Channel Myanmar
Yuko Nakamura
Following the Sound (2023) 6.1
Following the Sound (2023) Following The Sound (2023)ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက် ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဒါရိုက်တာSugita Kyoshi ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဟာရုဆိုတဲ့ကောင်မ‌‌လေးဟာ ယူကီကိုရဲ့ မျက်နှာမှာ ဝမ်းနည်းနေတဲ့ပုံရိပ်တွေကို မြင်ရပြီး လမ်းမေးချင်ယောင်ဟန်ဆောင်ပြီး ယူကီနားအနားကို ချဉ်းကပ်ရင်း သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ပေးဖို့ ကြိုးစားပါတယ်။ ပြီးတော့ ဟာရုတက်နေတဲ့ ရုပ်ရှင်ဖန်တီးရေး သင်တန်းကနေ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ဒါမှမဟုတ် အပေါင်းအသင်းမိတ်ဆွေတွေအပေါ်ကို ပြောချင်တဲ့စကားလေးတွေကို ဇာတ်လမ်းအနေနဲ့ ဖန်တီးခိုင်းပါတယ်။ ဒီတော့ ဟာရုလေးဟာ ယူကီကိုရဲ့ အထီးကျန်ဆန်တဲ့ ဝမ်းနည်းမှု တွေကို ဖြေဖျောက်ပေးရင်း သင်တန်းကနေ လုပ်ခိုင်းလာတဲ့ ဇာတ်လမ်းကို ဘယ်လိုတွေ ပုံဖော်သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 874MB | 366MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle ...
movie
Following the Sound (2023)
2023
[+18]Strawberry Shortcakes (2006) 7.0
[+18]Strawberry Shortcakes (2006) [+18]Strawberry Shortcakes (2006)**********************************[ပွင့်လင်းမြင်သာတဲ့အိပ်ရာခန်းလေးတွေပါတာမို့မိသားစုနဲ့အတူမကြည့်သင့်ပါဘူးခင်ဗျ...}ဒီဇာတ်ကားလေးကတော့ တိုကျိုမှာနေထိုင်နေကြတဲ့ မိန်းကလေးတွေရဲ့ စိတ်မလုံခြုံမှုတွေအခက်အခဲတွေကိုရိုက်ပြထားတယ်။ တစ်ယောက်ချင်းစီရဲ့ ဇာတ်ကွက်တွေကိုရိုက်ပြထားတာကြောင့် ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှုတွေသိပ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တစ်ယောက်က အခိယောဆန်ပါ၊ ပြည့်တန်ဆာအလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မိန်းကလေးတွေထဲမှာ အခိယောဆန်ဟာ အသက်အရွယ်အားဖြင့်အကြီးဆုံးဖြစ်ပြီးအရင့်ကျက်ဆုံးလို့လဲပြောလို့သလို့စိတ်ဓာတ်အကျဆုံးသူပါပဲ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အတွက် လာသမျှဖောက်သည်တိုင်းကိုလိုက်ပါတယ်။ ‌နောက်တစ်ယောက်ကတော့ တိုကို ၊ စာအုပ်မျက်နှာဖုံးတွေ ပန်းချီတွေကိုဆွဲပြီးအသက်မွေးတယ်။ သူတန်ဖိုးထားတဲ့အရာတွေကို အခြားသူတွေက မျက်နှာလွှဲခဲပစ်ခပ်ပေါ့ပေါ့ထားတာကိုသူအရမ်းမုန်းတယ်။ နောက်တစ်ယောက်က တိုကိုနဲ့အတူနေတဲ့ ချိဟိယိုက ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ်။ နောက်ဇာတ်ကောင်တစ်ယောက်က ဆတိုကိုက အသက်လည်းငယ်တယ် ချစ်သူရည်းစားထားချင်တယ်။ သူချစ်သလိုမျိုး သူ့ကိုချစ်မယ်သူမျိုးကိုလိုချင်တယ်၊ သူတို့တွေရဲ့ တိုကျိုမြို့ကြီးမှာ ကြုံတွေရခဲ့တဲ့အခက်အခဲတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုပေးပါဦး...     