Channel Myanmar

Yara Shahidi

Imagine That (2009) 5.6
Imagine That (2009)  Imagine That ဆိုတာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော်သရုပ်ဆောင် Eddie Murphy ရဲ့ မိသားစု ဟာသဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်ဟာသဆိုပေမဲ့ ရယ်ရဖို့သက်သက်လည်း မဟုတ်ဘဲ မိသားစုတွေကြားမှာဖြစ်ပျက်တတ်တာလေးတွေကိုပါ ထည့်ရိုက်ထားတာမို့ရော ပုံမှန်မဟုတ်တဲ့fantasy စိတ်ကူးလေးတွေ နည်းနည်းပါတာရောကြောင့် စိတ်ဝင်စားပြီးကြည့်လို့ကောင်းမှာ အသေအချာပါပဲ.ဇာတ်လမ်းကိုကို အမြည်းကျွေးရမယ်ဆိုရင်ရင် Evan လို့ခေါ်တဲ့ Eddie Murphyသရုပ်ဆောင်တဲ့ character ဟာ သူတို့ အမေရိကန်နိုင်ငံမှာ ထူးချွန်တဲ့စတော့ရှယ်ယာဝယ်ရောင်းသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့မိန်းမနဲ့ကွဲနေပြီ Olivia လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ဖခင်ဖြစ်ချင်ပေမဲ့ဖခင်မဖြစ်တတ်တဲ့ Evan တစ်ယောက် သူ့ရဲ့အလုပ်ဘဝနဲ့ ဖခင်ဘဝကြားဘယ်လိုချိန်ခွင်လျှာ ညှိမလဲ ပြီးတော့ သူ့သမီးရဲ့ ကလေးသဘာဝအဖော်စောင်ကလေးက သူ့သမီးပြောသလို အနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိနေမလားရှိနေရင်ရော Evan ဘယ်လိုအသုံးချမှာလဲ အသုံးသတ်မှာ သူ့အနေနဲ့ဖခင်ကောင်းတစ်ယောက် ဖြစ်သွားနိုင်ပါ့မလား စတာတွေကို ဒီရုပ်ရှင်ဇာတ်ကားတစ်လျှောက်လုံး စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ပြထားတာမို့ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...  File size…1.72 ...
movie

Imagine That (2009)

Sitting in Bars with Cake (2023) 6.5
Sitting in Bars with Cake (2023) "အခက်ခဲဆုံးအချိန်တွေမှာ ဘေးနားမှာရှိနေပေးတဲ့သူကမှ စစ်မှန်တဲ့သူငယ်ချင်း" ဆိုတဲ့အတိုင်းပဲ ကိုယ်ကောင်းစားနေတုန်းကတော့အနားမှာရှိနေပေမဲ့ အခက်အခဲကြုံလာတဲ့အခါ တကယ့်သူငယ်ချင်းစစ်စစ်ပဲကျန်ခဲ့ပြီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြတဲ့ fake friend တွေနဲ့ကြုံဖူးကြမှာပါ ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားကစစ်မှန်တဲ့ သံယောဇဉ်ကိုအသားပေးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ် IMDb 6.5 ရရှိထားပြီး ဒီနှစ်အတွင်း ကြည့်ရှုသူဆက်တိုက်မြင့်တက်လာနေတဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့.... Jane နဲ့ Corrinne တို့ဟာငယ်ကတည်းကခင်လာခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာတဲ့အထိအတူတူကြီးပြင်းလာခဲ့ကြတာပါ Corrinne ကတော့အပြင်ထွက်ရတာကြိုက်ပြီးအပေါင်းအသင်းများပေမဲ့ Jane ကတော့အရှက်ကြီးတဲ့စာဂျပိုးတစ်ယောက်ဖြစ်ပါတယ်တစ်နေ့တော့ Corrinne ရဲ့မွေးနေ့အတွက်ဘားတစ်ခုမှာ သွားကဲကြရင်း ဘားမှာကိတ်မုန့်တွေကျွေးတာက Jane ကိုလူတွေစိတ်ဝင်စားလာစေတယ်ဆိုတာကို သတိထားမိသွားပါတော့တယ် ဒီလိုနဲ့သူတို့သူငယ်ချင်းတွေစုပြီး "Cakebarring" ဆိုတဲ့ဘားတွေကိုကိတ်မုန့်ယူသွားပြီး Jane အတွက်ကောင်လေးရှာပေးဖို့ ပရောဂျက်ကြီးကိုစတင်လိုက်ပါတော့တယ် အားလုံးအဆင်ပြေချောမွေ့နေခဲ့ပေမဲ့ ရုတ်တရက် Corrinne တစ်ယောက်ဦးနှောက်အကျိတ်ကြောင့်ဆေးရုံတင်လိုက်ရပြီး ကင်ဆာရောဂါဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့..... ကင်ဆာရောဂါကလူကိုတစ်စတစ်စတိုက်စားနေပေမဲ့ Corrinne ကတော့ဘေးမှာအမြဲရှိနေပေးတဲ့သူငယ်ချင်းကြောင့် လုံးဝ အားမငယ်ခဲ့ရပါဘူး Corinne တစ်ယောက်ကင်ဆာရောဂါကိုတိုက်ထုတ်ရင်း သူတို့ကတိပေးထားတဲ့ "Cakebarring" ပရောဂျက်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလား ...
movie

