Channel Myanmar

Yoshimasa Kondô

River (2023) 7.4
River (2023)  IMDb 7.4/10ဒီဇာတ်လမ်းလေးကတော့ Kyoto မှာရှိတဲ့ Kibune လို့ ခေါ်တဲ့ဒေသက တည်းခိုဆောင်တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ။Fujiya တည်းခိုဆောင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေတဲ့Mikoto ဟာ တစ်ခုသော နေ့လယ်ခင်းမှာတော့ သူတို့ဟာအခိုက်အတန့်တစ်ခုတည်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတယ်ဆိုတာကို သိလိုက်ရပါတယ် ။ သူတို့အားလုံးကြုံနေရတဲ့ဒီအခြေအနေကြီးမှာ အချိန်က နှစ်မိနစ်တိုင်း အစကနေပြန်ပြန်ရစ်နေတာ ဖြစ်ပါတယ် ။ ဒီပြဿနာရဲ့ အကြောင်းအရင်းကဘာများဖြစ်မလဲ ။ မီကိုတိုနဲ့အတူ Fujiya ဝန်ထမ်းတွေ ၊ ဧည့်သည်တွေအားလုံးပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဟာသကလေးနှောပြီးပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ။ အချိန်က အကန့်အသတ်တစ်ခုအတွင်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတဲ့အခါ လူတွေရဲ့ပြောင်းလဲလာတဲ့ စိတ်ထားအမျိုးမျိုးကိုလည်း တွေ့ရမှာပါ ။ဇာတ်လမ်းရဲ့ အနှစ်ချုပ်လေးကတော့ အချိန်တွေ ရပ်သွားပါစေလို့လူတိုင်း ဆုတောင်းဖူးကြပေမယ့် တကယ်တမ်း အချိန်တွေရပ်တန့်သွားဖို့ဘယ်သူမှ မလိုလားကြဘူးဆိုတဲ့ အကြောင်းပါပဲ ။ ဒါဆိုရင်တော့မီကိုတို ၊ တကု ၊ ...
movie

River (2023)

In Love and Deep Water (2023)
In Love and Deep Water (2023)  Netflix original ရုပ်ရှင်ဖြစ်တဲ့ In Love and Deep Water ဟာဂျပန်စကားပြောရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ဇိမ်ခံသင်္ဘောပေါ်မှာဇာတ်အိမ်တည်ထားပါတယ်။တာဝန်သိ သင်္ဘောဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဆုဂုရုဟာသင်္ဘောပေါ်ကို ချိဇုရုဆိုတဲ့ မိန်းကလေးရောက်လာတဲ့အချိန်ကစပြီးသူ့ဘဝဟာလည်းကပြောင်းကပြန် ဖြစ်ကုန်ပါတော့တယ်။ ချိဇုရုဟာဆုဂုရုနဲ့သူ့ရဲ့ရည်းစားတွေအကြောင်း အဖြစ်မှန်ကိုဖွင့်ဟလိုက်တဲ့နောက်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သင်္ဘောအပေါ်ဆုံးထပ် ရေကူးကန်ထဲမှာ လူသေအလောင်းတစ်လောင်းတွေ့တာကအစပြုလို့ ချိဇုရုနဲ့ ဆုဂုရုတို့နှစ်ဦးသားဟာ တခြားခရီးသည်များနဲ့အတူလျှို့ဝှက်ဆန်းကြယ် လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေများ ဖြစ်လာခဲ့ပါတယ်။လူသေဆုံးရတဲ့အဖြစ်မှန်ကို ရှာဖွေနေတဲ့ ဆုဂုရုနဲ့ ချိဇုရုတို့ဟာလျှို့ဝှက်ဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေအကြား တစ်ဦးနဲ့တစ်ဦးသံယောဇဉ်တွယ်လာခဲ့ပါတယ်။ရေကြောင်းခရီးစဉ်တစ်ခုအတွင်း အချစ်ဇာတ်လမ်းနဲ့ လျှို့ဝှက်ဆန်းကြယ်အမှုအခင်းကိုတစ်လှည့်စီပြသရင်း ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာမို့ ဂျပန်စကားပြောIn Love and Deep Water ဇာတ်ကားလေးကို Channel Myanmar ပရိတ်သတ်ကြီးကြည့်ရှုအားပေးနိုင်စေဖို့ တင်ဆက်လိုက်ရပါတယ်။ဒီဇာတ်ကားမှာ အမျိုးသားဇာတ်ဆောင်အဖြစ်ပါဝင်တဲ့ Ryô Yoshizawa ဟာKamen Rider ဇာတ်ကားများနဲ့ လူသိများတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။အိုင်နာအဖြစ်သရုပ်ဆောင်တဲ့ Kikuchi Yuriko ဟာ မင်းသားကြီး Brad Pittပါဝင်တဲ့ ...
movie

