Channel Myanmar

Yoko Honna

The Cat Returns (2002) 7.1
The Cat Returns (2002) The Cat Returns (2002) ===================Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖို့ကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…1.5GB  / 763MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

The Cat Returns (2002)

2002
Only Yesterday (1991) 7.7
Only Yesterday (1991) Only Yesterday (1991) ကတော့ Studio Ghibli က ထုတ်လုပ်တဲ့ ဂျပန် Animated, Drama လေးပဲဖြစ်ပါတယ်။ပုံမှန် Animation ရုပ်ရှင်တွေက ကွဲလွဲနေတဲ့အချက်ကတော့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ သရုပ်မှန် Drama လေးတစ်ပုဒ်ဖြစ်နေတာပါပဲ။Box Office မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူအမျိုးသား အမျိုးသမီးတွေက တခဲနက် အားပေးခဲ့ကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။IMDB Rating က 7.7 ရရှိထားပြီး Rotten Tomato 100% ထိရရှိထားပါတယ်။     ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၂ ခုနှစ်မှာ အသက် ၂၇ နှစ် အရွယ် အိမ်ထောင်မရှိသေးတဲ့ Taeko Okajima က တိုကျိုမြို့မှာ တစ်သက်လုံး အခြေချနေထိုင်ခဲ့ပြီးတော့ အားလပ်ရက်မှာ ကျေးလက်ဒေသကို သွားပြီး လယ်အလုပ်သွားလုပ်ပါတယ်။သွားတဲ့လမ်းတလျှောက်မှာ သူ့ရဲ့ ၁၀ နှစ်အရွယ်က ...
movie

Only Yesterday (1991)

1991
Whisper of the Heart (1995) 7.9
Whisper of the Heart (1995)   IMDb 7.9 တောင်ရထားတဲ့ ကားဆိုတော့ ကာတွန်းကားဆိုပြီး အထင်သေးလို့မရတဲ့ အပြင် နာမည်ကြီး ကာတွန်းရုပ်ရှင် Spirited Away ကိုဖန်တီးထားတဲ့ ဒါရိုက်တာကပဲ ဆက်လက်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတကားနဲ့ မိတ်ဆက်ပေးပါရစေ တခါက၁၄နှစ်အရွယ်ကျောင်းသူလေး Shizuku ဟာ သူ့မိသားစုနဲ့ Tokyo မြို့မှာနေသတဲ့... သူဘဝကလည်းပုံမှန်ကျောင်းသူတယောက်လိုပါပဲ... ဒါပေမယ့် တခုထူးခြားတာက Shizuku ဟာကျောင်းပိတ်ရက် ဆိုတာနဲ့ ဒေသခံစာကြည့်တိုက် သွားပြီးရှိသမျှ Fairy Tale (အကြမ်းဖျင်းအားဖြင့်ကလေးပုံပြင်ပေါ့) စာအုပ်တွေငှားဖတ်လေ့ရှိပြီး သူကိုယ်တိုင်ကလည်းစာရေးသူတယောက်ဖြစ်ချင်တဲ့သူပါ... ဒါမယ့် သူစာအုပ်တွေဖတ်ရင်းဖတ်ရင်း နာမည်တခုနဲ့ ရင်းနှီးလာတယ်... သူငှားဖတ်သမျှစာအုပ်တိုင်းရဲ့ငှားဖတ်သူစာရင်းကဒ်မှာ Seiji ဆိုတဲ့ကောင်လေးကသူ့ရှေ့အမြဲရောက်နေတယ်... ဒီတော့ဆယ်ကျော်သက်မိန်းခလေးသဘာဝအတိုင်း မမြင်ဘူးတဲ့ကောင်လေးကိုပဲအထင်ကြီးမိပြီး သံယောဇဉ်တွယ်သွားတယ်တဲ့... ဒီလိုနဲ့တနေ့မှာ Shizuku က သူ့အဖေကို ထမင်းဘူး သွားပို့ပေးရင်းရထားစီးလာရာမှာ ရထားပေါ်ကိုမှတ်တိုင်တခုမှာကြောင်ကြီးတကောင်က တက်လာပြီး Shizuku အတွက် အထူးအဆန်းဖြစ်သွားတာပေါ့... ပိုထူးဆန်းတာကကြောင်ကြီးကလူအတိုင်းပဲ သူဆင်းချင်တဲ့ မှတ်တိုင်မှာဆင်းသွားတယ်တဲ့... ဒါနဲ့ကြောင်ကြီးကိုစိတ်ဝင်စားလို့ Shizuku ကနောက်ကလိုက်ရင်း Alice ကနေ Wonderland ရောက်သလိုဖြစ်သွားမလားဆိုတာ ?? စိတ်ဝင်စားဖွယ်ဆက်လက်ရှုစားကြပါ သီချင်းတွေကို အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ပေးထားပါတယ် အမှားပါတာရှိ ခွင်.လွတ်ကြပါကုန် Japan Anime  တွေထုံးစံအတိုင်း ဇကားအပြီးမှာတော့ မက်ဆေ့ချ်တခုတော့ ရစမြဲမို့ ဒေါင်းယူကြည့်သင့်ပါတယ်ဗျာ ( ဒီကားလေးရဲ့အညွှန်းကို M-MDB Page မှ ကူးယူထားတာဖြစ်ပြီး ဘာသာပြန်သူကတော. Bommy Chan ပဲဖြစ်ပါတယ်။ )   File Size - 1.6 GB Quality ...
movie

Whisper of the Heart (1995)

1995