Sitting in Bars with Cake (2023)

Alex Cross (2012) 5.2
Alex Cross (2012) ဒီရုပ်ရှင်ကတော့​ စာရေး​ဆရာ​ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross​ ဝတ္ထု​များကို​ ပြန်လည်​ရိုက်ကူး​ထားတဲ့​ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထု​ရဲ့အဓိကဇာတ်လိုက်ကတော့​ ဒေါက်တာ​ Alex Cross ဆိုတဲ့​ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို​ Morgan​ Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Alex Cross က​ ဇနီးဖြစ်သူ​ ကိုယ်ဝန်သည် မာရီယာ​နဲ့အတူ​ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့​ဝါရှင်တန်​ဒီစီကဌာနချုပ်မှာ​ တာဝန်​ထမ်းဆောင်​ပေးဖို့​ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့်​ စဥ်းစား​နေချိန်မှာပဲ​ လူချမ်းသာအမျိုးသမီးတစ်ဦးကို​ နှိပ်စက်​သတ်ဖြတ်​သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ​ အမျိုး​သမီးတင်မက​ သက်တော်စောင့်တွေကိုပါ တစ်ဦး​တည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်း​ဖြစ်ပွား​ရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ဒီလူသတ်သမားဟာ စိတ္တဇ​လူသတ်​သမားဖြစ်ရုံမက နောက်ထပ်​ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံ​ကျူးလွန်​ဖို့ရှိတယ်ဆိုတာကို Alex​ Cross​သိရှိ​သွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြား​အားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်​သမား​က​ Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့​ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျ​လေ့ကျင့်​ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ​ကို​ Action Thriller ...
movie

Alex Cross (2012)

Peter Pan & Wendy (2023)
Peter Pan & Wendy (2023) PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie

Peter Pan & Wendy (2023)

2023
My Father’s Dragon (2022) 7.0
My Father’s Dragon (2022) My Father's Dragon (2022) ==================== IMDb Rating - 7.0/10Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်‌ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ...
movie

My Father’s Dragon (2022)