File Size :(1.9 GB) and (590 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:07:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS 
movie
[+18]Strawberry Shortcakes (2006)
Moonlit Winter (2019) 7.4
movie
Moonlit Winter (2019)
5 Centimeters Per Second (2007) 7.6
5 Centimeters Per Second (2007) 5 Centimeters Per Second (2007)**********************************(1080p Blueray Update) " ငါတို့တွေဟာ အကြိမ်ပေါင်းထောင်ချီအောင် စာတွေအပြန်လှန်ရေးပို့နေကြလဲနှလုံးသားတွေကတော့ တစ် စင်တီမီတာတောင် နီးစပ်မလာခဲ့ကြပါဘူး..."                                                                                      တိုနို-တာကကီ (5 Centimeters Per Second)  ချယ်ရီပွင့်ဖတ်လေးတွေ အပင်ပေါ်ကနေမြေပြင်အထိ ကြွေကျတဲ့အရှိန်က တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်း ရှိတယ်တဲ့...မြေပြင်ကနေလွတ်တင်လိုက်တဲ့ အာကာသယာဥ်တစ်စီးကတော့ တစ်နာရီကို မိုင်ပေါင်း တစ်သောင်းရှစ်ထောင်နှုန်းနဲ့ ကမ္ဘာမြေက တဖြည်းဖြည်း ဝေးကွာသွားတယ်ဦးတည်ချက်ရှိတဲ့ လားရာတွေကဘယ်လောက်အချိန်တွေကြာပါစေ တစ်ချိန်ချိန်မှာ လိုရာခရီးကို ရောက်နိုင်ဦးမှာပဲမဟုတ်လား...ဒါပေမယ့်တစ်ချို့ ဦးတည်ချက်မရေရာပဲ မျှော်လင့်ချက်တစ်ခုတည်းနဲ့ လွတ်တင်မိခဲ့တဲ့ ယာဥ်တွေကတော့ ဘယ်အချိန်မှာ ဘယ်ကိုရောက်နိုင်မလဲ...Massage တွေ ထောင်ချီ အပြန်အလှန်ပို့နေခဲ့ပေမယ့် နှလုံးသားတွေ တစ်စင်တီမီတာလောက်တောင် နီးမလာတဲ့အခါ...အချိန်တွေအကြာကြီးစောင့်ဆိုင်းခဲ့ရပေမယ့် မျှော်လင့်တဲ့သူပြန်မလာတဲ့အခါ...အများကြီးကြိုးစားခဲ့ပေမယ့် ကြိုးစားမှုတွေ အရာမထင်ခဲ့တဲ့အခါတွေမှာရော...ငါတို့... လားရာမရှိတဲ့ မျှော်လင့်ချက်ယာဥ်တွေကိုလွတ်တင်နေမိသလိုပဲမဟုတ်ဘူးလား..တစ်ခါတစ်လေကျရင် လူတွေကကိုယ့်ရဲ့အဝေးကိုမျှော်နေရင်း ဘေးကကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေအရာတွေကို သတိမထားမိတတ်ကြဘူးလေတစ်ဖက်ကပြန်တွေးကြည့်ရင်တော့ ချယ်ရီပွင့်ဖတ်လေးတွေက မြေပြင်ကိုပဲ ဦးတည်ပြီးတော့သွားနေတာလားဒါမှမဟုတ် မိခင်အပင်အကိုင်းအခတ်တွေဆီကပဲ တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်းဝေးကွာခဲ့ကြတာပဲလားဘယ်သူသိနိုင်မလဲ....#5cm_per_second #Makoto_Shinkai  Review : Han Htoo Zaw File Size – 674 MB Quality ...
movie
5 Centimeters Per Second (2007)
2007