Channel Myanmar

Youki Kudoh

The Limits of Control (2009)
The Limits of Control (2009)  ဒီဇာတ်လမ်းကတော့ ကြည့်ရှူသူပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ ရှူထောင့်ကိုယ်စီပေါ်မူတည်ပြီး ဇာတ်အိမ်ကပြောင်းလဲသွားမှာပါ။ နက်နက်နဲနဲနဲ့တွေးတောရမယ့် ဇာတ်ကွက်တွေ ဇာတ်ညွှန်းတွေနဲ့ အကြောင်းအရာတစ်ခုချင်းစီကို ပုံဖော်ထားတဲ့ဇာတ်အိမ်မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေကို ဒီဇာတ်လမ်းကိုကြည့်ရှူဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...သွေးအေးအေးနဲ့ မျက်နှာထားတည်တဲ့သူတစ်ယောက်က အမည်မရှိတဲ့သူလို့ သူ့ကိုခေါ်ပါလို့ ပြောတဲ့သူတစ်ယောက်ကို "တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် သာလွန်နေတဲ့လို့ထင်နေတဲ့ သူတွေက သင်္ချိုင်းကုန်းကို သွားသင့်တာအဲဒီလိုမှ သူတို့ကဘဝရဲ့အဓိပ္ပာယ်အစစ်ကို သိနိုင်မှာ" စတဲ့နက်နဲတဲ့စကားတွေပြောနေပါတယ်။ အမည်မရှိတဲ့သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ခရီးကိုစထွက်လာတာပေါ့ ဒီလိုနဲ့ခရီးလမ်းတစ်လျှောက်မှာ သူတွေ့ကြုံရတဲ့လူတွေကနေတစ်ဆင့် ဇာတ်လမ်းအမျိုးမျိုးကို နက်နက်နဲနဲရိုက်ကူးပြရင်း ဇာတ်သိမ်းမှာတော့ ဇာတ်ကွက်တစ်ခုလုံးကို အပြောင်းအလဲဖြစ်အောင် ခေါ်ဆောင်သွားပါတော့တယ်။ အားလုံးပဲကြည့်ရှူခံစားပေးကြပါဦး။ File size…(939 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre...Crime, Drama, Thriller, Mystery, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee
movie

The Limits of Control (2009)

We Are Little Zombies (2019) 6.8
We Are Little Zombies (2019) We are little Zombies (2019)IMDb - 6.8/104 Wins and 11 Nominationsစိတ်ခံစားမှုမျိုးစုံ အတွေးမျိုးစုံကို မြုပ်ကွက်များနဲ့အတူ ခံစားမိစေမယ့် We are little zombies ငယ်စဉ်ကတည်းက မိဘတွေရဲ့ ဂရုမစိုက်မှု နဲ့ ပတ်၀န်းကျင်ကြောင့် အထီးကျန်နေခဲ့ရပြီး မိဘတွေကို မနှစ်သက်ကြတဲ့ ကလေး ၄ ယောက် ၊ အကြောင်းကြောင်းကြောင့် မိဘတွေ သေဆုံးသွားပြီး မိဘတွေရဲ့ ဈာပနပွဲမှာမှ သူတို့တွေ့ဆုံခဲ့ရတယ် ၊ Unemotional လို့ခေါ်တဲ့ စိတ်ခံစားမှုမရှိတဲ့ ကလေး ၄ ယောက်ဟာ စွန့်စားခန်းတစ်ခုကို သွားဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါ... ဦးတည်ချက်မရှိပဲသွားနေရင်း မိဘတွေရဲ့ သေဆုံးမှုကို သီချင်းရေး သီဆိုရင်း လိုင်းပေါ်တင်လိုက်ရာ အောင်မြင်သွားချိန်မှာတော့ သူတို့လေးတွေ ဘာဆက်လုပ်ကြမလဲ ။ အသက်ရှင်နေရတဲ့ရည်ရွယ်ချက်မရှိ ဘာခံစားချက်မှမရှိဘဲ ရောက်တတ်ရာရာသွားနေကြတဲ့ သူတို့ကိုယ်သူတို့ ဇွန်ဘီလေးတွေလို ...
movie

We Are Little Zombies (2019)