2022
PAW Patrol: The Movie (2021) 6.4
PAW Patrol: The Movie (2021)  Paw Patrol : The Movie (2021)IMDb - 6.4/10CM Fanများအတွက် Paw Patrol : The Movieဆိုတဲ့ ဒီ​နေ့ထွက် animation ကားသစ်​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။အသစ်ထွက်တဲ့ရုပ်ရှင်တိုင်း action, horror, drama​တွေပဲ ဖြစ်​​နေလို့ ငြီး​ငွေ့​နေကြတဲ့ ပရိတ်သတ်တို့အတွက် အချိန်တစ်နာရီခွဲလောက် စိတ်ကြည်နူး​ပျော်ရွှင်​စေနိုင်မယ့် animation​လေးဖြစ်မှာ ​အ​သေအချာပါပဲ ဇာတ်လမ်းအကျဥ်းက​တော့ Paw Patrol​လေးတို့ရဲ့ ရန်သူ​​​တော်ကြီး Humdingerတစ်​​​ယောက် Adventure Cityဆိုတဲ့မြို့​လေးမှာ မြို့​တော်ဝန်သွားလုပ်ပြီး ဒီကမ္ဘာကြီးကိုအန္တရာယ်ကျ​ရောက်​စေမယ့် စမ်းသပ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားလာပါတယ်ရန်သူ​တော်ကြီးရဲ့အဖျက်လုပ်ငန်းကို ​အဖွဲ့ခေါင်း​ဆောင် Ryderနဲ့ သူ့ရဲ့အဖွဲ့ဝင် ပါပီ​လေးတို့တသိုက် ဘယ်လို​ခေတ်မှီနည်းပညာ​တွေ၊ စက်ပစ္စည်း​တွေနဲ့ ရ​အောင်တားကြမလဲ?အဖွဲ့ဝင်ပါပီ​လေးတစ်​ကောင်ရဲ့ အတိတ်​ဇာတ်ကြောင်းက​နေ ..... အဖွဲ့အ​ပေါ် ဘယ်​လောက်ထိရိုက်ခတ်မှုရှိမလဲ?Patrol အဖွဲ့ဝင်အသစ်​လေးက ဘယ်သူဖြစ်မလဲဆိုတာကို...ချစ်စရာ​ကောင်းတဲ့ ကာတွန်းဇာတ်​ကောင်လေး​တွေနဲ့ ရယ်စရာ၊​ပျော်စရာ၊ သနားစရာ ရသမျိုးစုံကိုခံစားရင်း ကြည့်ရှုရမှာပါ။ Animationဇာတ်​ကား​လေးဖြစ်တာမို့ ကိုယ့်မိသားစုနဲ့၊ သားသားမီးမီးတို့နဲ့တူတူ ကြည့်ဖို့အတွက်လည်း အဆင်​ပြေပါတယ်။ချစ်ရတဲ့မိသားစုနဲ့အတူ ​ပျော်ရွှင်ကြည်နူးစရာအချိန်တစ်နာရီခွဲခန့်ကို ဒီ Animationကား​လေးနဲ့ တူတူကုန်ဆုံးလိုက်ပါReview - JimxFile size…1.7GB and 1Gb and ...
movie

PAW Patrol: The Movie (2021)

2021
Fearless 2020 4.7
Fearless 2020 2020 မှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ animated comedy လေးပါ ရိဒ် ဆိုတဲ့ ကောင်လေးဟာ Planet Master ဂိမ်းကို အင်မတန် စွဲမက်သူပါ။ Fearless ဆိုတဲ့ နာမည်နဲ့ ဂိမ်းလောကမှာ ဆရာကြီးဆိုရင်လည်း မပါဘူးပေါ့။ ရိဒ်ဆော့နေတဲ့ ဂိမ်းထဲက ကာရိုက်တာကတော့ ကပ္ပတိန် လိုက်ဒ်စပိဒ်ပါ ကပ္ပတိန်ရဲ့ သားသမီးတွေဆိုပြီး ကီရာ၊ ဇန်ဒါ၊ တိုင်တပ်စ် ဆိုပြီး ကလေးကာရိုက်တာ သုံးယောက်လည်းရှိပါသေးတယ်။ အာကန်းနစ်ဆိုတာကတော့ ကပ္ပတိန်ရဲ့ ရန်သူ ကာရိုက်တာပါ။ အာကန်းနစ်ဟာ ဂိမ်းထဲက ကာရိုက်တာဆိုပေမယ့် ဘာအစွမ်းမှမရှိပါဘူး။ ဒါပေမယ့် ကပ္ပတိန်ရဲ့ ကလေးသုံးယောက်ကို အရယူနိုင်မယ်ဆိုရင်တော့ အစွမ်းတွေရလာပါလိမ့်မယ်။ တစ်နေ့ ရိဒ်ဟာ နောက်ဆုံးအဆင့်ကို တက်ဖို့အတွက် warning တစ်ခုရခဲ့ပါတယ်။ Warning ကတော့ ဖြစ်လာတဲ့ရလဒ်တွေကို လက်ခံမှာလား ဆိုတာပါပဲ။ အဆင့်တက်ချင်နေတဲ့ ရိဒ်ဟာ warning ...
movie

