Channel Myanmar

Yukari Ôshima

Supercop 2 (1993)
Supercop 2 (1993)  ဒီကားလေးကတော့ ပထမကား Super Cop 1 ရဲ့ အဆက် ဂျက်ကီချန်း နဲ့ မီရှယ်ယို တို့ရဲ့ကားလေးပါပဲ........ဒီကားလေးထဲမှာတော့ မီရှယ်ယို က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူဟောင်း ရဲအရာရှိက ဘက်ပြောင်းပြီး ရာဇဝတ်သားဖြစ်သွားလို့ အချစ်နဲ့ တာဝန်ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရတဲ့ ကားကောင်းလေးတစ်ကားပါပဲ.......အတိုက်အခိုက်တွေ ဟာသတွေ နဲ့ တင်ဆက်နေကျ ဂျက်ကီချန်းကားလေးတွေထဲမှာ ဒီကားလေးကတော့ ဝမ်နည်းလွမ်းဆွတ်စရာလေးတွေပါ ရောယှက်ထားလို့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ....... File size…( 890 Mb) Quality….DVDrip 480p Format…mp4 Duration….01:44:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Supercop 2 (1993)

Riki-Oh: The Story of Ricky (1991) 7.1
Riki-Oh: The Story of Ricky (1991) ဒီတစ်ခါ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်တစ်ကားလေးပါRicky Ho: The story of Ricky ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂ္ဂလိကတွေကိုလွှဲပေးထားတယ်ဆိုပြီးဇာတ်လမ်းဆင်ထားပါတယ်အဲ့ထောင်ကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလိုအခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ပြီးတော့ ထောင်ကလဲ ပုဂ္ဂ္ဂလိကဆိုတဲ့အတိုင်း ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့....ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါသွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေထမင်းစားပြီးမကြည့်ပါနဲ့ xD(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein Min Tun  ပါ)File Size : (800 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre : Action, Comedy, Thriller Subtitle : Myanmar Subtitle ...
movie

Riki-Oh: The Story of Ricky (1991)

1991