In Love and Deep Water (2023)

Knuckle Girl (2023) 5.2
Knuckle Girl (2023) Knuckle Girl (2023)Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ...
movie

Knuckle Girl (2023)

2023
Pale Moon (2014) 6.9
Pale Moon (2014) Pale Moon (2014)လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်‌တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် ...
movie

Pale Moon (2014)

2014
Remain In Twilight (2021) 6.0
Remain In Twilight (2021) Remain in twilight (2021)J drama ပရိသတ်တွေနဲ့မစိမ်းတဲ့ main leadတွေ အများကြီးပါဝင်ရိုက်ကူးထားတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းထဲမှာတော့ အထက်တန်းကျောင်းတည်းက အတူတူပေါင်းပြီး ဗရုတ်ကျလာခဲ့တဲ့ သူငယ်ချင်း၆ယောက်ရှိပါတယ်။သူတို့က ကျောင်းကပွဲနေ့မှာ လန်ကွတ်တီအနီတွေဝတ်ပြီး ကြယ်မိုးရွာတာကိုတားတဲ့အကကိုတက်ကကြတဲ့အထိ ဗရုတ်သုတ်ခနိုင်တဲ့ ငချွတ်တွေပါ။ ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့သူတို့၆ယောက်ရဲ့သံယောဇဉ်က ဘယ်တော့မှမပျက်နိုင်ကြဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ကျောင်းပြီးတဲ့နောက် ၅နှစ်အကြာမှာ သူတို့သူငယ်ချင်းရဲ့မင်္ဂလာပွဲအတွက်ပြန်ဆုံဖို့ဖြစ်လာပါတယ်။ ဒီပွဲမှာလည်း အရင်လိုလန်ကွတ်တီဝတ်ပြိီးကကြဖို့စီစဉ်ထားတာပါ။ အဖွဲ့တောင့်ခဲ့တဲ့သူငယ်ချင်းတစ်စုဟာ အရင်နှစ်များလိုပဲ ဆက်လက်ရှိနေမယ်လို့ယုံကြည်ခဲ့ကြတာကြောင့် အရှိတရားကိုပါလက်မခံနိုင်ကြတဲ့အထိပါပဲ။ တချို့သောလူတွေက ဘေးမှာမရှိတော့ပေမဲ့ သူတို့နဲ့အတူရှိခဲ့ဖူးတဲ့ ဆည်းဆာချိန်တွေကတော့ အရင်အတိုင်းဆက်ရှိပြီး လှပနေကြ သတိရနေရဦးမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:36:00 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
movie

Remain In Twilight (2021)

Only Yesterday (1991) 7.7
Only Yesterday (1991) Only Yesterday (1991) ကတော့ Studio Ghibli က ထုတ်လုပ်တဲ့ ဂျပန် Animated, Drama လေးပဲဖြစ်ပါတယ်။ပုံမှန် Animation ရုပ်ရှင်တွေက ကွဲလွဲနေတဲ့အချက်ကတော့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ သရုပ်မှန် Drama လေးတစ်ပုဒ်ဖြစ်နေတာပါပဲ။Box Office မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူအမျိုးသား အမျိုးသမီးတွေက တခဲနက် အားပေးခဲ့ကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။IMDB Rating က 7.7 ရရှိထားပြီး Rotten Tomato 100% ထိရရှိထားပါတယ်။     ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၂ ခုနှစ်မှာ အသက် ၂၇ နှစ် အရွယ် အိမ်ထောင်မရှိသေးတဲ့ Taeko Okajima က တိုကျိုမြို့မှာ တစ်သက်လုံး အခြေချနေထိုင်ခဲ့ပြီးတော့ အားလပ်ရက်မှာ ကျေးလက်ဒေသကို သွားပြီး လယ်အလုပ်သွားလုပ်ပါတယ်။သွားတဲ့လမ်းတလျှောက်မှာ သူ့ရဲ့ ၁၀ နှစ်အရွယ်က ...
movie

Only Yesterday (1991)