Fearless 2020

Salt (2010) 6.4
Salt (2010) Salt (2010)=========IMDb Rating - 6.4/10#Unicode2010 မှာ ထွက်ခဲ့တဲ့ Action, Mystery, Thriller ကားလေးပဲဖြစ်ပါတယ်။ မင်းသမီးကတော့ ပရိတ်သတ်အချစ်တော် အချောစား အလန်းစား Angelina Jolie ဖြစ်ပြီး IMDB 6.4/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အယ်ဗလင်းဆော့တ်က အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ယောက်ဖြစ်ပြီးသူမရဲ့ အရည်အချင်းကို အသိုင်းအဝိုင်းက အသိအမှတ်ပြုထားတဲ့သူတစ်ယောက်ပါ။ သူမ မြောက်ကိုရီးယားမှာ အဖမ်းခံရတုန်းက လာကယ်ဖို့ကြိုးစားခဲ့တဲ့ ဂျာမန်လူမျိုး ပင့်ကူမုဆိုး မိုက်ခ်နဲ့ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဆီကို ရရှားတစ်ယောက်ရောက်လာပြီး ဆော့တ်ဟာ ရရှားသူလျှိုတစ်ယောက်ဖြစ်ကြောင်း ပြောသွားတဲ့အခါမှာတော့ဆော့တ်တစ်ယောက် ထွက်ပြေးရတော့ပါတယ်။ မိုက်ခ်လည်း ပျောက်နေပါပြီ။သူ တကယ်ရရှားသူလျှိုဟုတ်မဟုတ် မိုက်ခ်နဲ့ပြန်ဆုံမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။၂၀၁၀ မှာထွက်ရှိထားပြီ။ မတင်ရသေးတဲ့ ဇာတ်လမ်းကောင်းလေးမို့ ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu  ပဲဖြစ်ပါတယ်။)#Zawgyi2010 မွာ ထြက္ခဲ့တဲ့ Action, ...
movie

Salt (2010)

2010
Unthinkable (2010) 7.1
Unthinkable (2010) ကျွန်တော် ခဏခဏမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုမေးကြည့်ချင်ပါတယ်။ ခင်ဗျားက စနိုက်ပါ တစ်လက်နဲ့ လူတစ်ယောက်ကို ချိန်ထားတယ်။အဲဒီလူက လူတွေအများကြီးရှိနေတဲ့ နေရာမှာ ဗုံးခွဲမလို့ လုပ်နေတဲ့သူ။ အဲဒီလူကို ပစ်သတ်ဖို့ ခင်ဗျား သေနတ်မောင်းကို ဆွဲမှာလား။ခင်ဗျားလက်မှာ သွေးအစွန်းခံပြီးတော့ ဗုံးကွဲလို့သေမယ့်သူတွေကို ကယ်မှာလား။ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် အဖြစ်ခံပြီး ပစ်သတ်လိုက်မှာလား။ပစ်သတ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လူသတ်သမားတော့ ဖြစ်သွားလိမ့်မယ်။ခင်ဗျားက လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လို့ သေနတ်မောင်းခလုတ်ကို မဆွဲဘဲ လှည့်ထွက်သွားမယ်ဆိုရင်လည်း ရပါတယ်။ အနေသာကြီးပါ။ဒါပေမဲ့ လူပေါင်းများစွာ သေကြေပျက်စီးရမယ့် ကိစ္စကို တားနိုင်တဲ့ အစွမ်းရှိရဲ့သားနဲ့ မတားနိုင်ဘူးဆိုရင် အဲဒီအသက်တွေအတွက် ခင်ဗျားမှာ တာဝန်ရှိသွားလိမ့်မယ်။အဲဒါဆို လူအများနဲ့ တစ်ယောက် လဲမှာလား။ Witcher ထဲက ဇာတ်ဆောင်ရဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင် မကောင်းမှုဆိုတာက မကောင်းမှုပါပဲ။သေးသေး၊ ကြီးကြီး။ အလတ်စားလောက်ပဲဖြစ်ဖြစ် မကောင်းမှုက မကောင်းမှုပါပဲ တဲ့။သေးတဲ့မကောင်းမှုကို ကျူးလွန်မှာလား ...
movie