2019
L: change the WorLd(2008) 6.1
L: change the WorLd(2008) Death Note: L Change the World (2008) --------------------------------------- ဒီရုပ်ရှင်ကတော့ သေမင်းတမန်စာအုပ်ရဲ့ နောက်ဆုံးရုပ်ရှင်ပဲဖြစ်ပါတယ်.အရှေ့ရုပ်ရှင်နှစ်ခုဖြစ်တဲ့ Deat Noteနဲ့ L is the last nameတို့ရဲ့Spin-out sequelဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ L ရဲ့တကိုယ်တော်စွန့်စားခန်းဖွင့်တာကိုမြင်တွေ့ရမှာပါ....ဇာတ်လမ်းအကျဉ်း --------------- Lတစ်ယောက်ကီရာ့အမှုကို လိုက်နေရင်းထိုင်းနယ်စပ်က သူ့အဖွဲ့ဝင်တစ်ယောက်လွှတ်လိုက်တဲ့ ညဏ်ကြီးရှင်ကလေးတစ်ယောက်ကိုကယ်ဆယ်ခဲ့ရတယ်.အဲ့ဒီကလေးက အဲ့ဒီထိုင်းနယ်စပ်ရွာလေးအပေါ် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှောင်ခိုဂိုဏ်းတခုရဲ့ ရက်စက်တဲ့အမှုရဲ့ နောက်ဆုံးမျက်မြင်သက်သေပေါ့...ဒီထဲမှာ Lရင်ဆိုင်ရမှာကတော့ သူတို့ရဲ့အဖွဲ့ထဲကအဖွဲ့ဝင််ဖြစ်တဲ့ Kဆိုတဲ့ ညဏ်ကြီးရှင်မိန်းမတစ်ယောက်ပါပဲ...ပညာလွန်သော်ကောက်ကျစ်ရာ၏ဆိုသလို အစွန်းရောက်သွားတဲ့မိန်းမတစ်ယောက်ပါပဲ...ဒီပွဲမှာရော Lတစ်ယောက် အနိုင်ရမှာလားသူဘာတွေစတေးရခဲ့လဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါခင်ဗျာ  File size…2.1Gb / 1.2Gb Quality…1080p Blu Ray 5.1CH / 720p Format…Mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung Tay Za   
movie

L: change the WorLd(2008)

2008
Memoirs of a Geisha (2005) 7.4
Memoirs of a Geisha (2005) Memoirs of a Geisha (2005)_____IMDb - 7.4/10Won 3 Oscars. Another 29 wins & 47 nominationsဂေးရှားတွေ အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့မိတယ် အကိုတစ်ယောက်က Memoirs Of a Geisha ကို ကြည့်ပါလို့ လမ်းညွှန်ခဲ့တယ် ဂျပန်တွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ဂေးရှားအလှမယ်ဆိုတာ တွေ့ကရာ မိန်းမတိုင်း အမည်တပ်ခွင့်မရှိဘူး ထိုက်တန်မှ ရတယ် သေလောက်အောင် လေ့ကျင့်ထား နာကျင်ထားမှ ရနိုင်မယ့် နာမည်တစ်ခု ဒီရုပ်ရှင်ကို ကြည့်ပြီး ဂေးရှားအလှမယ် ဆိုတာ ပြည့်တန်ဆာ သာသာ မဟုတ်ဘူးဆိုတာ နားလည်သွားတယ် ပျော်တော်ဆက်မယ် သက်သက်လဲ မဟုတ်ပြန်ဘူး သူတို့မှာ တန်ဖိုးတစ်ခုဆိုတာ ရှိတယ် အဲ့ဒီတန်ဖိုးကိုလဲ အခကြေးငွေ အမြင့်ဆုံးနဲ့ ပြန်ရောင်းကြတယ် အပျိုစင် ဘဝ ပေါ့... ကြေး အမြင့်ဆုံးရတဲ့ ဂေးရှား ဟာ ဂုဏ်သိက္ခာ အရှိဆုံး လို့ မှတ်ယူခဲ့ကြတယ်.... ဒီရုပ်ရှင် အစမှာတော့ ချီယို နဲ့ ဆပ်စု ဆိုတဲ့ တံငါရွာက ညီအမ နှစ်ယောက်ဟာ ဂေးရှားအလှမယ်တွေကို သင်ကြားပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုမှာ ရောင်းစားခံလိုက်ရတယ်... တိတိ ကျကျ ပြောရရင် ...
movie

Memoirs of a Geisha (2005)

2005