Channel Myanmar

Yuki Morinaga

The Forest of Wool and Steel (2018) 6.2
The Forest of Wool and Steel (2018) The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie

The Forest of Wool and Steel (2018)

2018
Little Love Song (2019)
Little Love Song (2019) Little Love Song (2019)ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရတာလောက် ကောင်းတာရှိပါဦးမလား။ အဆင့်ကောင်းကောင်းရဖို့ ကိုယ်ပျော်ရွှင်တဲ့အရာတွေက အရေးမပါတော့ဘူးလား။ သီချင်းတွေကြောင့် လူတွေ ပျော်ရွှင်ရတယ် ဝမ်းနည်းရတယ် ပြောင်းလဲလာရတယ်။ နောက် ခံစားချက်တွေကို ဖော်ပြလို့ရတယ်။ ဒါကြောင့် ဘဝမှာ သီချင်းတွေကလည်း အရေးပါတဲ့နေရာမှာ ရှိနေမှာပါပဲ ဒီတစ်ခါမှာတော့ Little love song ဆိုတဲ့ ဂျပန်လူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုကီနာဝ ကျွန်းငယ်လေးက အထက်တန်းကျောင်းသားလေး လေးယောက်ဟာ သီချင်းတွေကို ချစ်ကြပြီး အတူတကွ Band လည်းထောင်ထားကြပါတယ်။ သူတို့သီချင်းတွေက အရမ်းကောင်းလွန်းလို့ တစ်ကျောင်းလုံးက ကျောင်းသူကျောင်းသားတွေကလည်း အရမ်းကို ကြိုက်ကြပါတယ်။ သီချင်းဆိုလိုက်တာနဲ့ တစ်ကျောင်းလုံးမှာ အားပေးသံတွေနဲ့ ဆူညံနေလို့ ကျောင်းရုံးခန်းကိုလည်း ခဏခဏရောက်ကြတဲ့အဖွဲ့ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အသုံးပြုနေကျ စတူဒီယိုက ဦးလေးနီမာဟာ သူတို့ကို တိုကျိုအသံသွင်းရုံတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါမှာ သူတို့လေးယောက်ဟာ တိုကျိုကို သွားရဖို့ အကြောင်းပေါ်လာပါတော့တယ်။ဒီသတင်းကြောင့် သူတို့ဟာ အရမ်းပျော်နေကြပြီး အိမ်ပြန်လာတဲ့လမ်းမှာ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုဖြစ်လာပါတော့တယ်။ တီးဝိုင်းထဲက ကျောင်းသားလေးနှစ်ယောက်ဟာ အိမ်ပြန်ရင်း ...
movie

Little Love Song (2019)

The Liar and His Lover (2013) 6.8
The Liar and His Lover (2013) The Liar and His Love (2013)လူတစ်​ယောက်အ​ပေါ် ထားရှိတဲ့ မ​​ကျေနပ်ချက်နဲ့ နာကျည်းမှု​ကို တခြားသူတစ်​ယောက်အ​ပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာ​ဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုး​ပေါ့။ Aki ဆိုတဲ့ကောင်​လေးလည်း ဒီလိုအဖြစ်မျိုး ကြုံ​တွေ့​နေရတာပါ။ အပြင်ပန်းမှာ​တော့ ဂျပန်ကနာမည်​ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်​တေး​​ရေး၊ ဂီတပိုင်းပါရမီရှင်တစ်​ယောက်ဆို​ပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှု​တွေ​ကြောင့် ဂီတ​လောကက​ အပြီးတိုင် ပျောက်ကွယ်​နေချင်သူ​ပေါ့။ဒီလိုနဲ့ တစ်​နေ့မှာ Rikoဆိုတဲ့ မိန်းက​လေးနဲ့ဆုံ​တွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို " မြင်မြင်ချင်းအချစ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်း​ကျောင်းသူ​လေးရဲ့ နှလုံးသားကို ​သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် ​တေး​​ရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းက​​လေး​တွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒ​တွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မ​​လေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါ​ပေမဲ့ က​လေးမ​လေးက သူ့အ​ပေါ် ...
movie

The Liar and His Lover (2013)

2013
We Are ( 2018 ) 6.5
We Are ( 2018 ) Zawgyi*******တစ်ခါကဂျပန်နိုင်ငံတွင်းမှာရှိတဲ့ရွာလေးတစ်ရွာမှာအိမ်မက်တွေရည်မှန်းချက်တွေကိုယ်စီနဲ့သူငယ်ချင်းတစ်ဖွဲ့ကသူတို့အထက်တန်းကျောင်းပြီးတော့ကိုယ့်ကိုယ်စီအိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်ကိုယ့်လမ်းကိုယ်စီလျှောက်ခဲ့ကြပါတယ်...ဘဝကိုကြိုးစားရုန်းကန်ကြရတဲ့လမ်းမှာကျရှုံးမှုတွေနာကျင်မှုတွေစိတ်ပျက်စရာတွေကြုံလာရပြီးအိမ်မက်နဲ့လက်တွေ့ဘဝ​တွေရဲ့ခြားနားချက်ကိုတွေ့ကြုံလာရလာတဲ့အခါ ဘဝကိုအရှုံးပေးလိုက်မှာလားဆက်ကြိုးစားရှင်သန်သွားမှာလား..သူတို့တွေကရောဘယ်လိုရွေးချယ်မှု​မျိုးတွေကိုလုပ်သွားမှာလဲဆိုတာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုန်းနော် Unicode*******တစ်ခါကဂျပန်နိုင်ငံတွင်းမှာရှိတဲ့ရွာလေးတစ်ရွာမှာအိမ်မက်တွေရည်မှန်းချက်တွေကိုယ်စီနဲ့သူငယ်ချင်းတစ်ဖွဲ့ကသူတို့အထက်တန်းကျောင်းပြီးတော့ကိုယ့်ကိုယ်စီအိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်ကိုယ့်လမ်းကိုယ်စီလျှောက်ခဲ့ကြပါတယ်...ဘဝကိုကြိုးစားရုန်းကန်ကြရတဲ့လမ်းမှာကျရှုံးမှုတွေနာကျင်မှုတွေစိတ်ပျက်စရာတွေကြုံလာရပြီးအိမ်မက်နဲ့လက်တွေ့ဘဝတွေရဲ့ခြားနားချက်ကိုတွေ့ကြုံလာရလာတဲ့အခါ ဘဝကိုအရှုံးပေးလိုက်မှာလားဆက်ကြိုးစားရှင်သန်သွားမှာလား..သူတို့တွေကရောဘယ်လိုရွေးချယ်မှုမျိုးတွေကိုလုပ်သွားမှာလဲဆိုတာဆက်လက်ကြည့်ရှုခံစားလိုက်ကြပါအုန်းနော် Translated & Review By MineEncoded By LK
movie

We Are ( 2018 )

2018