Unthinkable (2010)

2010
The Sun Is Also a Star (2019) 5.6
The Sun Is Also a Star (2019) The Sun is also a star တစ်နေ့တာလေးအတွင်းအတူရှိနေလိုက်ရုံနဲ့တင် အချစ်ဆိုတာကို ခံစားသိရှိနိုင်လိမ့်မယ်လို့ထင်မိလား ?? တွေးမိဖူးလား??? နယူးယော့ခ်ကနေ နေရပ်တိုင်းပြည်ကိုပြန်ရတော့မဲလူမည်းမလေး နာတာရှာက သူ့တိုင်းပြည်ကိုမပြန်ရရေးအတွက်တောင်းဆိုဖို့ တစ်ရက်တာလေးပဲကြိုးစားခွင့်ရှိနေတဲ့အချိန်လေးမှာ ဆေးကျောင်းသားလေး ကိုရီးယားကောင်လေး ဒန်နီရယ်နဲ့တွေ့ဆုံသွားပြီးနောက် ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို လူငယ်ဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့ အချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လူငယ်မှ တော်တော်လေးကိုလူငယ်ဆန်တယ်လို့ကိုပြောလို့ရပါတယ် အချစ်အတွက် အနာဂတ်တွေ ကိုယ့်ရှေ့ရေးတွေကိုတောင်မစဉ်းစားနိုင်လောက်တဲ့အထိကို ရူးရူးမိုက်မိုက်လူငယ်ဆန်ဆန်အတွေးတွေကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးလေးပဲ ခံစားကြည့်ရှုလိုက်ရအောင်ပါဗျာ။File size…(1.55 GB) and (725.26 MB) Quality…1080p Web-dl H264 FGT Format…mp4 Duration…1h 40min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm
movie


2019
Smallfoot (2018) Blu-Ray 1080p 5.1 CH x264 6.6
Smallfoot (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264   Smallfoot (2018) IMDb - 6.6/10_____Rotten - 75%   Big Foot ဆိုတဲ့ Animation ကားလေးကို လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားကတော့ Small Foot ပါ။Big Foot နဲ့ဇာတ်လမ်းချင်းဘာမှဆက်စပ်မှုမရှိပါဘူး။ဒီကားမှာတော့ နှင်းလူ(Yeti)တွေဖက်ကနေ ရိုက်ထားတာမျိုးဖြစ်ပြီးလူတွေကတော့ သူတို့အတွက် လျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဟိမဝန္နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့တာဝန်နဲ့သူ ထမ်းဆောင်ကြရင်း ရွာအကျိုးသယ်ပိုးကြရတာပေါ့။သူတို့တွေရဲ့ခေါင်းဆောင်ကတော့Stonekeeper လို့ခေါ်တဲ့ နှင်းလူအဖိုးကြီးတစ်ယောက်၊ ဘာလို့ Stonekeeper လို့ခေါ်လဲဆိုတော့ ခေတ်အဆက်ဆက်ဘိုးဘေးဘီဘင်လက်ထက်တွေကတည်းက စည်းမျဉ်းတွေကို ရေးထွင်းထားတဲ့ ကျောက်တုံးတွေကို ဝတ်ရုံတစ်ခုအဖြစ်ခြုံပြီး ထိန်းသိမ်းထားရလို့ဖြစ်ပါတယ်။တစ်ရွာလုံးကလဲ သူ့ညွှန်ကြားတဲ့အတိုင်းတစ်သွေမတိမ်းလိုက်နာကြပါတယ်။ထူးဆန်းတာက ကျောက်တုံးတွေမှာ ရေးထွင်းထားတဲ့ စည်းမျဉ်းတွေဖြစ်ပါတယ်။သူတို့ရဲ့ရွာက ကျွန်းတစ်ကျွန်းပေါ်မှာဖြစ်ပြီး တိမ်ပင်လယ်ကြားမှာလွင့်မျောနေတာ၊ အောက်ကိုပြုတ်မကျအောင် ဆင်တွေက ထိန်းထားပေးတာ ဆိုတာမျိုး ပါနေပါတယ်။နောက်ပြီး ဒီကားလေးရဲ့ ဇာတ်လိုက်ဖြစ်တဲ့ မီဂို ဆိုတဲ့နှင်းလူရဲ့ ...
movie

