားတွေ ကျောင်းသားမိဘတွေ တခြားဆရာတွေကို မိခင်ဘာသာတရုတ်စာကအရေးကြီးကြောင်း ရှင်းပြချင်နေတဲ့သူတစ်ယောက်ပါ ။ တစ်ဖက်မှာလည်း သားသမီးမရနိုင်တဲ့ကံကြောင့် အိမ်ထောင်ရေးမှာ သွေးအေးတာကိုခံစားနေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပေါ့ ။ ဆရာမကြောင့် တရုတ်စာကို ပိုကြိုးစားလာချင်တဲ့ ကျောင်းသားလေး ကောင်းဝေလွင် ကတော့ အကောင်းဆုံးဇာတ်ကိုပံ့ပိုးသူပေါ့ ။ ဆရာမရဲ့ ဂရုစိုက်မှု ၊ နွေးထွေးမှု ကြောင့် သူ့ရဲ့ချစ်တဲ့စိတ်တွေ နိုးထလာခဲ့ပြီး ဆရာမနဲ့ကျောင်းသားအကြား ...
movie
Wet Season (2019)
2019
6.2
The 9th Precinct (2019)
(Unicode)2019 ထဲမှာမကြာသေးခင်ကမှ ထွက်ရှိထားတဲ့ The 9th Precinct ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်ဒီကားလေးဟာ စုံထောက် ဇာတ်ကားတွေ ကြိုက်နှစ်သက်သူတို့ သဘောကျမယ့် ကားတစ်ကားဖြစ်ပြီးသဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဟာသဆန်ဆန် ရိုက်ကူးတင်ဆက်ထားပြီး IMDb – 6/10 ရရှိထားပါတယ်ထူးချွန်ပြီးတာဝန်ကျေတဲ့ ရဲသားတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ချန်ချားဟောင်ဆိုတဲ့ လူငယ်လေးဟာ ငယ်စဉ်ကတည်းက သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့နေရသူပါ …အထူးသဖြင့် သာမန်လူတွေမမြင်ရတဲ့ တစ္ဆေတွေ ဝိဥာဉ်တွေကို မြင်နေရတဲ့သူပေါ့တစ်ည တာဝန်ချိန်တစ်ခုမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ ကားတစ်စီးကို မသင်္ကာလို့ စစ်ဆေးရာကနေကားမောင်းသမားဟာ သူ့နဲ့သူ့ရဲ့ တွဲဖက်ကို သေနတ်နဲ့ပစ်သွားခဲ့ရာကနေ တွဲဖက်သေဆုံးခဲ့တာဖြစ်ပါတယ်…ဒီသေဆုံးမှုကနေ အစပြုလို့ ထူးခြားတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ သူ့အတွက် ဖြစ်လာခဲ့ပါတယ်…ဒီဇာတ်ကားလေးဟာ ကြည့်ရှုသူတွေအတွက် ဖျော်ဖြေရေးတစ်ခုဖြစ်ရုံမက အတွေးအမြင်တစ်ခုခု ရစေမယ်လို့လည်းယုံကြည်မိသောကြောင့် ပရိသတ်ကြီးကိုယ်တိုင် ကြည့်ရှုခံစားတော်မူကြပါ….. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel ...
movie
The 9th Precinct (2019)
2019
7.8
Rise of the Legend ( 2018 )
ဘယ်အရာမဆိုတကယ်တမ်းလုံ့လဝိရိယရှိရှိနဲ့ကြိုးစားရင်အောင်မြင်မှုဆိုတဲ့အသီးအပွင့်ကိုခူးဆွတ်ရမှာပါအခုတင်ဆက်မယ့်ကားလေးကတော့ မလေးရှား လက်ရွေးစင်ကြက်တောင်ရိုက်ကစားသမား လီချုံးဝေရဲ့ဘဝအကြောင်းဖြစ်ရပ်မှန်ဖြစ်စဉ်ကိုပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့Rise Of the Legend ဇာတ်ကားပါIMDb Rate 7.3 လည်းရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့လီချုံးဝေဟာ ငယ်ငယ်လေးကတည်းကကြက်တောင်ရိုက်တာအရမ်းဝါသနာပါတဲ့လူငယ်လေးတစ်ယောက်ဒါပေမယ့်လည်း သူ့အဖေက လုံးဝသဘောမတူဘူးသူ့အဖေလုံးဝသဘောမတူပေမယ့်လည်းအခက်အခဲတွေကြားက လီချုံးဝေတစ်ယောက်ဘယ်လိုမျိုးကြိုးစားခဲ့တာလဲ...လူ့ဘဝမှာကြုံရမယ့်အခက်အခဲတွေ...ဇာတ်ကားထဲမှာမှ မဟုတ်ပါဘူးအပြင်မှာလည်း ကြိုးစားဆဲကြုံတွေ့ရတဲ့အခက်အခဲလေးတွေရှိတာပါပဲ..ဒါတွေကိုဘယ်လိုကျော်ဖြတ်လဲအောင်နိုင်ခြင်းနဲ့ရှုံးနိမ့်ခြင်းတွေဒွန်တွဲနေတဲ့လောကနိယာမအတိုင်း ရှုံးနိပ့်ခြင်းတွေကြားမှာဇွဲမလျော့ပဲ ဘယ်လိုကြိုးစားခဲ့လဲဆိုတာကိုယ်တိုင်သာခံစားကြည့်ရှုပါအညွှန်းနဲ့ဘာသာပြန် Ei Pyae ဖြစ်ပါတယ်Encoder : LK
movie
Rise of the Legend ( 2018 )
2018