Channel Myanmar

Yuka Terasaki

The Garden of Words (2013) 7.5
The Garden of Words (2013) The Garden of Words (2013)*****************************          言の葉の庭ဇာတ်ကားနာမည်လေးက မြန်မာလိုဆို "စကားလုံးတွေ ပွင့်ဖူးတဲ့ပန်းဥယျာဉ်" တဲ့ဇာတ်လမ်းလေးက "မမနဲ့မောင်လေး" ပုံစံရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားဘူး...အေးချမ်းတဲ့ မိုးရာသီနဲ့ ဇာတ်လမ်းဆင်ထားတယ်..ခုလို မိုးရွာနေတုန်းကာလနဲ့ဆိုတော့ ပိုပြီး ဖီးလ်လို့ ကောင်းတာပေါ့အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး..သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်..ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ..မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူ ထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ...တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့.. မမ နာမည်က ယူကီနို ယူကာရီ တဲ့.. ၂၇ နှစ်အရွယ် အစ်မကြီးပေါ့...စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်...နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ကိုယ်ရှိနေကြတဲ့သူတွေ..ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်(ကျွန်တော်တို့တွေဆိုရင်လည်း အွန်လိုင်းပေါ်က ခင်တွယ်မိတဲ့သူတွေအကြောင်း သိနိုင်သလောက် စူးစမ်းချင်ကြတယ်မဟုတ်လား)ဒီနေရာမှာ သူတို့ရဲ့ကဗျာတွေ ...
movie

The Garden of Words (2013)

2013
5 Centimeters Per Second (2007) 7.6
5 Centimeters Per Second (2007) 5 Centimeters Per Second (2007)**********************************(1080p Blueray Update) " ငါတို့တွေဟာ အကြိမ်ပေါင်းထောင်ချီအောင် စာတွေအပြန်လှန်ရေးပို့နေကြလဲနှလုံးသားတွေကတော့ တစ် စင်တီမီတာတောင် နီးစပ်မလာခဲ့ကြပါဘူး..."                                                                                      တိုနို-တာကကီ (5 Centimeters Per Second)  ချယ်ရီပွင့်ဖတ်လေးတွေ အပင်ပေါ်ကနေမြေပြင်အထိ ကြွေကျတဲ့အရှိန်က တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်း ရှိတယ်တဲ့...မြေပြင်ကနေလွတ်တင်လိုက်တဲ့ အာကာသယာဥ်တစ်စီးကတော့ တစ်နာရီကို မိုင်ပေါင်း တစ်သောင်းရှစ်ထောင်နှုန်းနဲ့ ကမ္ဘာမြေက တဖြည်းဖြည်း ဝေးကွာသွားတယ်ဦးတည်ချက်ရှိတဲ့ လားရာတွေကဘယ်လောက်အချိန်တွေကြာပါစေ တစ်ချိန်ချိန်မှာ လိုရာခရီးကို ရောက်နိုင်ဦးမှာပဲမဟုတ်လား...ဒါပေမယ့်တစ်ချို့ ဦးတည်ချက်မရေရာပဲ မျှော်လင့်ချက်တစ်ခုတည်းနဲ့ လွတ်တင်မိခဲ့တဲ့ ယာဥ်တွေကတော့ ဘယ်အချိန်မှာ ဘယ်ကိုရောက်နိုင်မလဲ...Massage တွေ ထောင်ချီ အပြန်အလှန်ပို့နေခဲ့ပေမယ့် နှလုံးသားတွေ တစ်စင်တီမီတာလောက်တောင် နီးမလာတဲ့အခါ...အချိန်တွေအကြာကြီးစောင့်ဆိုင်းခဲ့ရပေမယ့် မျှော်လင့်တဲ့သူပြန်မလာတဲ့အခါ...အများကြီးကြိုးစားခဲ့ပေမယ့် ကြိုးစားမှုတွေ အရာမထင်ခဲ့တဲ့အခါတွေမှာရော...ငါတို့... လားရာမရှိတဲ့ မျှော်လင့်ချက်ယာဥ်တွေကိုလွတ်တင်နေမိသလိုပဲမဟုတ်ဘူးလား..တစ်ခါတစ်လေကျရင် လူတွေကကိုယ့်ရဲ့အဝေးကိုမျှော်နေရင်း ဘေးကကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေအရာတွေကို သတိမထားမိတတ်ကြဘူးလေတစ်ဖက်ကပြန်တွေးကြည့်ရင်တော့ ချယ်ရီပွင့်ဖတ်လေးတွေက မြေပြင်ကိုပဲ ဦးတည်ပြီးတော့သွားနေတာလားဒါမှမဟုတ် မိခင်အပင်အကိုင်းအခတ်တွေဆီကပဲ တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်းဝေးကွာခဲ့ကြတာပဲလားဘယ်သူသိနိုင်မလဲ....#5cm_per_second #Makoto_Shinkai  Review : Han Htoo Zaw File Size – 674 MB Quality ...
movie

5 Centimeters Per Second (2007)

2007