Smallfoot (2018) Blu-Ray 1080p 5.1 CH x264

2018
Smallfoot (2018) 6.6
Smallfoot (2018) Smallfoot (2018) IMDb - 6.6/10_____Rotten - 75%   Big Foot ဆိုတဲ့ Animation ကားလေးကို လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားကတော့ Small Foot ပါ။Big Foot နဲ့ဇာတ်လမ်းချင်းဘာမှဆက်စပ်မှုမရှိပါဘူး။ဒီကားမှာတော့ နှင်းလူ(Yeti)တွေဖက်ကနေ ရိုက်ထားတာမျိုးဖြစ်ပြီးလူတွေကတော့ သူတို့အတွက် လျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဟိမဝန္နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့တာဝန်နဲ့သူ ထမ်းဆောင်ကြရင်း ရွာအကျိုးသယ်ပိုးကြရတာပေါ့။သူတို့တွေရဲ့ခေါင်းဆောင်ကတော့Stonekeeper လို့ခေါ်တဲ့ နှင်းလူအဖိုးကြီးတစ်ယောက်၊ ဘာလို့ Stonekeeper လို့ခေါ်လဲဆိုတော့ ခေတ်အဆက်ဆက်ဘိုးဘေးဘီဘင်လက်ထက်တွေကတည်းက စည်းမျဉ်းတွေကို ရေးထွင်းထားတဲ့ ကျောက်တုံးတွေကို ဝတ်ရုံတစ်ခုအဖြစ်ခြုံပြီး ထိန်းသိမ်းထားရလို့ဖြစ်ပါတယ်။တစ်ရွာလုံးကလဲ သူ့ညွှန်ကြားတဲ့အတိုင်းတစ်သွေမတိမ်းလိုက်နာကြပါတယ်။ထူးဆန်းတာက ကျောက်တုံးတွေမှာ ရေးထွင်းထားတဲ့ စည်းမျဉ်းတွေဖြစ်ပါတယ်။သူတို့ရဲ့ရွာက ကျွန်းတစ်ကျွန်းပေါ်မှာဖြစ်ပြီး တိမ်ပင်လယ်ကြားမှာလွင့်မျောနေတာ၊ အောက်ကိုပြုတ်မကျအောင် ဆင်တွေက ထိန်းထားပေးတာ ဆိုတာမျိုး ပါနေပါတယ်။နောက်ပြီး ဒီကားလေးရဲ့ ဇာတ်လိုက်ဖြစ်တဲ့ မီဂို ဆိုတဲ့နှင်းလူရဲ့ အဖေက ရွာရဲ့ မောင်းတီးသမားဖြစ်ပါတယ်။ဘာလို့မောင်းတီးသမားဖြစ်ရလဲဆိုတော့ သူတို့ရွာကို ...
movie

Smallfoot (2018)

2018