1991
Oba: The Last Samurai ( 2011 ) 6.6
Oba: The Last Samurai ( 2011 ) စစ်ကားကြိုက်တဲ့နှစ်သူတွေအတွက်တော်တော်လေးကောင်းတဲ့ ဇာတ်ကားတကားနဲ့တင်ဆက်လိုက်ပါတယ်ဒုတိယကမ္ဘာစစ် ဂျပန်ပိုင် ဆိုက်ပန်ကျွန်းပေါ်ကအဆုံးသတ် စစ်ပွဲဖြစ်ပါတယ်...အရှုံးဆိုတာ လွယ်လွယ်လက်မခံတတ်တဲ့ ဂျပန်တို့ရဲ့ထုံးစံနဲ့ Emotion ပြင်းထန်တဲ့ Usa တပ်ရင်းမှူးတို့ကြားက အတ္တပြိုင်ပွဲမှာ..ဂျပန်ကပ္ပတိန် က လက်နက်အလွယ်လေး ချမလား.?မိမိနိုင်ငံပိုင်ကျွန်းပေါ်က ဂုဏ်​သိက္ခာအရ၂ ဖက်တိုက်နေရတဲ့ စစ်ပွဲကြား အပြစ်မဲ့ဂျပန်ပြည်သူတွေ့ရဲ အသက်အိုးအိမ်စည်းစိမ်တွေ့ကိုဘယ်လို ကာကွယ်ကုသရမလဲ..??အနီးကပ် ကွပ်ကဲ့စောင့်ကြည့်ရတဲ့ Usa ကပ္ပတိန်အသစ်ရောက်လာတဲ့အခါမှကော့ ဘယ်လိုအဖြေ ထွက်လာမလဲ.?စစ်ရဲ့ အနိဌာအာရုံတွေ့ကို မျက်ဝါးထင်ထင်တွေ့မြင်ရမှာဖြစ်ပြီးလေယာဉ်ငယ်ဖြင့် ဗုံးချအနိုင်ယူ၍ ရပါသော်လည်းကျည်ဆံထက် နှစ်ဖက်ခေါင်းဆောင်များ စားပွဲဝိုင်းမှာအဖြေရှာပြီး လူပေါင်းမြောက်များစွာရဲ့ အသက်တွေ့ကိုမျိုးရိုးဂုဏ်နိမ့်ပြီး ဆာမူရိုင်းတို့ ဘယ်လိုတုံပြန်မလဲဆိုတာကြည့်ရူရမဲ့ ဇာတ်ကားဖြစ်ပါတယ်....ကျတော်တို့ သင်ယူရမဲ့ အခြေခံအချက်တွေ့ ပိုလျှံနေအောင်ညွှန်းပြနိုင်တဲ့ ဇာတ်ကားကောင်းတခုအဖြစ် ဖေါ်ညွှန်းလိုက်ပါတယ် အညွှန်းကို CM Group မှ Moe Kharr Yae မှ ရေးထားခြင်းဖြစ်ပါတယ်Translated By - Ei PyaeEncoded By - LK
movie


2011
Love and Other Cults(2017) 5.9
Love and Other Cults(2017) Love and other cults (2017)ဒီတစ်ခေါက်တော့ Channel Myanmar ပရိသတ်ကြီးအတွက်ဇာတ်လမ်းကောင်းလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Love and other cults (2017)ကားလေးပါ။ဇာတ်လမ်းလေးရဲ့ အကျဉ်းကတော့ ...ဘာသာရေးအစွန်းရောက်လွန်းတဲ့ မိခင်ဖြစ်သူကြောင့် ဘာသာရေးမိတ်ဆွေအသိုင်းအဝိုင်းထဲမှာ လိင်ကျေးကျွန်အဖြစ် ရနှစ်ခန့်နေခဲ့ရတဲ့ ကလေးမလေး Ai...ဒီလိုနေရာကနေ လွတ်မြောက်လာခဲ့ပြီး သာမန်လူတစ်ယောက်လို လူ့အသိုင်းအဝိုင်းထဲကိုဝင်ရောက်လာခဲ့ပေမယ့် လူ့အသိုင်းအဝိုင်းနဲ့ မဝင်ဆံ့တော့တာတော့အမှန်ပါ။ထိုအချိန်မှာ သူမကိုနားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ သူမလိုပဲ လူ့အသိုင်းအဝိုင်းမှာ ဝင်မဆံ့တဲ့ Ryotaနဲ့ ဆုံတွေ့လာတဲ့အခါ...ဒီလိုပျက်စီးယိုယွင်းနေတဲ့ အရေခြုံလောကကြီးကနေ သူတို့နှစ်ယောက်ရုန်းထွက်နိုင်ပါ့မလား?ဘယ်လိုမှရုန်းထွက်နိုင်စရာမရှိတဲ့ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုမှာသူတို့ဘယ်လိုဆက်ရှင်သန်မလဲ?စတဲ့ မေးခွန်းပေါင်းများစွာနဲ့ အဆုံးထိဆွဲခေါ်သွားနိုင်တဲ့ကားလေးတစ်ကားပါ။Imdb Rating 5.9ရရှိထားတဲ့ ဒီဇာတ်လမ်းလေးနာမည်ကတော့ Love and other cults(2017)ပါ။
movie

Love and Other Cults(2017)

2017