Channel Myanmar

Yu Ai-Lei

A Better Tomorrow (2018) 5.5
A Better Tomorrow (2018) ပိုကောင်းတဲ့မနက်ဖြန်ဆိုတဲ့ ဇာတ်ကားလေးဟာ ၁၉၈၆ မှာရိုက်ကူးထားတဲ့ တရုတ်မင်းသားကြီးချောင်ယွမ်ဖတ်ရဲ့ ဇာတ်ကားကို ၂၀၁၈ မှာပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ညီအစ်ကိုနှစ်ယောက်ရှိတဲ့အထဲမှာ အစ်ကိုဖြစ်သူက စောစီးစွာကျောင်းထွက်သွားရပြီး သင်္ဘောသားအဖြစ်အလုပ်လုပ်ရင်း ဂျပန်နိုင်ငံကို မှှောင်ခိုကုန်ကူးတဲ့ မှောင်ခိုသမားဖြစ်လာပြီး ညီဖြစ်သူကတော့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်..။အဖေဖြစ်သူက စိတ်ကျန်မာရေးမကောင်းတဲ့သူမို့လို့ အဖေ့ကျန်းမာရေးကို ဂရုစိုက်ရင်း ညီငယ်က အိမ်မှာကျန်ခဲ့သလို အစ်ကိုဖြစ်သူကတော့ အိမ်ကိုပြန်လာချင်တဲ့ အချိန်မှပြန်လာပြီး အပေအတေဆန်ဆန်ဘဝကိုဖြတ်သန်းနေခဲ့ပါတယ်။သူ့ရဲ့မှောင်ခိုသမားဘဝမှာ ညီအရင်းတစ်ယောက်လိုချစ်ခင်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်လည်းရှိပါသေးတယ်..။ဒီလိုနေထိုင်လာကြရင်း စိတ်ရင်းကောင်းသလောက် အားနာတတ်တဲ့အစ်ကိုဟာ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ပြဿနာထဲ ဝင်ရောက်မိတဲ့အခါ…ဇာတ်လမ်းက မှုခင်း ဒရာမာအမျိုးအစားလေးဖြစ်ပြီဒ ညီအစ်ကိုတွေကြားမေတ္တာကို ပေါ်လွင်အောင်တင်ဆက်ပြသထားပါတယ်…၂၀၁၈ ဇန်နဝါရီလထဲထွက်ထားတာဖြစ်ပြီး Rating တွေကတော့ (IMDb- 5.3/10)..(Google users – 79%) ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို ဇွဲခန့်သွင်ပါ)File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time : ...
movie

A Better Tomorrow (2018)

2018